28/01/2023
👥ပါမောက္ခ/ ဌာနမှုး /ကထိက များတိုက်ရိုက်ပို့ချမည့်
💥Grade9 & Grade12သင်ရိုးသစ်💥
🎓Private Teacher Training Classes🎓
(ပုဂ္ဂလိကဆရာဆရာမများအတွက်သင်ထောက်ကူပြုပို့ချမူအစီအစဥ်)
💬အပတ်စဥ်(၁)💬
🕐March(5)ရက်(5.3.2023)နေ့တွင်စတင်ပို့ချပေးသွားမည်
🤝Private Teacher Trainingမှရရှိမည့်အကျိုးရလာဒ်များ🤝
📌သင်ရိုးသစ်သင်ဟန်(Teaching styles)
📚သင်ရိုးသစ်သင်နည်းနည်းစနစ်(Teachimg Techniques)
📰Theory Concept
👨🏫Language skills
✍️Lessons plansရေးနည်း
💥သင်ရိုးသစ်မှမြုတ်ထားသောlessons knowledge
📖အမေး/အဖြေပုံစံသစ်များချဲ့ထွင်သင်ကြားမူနည်းစနစ်များ
📍ဘာသာရပ်အလိုက်Question types(Grade11သင်ရိုးသစ်)
📩Teaching Aids(သင်ထောက်ကူများ)ရရှိသွားမည်ဖြစ်သည်
မှတ်ချက်။ ။ Grade 9 & Grade12သင်ရိုးသစ်Teaching Training ကိုတစ်ကြိမ်တည်းတက်ရောက်ရုံဖြင့် သင်ရိုးသစ်ထပ်မံမပြောင်းမချင်းဆရာ/ဆရာမတို့သင်ကြားပေးသောကျောင်းများ/
သင်တန်းများ/ တပည့်များအတွက်Grade9 & Grade12 သင်ရိုးသစ်ကိုလိုသလိုပုံဖော်ဖန်တီးသင်ကြားနိုင်စွမ်းရည်များရရှိနိုင်မည်
👥သင်တန်းတက်ရောက်မည့်ဆရာဆရာမများ
👉Viber (09420009138)သို့
၁/ ဆရာ/ဆရာမအမည်
၂/တက်မည့်အတန်း
(Grade9 or Grade12)
၃/တက်မည့်ဘာသာ
၄/နေရပ်လိပ်စာ
၅/သင်တန်းကြေးငွေလွဲscreenshot
၆/ရွေးချယ်မူအတန်း
🎓(Zoom Online)
or
(on campusသင်တန်းကျောင်း)
✒️စသောအပ်နှံမူပုံစံအချက်(၆)ချက်ပေးပို့ပြီးသင်တန်းအပ်နှံနိုင်ပါပြီ
👨💻သင်တန်းအားလုံး
၅.၃.၂၀၂၃နေ့စတင်ပို့ချမည်
🕐အပတ်စဥ်(၁)
🤝Teacher Training အားလုံးကိုတက်ရောက်သောဆရာဆရာမတိုင်းအား
ပို့ချပေးမည့်ပါမောက္ခ ကထိက ဌာနမှူးဆရာဆရာမကြီးများရဲ့ လက်မှတ်ဖြင့် Teacher Training Certificateများပေးအပ်သွားမည်
👨💻သင်တန်းSectionတစ်ခု(၃၀)ဦးသာထားပြီးပို့ချပေးသွားမည်
Zoom Online---ဆရာ/မ(၃၀)ဦးသာ
On Campus---ဆရာ/မ(၃၀)ဦးသာ
✍️ကြိုတင်အပ်နှံမှနေရာစိတ်ချရမည်
🔰ဘာသာရပ်Teacher Trainingအားလုံး
သင်တန်းကာလ-(၂)လပြတ်သင်ရိုးကုန်ပို့ချပေးသွားမည်
🔺သင်တန်းကြေး-တစ်ဘာသာ(၁)သိန်းကျပ်
🕐{သင်ရိုးကုန်(၂)လပြတ်}
📩သင်တန်းကြေးလွဲရန်
📲Wavemoney acc
09420009138
📲Kpay acc
09420009138
☎️ဆက်သွယ်ရန်
09420009138
09959423142
🎓ဂုဏ်ထူးဦးစိုးခိုင်
Group Founder
(တည်ထောင်သူ)
ရန်ကုန်မြို့
🏤အမှတ်(၁၀၈၆)ယသဝတီ(၁၇)လမ်း (၁၃)ရပ်ကွက် တောင်ဥက္ကလာ ရန်ကုန်မြို့
16/01/2023
👨🏫2023-2024ပညာသင်နှစ်အတွက်
👨👩👦မိဘရဲ့ရှေ့မှောက်
👨💻ဆရာနဲ့တပည့်အနီးကပ်oneby one/ face to faceထိရောက်မူတတ်မြောက်မူကိုမှလိုလားသောမိဘများကျောင်းသား/သူများအတွက်
🏙️Home English Special Classes
အိမ်အရောက်အင်္ဂလိပ်စာထူးချွန်တန်းများဖွင့်လှစ်သင်ကြားပေးသွားပါမည်
👥သင်ကြားပေးမည့်အတန်းဘာသာများ
Grade7 စနစ်သစ်English textbook
Grade8စနစ်သစ်English textbook
Grade9စနစ်သစ်English textbook
Grade10စနစ်သစ် English Textbook
Grade 11စနစ်သစ် English Textbook
Grade 12စနစ်သစ် English Textbook
👉Grade(7/8/9)အလယ်တန်းLevelသီးသန့်
Grammar & Essays/Letters/Paragraph Writing အိမ်အရောက်တန်းခွဲများ
👉Grade (10/11/12)အထက်တန်းသီးသန့်
Grammar & Essays/Letters/paragraph Writing သီးသန့်အိမ်အရောက်တန်းခွဲများ
👨💻Grade (7/8/9/10/11/12)စနစ်သစ်တန်းများအတွက် ဘာသာစုံသင်ကြားမူ (သို့) ဘာသာစုံGuideများအားသင်ကြားရေးအတွေ့ကြုံရင့်ဆရာ/မကြီးများဖြင့်စီစဥ်ပေးပါသည်
🏣ဆက်သွယ်ရန်
📲09420009138
📲09959423142
🎓ဂုဏ်ထူးဦးစိုးခိုင်
🏠ရန်ကုန်မြို့
03/01/2023
2023ခုနှစ်(၂-လပိုင်း/၃-လပိုင်း/၄-လ)ပိုင်းများတွင်ပါမောက္ခ ၊ကထိက ၊ဌာနမူးများကိုယ်တိုင်တိုက်ရိုက်ပို့ချတော့မည့်
🎓Grade 9 & Grade12စနစ်သစ်
Teacher Trainingအတွက်အောက်ပါဖုန်းနံပါတ်များနှင့် ဆက်သွယ်ပြီး Viberသို့ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါပြီ
🏠ဆက်သွယ်ရန်
09420009138
09959423142
📲Viber 09420009138သို့
📌အမည်
📌နေရပ်လိပ်စာ
📌တက်မည့်ဘာသာ
အားလုံးတို့ပို့ပေးထားနိုင်ပါသည်
🎓ဂုဏ်ထူးဦးစိုးခိုင်
ရန်ကုန်မြို့
29/11/2022
(2023-2024)ပညာသင်နှစ်တွင်ဖွင့်လှစ်မည့်ကိုယ်ပိုင်ကျောင်းသစ်အတွက်
အော်ဖော်ပြပါ Green Cardရှိ Full time သင်ပြပေးနိုင်မည့်ဆရာ/ဆရာမများအမြန်လိုရှိသည်
🔰မြန်မာစာ(လယ်/ထက်)
🔰ပထဝီ(လယ်/ထက်)
🔰သမိုင်း(လယ်/ထက်)
🔰ဘောဂ(လယ်/ထက်)
🔰အင်္ဂလိပ်စာ(လယ်/ထက်)
🔰သင်္ချာ(လယ်/ထက်)
🔰ရူပဗေဒ(လယ်/ထက်)
👨💻ဒုကျောင်းအုပ်(အတွေ့ကြုံရှိသူ)
🔰Computer basic teacher
🔰ကာယပြသပေးနိုင်မည်ဆရာ
School location: အရှေ့ဒဂုံမြို့နယ်
Interview: December 2nd Week
👥လျှောက်ထားလိုသောဆရာဆရာမများ
Viber (09420009138)သို့
✔️ဘွဲ့
✔️မှတ်ပုံတင်
✔️CVအားလုံးတို့ပို့ပေးထားပါရန်
📩ဆက်သွယ်ရန်
📲09420009138
📲09959423142
10/09/2022
🔰၂၀၂၂ပညာသင်နှစ်မှာ🔰
🔶Private Education Group နဲ့
🔶Online Classes &အပြင်ကျူရှင်ဝိုင်းတွေအချိန်ပေးလိုက်ရလို့
📗Grade 11စနစ်သစ် အင်္ဂလိပ်စာအတွက်ရေးသားထုတ်ဝေမူနောက်ကျသွားခဲ့တယ်
✍️လာမယ့် (၁၁/၁၂)လပိုင်းအပြီးရေးသားပြီး နယ်မိတ်ဆွေကိုယ်ပိုင်ကျောင်းများ /ဆရာဆရာမများ /ရန်ကုန်ကျောင်းသား/သူများအားဖြန့်ဝေပေးသွားတော့မှာဖြစ်ပါတယ်
🌠စာအုပ်ဒီဇိိုင်းကတော့မိတ်ဆွေကြီး
Design &Art
ဆရာကျော်(Maths) ရဲ့လက်စွမ်းပြကျေးဇူးကြီးပါ
04/09/2022
🈴September (25)ရကိ(25.9.2022)နေ့တွင်စတင်သင်ကြားသွားမည့်
🕐(၅)လအချိန်တိုတွင်း...........
✍️အကောင်းဆုံးကြိုးစားပြင်ဆင်လိုသူ
✍️ထိရောက်တဲ့သင်ကြားသင်ယူလိုသူ
✍️အမှတ်ပေးစည်းမျဥ်းနဲ့အညီလေ့ကျင့်လိုသူ......အားလုံးတို့အတွက်
🔰 (၁၀)တန်းစနစ်ဟောင်းတက္ကသိုလ်ဝင်တန်း🔰
(စာမေးပွဲအနီးကပ်(၅)လပြတ်နေ့တက်အထူးဘော်ဒါ)
✔️Teaching -သင်ကြားရေး
✔️Guiding -လေ့ကျင့်ရေး
✔️Pre-examination(အကြိုစာမေးပွဲများစစ်ပေးခြင်း
✍️✍️✍️အားလုံးတို့ပြည့်စုံစွာတာဝန်ယူပေးမည့်အထူးတန်းခွဲသစ်ဖြစ်ပါသည်
🔶လစဥ်ကြေး.....(၁၀၀,၀၀၀)ကျပ်
👨💻စာသင်/စာစစ်အတွေ့ကြုံရင့်ကျက်သော ဆရာ/ဆရာမကြီးများမှ အထူးကြပ်မတ်စစ်ဆေးလေ့ကျင့်ပေးသောအတန်းဖြစ်လို့ ကြိုးစားမူနဲ့အောင်ရမယ်ဆိုတဲ့စိတ်လေးပဲယူလာခဲ့ပါ🏊♀️🏊♀️🏊♀️🏊♀️🏊♀️
💥ဆကိသွယိရနိ
📲09420009138
📲09 959423142
💠သငိတနိးလိပျစာ
အမှတ်(၁၀၈၆) /ယသဝတီ(၁၇)လမ်း /(၁၃)ရပ်ကွကိ/တောင်ဥက္ကလာပမြို့နယ်/ရန်ကုန်မြို့
22/08/2022
၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှအခြေခံအမှတ်များနှင့်သိမှတ်ဖွယ်ရာများ
ဆေးတက္ကသိုလ်များ-၄၅၀နှင့်အထက်
လူတွေ့နှုတ်မေးစာမေးပွဲဖြေရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၅၀% မ ၅၀%
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ-၄၅၀နှင့်အထက်
လူတွေ့နှုတ်မေးစာမေးပွဲဖြေရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၆၀% မ ၄၀%
ဆေးဝါးတက္ကသိုလ်များ-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား၊မရာခိုင်နှုန်းမခွဲခြားပါ။
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား၊မရာခိုင်နှုန်းမခွဲခြားပါ။
သူနာပြုတက္ကသိုလ်များ-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၁၀% မ ၉၀%
အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၈၀% မ ၂၀%
တိုင်းရင်းဆေးတက္ကသိုလ်-သိပ္ပံတွဲနှင့်အောင်ရမည်။
ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
ကျား ၅၀% မ ၅၀%
ရန်ကုန်နည်းပညာတက္ကသိုလ်-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၃၀၀နှင့်အထက်ရရမည်။
ကျား ၂၂၀ဦး မ ၁၈၀ဦးလက်ခံမည်။
မန္တလေးနည်းပညာတက္ကသိုလ်-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၃၀၀နှင့်အထက်ရရမည်။
ဇီဝနည်းပညာသင်တန်းအတွက် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ဇီဝ ၄ဘာသာပေါင်း ၂၆၀နှင့်အထက်ရရမည်။
ကျား ၂၃၅ဦး မ ၁၈၅ဦးလက်ခံမည်။
နည်းပညာတက္ကသိုလ်(မန္တလေး)-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။
ကျား ၆၀% မ ၄၀% စုစုပေါင်း ၄၁၅ယောက်လက်ခံမည်။
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။ ၆ဘာသာရမှတ်စုစုပေါင်း ၄၂၀နှင့်အထက် ရရမည်။
ကျား ၅၀% မ ၅၀% စုစုပေါင်း၃၅၀ယောက်လက်ခံမည်။
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်-အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။
ကျား ၇၀% မ ၃၀% စုစုပေါင်း ၃၅ယောက်လက်ခံမည်။
လူတွေ့စစ်ဆေးခြင်းခံရမည်။
နည်းပညာတက္ကသိုလ်များ
ရန်ကုန်အနောက်ပိုင်း၊သန်လျင်၊မှော်ဘီ၊ပြည်၊ကျောက်ဆည်၊မိတ္ထီလာ၊စစ်ကိုင်း၊မုံရွာ၊မကွေး၊ပခုက္ကူ၊တောင်ငူ၊မော်လမြိုင်တို့သို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၆၀နှင့်အထက်ရရမည်။
မြစ်ကြီးနား၊ဗန်းမော်၊လွိုင်ကော်၊ဘားအံ၊ကလေး၊တောင်ကြီး၊လားရှိုး၊ပင်လုံ၊ကျိုင်းတုံ၊ရမည်းသင်း၊ပုသိမ်၊ဟင်္သာတ၊မအူပင်၊စစ်တွေ၊ထားဝယ်၊မြိတ်တို့သို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၄၀နှင့်အထက်ရရမည်။
ကျား ၆၀% မ ၄၀% လက်ခံမည်။
အစိုးရနည်းပညာကောလိပ်များ-သိပ္ပံတွဲ၊ဝိပ္ပံတွဲတစ်ခုခုဖြင့်အောင်ရမည်။
သင်ကြားခွင့်ပြုမည့် ဦးစားပေးဘာသာရပ်ကို အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်းရမှတ် (လိုအပ်ပါက ၆ဘာသာပေါင်းရမှတ်)ကိုကြည့်၍ ကျောင်းသားကျောင်းသူလက်ခံနိုင်မှု ဦးရေကန့်သတ်ချက်ပေါ်တွင်မူတည်ပြီး ခွဲဝေသတ်မှတ်ပေးမည်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်-၄၅၀နှင့်အထက်ရရမည်။
အင်္ဂလိပ်၊သင်္ချာ ၂ဘာသာပေါင်း ၁၄၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
ကျောင်းသား၊ကျောင်းသူ ၅၀၀ဦး လက်ခံမည်။
သတင်းအချက်အလက်နည်းပညာတက္ကသိုလ်-၄၅၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
ကျောင်းသား၊ကျောင်းသူ ၂၀၀ဦး လက်ခံမည်။
မန္တလေးကွန်ပျူတာတက္ကသိုလ်-၄၃၀နှင့်အထက်ရရမည်။
အင်္ဂလိပ်၊သင်္ချာ ၂ဘာသာပေါင်း ၁၄၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
ကျောင်းသား၊ကျောင်းသူ ၂၀၀ဦး လက်ခံမည်။
ကွန်ပျူတာတက္ကသိုလ်များ
မြစ်ကြီးနား၊ဗန်းမော်၊ဘားအံ၊သထုံ၊စစ်တွေ၊တောင်ကြီး၊မန္တလေး၊မိတ္ထီလာ၊မုံရွာ၊မကွေး၊ပခုက္ကူ၊ပြည်၊တောင်ငူ၊ပုသိမ်၊ဟင်္သာတ၊မအူပင်တို့သို့ ၆ဘာသာစုစုပေါင်းရမှတ် ၃၄၀နှင့်အထက် ရသူများလျှောက်ထားနိုင်ပါသည်။
လွိုင်ကော်၊လားရှိုး၊ပင်လုံ၊ကျိုင်းတုံ၊ကလေး၊ထားဝယ်၊မြိတ်တို့သို့ ၆ဘာသာစုစုပေါင်းရမှတ် ၃၂၀နှင့်အထက် ရသူများလျှောက်ထားနိုင်ပါသည်။
ရန်ကုန်တက္ကသိုလ်
မြန်မာစာ-မြန်မာစာရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
မြန်မာမှုပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
အင်္ဂလိပ်စာ-အင်္ဂလိပ်စာ ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
ပထဝီဝင်-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
သမိုင်း-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ဒဿနိကဗေဒ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
စိတ်ပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
အရှေ့တိုင်းပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
နိုင်ငံတကာဆက်ဆံရေးပညာ-အင်္ဂလိပ်စာ ၆၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
လူတွေ့စစ်ဆေးခံရမည်။
နိုင်ငံရေးသိပ္ပံ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
မနုဿဗေဒ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ရှေးဟောင်းသုတေသနပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
စာကြည့်တိုက်နှင့်သုတပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ဥပဒေပညာ-အင်္ဂလိပ်စာ ၆၀ရရမည်။၆ဘာသာရမှတ် ၄၀၀ရရမည်။
ဓာတုဗေဒ-ဓာတုရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
ဇီဝဓာတုဗေဒ-ဓာတုနှင့်ဇီဝ ၇၀စီရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
ကုန်ထုတ်ဓာတုဗေဒ-ဓာတု ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
လူတွေ့စစ်ဆေးခြင်းခံရမည်။
ရူပဗေဒ-ရူပရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
သင်္ချာ-သင်္ချာရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
သတ္တဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
ရုက္ခဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
အဏုဇီဝဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
ဘူမိဗေဒ-၆ဘာသာရမှတ် ၃၈၀ရရမည်။
အမျိုးသမီးဦးရေကို ၁၀%အထိသာ လက်ခံမည်။
မိုင်၂၀လမ်းလျှောက်နိုင်ရမည်။
ကျန်းမာရေး (က)အဆင့် ရှိရမည်။
ကွန်ပျူတာသိပ္ပံ-သင်္ချာရမှတ် ၆၅မှတ်ရရမည်။ ၆ဘာသာရမှတ် ၃၈၀ရရမည်။
ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်-အင်္ဂလိပ် ၆၀၊ဇီဝ ၇၀ ရရမည်။ ၆ဘာသာရမှတ် ၄၀၀ရရမည်။
ရေပညာ-အင်္ဂလိပ်စာ၆၀ရရမည်။ ၆ဘာသာရမှတ် ၄၀၀ရရမည်။
မန္တလေးတက္ကသိုလ်-ရန်ကုန်နှင့် အားလုံးနီးပါးတူပါသည်။
စီးပွားတက္ကသိုလ်များ
လှိုင်နယ်မြေအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၈၀နှင့်အထက် ရရမည်။
ရွာသာကြီးနယ်မြေအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်။
မုံရွာအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်
မိတ္ထီလာအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်။
ပညာရေးတက္ကသိုလ်များ
စစ်ကိုင်းနှင့်ရန်ကုန်တွင် ကျောင်းသားကျောင်းသူ ၆၀၀စီ လက်ခံမည်။
သိပ္ပံတွဲ-၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရမည်။
အယောက် ၃၀၀စီ လက်ခံမည်။
ကျား ၅၀ % မ ၅၀%
ဝိပ္ပံတွဲ-၆ဘာသာရမှတ်၃၆၀နှင့်အထက်ရရမည်။
အယောက် ၁၅၀စီ လက်ခံမည်။
ကျား ၅၀ % မ ၅၀%
ဝိဇ္ဇာတွဲ-၆ဘာသာရမှတ်၃၅၀နှင့်အထက်ရရမည်။
အယောက် ၁၅၀စီ လက်ခံမည်။
ကျား ၅၀ % မ ၅၀%
ကျောင်းပြီးပါက အလုပ်ဝင်ရမည်။
နိုင်ငံခြားသာတက္ကသိုလ်များ-၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရမည်။
တရုတ်၊အင်္ဂလိပ်၊ပြင်သစ်၊ဂျာမန်၊ဂျပန်၊ကိုရီးယား၊ရုရှား၊ထိုင်းဘာသာတို့ကို ပို့ချမည်။
ရန်ကုန်တွင် တိုးချဲ့ပို့ချမည့် English for Professional Communicationဘာသာရပ်အတွက် အင်္ဂလိပ်စာ၌ ၆၅မှတ်နှင့် ၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရှိလျှင် လျှောက်ထားနိုင်သည်။
မန္တလေးတွင် တိုးချဲ့ပို့ချမည့် English for Business Purposesဘာသာရပ်အတွက် အင်္ဂလိပ်စာ၌ ၆၀မှတ်နှင့် ၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရှိလျှင် လျှောက်ထားနိုင်သည်။
ပညာရေးဒီဂရီကောလိပ်များ-အမှတ်ကန့်သတ်မထား။
ကျောင်းပြီးပါက အလုပ်ဝင်ရမည်။
လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းခံရမည်။
သတင်းစာများတွင် သီးခြားကြော်ငြာခေါ်၍ တိုက်ရိုက်လျှောက်ထားရမည့် တက္ကသိုလ်များ
အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်
မန္တလာတက္ကသိုလ်
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ရေဆင်း
သစ်တောတက္ကသိုလ်၊ရေဆင်း
မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ
သမဝါယမကောလိပ်များ
ယွန်းပညာကောလိပ်၊ပုဂံ
အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
ရန်ကုန်နှင့်မန္တလေးမဟုတ်သော အခြားဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်များမှာ ဝင်ခွင့်လမ်းညွှန်စာအုပ်ထဲတွင် အမှတ်ကန့်သတ်ပေးထားခြင်းမတွေ့ပါ။
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
20/08/2022
🔰ဂုဏ်ထူးဦးစိုးခိုင် Private Education Group 🔰 မှ ဖွင့်လှစ်ပေးလိုက်သော
🌟September (၄-လပြတ်သင်ရိုးကုန်)
နှင့်
🌠မြန်မာသင်ရိုး +Internationalသင်ရိုးပေါင်းစပ်သင်ကြားသော
Grammar & Essays /Letters Writing September(၃-လပြတ်တန်းခွဲသစ်များ)
📚Grade11-တက္ကသိုလ်ဝင်တန်းစနစ်ဟောင်း
✍️(၄လပြတ် သင်ရိုးကုန်)-၈၀၀၀၀ကျပ်
👉Grade11စနစ်သစ်
✍️(၄လပြတ်သင်ရိုးကုန်)-၈၀၀၀၀ကျပ်
📓Grade10စနစ်သစ်
✍️(၄လပြတ်သင်ရိုးကုန်)-၈၀၀၀၀ကျပ်
📒Grade7စနစ်သစ်
✍️(၄လပြတ် သင်ရိုးကုန်)-၈၀၀၀၀ကျပ်
📖Grade 8စနစ်သစ်
✍️(၄လပြတ် သင်ရိုးကုန်)-၈၀၀၀၀ကျပ်
👨🏫👨🏫👨🏫အထက်ပါသင်ရိုးကုန်တန်းခွဲအားလုံး လစဥ်ကြေး(၂၀၀၀၀)ကျပ်ပေးသွင်းသွားခြင်းဖြင့်လည်းတက်ရောက်သင်ယူနိုင်ပါသည်📖📖📖📖📖📖
♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️
👥မိဘများ/ကျောင်းသား/သူအများဆုံးတောင်းဆိုသော
👉(KG +12)စနစ်သစ်မြန်မာသင်ရိုးပါ
Grammar & Writing
နှင့်
👉 international သင်ရိုး
Grammar & Writing
🔶သင်ရိုးနှစ်ခုပေါင်းစပ်သင်ကြားသော
Special online တန်းခွဲသစ်များ🔶
🔰 Level (1) Grade 4/5
🔰 Level (2)Grade 6/7
🔰Level (3)Grade 8/9
🔰Level (4)Grade 10/11
📗Level(၁)ခုကို(၃လပြတ်)ဖြင့်သင်ကြားပေးသွားမည်
🕐(၃)လပြတ်သင်တန်းကြေး
✔️၅၀၀၀၀ကျပ်
💥💥💥💥💥💥💥💥💥💥💥💥💥
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️
🏠ရန်ကုန်မြို့တွင်းအိမ်အရောက်သင်ကြားဝန်ဆောင်မူပေးပါသည်
📖တန်းခွဲအားလုံးစသင်မည့်ရက်
💁♂️သင်ရိုးကုန်တန်းခွဲများအား
September (5)ရက်(5.9.2022)
✍️Grammar & Writing တန်းခွဲများအား
September(5)ရက်(5.9.2022)
👨🏫ကြိုတင်ကျောင်းခံနေပါပြီ
📩သင်တန်းကြေးလွဲရမည့်ပုံစံ
(1)Wavemoney Acc-09 420009138
(2)KBZ Pay Acc- 09 420009138
📞ဆက်သွယ်ရန်ဖုန်း
📱09420009138
📲09 959423142
📞Viber (09 420009138)ဖုန်းသို့စာပို့ခြင်း ဖြင့်လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်
📖ဂုဏ်ထူးဦးစိုးခိုင်
🏘️ရန်ကုန်မြို့
06/08/2022
“ဂျပန်စာ စာမေးပွဲများအကြောင်း”
#အခုနောက်ပိုင်းမှာ ဂျပန်သို့ကျောင်းတက်သွား
ဖို့ရာအတွက် ဘယ်စာမေးပွဲဖြေထားတာ
ကောင်းမလဲ ရွေးရခက်နေတဲ့
မောင်လေး၊ညီမလေးတွေအတွက်
ဂျပန်စာနဲ့ပတ်သက်တဲ့ စာမေးပွဲတွေဟာ အမျိုးမျိုးရှိပါတယ်။ ဒီ post မှာ မြန်မာနိုင်ငံမှာ ဖြေဆိုလို့ရတဲ့ ဂျပန်စာစာမေးပွဲတွေအကြောင်းကို လေ့လာကြည့်ကြပါစို့။
၁). JLPT
ဂျပန်စာစာမေးပွဲဆိုလျှင် လူသိများတာကတော့ JLPT ပါပဲ။
JLPT ဆိုတာ Japanese-Language Proficiency Test ရဲ့အတိုကောက်ပါ။ မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့
"ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ" လို့ အဓိပ္ပါယ်ရပါတယ်။
ဒီစာမေးပွဲဟာ ဂျပန်ဘာသာကို မိခင်ဘာသာအဖြစ် မသုံးတဲ့သူတွေအတွက် ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာပေးတဲ့ စာမေးပွဲဖြစ်ပါတယ်။ ဒီစာမေးပွဲကို ၁၉၈၄ ခုနှစ်မှာ စတင်ခဲ့ပြီး၊ လက်ရှိအထိ ဖြေဆိုသူအများဆုံး ဂျပန်စာစာမေးပွဲ တစ်ခုလည်းဖြစ်ပါတယ်။
ဒီစာမေးပွဲမှာ N5,N4,N3,N2,N1 ဆိုပြီး level ၅ဆင့်ရှိပါတယ်။ N5ကအနိမ့်ဆုံးအဆင့်ဖြစ်ပြီး N1ကအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။
※ ဒီစာမေးပွဲရဲ့အားသာချက်
စာမေးပွဲအောင်လျှင် အောင်လက်မှတ် ထုတ်ယူလို့ရပါတယ်။
ဒီစာမေးပွဲရဲ့အောင်လက်မှတ်ကို မြန်မာနိုင်ငံက ဂျပန်ကုမ္ပဏီမှာ အလုပ်ဝင်မယ့်အခါ၊ ဂျပန်မှာကျောင်းလာတက်မယ့်အခါ၊ ဂျပန်ကုမ္ပဏီတွေမှာ အလုပ်ဝင်မယ့်အခါ၊ ဂျပန်လဝကမှာ ဗီဇာတင်မယ့်အခါတွေမှာ သုံးလို့ရပါတယ်။
ဂျပန်စာနဲ့ပတ်သက်တဲ့စာမေးပွဲတွေ မျိုးစုံရှိပေမယ့် နေရာတိုင်းမှာ သုံးလို့ရတာ၊ လူသုံးများတာ ဒီ JLPT အောင်လက်မှတ် တစ်ခုပဲ ရှိပါတယ်။
※ ဒီစာမေးပွဲရဲအားနည်းချက်
ဒီစာမေးပွဲဟာ တနှစ်မှာ ၂ခါ(Julyနဲ့December)ပဲ ကျင်းပပါတယ်။
အဲ့ဒီအတွက် ကိုယ့်ရဲ့ဂျပန်စာအရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာပြသနိုင်ဖို့(အောင်လက်မှတ်ရဖို့) chance က တနှစ်မှာ ၂ခါပဲ ရှိပါတယ်။
JLPT အကြောင်း ဂျပန်လိုလေ့လာချင်ရင်တော့ ဒီအောက်က link မှာ ဝင်ရောက်လေ့လာပါ။
http://www.jlpt.jp/sp/
၂). NAT-TEST
NAT-TEST ရဲ့NAT ဆိုတာ Nihongo Achievement Test ရဲ့အတိုကောက်ပါ။
ဂျပန်လို 日本語学力テスト(nihongogakuryokutesuto) လို့ခေါ်ပြီး၊
မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့ "ဂျပန်စာစွမ်းရည်စာမေးပွဲ" လို့ အဓိပ္ပါယ်ရပါတယ်။
ဒီစာမေးပွဲဟာလည်း ဂျပန်ဘာသာကို မိခင်ဘာသာအဖြစ် မသုံးတဲ့သူတွေအတွက် ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာပေးတဲ့ စာမေးပွဲဖြစ်ပါတယ်။ ဒီစာမေးပွဲကို ၁၉၈၉ ခုနှစ်မှာ စတင်ခဲ့ပြီး၊ လက်ရှိတနှစ်မှာ ၆ကြိမ် စာမေးပွဲကျင်းပပါတယ်။
မေးခွန်းပုံစံနဲ့ စံချိန်စံညွှန်းကတော့ JLPT နဲ့ အတူတူပဲလို့ ဆိုပါတယ်။
ဒီစာမေးပွဲမှာလည်း 5級၊4級၊3級၊2級၊1級 ဆိုပြီး level ၅ခု ရှိပါတယ်။
5級 ကအနိမ့်ဆုံးအဆင့်ဖြစ်ပြီး 1級 ကအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။
ဒီစာမေးပွဲကို အထူးသဖြင့် နိုင်ငံခြားကနေ ဂျပန်မှာ ကျောင်းလာတက်ဖို့၊ လဝကကို ဗီဇာလှမ်းတင်ဖို့ အတွက်၊ ဂျပန်စာအရည်အချင်း အောင်လက်မှတ်ပြနိုင်အောင် ဖြေဆိုကြတာများပါတယ်။ JLPT အောင်လက်မှတ်အစား NAT-TEST အောင်လက်မှတ်ကို အသုံးပြုကြပါတယ်။ JLPT စာမေးပွဲဖြေဖို့အတွက်၊ အစမ်းစာမေးပွဲ အနေဖြင့်လည်း သုံးကြပါတယ်။
※ ဒီစာမေးပွဲရဲ့အားသာချက်
ဒီစာမေးပွဲဟာ တနှစ်မှာ၆ကြိမ်(February , April , June ,
August , October , December) ကျင်းပတဲ့အတွက် ဂျပန်ကို ကျောင်းလှမ်းလျှောက်မယ့်လူတွေ၊ JLPT ဖြေဖို့ မမီလိုက်တဲ့လူတွေ၊ အတွက် အသုံးဝင်ပါတယ်။ ပြီးတော့ စာမေးပွဲရဲ့ result ကိုလည်း စာမေးပွဲဖြေပြီး ၃ပတ်အတွင်းမှာ သိနိုင်တဲ့အတွက်၊ နောက်တစ်ခါဖြေဆိုနိုင်ဖို့အတွက် မြန်မြန်ပြန်ပြင်ဆင်နိုင်ပါတယ်။ စာမေးပွဲအောင်လျှင်လည်း အောင်လက်မှတ် ထုတ်ယူလို့ရပါတယ်။ ဂျပန်လဝကက တရားဝင် အသိအမှတ်ပြုထားတဲ့ အောင်လက်မှတ်တစ်ခုလည်းဖြစ်ပါတယ်။
※ ဒီစာမေးပွဲရဲအားနည်းချက်
ဒီစာမေးပွဲရဲအားနည်းချက်ကတော့ ဂျပန်ကုမ္ပဏီတွေဟာ အလုပ်ခန့်ကြတဲ့အခါ NAT-TEST အောင်လက်မှတ်ကို သိပ်မသုံးကြပါဘူး။ နိုင်ငံခြားကနေ ဂျပန်နိုင်ငံမှာပညာလာရောက်သင်ကြားနိုင်ဖို့၊ ဂျပန်ဘာသာအရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာ သက်သေပြနိုင်ဖို့အတွက်လောက်ကိုပဲ သုံးကြပါတယ်။
NAT-TEST အကြောင်း ဂျပန်လိုလေ့လာချင်ရင်တော့ ဒီအောက်က link မှာ ဝင်ရောက်လေ့လာပါ။
http://www.nat-test.com/index.html
၃). J-TEST
J-TEST ဆိုတာ Test of Practical Japanese ရဲ့အတိုကောက်ပါ။
ဂျပန်လို 実用日本語検定(jitsuyōnihongokenteī)လို့ခေါ်ပြီး၊ မြန်မာလိုဘာသာပြန်လျှင်တော့ "အသုံးချဂျပန်စကားစစ်ဆေးခြင်း(စာမေးပွဲ)" လို့ အဓိပ္ပါယ်ရပါတယ်။
ဒီစာမေးပွဲဟာ နိုင်ငံခြားသားတွေရဲ့လက်တွေ့အသုံးချ ဂျပန်ဘာသာစကားဟာ ဘယ် level ရှိတယ်ဆိုတာကို တိုင်းတာပေးတဲ့ စာမေးပွဲတစ်ခုပါပဲ။ ဒီစာမေးပွဲကို ၁၉၉၁ ခုနှစ် မှာ စတင်ကျင်းပခဲ့ပြီး၊ ဂျပန်မှာကျောင်းတက်မယ့်လူ၊ ဂျပန်ကုမ္ပဏီမှာ အလုပ်ဝင်မယ့်လူတွေ ဖြေဆိုကြတာများပါတယ်။
ဒီစာမေးပွဲဟာလည်း တနှစ်မှာ ၆ကြိမ်ကျင်းပပါတယ်။
မြန်မာနိုင်ငံမှာတော့ ၂၀၁၇နှစ်မှာ ၄ကြိမ်(January , March , May , August ) ကျင်းပခဲ့ပါတယ်။
ဒီစာမေးပွဲမှာ F級၊E級準D級၊D級၊C級၊準B級၊B級၊準A級၊A級၊特A級 ဆိုပြီး level ၁၀ခု ရှိပါတယ်။
F級 ကအနိမ့်ဆုံးအဆင့်ဖြစ်ပြီး 特A級 ကအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။
AကနေDအတွက် မေးခွန်းတစ်ခု၊ Eနဲ့Fအတွက် မေးခွန်းတစ်ခု ပြုလုပ်ပြီး ရမှတ်ပေါ်မူတည်ပြီး level တွေ ခွဲပေးပါတယ်။
※ ဒီစာမေးပွဲရဲ့အားသာချက်
ဒီစာမေးပွဲမှာ အောင်တယ်ကျတယ်ဆိုတာမရှိဘဲ၊ ကိုယ်ရတဲ့ရမှတ်အလိုက် level ခွဲပေးပါတယ်။ A級 တို့လို အမြင့်ပိုင်း級တွေဟာ JLPT စာမေးပွဲထက် level မြင့်ပါတယ်။
အဲ့ဒီအတွက် ပိုမိုမြင့်တဲ့ ဂျပန်စာ level တွေကို လေ့လာဖို့အတွက် ဒီစာမေးပွဲဟာ အထောက်အကူဖြစ်စေပါတယ်။ ပိုခက်တဲ့ business J-TEST စာမေးပွဲဆိုတာလည်း ရှိပါတယ်။
※ ဒီစာမေးပွဲရဲအားနည်းချက်
ဒီစာမေးပွဲမှာ အောင်လက်မှတ်မရှိဘဲ၊ အမှတ်စာရင်းပဲ ရရှိမှာဖြစ်ပါတယ်။ ဒီစာမေးပွဲရဲ့ အမှတ်စာရင်းဟာလည်း ၃နှစ်အထိပဲ အကြုံးဝင်တယ်လို့ ဆိုကြပါတယ်။
Edit ✍️
(၃ပတ်အတွင်း အောင်စာရင်းသိရပြီးCertificate ရရှိပါတယ်တဲ့ရှင့်) 👏🏻👏🏻
J-test က အောင်လက်မှတ်ထုတ်ပေးပါတယ်။
Training Visa, Work Visa, Student Visa တွေအတွက် immigration မှ အသိအမှတ်ပြုထားပါတယ်။
အမြဲတမ်း ဖြေဆိုသူတွေအများကြီးရှိတာကြောင့် အမှတ်မမှားရအောင် အမှန်ပြင်ဆင်ပေးလိုက်ပါတယ်။
J-TEST အကြောင်း ဂျပန်လိုလေ့လာချင်ရင်တော့ ဒီအောက်က link မှာ ဝင်ရောက်လေ့လာပါ။
http://j-test.jp/
၄). TOP-J
TOP-J ဆိုတာ TOP JAPANESE ရဲ့ အတိုကောက်ပါ။
ဂျပန်လို 実用日本語運用能力試験(jitsuyōnihongounyōnōryokushiken) လို့ခေါ်ပါတယ်။ မြန်မာလိုဆိုရင်တော့ "အသုံးချဂျပန်စကားအသုံးချမှုစွမ်းရည်စာမေးပွဲ" လို့ အဓိပ္ပါယ်ရပါတယ်။
ဒီစာမေးပွဲဟာလည်း ဂျပန်စာကိုလေ့လာနေတဲ့ နိုင်ငံခြားသားတွေအတွက် ကျင်းပပေးတဲ့ စာမေးပွဲတစ်ခုပါပဲ။
ဒီစာမေးပွဲမှာ 初級(C,B,A)・中級(C,B,A)・上級(C,B,A) ဆိုပြီး level ၃ပိုင်း(အဆင့်၉ဆင့်) ရှိပါတယ်။
初級C ကအနိမ့်ဆုံးအဆင့်ဖြစ်ပြီး 上級A ကအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။
初級A အောင်တဲ့လူတွေဟာ ဂျပန်နိုင်ငံမှာ ကျောင်းလာတက်နိုင်လောက်တဲ့ ဂျပန်စာ အရည်အချင်း ရှိတယ်လို့ ဆိုပါတယ်။ ဒီစာမေးပွဲကို တနှစ်မှာ ၆ကြိမ် (January , March , May , August, September, November ) ကျင်းပပါတယ်။ ကျောင်းလျှောက်တဲ့အခါမှာ အသုံးပြုနိုင်ပြီး၊ ဂျပန်လဝကက အသိအမှတ်ပြုထားတဲ့ အောင်လက်မှတ်တစ်ခုလည်းဖြစ်ပါတယ်။
※ ဒီစာမေးပွဲရဲ့အားသာချက်
ဒီစာမေးပွဲကို တနှစ်မှာ ၆ကြိမ်ကျင်းပတဲ့အတွက် ဂျပန်ကို ကျောင်းလှမ်းလျှောက်မယ့်လူတွေ၊ JLPT ဖြေဖို့ မမီလိုက်တဲ့လူတွေ၊ အတွက် အသုံးဝင်ပါတယ်။ NAT-TEST၊ J-TESTနဲ့ ဒီစာမေးပွဲ(TOP-J)တွေကို အသုံးချပြီး၊ ကျောင်းလျှောက်မယ့်အချိန်ကိုကြည့်ပြီး ပြင်ဆင်ဖို့ အခွင့်အရေးတွေရှိပါတယ်။
※ ဒီစာမေးပွဲရဲအားနည်းချက်
ဒီစာမေးပွဲမှာ ရေးဖြေလည်းပါဝင်တဲ့အတွက် ဂျပန်စာစတင်လေ့လာသူတွေအတွက် ခက်ခဲလိမ့်မယ်လို့ထင်ပါတယ်။
ဒီစာမေးပွဲမှာလည်း အောင်တယ်ကျတယ်ဆိုတာမရှိဘဲ၊ ကိုယ်ရတဲ့ရမှတ်အလိုက် level ခွဲပေးပါတယ်။ အောင်လက်မှတ်ရရှိမှာမဟုတ်ဘဲ၊ ဘယ် level ရှိတယ်ဆိုတာပဲ ရရှိမှာဖြစ်ပါတယ်။
Certificate လည်းထုတ်ပေးပါတယ်
TOP-J အကြောင်း ဂျပန်လိုလေ့လာချင်ရင်တော့ ဒီအောက်က link မှာ ဝင်ရောက်လေ့လာပါ။
http://www.topj-test.org/
၅). BJT
BJT ဆိုတာ Business Japanese Proficiency Test ရဲ့အတိုကောက်ပါ။ ဂျပန်လို ビジネス日本語能力テスト(bijinesunihongonōryokutesuto)လို့ခေါ်ပါတယ်။
မြန်မာလိုဆိုရင်တော့ "စီးပွါးရေးလုပ်ငန်းသုံးဂျပန်စကားစွမ်းရည်စာမေးပွဲ" လို့ အဓိပ္ပါယ်ရပါတယ်။
ဒီစာမေးပွဲကို အထူးသဖြင့် ဂျပန်ကုမ္ပဏီမှာအလုပ်ဝင်ချင်တဲ့လူတွေ အဓိကထားပြီးဖြေဆိုကြပါတယ်။
ဒီစာမေးပွဲမှာ J5,J4,J3,J2,J1,J+ ဆိုပြီး level ၆ခုရှိပါတယ်။ J5 ကအနိမ့်ဆုံးအဆင့်ဖြစ်ပြီး J+ ကအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။
※ ဒီစာမေးပွဲရဲ့အားသာချက်
ဒီစာမေးပွဲဟာ၂၀၁၇ခုနှစ် ၄လပိုင်းကနေစပြီး အင်တာနက်ကနေဖြေဆိုလို့ရလာပါတယ်။ နေ့တိုင်းဖြေဆိုနိုင်ခွင့်ရှိပြီး၊ စာမေးပွဲပြီးတာနဲ့ ရမှတ်ကိုသိရတဲ့အချက်ကတော့ အခြားစာမေးပွဲတွေထက် အားသာတဲ့အချက်ပါပဲ။
※ ဒီစာမေးပွဲရဲအားနည်းချက်
ဒီစာမေးပွဲဟာ စီးပွါးရေးလုပ်ငန်းသုံးဂျပန်စကားဖြစ်တဲ့အတွက် ကျောင်းတက်ဖို့ ရည်ရွယ်တဲ့လူတွေ သိပ်မဖြေကြဘူး ဆိုတဲ့အချက်ပါပဲ။
BJT အကြောင်း ဂျပန်လိုလေ့လာချင်ရင်တော့ ဒီအောက်က link မှာ ဝင်ရောက်လေ့လာပါ။
http://www.kanken.or.jp/bjt/
၆). EJU
EJU ဆိုတာ Examination for Japanese University Admission for International Students ရဲ့အတိုကောက်ပါ။
ဂျပန်လို 日本留学試験(nihonryūgakushiken) လို့ခေါ်ပါတယ်။
မြန်မာလို တိုက်ရိုက်ဘာသာပြန်လျှင် ဂျပန်ပညာသင်စာမေးပွဲ လို့ အဓိပ္ပါယ်ရပါတယ်။
ဒီစာမေးပွဲကတော့ အထက်ကစာမေးပွဲတွေနဲ့ အနည်းငယ်ကွာခြားပါတယ်။ ဂျပန်ဘာသာစကားရဲ့ ကျွမ်းကျင်မှုကို စစ်ဆေးတဲ့ စာမေးပွဲမဟုတ်ဘဲ ဂျပန်နိုင်ငံက တက္ကသိုလ်ကို တိုက်ရိုက်ဝင်နိုင်အောင်လို့ ကျင်းပတဲ့စာမေးပွဲဖြစ်ပါတယ်။
※ ဒီစာမေးပွဲရဲ့အားသာချက်
တက္ကသိုလ်တက်ဖို့ လိုအပ်တဲ့ ဂျပန်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်၊ ဝိဇ္ဇာဘာသာရပ်တွေရဲ့ အရည်အချင်းကို စစ်ပေးတဲ့စာမေးပွဲမို့လို့၊
ဒီစာမေးပွဲရဲ့ရမှတ်တွေနဲ့ ဂျပန်ကတက္ကသိုလ်(သို့)ကောလိပ်တွေကို တိုက်ရိုက်ကျောင်းလျှောက်နိုင်တာဟာ ဒီစာမေးပွဲရဲ့အားသာချက်ပါပဲ။
※ ဒီစာမေးပွဲရဲအားနည်းချက်
ဒီစာမေးပွဲရဲ့အားနည်းချက်ကတော့ တက္ကသိုလ်ဝင်ခွင့်အတွက် ဦးတည်လုပ်တဲ့အတွက် အလုပ်ဝင်ဖို့၊ ဂျပန်စကားကျွမ်းကျင်မှုကိုပြသနိုင်တဲ့ အောင်လက်မှတ်တစ်ခုတော့ မဖြစ်ပါဘူး။
EJU အကြောင်း ကိုလေ့လာချင်ရင်တော့ ဒီအောက်က link မှာ ဝင်ရောက်လေ့လာပါ။
https://www.facebook.com/permalink.php?story_fbid=1858381367811613&id=1484209378562149
နောက်ဆုံးမှာ အနှစ်ချုပ်ပြီးပြောရမယ်ဆိုလျှင်
ဂျပန်စာနဲ့ပတ်သက်တဲ့ စာမေးပွဲတွေကတော့ အမျိုးမျိုးရှိပါတယ်။ စာမေးပွဲအားလုံးရဲ့ result ကို ဂျပန်လဝကကလည်း အသိအမှတ်ပြုပါတယ်။ အောင်လက်မှတ်ရတဲ့စာမေးပွဲရှိသလို၊ level သတ်မှတ်ပေးတဲ့စာမေးပွဲလည်းရှိပြီး၊ အမှတ်စာရင်းပဲရတဲ့ စာမေးပွဲလည်းရှိပါတယ်။ ကျောင်းတက်ဖို့အတွက် ဖြေရတဲ့စာမေးပွဲရှိသလို၊ ဂျပန်စာအရည်အချင်းအတွက်၊ အလုပ်ဝင်ဖို့အတွက် ဖြေရတဲ့စာမေးပွဲလည်းရှိပါတယ်။
စာမေးပွဲကို ဘာအတွက်ဖြေမှာလဲ၊ ပြီးတော့ ရလာတဲ့ result ကို ဘယ်မှာအသုံးချမှာလဲဆိုတဲ့အပေါ်မှာမူတည်ပြီး ရွေးချယ်ဖြေဆိုနိုင်ကြပါစေ။
Credit ဆရာ အကီ။ ။🙏