17/08/2026
သင်တန်းမှာအမေးများတာလေးတွေက
သင်ထောက်ကူဖိုးဘယ်လောက်ကုန်နိုင်မလဲadmin ရေ ဆိုတာပါပဲ❣️
သင်ထောက်ကူကုန်ကျစရိတ် တွက်ကြည့်နိုင်ဖို့ တင်ပေးတာပါ
သင်ထောက်ကူမရောင်းပါ
မြန်မာချည်လေးတွေသုံးချင်တယ်ဆို တစ်လုံး 8000 9000 အဲ့ပါတ်ဝန်းကျင်ပါ
မက်ခရာမီချည်အစစ်(China made)နဲ့ကျစ်ချင်တယ်ဆို တစ်လုံး 15000 20000 ကျပ် အဲ့ စျေး ပါတ်ဝန်းကျင်ပါ
ဆိုင်တွေက တစ်ခုနဲ့တစ်ခု မတူနိုင်တော့ စျေးအနည်းငယ်ကွာနိုင်ပါတယ် 💕
ကိုယ်က ကလစ်နားကပ်လောက်ကျစ်ချင်တယ်ဆို ချည်တစ်လုံးကလောက်ပါတယ်
wall hanging တွေအိတ်တွေ အများကြီးလုပ်ချင်တယ်ဆို ချည် အနည်းဆုံး 3လုံး 4လုံး လောက်ဝယ်မှရပါမယ်
သစ်သားချောင်းလေးတွေ ကလစ် နားကပ် ကုန်ကြမ်းလေးတွေပါ ဝယ်ရပါမယ်
အဲ့တာလေးတွေကတော့ တစ်ခု 2000 ကျပ် ပါတ်ဝန်းကျင်လောက်ပါ
Macramé တွေဘာလို့စျေးကြီးလဲဆို ကုန်ကြမ်းကစျေးကြီးပါတယ်
Macramé ကျစ်တဲ့ချည်စစ်စစ်ကစျေးကြီးပါတယ်
သင်တန်းတက်မယ်ဆို ပစ္စည်းဘယ်လိုဝယ်ရမလဲ ဘယ်မှာဝယ်ရမလဲ???
စိတ်ပူနေစရာမလိုပါ
လိုတာတွေက ကျစ်ရမယ့် မက်ခရာမီချည်ရယ် ကလစ်နားကပ်ကုန်ကြမ်းသစ်သားချောင်း ရယ် အဓိက လိုပါတယ်။ ပစ္စည်းစာရင်းနဲ့ online ကဝယ်လို့ရမယ့်ဆိုင် တွေက်ိုလဲ သင်တန်းစတာနဲ့ group ထဲမှာ ပုံနှင့်တကွအသေးစိတ်ပြောပြပေးထားပါတယ်
ဒါကအမေးများလို့ ရေးတင်ပေးလိုက်တာပါရှင်
အားလုံးပဲကျန်းမာပျော်ရွှင် ကြပါစေရှင်❤️