30/04/2026
World Robot Contest (WRC 2026), Myanmar Championship ပြိုင်ပွဲကြီး ကျင်းပဖို့ နီးကပ်လာပါပြီ။
အနာဂတ်ရဲ့ နည်းပညာ ကြည်ပွင့်များ ဖြစ်ကြတဲ့ Titan လေးတွေအပါအဝင် အနယ်နယ်အရပ်ရပ်က Young Innovator လေးတွေ ရင်ခုန်စိတ်လှုပ်ရှား ဖွယ်ကောင်းအောင် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ဒါကြောင့် WRC 2026, Myanmar Championship ပြိုင်ပွဲကြီးကို ဖေဖေ မေမေ မိဘ များနဲ့ စိတ် ဝင်စားသူမည်သူမဆို လာရောက် အားပေးဖို့ ဖိတ်ကြားလိုက်ပါတယ်။
You’re officially invited to the WRC2026 Super AI Super Track Competition Myanmar Championship!
Where AI intelligence meets rally passion.
Don’t miss this amazing global gathering! 🚗💨🤖
16/03/2026
Congratulations 👏👏👏
မွန်ပြည်နယ် သထုံ မြို့ရှိ MY NASA - Private Primary School နှင့် Titan Education တို့ လက်တွဲပြီး ကျောင်းသားများအတွက် AI & Robotics ,Coding ကို သင်ကြားပေးတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
🚀 Bringing the Future to Thaton: AI, Robotics, and Coding at MY NASA!
သထုံမြို့မှ နည်းပညာဝါသနာပါတဲ့ ကလေးတို့အတွက် အထူးသတင်းကောင်းပါ🤖💻
သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက် ခေတ်မီနည်းပညာရပ်တွေဖြစ်တဲ့ AI, Robotics နှင့် Coding ပညာရပ်များကို MY NASA ကိုယ်ပိုင်ကျောင်း (သထုံ) နှင့် Titan EDU လက်တွဲပြီး အထူးထည့်သွင်း သင်ကြားပေးတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
ကျောင်းစာသင်ခန်း လိုအပ်ချက်အရ အတန်းတိုင်းမှာ လက်ခံနိုင်မည့် ကျောင်းသားဦးရေ အကန့်အသတ် (Limited Seats) သာရှိတာကြောင့် အမြန်ဆုံး စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
🕒 လက်ခံချိန်: နံနက် (၈) နာရီမှ ညနေ (၅) နာရီအထိ
📍 လိပ်စာ: အမှတ် ၁၀၇၇(က)၊ လေယာဉ်ကွင်းလမ်း၊ လိပ်အင်းရပ်ကွက်၊ သထုံမြို့။
📞 ဆက်သွယ်ရန်: 09 771117517, 09 771117527
📧 Email: [email protected]
27/02/2026
Titan EDU တောင်ကြီးကျောင်းခွဲ ဖွင့်ပွဲ နဲ့အတူ တောင်ကြီးမြို့က သားသားမီးမီးတို့ကို နိုင်ငံတကာ စင်မြင့်ထက် ပို့ဆောင်ပေးမယ့် အခွင့်အရေး ကို ယူဆောင်လာခဲ့ပါပြီ။
Titan EDU ရဲ့ တောင်ကြီးကျောင်းခွဲ၊ T.G.I Education Group တို့ မှာ ဖွင့်လှစ်မယ့် နွေရာသီ AI and Robotics သင်တန်းကို တက်ရောက်ပြီး ကမ္ဘာ့ စက်ရုပ်ပြိုင်ပွဲ WRC 2026 ပြိုင်ပွဲ နဲ့ Robotics Camp ကို ပါဝင် ဆင်နွှဲနိုင်ပါပြီ။
အသေးစိတ်အချက်အလက်များကိုတော့ Page Messenger မှ ဖြစ်စေ၊ဖုန်းမှဖြစ်စေ အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
☎️09253643207
☎️09420014513
Titan EDU (တောင်ကြီး)
အမှတ် 212/B၊သီရိမင်္ဂလာလမ်း၊
သစ်တောရပ်ကွက်၊
တောင်ကြီးမြို့။
22/01/2026
WE ARE HIRING!!!
🌟Titan EDU တွင်တာဝန်ထမ်းဆောင်ရန် ဆရာ၊ ဆရာမများ ကို ဖိတ်ခေါ်ပါတယ်။🌟
👉နည်းပညာ ကို ဝါသနာပါ ပြီး ပညာရေး လုပ်ငန်း ကို စိတ်ဝင်စားတဲ့ ဘွဲ့ရ များလျှောက်ထားနိုင်ပါတယ်။
👉ကွန်ပျူတာ တက္ကသိုလ် နဲ့ နည်းပညာ တက္ကသိုလ် ဘွဲ့ရများ ကို ဦးစားပေး မှာဖြစ်ပါတယ်။
👉အခြားဘွဲ့ရများလည်း လျှောက်ထားနိုင်ပါတယ်။
✅ Position No.1 : Senior Coding Teacher
အရည်အချင်းသတ်မှတ်ချက်များ
- Coding ဘာသာရပ်ကို နားလည်တတ်မြောက်ထားသူဖြစ်ရမည်။
- ချမှတ်ပေးသော သင်ခန်းစာများကို Lesson Plan Detail ပြန်လည်တင်ပြနိုင်သူဖြစ်ရမည်။
- Research and Innovation အားကောင်းသူဖြစ်ရမည်။
- Class တစ်ခုကို ပိုင်နိုင်စွာ သင်ကြားနိုင်သူဖြစ်ရမည်။
✅ Position No.2 : Junior Coding Teacher
အရည်အချင်း သတ်မှတ်ချက်များ
- နည်းပညာကို စိတ်ဝင်စားသူဖြစ်ရမည်။
- ပညာရေး ကို စိတ်ဝင်စားသူဖြစ်ရမည်။
- တက္ကသိုလ်မှ ဘွဲ့ ရရှိထားသူဖြစ်ရမည်။
စိတ်ဝင်စားသူများ မိမိတို့ CV form များကို အောက်ပါအတိုင်း ပေးပို့လျှောက်ထားနိုင်ပါတယ်။
📳Viber: 0943119800
📧Email: [email protected]
21/10/2025
📣 Beijing Super AI Super Track Robotics Competition and International Study Tour Camp 2025
🎓 In Collaboration with UNITAR (United Nations Institute for Training and Research) ,
ကမ္ဘာ့ ကုလသမဂ္ဂ လေ့ကျင့်ရေး နဲ့ သုတေသန အဖွဲ့အစည်း ဖြစ်တဲ့ UNITAR ရဲ့ ပူးပေါင်းပါဝင်မှု နဲ့ တရုတ်နိုင်ငံ မြို့တော် ဘေဂျင်း မှာ December 19 ရက် မှ 26 ရက်နေ့အထိ ကျင်းပမယ့်
Beijing Super AI Super Track Robotics Competition and International Study Tour Camp 2025
A Journey of Learning, Innovation & Culture Program ကြီးကို Titan က ပါဝင် ဆင်နွှဲဖို့ စီစဉ်ထားပါတယ်။
💥ဒီနှစ်အတွက် ထူးခြားတဲ့အစီအစဉ်ကတော့
1) Robotics Competition
2) Study Tour Camp
ဆိုပြီး အပိုင်းနှစ်ပိုင်း ပါဝင်တဲ့အတွက် ပြိုင်ပွဲနဲ့ Tour Camp နှစ်ခုစလုံးဖြစ်စေ၊
ပြိုင်ပွဲမပါဝင်ပဲ Tour Camp only ပဲဖြစ်စေ၊ ပြိုင်ပွဲ သီးသန့်ပဲဖြစ်စေ မိမိအဆင်ပြေရာ ရွေးချယ် ပါဝင်နိုင်တာပဲဖြစ်ပါတယ်။💥
ပြိုင်ပွဲကိုတော့ Beijing Huairou , Jinyu Xingfa Science and Technology Park မှာ ကျင်းပမှာ ဖြစ်ပြီး တရုတ်နဲ့ နိုင်ငံတကာ အသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပွဲကြီးဖြစ်ပါတယ်။
နှစ်ရက်တာ ပြိုင်ပွဲကျင်းပပြီးသွားရင်တော့ Study Tour Camp အစီအစဉ်အနေနဲ့ Beijing Huairou Technology Careers University မှာ Opening Ceremony ကို တက်ရောက်ပြီး Camp ဝင်ရောက်ရမှာဖြစ်ပါတယ်။
Camp ကာလအတွင်းမှာ နိုင်ငံတကာက ကလေးတွေနဲ့အတူ Activity များစွာကို အတူလုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အတွေ့အကြုံကောင်းတွေရမှာ ဖြစ်ပါတယ်။
Camp အတွင်း Tour Plan အနေနဲ့ကတော့
1). China Science and Technology Museum
2). World 7 Wonders - Great Wall
(Cable Car စီးပြီး ကမ္ဘာကျော် မဟာတံတိုင်းကြီးကို လည်ပတ်ခြင်း)
3). Tiananmen Square ( the symbol of new china)
4). Beijing Jingshan Park- Climbing Jingshan Hill
5).Forddien City ( the world 's largest and most complete imperial palace)
6). Beijing Shichahai ( Beijing historic and cultural heritage - National AAAA level tourist attraction)
7). Temple of Heaven ( A 600 -year-old architectural wonder)
8). Summer Palace (UNESCO site- one of the largest and most well preserved royal gardens)
9). National Sports Centre ( 2008 ဘေဂျင်း အိုလံပစ် ကျင်းပရာနေရာ)
အစရှိတဲ့ အထင်ကရ နေရာပေါင်းများစွာကို နိုင်ငံတကာ ကလေးတွေနဲ့အတူ ပျော်ရွှင်စွာသွားရောက်လေ့လာရမှာဖြစ်ပြီး (၂၅)ရက်နေ့ညမှာတော့ Study Tour Camp ရဲ့ ပိတ်ပွဲနဲ့ ဂုဏ်ပြုညစာစားပွဲ ကို တက်ရောက်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်။
🎉🎉🎉
ခရီးစဉ်တစ်လျှောက်လုံးမှာ
*နိုင်ငံတကာ အဆင့်မှီဟိုတယ်မှာ တည်းခိုခြင်း
*အစားအသောက်( Breakfast, Lunch, Dinner)
*Professional Tour Guide
*Full -Time Tour Bus
*All Tourist Attraction Tickets
*Accident Insurance
တွေအပြင် ရေသန့်ကအစ အားလုံး ပြည့်ပြည့်စုံစုံနဲ့ စီစဉ်ထားမှာဖြစ်တဲ့အတွက် အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးစဉ် ဖြစ်နေမှာတော့ အသေအချာပါပဲ။
ခရစ္စမတ် ကျောင်းပိတ်ရက်နဲ့လည်း တိုက်ဆိုင်ပြီး နိုင်ငံတကာ အတွေ့အကြုံကောင်းတွေ အများကြီးရမယ့် ဒီဇင်ဘာ ၁၉ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၇ ည အိပ် ၈ ရက်တာ ခရီးစဉ်လေးကို Titan နဲ့အတူသွားဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
အသေးစိတ်အချက်အလက်များကိုတော့ Page Messenger မှတဆင့်ဖြစ်စေ၊ ဖုန်းမှတဆင့်ဖြစ်စေ အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
☎️ 09978386155 (Telegram)
☎️ 09954756925 (Viber)
Titan EDU
အမှတ်(၇၁၉)၊ငါးမာန်အောင်ဘုရားလမ်း၊
၃၃ ရပ်ကွက်၊ မြောက်ဒဂုံ၊
တောင်ဥက္ကလာပဘုရားဘေး ငမိုးရိပ်တံတားညာဘက်အဆင်း။