Tr Yoon

Tr Yoon Education is the movement from darkness to light.

13/10/2025

Read aloud 🗣

ဒီနေ့လေမိုးကြမ်းနေလို့ Tr Yoon မလာတော့ဘူးထင်တယ်A few mins later: Tr Yoon 😂
12/10/2025

ဒီနေ့လေမိုးကြမ်းနေလို့ Tr Yoon မလာတော့ဘူးထင်တယ်

A few mins later: Tr Yoon 😂

🥰
28/09/2025

🥰

Grade  - 5 ( သင်္ချာ ) အခန်းအစ၊ အဆုံး 5 မှတ်တန်နှင့် 10 မှတ်တန်များအမေး၊ အဖြေအစုံ  Tr. Phyu Sin
12/09/2025

Grade - 5 ( သင်္ချာ ) အခန်းအစ၊ အဆုံး
5 မှတ်တန်နှင့် 10 မှတ်တန်များ
အမေး၊ အဖြေအစုံ

Tr. Phyu Sin

Hello မေမေတို့ရှင့်📌Get Ready for Starters Class လေး September လမှာဖွင့်မှာမို့ Class Join ချင်သော သားသားမီးမီးလေးတွေ Jo...
28/08/2025

Hello မေမေတို့ရှင့်

📌Get Ready for Starters Class လေး September လ

မှာဖွင့်မှာမို့ Class Join ချင်သော သားသားမီးမီးလေးတွေ Joinလို့ရပါပြီီရှင့်

📆 September ( 6.9.2025)

📌ဝါတွင်းကာလဖြစ်သောကြောင့် ဥပုတ်/ တနဂ်နွေ သင်ကြားပါမည်။

⏰ 3:30 to 5:00 pm

သုဝဏ ၊ ဘုရင့်နောင်(၁၀)လမ်း ၊အမှတ် (၂၅)ရန်ကုန်သစ်ရပ်ကွက် ၊သဃ်န်းကျွန်းမြို့နယ်။

📞09400185659 (Tr Yoon )
အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အသုံးအနှုန်းလေးတွေ မှန်ကန်စေဖို့မူရင်းပိုင်ရှင်အားCrdပေးပါတယ်ရှင်🙏
26/08/2025

အသုံးအနှုန်းလေးတွေ မှန်ကန်စေဖို့

မူရင်းပိုင်ရှင်အားCrdပေးပါတယ်ရှင်🙏

ကျောင်းမှာသင်လိုက်တဲ့ တစ်နေ့စာကိုအိမ်ပြန်ရောက်ရင်မလုပ်ဘူးဆိုရင်တော့ ကျောင်းမှာဘယ်လောက်နားလည်ခဲ့ နားလည်ခဲ့  မေ့မှာအသေချာပ...
24/08/2025

ကျောင်းမှာသင်လိုက်တဲ့ တစ်နေ့စာကို
အိမ်ပြန်ရောက်ရင်မလုပ်ဘူးဆိုရင်တော့ ကျောင်းမှာဘယ်လောက်နားလည်ခဲ့ နားလည်ခဲ့ မေ့မှာအသေချာပါ။‌
ကျောင်းကပြန်အလာ၊ လွယ်အိတ်ကိိုဗုန်းခနဲချဖုန်းကိုကောက်ကိုင်၊ Chatting ထိုင်ပြီး နောက်နေ့မနက်မှာ ဟန်မပျက်တဲ့လွယ်အိတ်ဆွဲကျောင်းပြန်လာတဲ့ကျောင်းသားဟာဘယ်တော့မှစာမရဘူး။

ဆရာက ဘယ်လောက်စေတနာပါပါ
ဆရာက ဘယ်လောက်အသင်တော်တော်
ဆရာက ဘယ်လောက်ရစေချင်ချင်
ဆရာက ဘယ်လောက်သောကများများ
ကျောင်းသားကမလုပ်ရင် အလကားပါပဲ။
ဒီနေ့ကျောင်းမှာသင်လိုက်တယ်
အိမ်ပြန်ရောက်ရင်စာပြန်ကြည့်ရမယ်။
Notes တွေဖတ်ရမယ်
Text ကို ဖတ်ရမယ်
ကြေညက်ရမယ် နှံ့စပ်ရမယ်
ဟိုချန်သည်ချန်လုပ်လို့မရဘူး။

Review လည်းကြည့်ရမယ်
Exercise လည်းကြည့်ရမယ်
Journal လည်းကိုင်ရမယ်
Additional Exercise လည်းလုပ်ရမယ်
Objective တွေလည်း​ဖြေရမယ်
ကျောင်းမှာစစ်တဲ့ Tutorial test တိုင်းဖြေရမယ်
End Test စစ်တိုင်းဖြေကြရမယ်
မဖြေကြည့်ရင် ကိုယ်ဘယ်လောက်ရလဲမသိဘူး
ဖြေကြည့်မှ ကိုယ်ရ မရသိမယ်။

Test ဖြေဖို့ စာမှန်မှန်လုပ်ရမယ်
ဖုန်းကိုဝေးဝေးထားရမယ်
အပျင်းမဖက်ဖို့အရေးကြီးတယ်
ကိုယ်လိုချင်မှသာရတာပါ။
ဆရာကဘယ်လောက်သင်သင်
ကျောင်းသားကတကယ်တမ်းလိုက်မလုပ်ရင်
ဘာအကျိုးမှမထူးပါဘူး။

#ဆရာဦးနေမင်းခန့်အားလေးစားလျက်

Grade 1 အခန်းတွင်းစစ်ဆေးအကဲဖြတ်နမူနာ လေ့လာရန်အတွက်ပါ...စာမေးပွဲမရှိပါ အခန်းတွင်းတတ်မြောက်မှုစစ်ဆေးရန်အတွက် နမူနာပုံစံဖြစ...
24/06/2025

Grade 1 အခန်းတွင်းစစ်ဆေးအကဲဖြတ်နမူနာ လေ့လာရန်အတွက်ပါ...

စာမေးပွဲမရှိပါ အခန်းတွင်းတတ်မြောက်မှုစစ်ဆေးရန်အတွက် နမူနာပုံစံဖြစ်ပါတယ်...
ကူးယူရန်မဟုတ်ပါ လေ့လာရန်တင်ပေးခြင်းဖြစ်ပါတယ်

ချစ်ရပါသော မနိုင်စိန်လေးတွေ💜💜
17/05/2025

ချစ်ရပါသော မနိုင်စိန်လေးတွေ💜💜

မူလတန်းကလေးများကို #ဝါကျဖွဲ့တတ်အောင်သင်ကြားနည်းမူလတန်းအဆင့်မှာ ဝါကျ ရေးတာကို တတိယတန်း ကနေ စပြီးသင်ကြားပေးပါတယ်။ ကလေးတွေဟ...
09/05/2025

မူလတန်းကလေးများကို
#ဝါကျဖွဲ့တတ်အောင်သင်ကြားနည်း

မူလတန်းအဆင့်မှာ ဝါကျ ရေးတာကို
တတိယတန်း ကနေ စပြီးသင်ကြားပေးပါတယ်။
ကလေးတွေဟာ ဝါကျ ဆိုတာကို ဒုတိယတန်းတုန်းက မိတ်ဆက်ကလေးတောင် မသင်ခဲ့ရပါဘူး ။တတိယတန်းရောက်ချိန်ကျမှ
"နိုင်ငံတော် အလံ " သင်ခန်းစာ မှာ
အောက်ပါ စကားလုံးများကို ဝါကျ ဖွဲ့ပါ ဆိုပြီး ပါလာတာပါ။ ဒီတော့ ဝါကျ ဆိုတာ တတိယတန်း စတက်စ ကလေးတွေ အတွက် အစိမ်းသက်သက် ဖြစ်ပါတယ်။
ဒီ အစိမ်းသက်သက် ၊ သူတို့နဲ့ မရင်းနှီးတဲ့ ဝါကျ ဆိုတာကို ကျွန်မတို့ ဘယ်လိုသင်ကြမလဲ။

၁။ ဝါကျ ဆိုတာ ဘာလဲ
အရင်ရှင်းပြပါ။

စကားလုံးတစ်လုံး ကို အသုံးပြုပြီး အဲ့ဒီ စကားလုံးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကို အဓိပ္ပါယ် ပြည့်စုံတဲ့ စာကြောင်းတစ်ခု ဖန်တီးခိုင်းတာ ပါပဲ။

ဆရာ အနေနဲ့ သိထားရမှာက
တတိယတန်းကလေး တစ်ယောက် ဖွဲ့လိုက်တဲ့ ဝါကျ ဟာ
အသုံးပြု စကားလုံး နည်းရမယ်။
အဓိပ္ပါယ် ပြည့်စုံရမယ်။
သူ့ ကိုယ်ပိုင် အတွေးအခေါ် ဖြစ်ရမယ်။(ကူးချထားတာ မဟုတ်ရဘူး)
သူနဲ့ အနီးဆုံးပတ်ဝန်းကျင်က အကြောင်းအရာ ဖြစ်ရမယ်။
ပုဒ်အထားအသို မှန်ရမယ်။

ဒီလောက်ဆို ရပါပြီ။
အဓိက က သူ့စိတ်ထဲ ရှိတာကို စာနဲ့ ရေးပြတတ်ဖို့။

၂။ အသုံးပြု စကားလုံးတွေရဲ့ အဓိပ္ပါယ် ကို မေးပါ။
မရှင်းပြပါနဲ့ ။ မေးပါ။
ပြီးမှ ဖြည့်စွက်ရှင်းပြပါ။

၃။ အသုံးပြု စကားလုံး တွေကို နီးစပ်ရာ ပတ်ဝန်းကျင် နဲ့ ဆက်စပ်ပေးပါ။
ဥပမာ
အစိမ်းရောင်

ဘယ်နေရာတွေမှာ မြင်ဖူးသလဲ။
ဘယ်တုန်းကလဲ စသည်ဖြင့် စကားလုံးကို လိုက်ပြီး မေးပေးရပါမယ်။

၄။ စကားလုံး ရဲ့ နေရာ ကို ကလေးတွေ ကို ရှာဖွေ ခိုင်းရပါမယ်။
ပုဒ်အထားအသို စပြီး လေ့ကျင့်ပါပြီ။

အစိမ်းရောင် ဟာ
နာမဝိသေ သန စကားလုံးဖြစ်တဲ့အတွက်
အစိမ်းရောင် အဝတ်အထည်
အစိမ်းရောင် အသုံးအဆောင်
အစိမ်းရောင် အရာဝတ္ထု
အစိမ်းရောင် လယ်ကွင်း စသည်ဖြင့်
နာမ်ပုဒ်တွေရဲ့ အရှေ့က ဖြစ်ရပါမယ်။
ဒိအပိုင်းကိုတော့ ကလေးသိစရာမလိုပါဘူး ။ ဆရာက သိရမှာပါ။ ကလေးက မြန်မာ သဒ္ဒါကို သင်မှန်းမသိ သင်နေတဲ့အချိန်ဖြစ်ပါတယ်။

ဝါကျ အသုံးပြု စကားလုံး တွေဟာ
၁။ နာမ် စကားလုံး
၂။ ကြိယာ စကားလုံး
၃။ နာမဝိသသနေ စကားလုံး
၄။ ကြိယာ ဝိသေသန စကားလုံး တွေ ဖြစ်ရပါမယ်။
ဒီ ပုဒ်တွေရဲ့ နေရာ အထားအသိုကိုတော့ ဆရာက နားလည်ထားရပါမယ်။

၅။ နမူနာ ဝါကျ ဖွဲ့ပါမယ်။
ကလေးတွေကို ဖွဲ့ခိုင်းပါ။ သူတို့ စိတ်ထဲရှိတဲ့ အကြောင်းအရာကို စကားလုံး အနည်းဆုံး နဲ့ ရေးဖွဲ့ ခိုင်းပါ။

၆။ လွဲနေတဲ့ နေရာတွေ ပြန်ပြင်ပေးပါ။
ဥပမာ
အစိမ်းရောင် အင်္ကျီ ကိုကြိုက်သည်။

ဆိုတာမျိုး ကလေးက ရေးလာရင်
အစိမ်းရောင် အင်္ကျိီကို ဘယ်သူက ကြိုက်တာလဲ။
ကြိုက်တဲ့ လူကို အစိမ်းရောင် ရဲ့ အရှေ့မှာ ရေးရမယ် ဆိုပြီး ပြန်ပြင် ပေးရပါမယ်။

၇။ ပေးထားတဲ့ စကားလုံးကို အသုံးပြုပြီး ပုံစံကွဲ ဝါကျ ၃ မျိုးလောက် ရေးခိုင်းပါ။

ဒီအဆင့်ပြီးရင်တော့ ကလေးတွေ ဝါကျကို ရေးတတ်ပါပြီ။
စကားလုံးပေါင်းများစွာ ကို လေ့ကျင့် ပြီးချိန်မှာတော့ ကလေးတွေရဲ့ ဝါကျဖွဲ့ စွမ်းရည် တိုးတက် လာမှာ အမှန်ပါပဲရှင့် ။

အားလုံး အဆင်ပြေကြပါစေ
ဒေါ်မေနွယ်အေး
မူပြ
ထ(ခွဲ) နမ္မန


FYI
05/05/2025

FYI

✋🏻ငြင်းပါ
13/04/2025

✋🏻ငြင်းပါ

Address

Byintnaung 10st
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959400185659

Alerts

Be the first to know and let us send you an email when Tr Yoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Tr Yoon:

Shortcuts

Share