MHK

MHK

Share

မင်္ဂလာပါ‌ခင်ဗျ။
MHK Page မှကြိုဆိုပါသည်

06/11/2021

❤️၁၅၀၀ ချစ်ခြင်း❤️

🔸အစစအရာရာ မတူညီတဲ့ လူနှစ်ယောက် ချစ်ခြင်းမေတ္တာတစ်ခုတည်းအပေါ်မှာ တူညီမှုရှိပြီး လက်တွဲကြတဲ့အခါ ‌မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှု၊ ဂရုစိုက်မှု၊ အလေးပေးမှု၊ တန်ဖိုးထားမှုတွေ ပိုင်ဆိုင်ကြနေပေမယ့် ယခုထက် ပို၍ ပို၍ကောင်းမွန်သော ကြည်နူးမှုများကို ကိုယ်တိုင်ရှာဖွေပြီး အစီအစဉ်ဆွဲချင်သလား❓

🔸နှစ်ဦးသားသဘောထားချင်းမတိုက်ဆိုင်တာ၊ စကားများရန်ဖြစ်တာတွေ၊ သံသယတွေလွန်ကဲပြီးယုံကြည်မှုတွေပျောက်ဆုံးပြီး စစချင်းလက်တွဲခဲ့တဲ့အချိန်ကာလမျိုးမပိုင်ဆိုင်တော့တာတွေ ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။

🔸Relationship တစ်ခုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာ၊ အခက်အခဲ၊ အနှောက်အယှက်၊ အတားအဆီး တွေကို ကိုယ်တိုင်အဖြေရှာပြီး လက်ရှိကြုံတွေ့နေရ‌တာတွေကို ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲခြင်လား❓

💁🏻‍♂️စတဲ့ စတဲ့ Relationship နဲ့ဆိုင်တဲ့ အကြောင်းအရာများကို Coaching Session ယူပြီး ကိုယ်တိုင်အဖြေရှာချင်တယ်ဆိုရင်
နောက်တစ်ပတ် သောကြာနေ့ (၁၂ နိုဝင်ဘာလ ၂၀၂၁) မှာ သုံးယောက်တိတိ တစ်ယောက်ကို တစ်နာရီ တစ်ရက်တည်းသာ ဆွေးနွေးပေးသွားပါမယ်။ မည်သည့်အခကြေးငွေကိုမျှ ပေးဆောင်ရန်မလိုသည့်အပြင် ဆွေးနွေးမဲ့အကြောင်းအရာများကိုလဲ မည်သူတဦးတယောက်မှ သိရှိမည်မဟုတ်ပါဘူး။

👉🏻ဒါကြောင့်မို့လို့ Post ကို Like and share လုပ်ပြီး Commentမှာ မန့်ခဲ့ပေးတဲ့ မည်သူမဆို ပြန်လည်ဆက်သွယ်ပြီး အချိန်ညှိနှိုင်းကာ အခမဲ့ဆွေးနွေးပေးသွားမှာပါ။

🔰Let's do it now🔰
MHK Team

08/08/2021

ယုံကြည်ချက်မှသည် အောင်မြင်ခြင်းဆီသို့

မင်္ဂလာပါခင်ဗျ ယုံကြည်ချက်မှ သည် အောင်မြင်ခြင်းဆီသို့ ကဏ္ဍမှ ကြိုဆိုပါတယ်ခင်ဗျ။

ကျွန်တော်တို့ပြန်ဆုံကြပြန်ပါပီ။ အစစအရာရာဂရုစိုက်နေထိုင်ကြပြီး မိမိရဲ့ကျန်းမာရေးကိုလဲအထူးဂရုစိုက်ကြပါလို့ သတိပေးရင်း ဒီတစ်ပတ်မှာ ကိုယ့်ရဲ့ပုံပန်းသွင်ပြင်ကို ကိုယ်တိုင်တည်ဆောက်ပြီး ယုံကြည်မှုတိုးပွားလာနိုင်တဲ့အ‌ပေါ်ဘယ်လိုအကျိုးသက်ရောက်လဲဆိုတာဆွေးနွေးသွားပါမယ်။ လူတိုင်းက တခြားလူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်ပုံကိုကြည့်ပြီး ဆုံးဖြတ်လေ့ရှိပါတယ်။
"တောင်းမှာအကွပ် လူမှာအဝတ်" ဆိုတဲ့ဆိုရိုးစကားအတိုင်း လူတစ်ယောက်ရဲ့ဝတ်စားဆင်ယင်ပုံက တခြားလူတစ်ယောက်ကနေပြီး ကိုယ့်အပေါ်ကို အမျိုးမျိုးရှုမြင်သုံးသပ်ပြီး မှတ်ချက်ပြုသွားနိုင်ပါတယ်။ ယုံကြည်မှုတိုးတက်ဖို့ ကိုယ့်ရဲ့ပုံပန်းသွင်ပြင်ကိုတည်ဆောက်ရာမှာ ပထမဆုံးအနေနဲ့ "Dress Smart" စမတ်ကျကျဝတ်စားဆင်ယင်ဖို့ရာပဲဖြစ်ပါတယ်။ စမတ်ကျကျဝတ်စားဆင်ယင်ရမည်ဟုဆိုရာမှာ အငြင်းပွားဖွယ်ရာများရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ဝတ်စားဆင်ယင်မှု၊ အခြေအနေနဲ့လိုက်လျောညီထွေတဲ့ဝတ်စားဆင်ယင်မှု၊ ပတ်ဝန်းကျင်အ‌နေအထားနဲ့ ကိုက်ညီတဲ့ဝတ်စားဆင်ယင်မှု၊အ‌ကြောင်းအရာအဖြစ်အပျက်နဲ့ သင့်လျော်မှန်ကန်တဲ့ဝတ်စားဆင်ယင်မှုသည်သာလျှင် စမတ်ကျတဲ့ဝတ်စားဆင်ယင်မှုဖြစ်နိုင်ပေလိမ့်မည်။
ဥပမာ - အလုပ်ရရှိဖို့ဖို့ရာ အင်တာဗျုးသွားရောက်ဖြေဆိုသည့်အပေါ်မှာပင် မတူညီနိုင်ပါဘူး။ အလုပ်၏အနေအထား၊ ကုမ္ပဏီ၏ အခြေအနေပေါ်မူတည်ပြီး ဝတ်ဆင်သင့်ပါသည်။ ဒါကြောင့် ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုသည်ကိုယ်ပိုင်ဟန်သာရှိသင့်ပြီး အခြေအနေနှင့်အချိန်အခါပေါ်လိုက်၍ စမတ်ကျကျဝတ်ဆင်သင့်ပါသည်။
ဒုတိယအချက်က ရှေ့များမှာ တင်ပြဆွေးနွေးထားခဲ့တဲ့ စကားပြောဆိုမှု ဖြစ်ပေမယ့်လည်း ပုံပန်းသွင်ပြင်တည်ဆောက်ရာမှာ ထပ်မံတင်ပြ၍ဖြည့်စွက်သင့်သည်ဟု ယူဆပါသောကြောင့် ထပ်မံဆွေးနွေးပါမည်။ စကားပြောဆိုရာတွင် ပြုံး၍ရှင်းရှင်းလင်းလင်းပြောဆိုပါ။ လိုတာထက်ပို၍ပြုံးနေခြင်းမျိုး၊ မလိုအပ်ပဲရုပ်တည်နေတာ၊ စကားပြောမရှင်းမလင်းဖြစ်တာတွေက ကိုယ့်ရဲ့ Imageလို့ခေါ်တဲ့ ပုံပန်းသွင်ပြင်ကိုထိခိုက်နိုင်ပါတယ်။ မည်သို့ပင် စမတ်ကျနေအောင်ဝတ်စားဆင်ယင်နေပါစေ တစ်ဖက်သားစိတ်ပါဝင်စားပြီး အချက်ကျကျ ရှင်းရှင်းလင်းလင်း မပြောဆိုနိုင်ပါက အသုံးဝင်မည်မဟုတ်ပေ။
နောက်တစ်ချက်က ချီးမွမ်းစကားများကို လက်ခံ၍ ကျေးဇူးတင်ခြင်းကိုဖော်ပြပါ။ တစ်ဖက်သားက ကိုယ့်အပေါ်ကို ချီးမွမ်းစကားဆိုလာခဲ့ပါက ဂုဏ်ရှိန်မတက် မရှက်မကြောက်ဘဲ လက်ခံသင့်ပါသည်။ အနည်းဆုံး "ဟုတ်ကဲ့" ဟုပြောဆိုကာ တပြိုင်နက်တည်း ကျေးဇူးတင်စကားကို အသေအချာပြောသင့်ပေသည်။ ဒါမှသာလျှင်ယုံကြည်မှုရှိတဲ့ လူကြီးလူကောင်းဖြစ်ပေလိမ့်မည်။ ထို့အတူပဲ မိမိဖက်ကလဲ ချီးမွမ်းစကားဆိုသင့်ပါက မဆုတ်မနစ်ပြောဆိုသင့်ပေသည်။ ကျေးဇူးတင်ထိုက်သည့်ကိစ္စများကိုလည်း ထိုက်တန်စွာ ကျေးဇူးတင်စကားဆိုသင့်ပေသည်။
စတုတ္ထအချက်ဖြစ်တဲ့ "Take big steps" ဟုဆိုရာဝယ် မိမိပြုလုပ်ရန် ဆောင်ရွက်ရန် ပြောဆိုထားသည့်ကိစ္စများကို ဖြစ်မြောက်အောင်မြင်အောင် ကြိုးစားလုပ်ဆောင်သင့်ပေသည်။ အပြောသာရှိပြီး လက်တွေ့မဖြစ်မြောက်သောသူကို အဘယ်သူများကယုံကြည်မည်နည်း။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိမှ အခြားသူများကလဲ မိမိအပေါ်ယုံကြည်လာမှာဖြစ်သောကြောင့် ကိုယ်တိုင်နှုတ်ကနေပြောဆိုထားသည့်ကိစ္စဖြစ်စေ၊ စိတ်ထဲတွင်ချမှတ်ထားသည့်ရည်မှန်းချက်များဖြစ်စေ အောင်မြင်အောင်ကြိုးစားလုပ်ဆောင်ဖို့ရာအရေးကြီးလှပေသည်။
နောက်ဆုံး အရေးကြီး‌အချက်ဖြစ်တဲ့ မိမိကိုယ်ကို ဂရုစိုက်ဖို့ရာဖြစ်ပါတယ်။ အပေါ်မှာတင်ပြဆွေးနွေးခဲ့တဲ့ အချက်လေးချက်ကို အတိအကျလုပ်ဆောင်ကြဖို့အတွက် အမြဲတမ်း စိတ်အားထက်သန်မှုရှိရမှာပဲဖြစ်ပါတယ်။ တစ်ချက်ချင်းစီကိုအောင်မြင်အောင်လုပ်ဆောင်နိုင်ပါက အားလုံးသောအချက်အလက်များကိုအောင်မြင်မည်ဖြစ်သည့်အတွက် နောက်ဆုံးအဆင့်ကိုရောက်အောင်ကြိုးစားပြီး မိမိကိုယ်ကို ပြန်သုံးသပ်နိုင်ဖို့အတွက် ယခုနောက်ဆုံးအချက်ကအရေးကြီးဆုံးဖြစ်ပေသည်။ ဒါကြောင့်မို့လို့ မိမိကိုယ်ကို တစ်ချက်ချင်းစီကို ဂရုပြု ကြိုးစားအားထုတ်ရင်း မိမိသည်သာလျှင်မိမိရဲ့အားကိုးရာဖြစ်သောကြောင့် မိမိရဲ့ပုံပန်းသွင်ပြင်ကို မိမိရဲ့ ကိုယ်ပိုင်ဟန်သာဖြင့်သာတည်ဆောက်၍ ယုံကြည်မှုများတိုးတက်ပြီး အောင်မြင်မှုများရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက် နိဂုံးချုပ်ပါရစေ။

နောက်တစ်ပတ်မှာလဲ ယုံကြည်မှုတည်ဆောက်ရာမှာ အရေးကြီးတဲ့ စတုတ္ထအချက်ဖြစ်တဲ့ မိမိကိုယ်ကို အကောင်းမြင်စိတ်ထားရှိဖို့ရာ ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။

ယခုလို Self Confidence အကြောင်းအရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်တွင်ယခုလို Post တင်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးသည့်အတွက် ကျွန်တော်တို့ MHK Team မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျ။

အောင်မြင်တိုးတက်ကြပါစေ။
MHK Team

01/08/2021

ယုံကြည်ချက်မှသည် အောင်မြင်ခြင်းဆီသို့

မင်္ဂလာပါခင်ဗျ ယုံကြည်ချက်မှ သည် အောင်မြင်ခြင်းဆီသို့ ကဏ္ဍမှ ကြိုဆိုပါတယ်ခင်ဗျ။

စာဖတ်ပရိတ်သတ်များအားလုံး ကျန်းမာရေးကိုအထူးဂရုစိုက်ကြပြီး ကိုယ့်အနီးနားက သူငယ်ချင်း မိတ်ဆွေ မိသားစု အပေါင်းအသင်းများကိုလဲ ထပ်တိုးဂရုစိုက်ကြပါဗျ။ အခု စကားပြောဆိုဆက်သွယ်တဲ့အခါ အောင်မြင်မှုရှိဖို့ အရမ်းကိုအရေးကြီးတဲ့ စကားလုံးအသုံးအနှုန်းကိုဘယ်လို ပြောဆိုကြမလဲဆိုတာကို တင်ပြပေးပါမယ်။ ပြောပြချင်တဲ့အကြောင်းအရာ၊ ဆွေးနွေချင်တဲ့အကြောင်းအရာ၊ တင်ပြချင်တဲ့အကြောင်းအရာ၊ တောင်းဆိုဖို့ဖြစ်စေ၊ အကူအညီတောင်းဖို့ဖြစ်စေ ကိုယ်အသုံးပြုလိုက်တဲ့စကားလုံးအသုံးအနှုန်းကနေ အဓိပ္ပါယ်ကောက်လွဲပြီး နှစ်ဦးနှစ်ဖက် အထင်အမြင်လွဲစရာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ကဘယ်အကြောင်းအရာကိုဦးတည်ပြီးပြောမှာလဲ၊ ဘယ်သူ့ကိုဦးတည်ပြောမှာလဲ၊ ဘယ်အဖွဲ့အစည်းကိုဦးတည်ပြောဆိုမှာလဲဆိုတာကို သေချာသိရှိမှသာလျှင် သင့်လျော်မှန်ကန်အသုံးဝင်တဲ့ စကားလုံးများနှင့်သာပြောဆိုဆက်သွယ်နိုင်ပေလိမ့်မည်။ ကိုယ်ကဘယ်စကားကို အသားပေးပြောဆိုသင့်သလဲ၊ အသားပေးပြောဆိုဖို့ ဘယ်လိုလေးနက်တဲ့အသုံးအနှုန်းမျိုးကိုသုံးသင့်သလဲဆိုတာ သိရှိရပါမယ်။ ကိုယ့်ရဲ့အထက်လူကြီးနဲ့ပြောဆိုတဲ့အခါမည်သို့မည်ပုံပြောဆိုသင့်တယ်၊ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ပြောဆိုတဲ့အခါ ဘယ်လိုပြောသင့်သလဲ၊ ကိုယ့်ရဲ့မိတ်ဆွေသူငယ်ချင်းများနဲ့ ပြောဆိုသင့်ပုံတွေက တစ်နေရာနှင့်တစ်နေရာ မတူညီဘဲ သိသိသာသာကွဲပြားခြားနားသလို သူ့နေရာနှင့်သူ စကားလုံးကိုအသုံးမပြုတတ်ပါက ကိုယ့်ရဲ့လိုရာပန်းတိုင်ဖြစ်တဲ့ ပြောဆိုဆက်သွယ်မှုအောင်မြင်ဖို့ရာ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ဒ့ါအပြင် ကိုယ်ပြောဆိုဆက်သွယ်တော့မည့် သူက မည်သို့သောကိစ္စရပ်များကိုစိတ်ဝင်စားသလဲဆိုတာကိုလဲ အနည်းငယ်စုံစမ်းပြီး ထိုကိစ္စများပြောဆို၍ ချဉ်းကပ်ပါက ပြောဆိုဆက်သွယ်ရာမှာအောင်မြင်ဖို့ရာ သေချာသည့်အတိုင်းအတာရှိနိုင်ပါလိမ့်မည်။ ဒါ့ကြောင့် ကျွန်တော်တို့တွေကလဲ ကိုယ့်ရဲ့အားလပ်ချိန်များမှာ အထွေထွေဗဟုသုတများ၊ ကိုယ့်ရဲ့အထွေထွေအတွေ့အကြုံများကို‌ လေ့လာဆန်းစစ်နေသင့်ပေသည်။ နောက်ထပ် စကားပြောဆိုတဲ့အခါ စကားအဖြတ်အတောက်သည်လည်းပဲ အရေးကြီးပေသည်။ တောက်လျှောက်မနားတမ်းပြောဆိုနေမည်ဆိုပါက တစ်ဖက်သူရဲ့ ထင်မြင်ယူဆချက်သဘောတရားကို အဘယ်မှာသိနိုင်မည်နည်း။ စကားပြောဆိုသည်မှာ အပြန်အလှန် ညှိနှိုင်းခြင်း၊ ဆွေးနွေးအဖြေရှာခြင်း၊ သဘောတူညီချက်ရယူခြင်း၊ ဗဟုသုတများမျှဝေခြင်း ဖြစ်မှသာလျှင်အကျိုးရှိသောစကားဝိုင်းတစ်ခု‌ဖြစ်ပေမည်။ စကားပြောဆိုခြင်းသည် ကိုယ်ရဲ့မူပိုင်ဟန်သာဖြစ်သင့်သည့်အတွက် ကျွန်တော်တို့က မည်သို့မည်ပုံပြောဆိုသင့်သည်ဟု အကြံပြုချက်မပေးဘဲ ကိုယ့်ရဲ့ စကားအသုံးအနှုန်းကို မိမိကိုယ်တိုင်ပုံဖော်ဖန်တီးဖို့ရာ တိုက်
တွန်းလျှက် အောင်မြင်သောပြောဆိုဆက်သွယ်မှုများပိုင်ဆိုင်နိုင်ကြပါစေ။

နောက်တစ်ပတ်မှာလဲ ယုံကြည်မှုတည်ဆောက်ရာမှာ အရေးကြီးတဲ့ တတိယအချက်ဖြစ်တဲ့ ကိုယ့်ရဲ့ကိုယ်အမူအရာနဲ့ ပုံပန်းသွင်ပြင်ကို တည်ဆောင်ဖို့ အတွက်ကျန်ရှိနေသေးတဲ့ အချက်များကို ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။

ယခုလို Self Confidence အကြောင်းအရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်တွင်ယခုလို Post တင်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးသည့်အတွက် ကျွန်တော်တို့ MHK Team မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျ။

အောင်မြင်တိုးတက်ကြပါစေ။
MHK Team

25/07/2021

ယုံကြည်ချက်မှသည် အောင်မြင်ခြင်းဆီသို့

မင်္ဂလာပါခင်ဗျ ယုံကြည်ချက်မှ သည် အောင်မြင်ခြင်းဆီသို့ ကဏ္ဍမှ ကြိုဆိုပါတယ်ခင်ဗျ။

စာဖတ်ပရိတ်သတ်များအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြပါ။ ဒီနေ့မှာတော့ ပြောဆိုဆက်သွယ်တဲ့အခါ အောင်မြင်မှုအခွင့်အရေးများနိုင်တဲ့ဒုတိယအချက်ဖြစ်တဲ့ Tonality (ကိုယ့်ရဲ့အသံနေ အသံထား) ကိုဘယ်လိုတည်ဆောက်သင့်လဲဆိုတာကိုတင်ပြပေးသွားပါမယ်။ Tonalityထဲမှာ -
(၁)Voice(အသံအနေအထား)
(၂)Tone/Pitch(အသံတည်ငြိမ်မှု)
(၃)Tempo(အသံမြန်နှုန်း)
(၄)Volume(အသံအတိုးအကျယ်) စတာတွေပါဝင်တယ်။

1️⃣လူတစ်ယောက်ကိုစကားပြောဆိုတက်သွယ်တဲ့အခါ ကိုယ်အသုံးပြုလိုက်တဲ့အသံအနေအထားက တစ်ဖက်လူရဲ့ထင်မြင်ချက်ကို အများကြီးပြောင်းလဲသွားနိုင်ပါတယ်။ မည်သည့်ကိစ္စပင်ရှိနေပါစေ လူတစ်ယောက်နဲ့ဆက်သွယ်ပြောဆိုရတော့မည်ဆိုလျှင် ကိုယ်ပြောဆိုမဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ အသံအနေအထားကို ပျော့ပြောင်းရမှာလား၊ တည်တည်ငြိမ်ငြိမ်‌ပြောရမှာလား၊ လေးလေးနက်နက်ရှိရမှာလား ဆိုတာကိုဝေဖန်ပိုင်းခြားတတ်ရပါမယ်။
2️⃣လူတစ်ယောက်ကစကားပြောဆိုလာတဲ့အခါ အသံကတုန်ရီနေမယ် တုန်ခါနေမယ်ဆိုရင် ထိုသူအပေါ် ယုံကြည်ချက်အနည်းငယ်ပျောက်ဆုံးသွားပါတယ်။ ဒါကြောင့်မို့လို့ ဆက်သွယ်ပြောဆိုတော့မည်ဆိုလျှင် မိမိစိတ်ကို အတည်ငြိမ်ဆုံးထားပါ၊ အမှန်တရားများကိုသာပြောဆိုပါ။ အသံကိုတည်ငြိမ်စွာပြောဆိုမှသာလျှင် ကိုယ်ပြောချင်တဲ့စကားက ထိရောက်မှုရှိပြီး ကိုယ်အပေါ်မှာ ယုံကြည်မှုတိုးပွားလာမှာပဲဖြစ်တယ်။
3️⃣တတိယအချက်က ကိုယ်ရဲ့စကားပြောတဲ့နှုန်းက မြန်နေတာလား အရမ်းနှေးနေတာလားဆိုတာပါပဲ။ စကားပြောတဲ့အခါ စကားပြောမြန်ရင် ဘာပြောလိုက်လဲဆိုတာ တဖက်လူက ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း မသိရှိပဲ စိတ်အနှောက်အယှက်ဖြစ်သွားစေနိုင်ပါတယ်။ စကားပြောမြန်တဲ့အတွက်ကြောင့်လဲ ကိုယ့်ကို ပြာယာခတ်နေတဲ့သူအဖြစ်ထင်မြင်သွားနိုင်ပါတယ်။ စကားပြောအရမ်းနှေးလွန်းလျှင်လဲ ငြီးငွေ့စရာကောင်းလှပါတယ်။ တဖက်လူက ငြီးငွေ့လာတဲ့အတွက် ကိုယ်ပြောတဲ့စကားအပေါ်မှာအာရုံမစိုက်နိုင်တော့ပဲ သူတွေးချင်တာတွေးနေပါလိမ့်မယ်။ ဒါကြောင့်မို့လို့ စကားပြောတဲ့အခါ အသံမြန်နှုန်းကို သေချာဂရုစိုက်မှသာလျှင် ကိုယ်တိုင်ပဲဖြစ်စေ၊ အခြားသူများမှကိုယ့်အပေါ်ကိုဖြစ်စေ ယုံကြည်မှုတွေတိုးပွားလာမှာပါ။
4️⃣ကိုယ့်ရဲ့အသံအနေအထားကလဲကောင်းတယ်၊ အသံတည်ငြိမ်မှုကလဲရှိတယ်၊ အသံမြန်နှုန်းကလဲ ပုံမှန်ဖြစ်နေပြီ၊ ဒါပေမယ့် အသံက အရမ်းတိုးနေတယ်၊ အရမ်းကြီးကျယ်လောင်နေမယ်ဆိုရင် အဆင်ပြေနိုင်ပါ့မလား။ စကားပြောတဲ့အခါ တိုးတိုးလေးပြောနေရင် ကိုယ်ကဘာအကြောင်းအရာကိုပြောနေသလဲဆိုတာကို ဘယ်လိုသိနိုင်တော့မည်နည်း။ ကိုယ်စကားပြောဆိုရမှာက လူတစ်ယောက်တည်းလား၊ လူအများကြီးလား ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ရဲ့အသံအတိုးအကျယ်ကို ကိုယ်တိုင်ထိန်းညှိရပါမယ်။ ထို့အတူ စကားပြောဆိုနေတဲ့သူတွေပဲ သိသင့်တဲ့အကြောင်းအရာများကို အသံကျယ်ကျယ်ပြောမိလိုက်လို့ မသိသင့်တဲ့သူများသိသွားခဲ့ရင် ကိုယ်အပါအဝင် ကိုယ်နဲ့ပြောဆိုနေတဲ့သူတွေပါ အဆင်မပြေဘဲ အခန့်မသင့်လျှင်ပြဿနာတက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ အသံအတိုးအကျယ်ကိုလဲ အခြေအနေနဲ့အချိန်အခါပေါ်လိုက်ပြီး ဆောင်ရွက်သင့်ပါတယ်။ ကိုယ့်ရဲ့ အသံအနေ အသံထားကို ကောင်းမွန်စွာ ဝေဖန်ပိုင်းခြားနိုင်ပြီး စကားပြောဆိုဆက်သွယ်တဲ့အခါ အဆင်ပြေ၍ ယုံကြည်မှုများတိုးပွားကြပါစေ။

နောက်တစ်ပတ်မှာလဲ ယုံကြည်မှုတည်ဆောက်ရာမှာ အရေးကြီးတဲ့ တတိယအချက်ဖြစ်တဲ့ ကိုယ့်ရဲ့ကိုယ်အမူအရာနဲ့ ပုံပန်းသွင်ပြင်ကို တည်ဆောင်ဖို့ အတွက်ကျန်ရှိနေသေးတဲ့ အချက်များကို ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။

ယခုလို Self Confidence အကြောင်းအရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်တွင်ယခုလို Post တင်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးသည့်အတွက် ကျွန်တော်တို့ MHK Team မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျ။

အောင်မြင်တိုးတက်ကြပါစေ။
MHK Team

19/07/2021

အာဇာနည်မျိုး သေရိုးမရှိ။

လူမျိုးကြီးဝါဒီဖယ်ရှားကြ အာဇာနည်ဟာ(၉)ဦးမက။

အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲအသီးသီးတွင် ကျဆုံးလေပြီးသောအာဇာနည်များအား အစဉ်ထာဝရအလေးပြုဦးညွတ်လျက်။

အောင်မြင်တိုးတက်ကြပါစေ။
MHK TEAM

18/07/2021

ယုံကြည်ချက်မှသည် အောင်မြင်ခြင်းဆီသို့

မင်္ဂလာပါခင်ဗျ ယုံကြည်ချက်မှ သည် အောင်မြင်ခြင်းဆီသို့ ကဏ္ဍမှ ကြိုဆိုပါတယ်ခင်ဗျ။

လူတစ်ယောက်က တခြားလူတစ်ယောက်အပေါ်မှာ ကိုယ်ရဲ့မျက်စိနဲ့မြင်လိုက်တဲ့အမြင်နဲ့ ပဏာမဆုံးဖြတ်ချလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ရဲ့ ကိုယ်အမူအရာ၊ ပုံပန်းသွင်ပြင်ကို ယုံကြည်မှုရှိနေဖို့က လွန်စွာအရေးကြီးပါတယ်။ ကိုယ့်ရဲ့ ကိုယ်အမူအရာ ပုံပန်းသွင်ပြင်ကို ဘယ်လိုတည်ဆောက်သင့်သလဲဆိုတာ အကြံပြုတင်ပြသွားပါမယ်။ လူတစ်ယောက်နဲ့ အောင်မြင်ထိရောက်တဲ့ ပြောဆိုဆက်သွယ်မှုဖြစ်ဖို့ Body Language(ကိုယ့်ရဲ့ခန္ဓာကိုယ်အပြုအမူ) က ၅၀ရာခိုင်နှုန်း၊
Tonality(ကိုယ့်ရဲ့အသံနေအသံထား) က ၃၈ရာခိုင်နှုန်း၊Words(ကိုယ်အသုံးပြုလိုက်တဲ့စကားလုံး) က
၇ရာခိုင်နှုန်း အထိအသုံးဝင်ပါတယ်။ ဆိုတော့ ပြောဆိုဆက်သွယ်တဲ့အခါ အောင်မြင်မှုအခွင့်အရေးပိုများတဲ့ Body language ထဲမှာ -
(၁)Gestures -ကိုယ်နေကိုယ်ဟန်
(၂)Postures -လက်ဟန်ခြေဟန်
(၃)Facial expressions -မျက်နှာအမူအရာ
(၄)Eye contact -မျက်လုံးချင်းဆက်သွယ်မှု
(၅)Breathing -အသက်ရှုခြင်း တွေပါဝင်ပါတယ်။

1️⃣ စကားပြောဆိုနေတဲ့အချိန် ကိုယ့်ရဲ့ကိုယ်နေကိုယ်ဟန်က လှုပ်လှုပ်ရွရွဖြစ်နေတာ၊ တောင့်တောင့်ကြီးဖြစ်နေမယ်၊ အဆင်မပြေတဲ့ပုံပေါ်နေမယ်ဆိုရင် ကိုယ်ရဲ့ယုံကြည်မှုကပျောက်ဆုံးပြီး ထိရောက်တဲ့ဆက်သွယ်မှုဖြစ်မလာနိုင်တော့ပါဘူး။ ပခုံးက ကိုင်းကိုင်းကြီးဖြစ်နေတာ၊ ရင်ဘတ်ကိုအရမ်းကော့ထားတာ၊ ခေါင်းကိုအောက်ငိုက်ထားတာ အရမ်းမော့ထားတာ၊ ထိုင်ပုံထိုင်နည်းမှားနေတာတွေက တစ်ဖက်လူက ကိုယ့်အပေါ်မှာ တမျိုးအဓိပ္ပါယ်ကောက်ပြီးပြောဆိုလာတဲ့အခါ ကိုယ့်ရဲ့ယုံကြည်မှုကပျောက်ဆုံးလာတာနဲ့အမျှ အမှားတွေထပ်ခါထပ်ခါ လုပ်မိနေတော့မှာပါပဲ။ ခန္ဓာကိုယ်ကို မတ်မတ် ခေါင်းကိုတည့်တည့်ထားကာ သက်တောင့်သက်သာအနေအထားတစ်ခုမှာရှိနေပြီဆိုရင်တော့ အဆင်ပြေနိုင်ပါလိမ့်မယ်။
2️⃣ စကားပြောနေတဲ့အချိန် လက်ကိုချိုးနေတာ၊ လက်သီးဆုပ်ထားတာ၊ လက်ပိုက်နေတာ၊ လက်ကိုအနောက်မှာထားတာ၊ လက်ကိုအိတ်ကပ်ထဲထည့်ထားတာ၊ ခြေထောက်တစ်ချောင်းပေါ်နောက်တစ်ချောင်းချိတ်ထိုင်တာ၊ ခြေထောက်ကို ကားပြီးထိုင်တာ၊ ခြေထောက်ကိုလှုပ်နေတာတွေက တစ်ဖက်လူအပေါ်ကိုမလေးစားတဲ့အပြုအမူဖြစ်နိုင်သလို၊ ကိုယ်ကကြောက်နေတာ စိတ်လှုပ်ရှားနေတာ လို့ထင်ကောင်းထင်နိုင်သွားပါလိမ့်မယ်။ ထိုင်ရင်လဲ ခြေထောက်နှစ်ချောင်းကို ပူးပြီးတည့်တည့်လေးထားကာ လက်ကိုပေါင်ပေါ်တင်တဲ့အနေအထားဖြစ်စေ၊ မတ်တပ်ရပ်ရင်လဲ ခြေထောက်နှစ်ချောင်းကိုတည့်တည့်လေးရပ်တာ(သို့) နည်းနည်းလေးခြားထားပြီး လက်ကိုအရှေ့ဖက်မှာထားကာ တစ်ဖက်လက်ဖမိုးပေါ်မှာနောက်လက်ဖဝါးတင်ပြီး ဗိုက်ရဲ့ချက် အနားလေးမှာထားပြီး စကားပြောတာကအကောင်းဆုံးအနေအထားဖြစ်ပါလိမ့်မယ်။
3️⃣ စကားပြောဆိုတဲ့အခါ မျက်နှာကိုကြည့်ပြီးပြောကြတာဖြစ်လို့ မျက်နှာအမူအရာကိုလဲ အမြဲရုပ်တည်ကြီးထားပြီးမပြောသင့်သလို အရမ်းကြီးပြုံးနေဖို့လဲမလိုအပ်ပါဘူး။ လေးနက်တဲ့စကားကိုပြောဆိုတဲ့အခါ တည်ငြိမ်တဲ့အနေအထားတစ်ခုမှာရှိသင့်၍ ပျော်ရွှင်စရာကိစ္စပြောတဲ့အခါ ပြုံးရမှာဖြစ်ပြီး ဝမ်းနည်စရာဆိုရင်လဲ ငိုပြစရာမလိုအပ်ပေမယ့် ဂရုဏာသက်ရောက်သောအမူအရာ ထားသင့်ပေသည်။ လူတိုင်းက မိမိပြောလိုက်တဲ့စကားအပေါ်မှာ တစ်ဖက်လူရဲ့မျက်နှာအမူအရာက ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို လေ့လာနေတာပဲဖြစ်ပါတယ်။
4️⃣ မျက်လုံးချင်းဆုံပြီး စကားမပြောတဲ့သူဟာ သူပြောနေတဲ့စကားအပေါ်မှာ လိမ်ညာနေတာ၊ အမှန်တရားမဟုတ်တာ၊ ကိုယ်လုပ်နိုင်တာထက်ပို၍ပြောဆိုနေတာပဲဖြစ်ပါတယ်။ မျက်လုံးဂနာမငြိမ်ပဲလျှောက်ကြည့်နေမယ်ဆိုရင် ကိုယ်ပြောချင်တဲ့စကားတွေက မထိရောက်ပဲ ဥပက္ခာပြုခြင်းခံရပေလိမ့်မည်။ ဒါကြောင့်မျက်လုံးချင်းဆုံပြီး စကားကိုတည်ငြိမ်လေးနက်စွာ အမှန်တရားများကိုသာပြောဆိုသင့်ပါတယ်။
5️⃣ တစ်ယောက်ယောက်နဲ့စကားပြောနေစဉ် စိတ်လှုပ်ရှားပြီး အသက်ရှုမြန်လာတာတွေကြုံဖူးကြပါလိမ့်မယ်။ ထိုကဲ့သို့ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုရင် စကားမပြောခင်ကတည်းက အသက်ရှုလေ့ကျင့်ခန်းကို ကြိုတင်လုပ်ထားပြီး ကိုယ့်ရဲ့အသက်ရှုနှုန်းကို ပုံမှန်ဖြစ်အောင်လုပ်ထားမှသာလျှင်စိတ်လှုပ်ရှားပြီး စကားအမှားတွေမပြောမိတော့သလို တစ်ဖက်လူရဲ့ ဂရုစိုက်ခြင်းကိုခံရမှာဖြစ်ပြီး ယုံကြည်မှုတိုးပွားလာမှာပဲဖြစ်ပါတယ်။
ကျွန်တော်တို့တွေ Body Language ထဲမှာပါတဲ့ အချက်(၅)ချက်ကို အရင်ဆုံးလေ့ကျင့်ထားကြရအောင်။

နောက်တစ်ပတ်မှာလဲ ယုံကြည်မှုတည်ဆောက်ရာမှာ အရေးကြီးတဲ့ တတိယအချက်ဖြစ်တဲ့ ကိုယ့်ရဲ့ကိုယ်အမူအရာနဲ့ ပုံပန်းသွင်ပြင်ကို တည်ဆောင်ဖို့ အတွက်ကျန်ရှိနေသေးတဲ့ အချက်များကို ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။

ယခုလို Self Confidence အကြောင်းအရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်တွင်ယခုလို Post တင်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးသည့်အတွက် ကျွန်တော်တို့ MHK Team မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျ။

အောင်မြင်တိုးတက်ကြပါစေ။
MHK Team

11/07/2021

ယုံကြည်ချက်မှသည် အောင်မြင်ခြင်းဆီသို့

မင်္ဂလာပါခင်ဗျ ယုံကြည်ချက်မှ သည် အောင်မြင်ခြင်းဆီသို့ ကဏ္ဍမှ ကြိုဆိုပါတယ်ခင်ဗျ။

ဒီတစ်ပတ်မှာတော့ အကြောက်တရားကိုကျော်လွှားဖို့အတွက် ဆွေးနွေးအကြံပြုသွားမှာပဲဖြစ်တယ်။ ပထမဆုံးအနေနဲ့ အကြောက်တရား (FEAR) ဆိုတာ ဘာလဲ၊ ဘယ်လောက်ထိ လူတစ်ယောက်အပေါ်မှာ သက်ရောက်မှုရှိသလဲ သိကြပါသလား။ အမှန်တကယ်မဖြစ်လာသေးပဲ မမှန်ကန်တဲ့အရာတွေကို ကြိုတင်ပုံဖော်စိတ်ကူးပြီး မျှော်လင့်ချက်ထားလိုက်တာကို အကြောက်တရား (FEAR) လို့ခေါ်တယ်။ ဟုတ်ပါတယ်။ အကြောက်တရားဆိုတာ ကိုယ့်ရဲ့စိတ်အတွင်းကနေ ကိုယ့်ဘာသာကိုယ် အဓိပ္ပါယ်ပြန် ပုံဖော်လိုက်တဲ့လှည့်စားမှု တစ်ခုဖြစ်တယ်။ အကြောင်းအရာတစ်ခု ကိစ္စတစ်ခု အလုပ်တစ်ခုပေါ်မှာ မဖြစ်လာသေးတဲ့အရာတွေကို မကောင်းတဲ့ဖက်ကနေ ပုံဖော်လိုက်တဲ့အချိန် အကြောက်တရားဆိုတာ ဖြစ်ပေါ်လာတာပါပဲ။ အကြောက်တရားဖြစ်ပေါ်လာတာနဲ့ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေ ဆောင်ရွက်နိုင်စွမ်းတွေ ကျဆင်းလာတာနဲ့အတူ ယုံကြည်မှုပါပျောက်ဆုံးသွားတာပါပဲ။
ပထမအနေနဲ့ ရှုံးမှာကြောက်လို့ ပြိုင်ပွဲတစ်ခုကို ဝင်မပြိုင်တော့ဘူးဆိုတာဖြစ်သင့်ပါသလား။ မပြိုင်ကြည့်ရသေးဘဲ ရှုံးမှာပါဆိုပြီး ကိုယ့်ဘာသာ သတ်မှတ်လိုက်တာကြောင့် ယုံကြည်မှုပါပျောက်ဆုံးသွားပြီး ကြိုးစားမှုမရှိတော့ပါဘူး။
ဒုတိယအချက်က ငြင်းခံရမှာကြောက်လို့ ကိုယ့်ကုန်ပစ္စည်းကို မိတ်မဆက်တော့ဘူးဆိုရင် ရောင်းရဖို့ဖြစ်လာမှာမဟုတ်တော့ပါဘူး။ မရောင်းခင်ကတည်းက မဝယ်ပဲငြင်းခံရမှာကြောက်နေရင် ကိုယ့်ကုန်ပစ္စည်းအပေါ်မှာ ယုံကြည်မှုပျောက်ဆုံးသွားတာပါ။ မရောင်းပဲ ဒီတိုင်းပဲ နေမလား ကြိုးစားပြီးရောင်းမလားက ကိုယ့်အပေါ်မှာပဲ မူတည်နေပါတယ်။
တတိယက လှောင်ပြောင်ခံရမှာကြောက်ရွံနေရင်လဲ ယုံကြည်မှုဆိုတာပျောက်ဆုံးသွားမှာပါပဲ။ ကိုယ်က ဒီအလုပ်ကိုလုပ်ချင်တယ်၊ ကိုယ်ဝါသနာပါတာကိုလုပ်ချင်တယ် ဒါပေမယ့် အခြားသူတွေ လှောင်ပြောင်မှာကို ကြောက်နေရင် ကိုယ်လုပ်မဲ့အလုပ်က လုပ်ဖြစ်မှာလား၊ ကိုယ်ဝါသနာပါတာက ဖြစ်မြောက်လာမှာလား။ အခုလိုသာ လှောင်ပြောင်ခံရတာကို ကြောက်နေရင် လျှပ်စစ်မီးသီးဆိုတာ ဖြစ်မလာပါဘူး။ လေယာဉ်ပျံဆိုတာ ပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ Thomas Edison က လျှပ်စစ်မီးသီးတီထွင်နိုင်အောင် အကြိမ်ထောင်ချီ စမ်းသပ်ခဲ့ရပါတယ်။ သူသာမအောင်မြင်သေးတဲ့အချိန်တိုင်း လှောင်ပြောင်ခံရမှာကိုကြောက်ရွံပြီး မကြိုးစားခဲ့ရင် မီးသီးဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။ ထို့အတူပါပဲ ရိုက်ညီနောင် (The Wright Brothers) လို့လူသိများတဲ့ လေယာဉ်ပျံတီထွင်သူတွေကလဲ အင်မတန်လစာကောင်းတဲ့ ကုမ္ပဏီကနေအလုပ်ထွက်ပြီး ဝါသနာပါတဲ့ အလုပ်ကို အခြားသူတွေ လှောင်ပြောင်နေပေမယ့် ကြိုးစားခဲ့လို့ လေယာဉ်ပျံဆိုတာ ပေါ်ပေါက်လာရတာပါပဲ။
နောက်ဆုံးအချက်က ဆုံးရှုံးမှာကြောက်ပြီး လုပ်ငန်းတစ်ခု စတင်ဖို့မကြိုးစားဘူးဆိုရင် မိမိရဲ့ကိုယ်ပိုင်လုပ်ငန်းဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။ လုပ်ငန်းတစ်ခု လုပ်ပြီဆိုရင် အောင်မြင်တာရယ် ကျရှုံးတာရယ် နှစ်မျိုးပဲရှိတယ်။ ဒီနှစ်မျိုးပေါ်မှာ ကြောက်ရွံနေမဲ့အစား ဘယ်လိုကျော်လွှားမလဲ ဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုကြိုးစားမလဲ စဉ်းစားနေဖို့လိုပါတယ်။ ဒါမှသာလျှင် ကိုယ်လုပ်မဲ့အလုပ်အပေါ်မှာ ယုံကြည်မှုတွေဖြစ်ပေါ်လာပြီး အောင်မြင်လာမှာပဲဖြစ်တယ်။
အပေါ်က အချက်လေးချက်ကို ကြောက်ရွံမနေဘဲ သေချာပေါက် ကျော်လွှားဖို့ကြိုးစားမယ်ဆိုရင် ယုံကြည်မှုကလဲ အတိုင်းထက်အလွန်ရရှိလာမှာပါ။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းအားတွေကို ဖိနှိပ်ထားမယ်ဆိုရင် ယုံကြည်မှုတွေကလဲ ရသင့်သလောက်မရဘဲ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အကြောက်တရားတွေကိုကျော်လွှားဖို့အတွက်က နည်းလမ်းတစ်ခုရှိပါတယ်။ အာ့တာက ကြုံလာတဲ့အရာတွေကို ရင်ဆိုင်ပြီးအောင်မြင်အောင် မြှင့်တင်ပြီး လုပ်ဆောင်သွားဖို့ပါပဲ။ အာ့ခါကျရင် ကိုယ့်ရဲ့ယုံကြည်မှုတွေတိုးတက်လာမယ်၊ လုပ်နိုင်စွမ်းတွေ တိုးတက်လာပါလိမ့်မယ်။
" Feel The FEAR & Do It Anyway. "
အကြောက်တရားကိုခံစားပါ၊ ရင်ဆိုင်ပါ။ ပြီးရင်တော့ ဘာပဲဖြစ်ဖြစ်ဆက်ပြီးလုပ်သွားမယ်ဆိုရင် ယုံကြည်မှုတွေ တိုးပွားလာပါလိမ့်မယ်။
ကမ္ဘာ့ခေါင်းဆောင်မှုဆရာကြီး John C. Maxwell ရဲ့ အဆိုအမိန့်နဲ့ နိဂုံးချုပ်ချင်ပါတယ်။
"Sometimes you win, sometimes you learn."
တခါတရံ အောင်မြင်မယ်၊ တခါတရံ သင်ယူမယ်
ဟုတ်ပါတယ်၊ အောင်မြင်တဲ့အချိန်ရှိသလို ကျရှုံးမှုဆိုတာမရှိဘဲ သင်ယူမှုဆိုတာပဲရှိတယ်လို့ မိန့်ဆိုခဲ့ပါတယ်။ ကိုယ်ရဲ့ ကျရှုံးမှုတွေက‌တဆင့်လေ့လာသင်ယူပြီး အကြောက်တရားတွေကိုကျော်လွှားရင်း ယုံကြည်မှုကိုပိုမိုတည်ဆောက်ပါ။

နောက်တစ်ပတ်မှာလဲ ယုံကြည်မှုတည်ဆောက်ရာမှာ အရေးကြီးတဲ့ တတိယအချက်ဖြစ်တဲ့ ကိုယ့်ရဲ့ကိုယ်အမူအရာနဲ့ ပုံပန်းသွင်ပြင်ကို တည်ဆောင်ဖို့ တင်ပြပေးမှာဖြစ်ပါတယ်။

ယခုလို Self Confidence အကြောင်းအရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်တွင်ယခုလို Post တင်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးသည့်အတွက် ကျွန်တော်တို့ MHK Team မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျ။

အောင်မြင်တိုးတက်ကြပါစေ။
MHK Team

04/07/2021

ယုံကြည်ချက်မှသည် အောင်မြင်ခြင်းဆီသို့

မင်္ဂလာပါခင်ဗျ ယုံကြည်ချက်မှ သည် အောင်မြင်ခြင်းဆီသို့ ကဏ္ဍမှ ကြိုဆိုပါတယ်ခင်ဗျ။

"Life begins at the end of your comfort zone."
အဓိပ္ပါယ်ရှိပြီး သက်ဝင်လှုပ်ရှားနေတဲ့ ဘဝဆိုတာက Comfort Zoneကိုကျော်လွန်သွားမှသာ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတစ်ပတ်မှာတော့ Comfort Zoneထဲကနေထွက်နိုင်ဖို့ နည်းလမ်း(၅)သွယ်ကိုပြောပြပေးသွားမှာပါ။

(၁) အကျင့်ဟောင်းများကို အကျင့်ကောင်းများနဲ့အစားထိုးမယ်။

ဟုတ်ပါတယ်။ ကိုယ်တိုင်လက်ရှိလုပ်ဆောင်ဖြစ်နေ‌တဲ့ အကျင့်တွေက ကိုယ့်ဘဝတိုးတက်ဖို့အတွက် အထောက်အကူမဖြစ်စေဘူးဆိုရင် ပြောင်းလဲဖို့ကြိုးစားသင့်ပါပြီ။ ဗဟုသုတစာပေတွေဖတ်တာ၊ ‌ကျန်းမာရေးအတွက်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ စသည့် အကျင့်ကောင်းတွေနဲ့ သေချာပေါက် အစားထိုးပြုပြင်ပြောင်းလဲသင့်ပါတယ်။

(၂) ပြုလုပ်ဖို့ကြောက်ရွံနေတဲ့အရာကိုရင်ဆိုင်ပြီး စိန်ခေါ်မှုအသစ်တွေကိုကြိုဆိုလိုက်ပါ။

ကိစ္စတစ်ခုကို မလုပ်ကြည့်ရသေးပဲ "မဖြစ်နိုင်လောက်ပါဘူး" "မအောင်မြင်နိုင်လောက်ပါဘူး" ဆိုပြိးတွေးပူပြီးကြောက်ရွံနေမဲ့အစား ခြေလှမ်းတစ်လှမ်းစတင်လှမ်းကြည့်လိုက်ပါ။ အခက်အခဲဆိုတာ ကိစ္စတိုင်းမှာရှိပေမယ့် ကျော်လွှားနိုင်ဖို့လဲ ကြိုးစားသင့်ပါတယ်။ အခက်အခဲတွေဆိုတာ ငွေကြေးနဲ့ဝယ်ယူလို့မရနိုင်တဲ့ ပညာ‌တွေပါပဲ။ အကြောက်တရားကိုရင်ဆိုင်ပြီး စိန်ခေါ်မှုအသစ်တွေကိုလဲ ကြိုဆိုလိုက်ပါ။

(၃) မကောင်းတဲ့အကျင့်ဟောင်းတွေကိုစွန့်လွှတ်ဖို့သေချာတဲ့အကြောင်းပြချက်ရှိပါစေ။

မှန်ပါတယ်။ တချို့သောအကျင့်တွေက တစ်စုံတစ်ယောက်ရဲ့တိုက်တွန်းမှု တွန်းအားပေးမှုတွေကြောင့် မလုပ်ဆောင်ဖြစ်တော့တာတွေရှိပါတယ်။ ဒါပေမယ့် မေးရမဲ့မေးခွန်းတစ်ခုက ဒီအကျင့်ကဆက်လုပ်သင့်လား မလုပ်သင့်လားဆိုတာပါပဲ။ ကိုယ့်ဘဝတိုးတက်ရေးအတွက် အထောက်အကူမဖြစ်စေတဲ့အကျင့်ဆိုးတွေကို လုပ်ဆောင်ဖို့ရာ မတိုက်တွန်းပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ အကျင့်ဟောင်းတွေကို ဘာကြောင့်စွန့်လွှတ်သင့်တာလဲဆိုတဲ့ သေချာတဲ့အကြောင်းပြချက်ရှိဖို့အရမ်းအရေးကြီးပါတယ်။ ဒါမှသာလျှင် မကောင်းတဲ့အကျင့်ဟောင်းတွေကို ဆက်လုပ်ဖို့အတွက် ဆင်ခြင်နိုင်ပြီး တိုးတက်ဖို့ရာ ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။

(၄) ကိုယ့်ကိုကိုယ် ကတိထားပြီး ကိုယ့်ကိုကိုယ်ယုံကြည်ဖို့ပါပဲ။

ကိုယ်လုပ်ဆောင်ရမဲ့အရာတွေကိုဖြစ်မြောက်အောင်မြင်ဖို့ ကိုယ်တိုင် ကတိကဝတ်ပြုထားဖို့လိုပါတယ်။ အချိန်အတိုင်းအတာတစ်ခုသတ်မှတ်ပြီး အောင်မြင်အောင်လုပ်ဆောင်ဖို့ရာ ဘယ်သူ့ကိုမှ ကတိပေးစရာမလိုပဲ ကိုယ့်ကိုကိုယ် ကတိပေးထားဖို့လိုပါတယ်။ တပါးသူတွေကိုလိမ်လို့ရပေမယ့် ကိုယ်တိုင်တော့လိမ်လို့မရဘူး ဆိုသည့်အတိုင်း ကိုယ်တိုင်သာလျှင်အသိဆုံးဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်ကတိပေးထားဖို့လိုပါတယ်။ ထို့အတူပဲ ကိုယ့်ကိုကိုယ်လဲ ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ ကိုယ်တိုင် ယုံကြည်လာပြီဆိုရင် တပါးသူတွေလဲ ကိုယ့်ကိုယုံကြည်လာပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ကိုယ်လုပ်ဆောင်နိုင်တယ်ဆိုတာကို ယုံကြည်ပါ။ ယုံကြည့်တဲ့အတိုင်းလုပ်ဆောင်နိုင်လာပါလိမ့်မယ်။

(၅) ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို ဇွဲရှိရှိ ဝီရိယရှိရှိ အင်အားအပြည့်နဲ့ မှန်မှန်ကန်ကန် ကြိုးစားပါ။

လူတိုင်းက အလုပ်ကို အမြန်အောင်မြင်ချင်တယ်၊ စီးပွားရေးကို အမြန်တိုးတက်ချင်တယ်၊ ရည်ရွယ်ချက်ကို အမြန်ပြီးမြောက်ချင်တယ်။ သို့ပေမယ့် အဲ့ဒီအောင်မြင်မှု၊ တိုးတက်မှု၊ ပြီးမြောက်မှုတွေကို ရေရှည်တည်တံ့နိုင်ဖို့က
ပိုအရေးကြီးပါတယ်။ အလုပ်ကို အောင်မြင်မှုရသည်အထိ၊ စီးပွားရေးကို တိုးတက်သည်အထိ၊ ရည်ရွယ်ချက်ကို ပြီးမြောက်သည်အထိ ဖြစ်စေဖို့ရာ ဇွဲ လုံ့လ ဝီရိယ စိုက်ထုတ်ပြီး အင်အားအပြည့်နဲ့အတူ နည်းမှန်လမ်းမှန် မှန်မှန်ကန်ကန် လုပ်ဆောင်ဖို့လိုပါလိမ့်မယ်။ အားလုံးသိတဲ့ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (General Aung San)၊ လျှပ်စစ်မီးသီးတီထွင်သူ သောမတ် အယ်ဒီဆင်(Thomas Edison) တို့တွင်အတုယူဖွယ်ကောင်းလှတဲ့ ဇွဲ လုံ့လ ဝီရိယတွေ အင်အားအပြည့်နဲ့လုပ်ဆောင်ချက်တွေ မှန်မှန်ကန်ကန်ပြုလုပ်မှုတွေ များစွာတွေ့နိုင်ပါတယ်။

နောက်တစ်ပတ်မှာလဲ ယုံကြည်မှုတည်ဆောက်ရာမှာ အရေးကြီးတဲ့ ဒုတိယအချက်ဖြစ်တဲ့ အကြောက်တရားကိုကျော်လွှားဖို့အတွက် တင်ပြပေးမှာဖြစ်ပါတယ်။

ယခုလို Self Confidence အကြောင်းအရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်တွင်ယခုလို Post တင်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးသည့်အတွက် ကျွန်တော်တို့ MHK Team မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျ။

အောင်မြင်တိုးတက်ကြပါစေ။
MHK Team

27/06/2021

ယုံကြည်ချက်မှသည် အောင်မြင်ခြင်းဆီသို့

မင်္ဂလာပါခင်ဗျ ယုံကြည်ချက်မှ သည် အောင်မြင်ခြင်းဆီသို့ ကဏ္ဍမှ ကြိုဆိုပါတယ်ခင်ဗျ။

ကျွန်တော်တို့အခုဆွေးနွေးမဲ့အကြောင်းအရာကယုံကြည်မှုတည်ဆောက်ရာမှာအရေးကြီးတဲ့ ကြောက်ရွံ့နေတဲ့အရာကို ဘယ်လိုကျော်လွှားလုပ်ဆောင်မလဲဆိုတဲ့ အကြောင်းဖြစ်ပါတယ်ဗျ။

ယုံကြည်မှုတည်ဆောက်ဖို့ လုပ်ဆောင်ရမဲ့အချက်တွေထဲက ပထမအချက်အနေနဲ့ ကိုယ့်အနေနဲ့ အလုပ်တစ်ခုလုပ်ဆောင်ဖို့ ကြောက်ရွံ့နေတဲ့အရာကို နေ့စဉ်လုပ်ဆောင်သွားနိုင်ဖို့ပါပဲ။ တစ်စုံတစ်ခုကို မလုပ်ရသေးဘဲ အကြောင်းအမျိုးမျိုးပေးပြီး လုပ်နိုင်ဖို့မဖြစ်နိုင်တော့ဘူးလို့ကြောက်ရွံ့ပြီး မိမိဘာသာသတ်မှတ်လိုက်တာနဲ့ တပြိုင်နက် နောက်ပိုင်းလုပ်ဆောင်ရမဲ့အရာတွေပေါ်မှာလဲ လုပ်ဆောင်နိုင်ဖို့ ယုံကြည်မှုတွေပျောက်ဆုံးလာပါလိမ့်မယ်။ ဆိုတဲ့အခါကျတော့ ကြောက်ရွံ့နေတဲ့အရာတွေကိုကျော်လွှားဖို့ဘာလုပ်ကြမလဲ။
ပထမအချက်အနေနဲ့ မိမိရဲ့ Comfort Zone ထဲကနေ ထွက်ပြီး ကြောက်ရွံ့နေတဲ့အရာကို ရင်ဆိုင်လိုက်ဖို့ပါပဲ။ Comfort Zoneထဲကနေ မထွက်သရွေ့ကတော့ ဘယ်လိုအရာမှဖြစ်လာမှာမဟုတ်ပါဘူး။ Comfort Zoneထဲကနေထွက်ဖို့အတွက် နည်းလမ်းတွေကို နောက်တစ်ပတ်မှာ ဆက်လက်တင်ပြပေးပါမယ်။ ‌ဒုတိယအချက်ကိုဆက်သွားကြရအောင်။
မိမိကိုယ်တိုင် Challenging Zone စိန်ခေါ်မှု တစ်ခုသတ်မှတ်ထားပြီး ကြောက်ရွံ့နေတာကို နေ့တိုင်းလုပ်ဆောင်သွားဖို့လိုပါလိမ့်မယ်။ စိန်ခေါ်မှု ထားရှိခြင်းက အောင်မြင်ခြင်းရဲ့လမ်းစဖြစ်တယ်။ ဒါကြောင့် ကိုယ်တိုင်အစီအစဉ်ကောင်းတစ်ခု သတ်မှတ်ပြီး ကိုယ့်ကိုကိုယ် စိန်ခေါ်ပြီး လုပ်ဆောင်ကြည့်ပါ။ ဒီနေ့ ဘာတွေလုပ်နိုင်လိုက်သလဲ ဘာတွေလေ့လာဖြစ်သလဲ။မနက်ဖြန် ဘာတွေလုပ်နိုင်ရမလဲ ဘာတွေလေ့လာဖြစ်ရမလဲ စသည်ဖြင့် ကိုယ်တိုင် ပြိုင်ဆိုင်ပါ။ ကိုယ်သာလျှင်ကိုယ်ရဲ့ပြိုင်ဖက်အဖြစ်သတ်မှတ်ထားပါ။ မိမိကိုယ်တိုင်စိန်ခေါ်ပြီး ကြောက်ရွံ့နေတာတွေကို ‌လုပ်ဆောင်ရင်း ကျော်လွှားကြပါ။ ဒီအချက်နှစ်ချက်ကို နေ့စဉ်နေ့တိုင်းလုပ်ဆောင်သွားနိုင်တဲ့အခါ ကိုယ်ဆီမှာ ကြောက်ရွံ့နေတာတွေမရှိတော့ဘဲ ယုံကြည်မှု တည်ဆောက်ဖို့ အရေးကြီးတဲ့အချက်ထဲက တစ်ချက်အနေနဲ့ အထောက်အကူပေးနိုင်ပါလိမ့်မယ်။
"Life begins at the end of your comfort zone."
အဓိပ္ပါယ်ရှိပြီး သက်ဝင်လှုပ်ရှားနေတဲ့ ဘဝဆိုတာက Comfort Zoneကိုကျော်လွန်သွားမှသာ ရရှိမှာဖြစ်ပါတယ်။ Comfort Zoneထဲကနေထွက်ပြီး Challenging Zoneထဲကို ရင်ဆိုင်သွားပြီး ယုံကြည်မှုတွေ တည်ဆောင်နိုင်ကြပါစေ။

ယခုလို Self Confidence အကြောင်းအရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်တွင်ယခုလို Post တင်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးသည့်အတွက် ကျွန်တော်တို့ MHK Team မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျ။

အောင်မြင်တိုးတက်ကြပါစေ။
MHK Team

20/06/2021

မင်္ဂလာပါ
NExT Crop and MHK Blog are proud to collaborate.

အောင်မြင်တိုးတက်ကြပါစေ။
MHK Team

Special Thanks For Supporting Graphics Design
PPMaung ( Founder of NExT Crop)

31/01/2021

ယုံကြည်ချက်မှသည် အောင်မြင်ခြင်းဆီသို့

မင်္ဂလာပါခင်ဗျ ယုံကြည်ချက်မှ သည် အောင်မြင်ခြင်းဆီသို့ ကဏ္ဍမှ ကြိုဆိုပါတယ်ခင်ဗျ။

ကျွန်တော်တို့အခုဆွေးနွေးမဲ့အကြောင်းအရာက Overconfident မဖြစ်ရအောင် ဆောင်ရန် ရှောင်ရန် များအကြောင်းဖြစ်ပါတယ်ဗျ။

မိမိရဲ့လုပ်နိုင်စွမ်း‌တွေ၊ မိမိရဲ့စွမ်းရည်တွေနဲ့ မိမိရဲ့အရည်အချင်းတွေ အပေါ်မှာ အမှန်တကယ်လက်တွေ့ကျကျ အောင်မြင်အောင် ဆောင်ရွက်လုပ်ကိုင်နိုင်တယ်ဆိုတာထက် ပိုပြီးတော့မှ ယုံကြည်နေတဲ့ အပေါ်မှာ ယုံကြည်မှုလွန်ကဲခြင်းက ဖြစ်ပေါ်လာ‌ပါတယ်။ ကိုယ်သိထားတဲ့အရာပေါ်မှာ၊ ကိုယ်တတ်မြောက်ထားတဲ့ ပညာတစ်ခုအပေါ်မှာ၊ ကိုယ်ကျွမ်းကျင်နေတဲ့အလုပ်တစ်ခုပေါ်မှာ ကိုယ်ကလွဲပြီး မည်သူမျှမသိဘူး၊ မတတ်ဘူး၊ မလုပ်နိုင်ဘူး ဆိုပြီး တွေးထင်နေလေ့ရှိ‌ပါတယ်။ ကိုယ်တိုင်လုပ်မှဖြစ်မြောက်မယ်၊ ကိုယ်တိုင်လုပ်မှအောင်မြင်မယ် ဆိုပြီးတော့ ကိုယ့်ကိုကိုယ် ယုံကြည်နေခြင်းသည်လဲ ယုံကြည်မှုလွန်ကဲနေခြင်း (Overconfident) တစ်ခုဖြစ်ပါတယ်။ ယုံကြည်မှုလွန်ကဲလာသည်နှင့်အမျှ ဆုံးဖြတ်ချက်ချမှတ်တဲ့အခါ မှားယွင်းလာမယ်၊ လူအများနဲ့ ပူပေါင်းပြီး စီးပွားရေးလုပ်တဲ့အခါ ကျရှုံးလာမယ်၊ လှုမှုဆက်ဆံရေးတွေ နိမ့်ပါလာပါလိမ့်မယ်။ ၂၀၀၀ ခုနှစ်မှာ သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ စွန့်ဦးတီထွင်လုပ်ငန်းရှင်အများစုဟာ ယုံကြည်မှုလွန်ကဲခြင်းနှင့်အတူ စီးပွားရေးလောကထဲကို ဝင်ရောက်လာကြပါတယ်။ အရဲစွန့်သော စွန့်ဦးတီထွင်လုပ်ငန်းရှင်အနည်းစုသာ အောင်မြင်မှုတစ်ခုကိုရရှိခဲ့ပါတယ်။ လူ့ပတ်ဝန်းကျင်မှာ ကိုယ်ထက်ကျွမ်းကျင်တဲ့ကျွမ်းကျင်ပညာရှင်တွေ၊ ကိုယ်ထက် တတ်မြောက်တဲ့အတတ်ပညာရှင်တွေ မြောက်များစွာရှိနေသည်မှာအမှန်ပင်ဖြစ်ပါတယ်။ ယုံကြည်မှုလွန်ကဲခြင်းကို ဖျောက်ဖျက်ဖို့အတွက် ကိုယ်ယုံကြည်စွာလုပ်ကိုင်ဆောင်ရွက်မည့်အလုပ်ရဲ့ အကျိုးဆက်ကို သေချာစဉ်းစားပါ။ ကိုယ်ယုံကြည်စွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးတဲ့အလုပ်ရဲ့ အမှားအပေါ်မှာ သင်ခန်းစာယူပါ။ တခြားသော သူများ၏ အကြံပေးချက် တုံပြန်ချက်များ ကို‌လေးစားပြီး ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ပါ။ လူ့ပတ်ဝန်းကျင်မှာရှိသော လူတိုင်းသည် ပညာရပ်တစ်ခုခုမှာ ကျွမ်းကျင်ပညာရှင်တွေ အတတ်ပညာ‌ရှင်တွေဖြစ်တယ်ဆိုတာကိုလက်ခံထားပါ။ အမြဲတမ်းလေ့လာသင်ယူနေသူ တစ်ဦးအဖြစ် ဆက်လက်လေ့လာသင်ယူဖို့ သင်ယူစိတ်မွေးပါ။ လက်တွေ့ကျသော အခြေအနေသဘောတရားကို လက်ခံပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကိုလျှောက်လမ်းနိုင်ကြပါစေ။

နောက်တစ်ပတ်မှာလဲ ယုံကြည်မှုတည်ဆောက်ရာမှာအရေးကြီးတဲ့ ကြောက်ရွံ့နေတဲ့အရာကို ဘယ်လိုလုပ်ဆောင်မလဲ ဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

ယခုလို Self Confidence အကြောင်းအရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်တွင်ယခုလို Post တင်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးသည့်အတွက် ကျွန်တော်တို့ MHK Team မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျ။

အောင်မြင်တိုးတက်ကြပါစေ။
MHK Team

27/01/2021

သိမှတ်ဖွယ်ရာ ဆိုက်ဘာအကြောင်းအရာ

ကျွန်တော်တို့ သိမှတ်ဖွယ်ရာ ဆိုက်ဘာအကြောင်းအရာကဏ္ဍ မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။

ကျွန်တော်တို့ ဒီနေ့ဆွေးနွေးပေးသွားမယ့် အကြောင်းအရာကတော့ Cyber Bullying အန္တရာယ်အတွက်သင်သိသမျှ ဆိုတဲ့ အနှစ်ချုပ်အကြောင်းအရာများကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။

• Cyber Bullying ဆိုတာဘာလဲ?
Cyber Bullying ဆိုတာ အင်တာနက်မှတစ်ဆင့် အနိုင်ကျင့်စော်ကား(Cyber bullying) တာပဲဖြစ်ပါတယ်။
• Cyber bullying အန္တရာယ်မဖြစ်အောင်ဘယ်လိုနေထိုင်ရမလဲ?
သင့်ရဲ့ဖြစ်တည်မှုအသေးစိတ်ကို လူမှုကွန်ရက်ပေါ်တွင်မျှဝေခြင်းအားရှောင်ရှားပါ။
• Team and Condition ကိုဖတ်သင့်သလား?
ဘယ်လို Account မျိုးပဲဖွင့်ဖွင့် Term and Condition ကိုဖတ်ဖို့လိုအပ်ပါတယ်။
• လုံခြုံမှုရှိတဲ့ စကားဝှက်တစ်ခုဘယ်လိုဖန်တီးမလဲ?
လုံခြုံမှုရှိတဲ့ စကားဝှက်ကိုဖန်တီးဖို့ဆိုရင်
၁။ စကားဝှက်မှာကျွန်တော်တို့ရဲ့ ကိုယ်ရေးအချက် အလက်တွေပါဝင်ခြင်းမရှိရပါဘူး
၂။ စကားဝှက်မှာစကားလုံးများအား ထပ်ခါထပ်ခါထည့်ခြင်းများမပါဝင်ရပါဘူး
(ဥပမာ - infinity2222 တွင် 2 ကိုဆိုလိုခြင်းဖြစ်သည်)
၃။ စကားဝှက်ကို အက္ခရာအကြီး၊ အက္ခရာအသေး၊ နံပါတ်၊ အထူးသင်္ကေတ များကိုထည့်သွင်းသင့်သည် (ဥပမာ - INFInity024!@ #$ ပုံစံအတိုင်းဖြစ်သည်။)
• ကိုယ်အသုံးပြု Account ဖွင့်လှစ်ထားတဲ့ Company မှစကားဝှက်တောင်းခံလေ့ရှိပါသလား?
မည်သည့် Company မှ User ရဲ့လျှို့ဝှက်ကုဒ်ကို တောင်းခံလေ့မရှိပါဘူး။
• လုပ်ငန်းတစ်ခုအတွက်ဘယ် Mail အမျိုးအစားအသုံးပြုသင့်ပါသလဲ?
မည်သည့် Paid Mail အမျိုးအစားမဆိုလုပ်ငန်းတိုင်းနှင့်ကိုက်ညီပါတယ်။
• အရေးကြီးတဲ့အကြောင်းအရာတွေကို ဘယ်လို App တွေကတစ်ဆင့်ပြောကြားနိုင်ပါသလဲ?
အရေးကြီးတဲ့အကြောင်းအရာတွေကို end-to-end encryption (E2EE) ပါဝင်တဲ့ App တွေအသုံးပြုခြင်းဖြင့် လုံခြုံမှုရှိတဲ့စကားဝိုင်းကိုပိုင်ဆိုင်နိုင်မှာပါ။
• SSL Certification မပါတဲ့ Website တွေအသုံးပြုရင်ဘာတွေသတိထားရမလဲ?
ကိုယ်ရေးကိုယ်တာအချက်အလက်တွေမထည့်သွင်းမိအောင် အထူးဂရုပြုပါ။

ဒီတစ်ပတ်ရဲ့ သိမှတ်ဖွယ်ရာ ဆိုက်ဘာအကြောင်းအရာကဏ္ဍ ကတော့ဒီလောက်နဲ့ပဲရပ်နားချင်ပါတယ်ဗျ။
ယခုလို ဆိုက်ဘာ အန္တရာယ်မဖြစ်ရလေအောင် ကျွန်တော်တို့ရဲ့ သိမှတ်ဖွယ်ရာ ဆိုက်ဘာအကြောင်းအရာ ကဏ္ဍ မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီအချိန် တွင်ယခုလို Post တင်ပေးသွားမှာဖြစ်ပါတယ်။
အဆုံးထိဖတ်ရှုပေးသည့်အတွက် ကျွန်တော်တို့ MHK Team မှ အထူးကျေးဇူးတင်ရှိပါတယ်ဗျ။

အောင်မြင်တိုးတက်ကြပါစေ။
MHK Team

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon