Future for All

Future for All Education website

🌻Grade9 Maths Chapter End Test 🌻🌹 ပျိုးထောင်ပေးသောပန်းတိုင်းပွင့်၍ပွင့်သောပန်းတိုင်းလန်းကြပါစေ🌹
28/03/2024

🌻Grade9 Maths Chapter End Test 🌻

🌹 ပျိုးထောင်ပေးသောပန်းတိုင်းပွင့်၍ပွင့်သောပန်းတိုင်းလန်းကြပါစေ🌹

💕💕💕💕လက်ရေး‌လေးတွေ လှသ‌ထက်လှအောင်ကြိုးစားရေးပေးကြတဲ့ အချစ်ကလေးတွေ💕💕တီချယ်ကအများကြီး ချစ်တယ်နော်💕💕
15/03/2024

💕💕💕💕လက်ရေး‌လေးတွေ လှသ‌ထက်လှအောင်ကြိုးစားရေးပေးကြတဲ့ အချစ်ကလေးတွေ💕💕တီချယ်ကအများကြီး ချစ်တယ်နော်💕💕

  ( မြန်မာစာ  ) #အင် အင့် အင်း သင်ခန်းစာ  #လေ့ကျင့်ရန်မေးခွန်းများ   2 သားသားမီးမီးများ အတွက်
10/03/2024

( မြန်မာစာ )

#အင် အင့် အင်း သင်ခန်းစာ

#လေ့ကျင့်ရန်မေးခွန်းများ

2 သားသားမီးမီးများ အတွက်

💕💕💕
08/03/2024

💕💕💕

💕💕💕တီချယ်ဆီက ဘာလက်ဆောင်ရရပျော်ပါတယ်ဆိုတဲ့သားသမီးတွေအတွက်💕💕💕မနှစ်ကထက်ဒီနှစ်အကောင်းဆုံးသင်ပေးနိုင်ဖို့ တီချယ်ကြိုးစားနေပါတ...
04/03/2024

💕💕💕တီချယ်ဆီက ဘာလက်ဆောင်ရရပျော်ပါတယ်ဆိုတဲ့သားသမီးတွေအတွက်💕💕💕မနှစ်ကထက်ဒီနှစ်အကောင်းဆုံးသင်ပေးနိုင်ဖို့ တီချယ်ကြိုးစားနေပါတယ်💕💕💕

21/04/2022

Education is the passport to the future, for tomorrow belongs to those who prepare for it today. .

🩸Rhesus (Rh) Blood Group🩸-သွေးအုပ်စုတွေ အများကြီးရှိပေမဲ့ ABO နဲ့ Rh ကတော့ လူသိများပြီး blood transfusion မှာ အရေးကြီးတဲ...
27/01/2022

🩸Rhesus (Rh) Blood Group🩸

-သွေးအုပ်စုတွေ အများကြီးရှိပေမဲ့ ABO နဲ့ Rh ကတော့ လူသိများပြီး blood transfusion မှာ အရေးကြီးတဲ့ အုပ်စုတွေ ဖြစ်ပါတယ်

-Rh antigen ဖြစ်တဲ့ C,D,E,c,d & e ဟာ တစ်ချို့မှာ ရှိပြီး တစ်ချို့မှာတော့ မပါပါ

-ပါရှိတဲ့ သူတွေမှာ သွေးဟာ RhD positive ဖြစ်ပြီး မပါတာကတော့ RhD negative ဖြစ်ပါတယ်

-ဆိုလိုတာကတော့ A သွေးအုပ်စုမှာဆိုရင် ပါတဲ့သူတွေက A+ ဖြစ်ပြီး မပါတာကတော့ A- ဖြစ်ပါတယ်

-B , AB နဲ့ O မှာလည်း ထိုနည်းအတိုင်းပါပဲ

-Rh antibodies တွေကတော့ သူ့ဘာသာ သဘာဝအလျောက် မရှိပါဘူး

-ဒါပေမဲ့ ဘယ်အချိန်မှာပေါ်လာလည်းဆိုရင် Rh+ ဟာ Rh- ထဲရောက်သွားတဲ့အချိန်မှာ Rh antibodies တွေ ထွက်လာပါတယ်

Haemolytic disease of newborn

-ကိုယ်ဝန်ဆောင်တွေမှာဆိုရင် မိခင်နဲ့ ရင်သွေးမှာ Rh incompatibility ဖြစ်ရင် ပြဿနာရှိနိုင်ပါတယ်

-မွေးလာတဲ့ ကလေးမှာ RBCs တွေ break down ဖြစ်တာမျိုး ၊ မွေးကင်းစမှာ အသားဝါ ဖြစ်တာမျိုး စသဖြင့် ပြဿနာတွေရှိနိုင်ပါတယ်

-Rh incompatibility ဖြစ်တာဟာ မိခင်မှာ Rh- ဖြစ်တဲ့အခါမှာ ကလေးရဲ့ Rh+ နဲ့တွေ့တဲ့အခါမှာ ဖြစ်ပါတယ်

-Rh+ နဲ့ Rh- တွေ့တဲ့အခါ ထွက်လာတဲ့ Rh antibodies တွေဟာ အချင်းကို ဖြတ်သွားနိုင်စွမ်းရှိပါတယ်

-အချင်းကနေ သန္ဓေသားထံကို ရောက်သွားတဲ့ Rh antibodies တွေဟာ သန္ဓေသားရဲ့ D antigens တွေရှိတဲ့ RBCs ကို ဖျက်ဆီးလိုက်ပါတယ်

-ဒီလိုဖြစ်တာဟာ ပထမကလေးမှာတော့ ဖြစ်နိုင်ချေနည်းပြီး လွတ်သွားလေ့ရှိပါတယ်

-ကာကွယ်ဖို့နဲ့ကုသဖို့အတွက်ကတော့ မိခင်ကို Rh antibodies(anti-D) ထိုးပေးနိုင်ပါတယ်

-Exchange transfusion လိုမျိုး နဲ့

-နောက်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင် သန္ဓေသားကို တိုက်ရိုက် intrauterine transfusion လုပ်တာမျိုးတွေလည်း ရှိပါတယ်



Pics©

🩸BLOOD GROUPS🩸-တစ်ဦးနဲ့ တစ်ဦး သွေးအုပ်စုကွဲပြားတာဟာ antigens နဲ့ antibodies လို့ခေါ်ကြတဲ့ protein molecules ရှိခြင်း မ...
19/01/2022

🩸BLOOD GROUPS🩸

-တစ်ဦးနဲ့ တစ်ဦး သွေးအုပ်စုကွဲပြားတာဟာ antigens နဲ့ antibodies လို့ခေါ်ကြတဲ့ protein molecules ရှိခြင်း မရှိခြင်း ကြောင့်ဖြစ်ပါတယ်

-antigens က RBCs(သွေးနီဥ)ရဲ့ မျက်နှာပြင်မှာ ရှိပြီး antibodies ကတော့ plasma(သွေးရည်ကြည်)မှာ ရှိပါတယ်

-တစ်ဦးတစ်ယောက်ချင်းစီမှာ ဒီ molecules တွေဟာ အမျိုးအစားတွေ ပေါင်းစပ်မှုတွေဟာ မတူညီကြပါဘူး

-ကိုယ့်ရဲ့ သွေးအုပ်စုက ကိုယ့်မိဘကနေ မျိုးရိုးအမွေဆက်ခံပြီးတော့ ဆင်းသက်လာတာနဲ့ပဲ သက်ဆိုင်ပါတယ်

-ABO နဲ့ Rh(Rhesus) ဟာဆိုရင် blood transfusion မှာ အရေးအကြီးဆုံးတွေပဲ ဖြစ်ပါတယ်

-သွေးအုပ်စုအားလုံးကတော့ တစ်ခုနဲ့တစ်ခု သဟဇာတမဖြစ်ပါဘူး

-သဟဇာတမဖြစ်တဲ့ သွေးအုပ်စုတွေကို ရောတာဟာ သွေးခဲခြင်း blood clumping or agglutination ကို ဖြစ်စေပါတယ်

-A နဲ့ B antigens တွေဟာ red cell membrane မှာ ရှိခြင်း မရှိခြင်းကို ကြည့်ပြီး A , B , AB နဲ့ O ဆိုပြီး သွေးအုပ်စု ၄ စု ထွက်လာပါတယ်

BLOOD GROUP A

-A သွေးအုပ်စုမှာပါဝင်သူတွေဟာ RBCs မှာ A antigens ရှိပြီး blood plasma မှာ B antibodies ရှိသူတွေ ဖြစ်ပါတယ်

BLOOD GROUP B

-B သွေး အုပ်စုမှာတော့ RBCs မှာ B antigens နဲ့ blood plasma မှာ A antibodies ရှိသူတွေ ဖြစ်ပါတယ်

BLOOD GROUP AB

-AB ကတော့ A antigens နဲ့ B antigens ၂မျိုးစလုံးဟာ RBCs မှာရှိပြီး blood plasma မှာတော့ A antibodies နဲ့ B antibodies ၂မျိုးလုံး မရှိကြပါဘူး

BLOOD GROUP O

-သွေးအုပ်စု O မှာ A & B antigens ဟာ RBCs မှာမရှိပဲ blood plasma မှာတော့ antibodies A & B ၂မျိုးလုံး ရှိပါတယ်

- A , B blood groups တွေဟာ O blood group ကို dominant ဖြစ်ပါတယ်

- အဲ့ဒီအတွက် Genotypes အနေနဲ့ဆိုရင်
*A အုပ်စုဟာ AA or AO
*B အုပ်စုဟာ BB or BO
*AB အုပ်စုဟာ AB
*O အုပ်စုဟာ OO ဖြစ်ပါတယ်

{dominant & recessive & genotype⬇️
https://www.facebook.com/100542055043477/posts/431836251914054/ }

- ဒါကြောင့် တစ်ခါတစ်လေမှာ မိခင် A or B နဲ့ ဖခင် A or B ဖြစ်ပေမဲ့ ကလေးမှာတော့ ငုပ်လျှိုးနေတဲ့ O ဟာ ပေါ်လာနိုင်ပါတယ်

Blood Transfusion

ဘယ်သူက ဘယ်သူ့ဆီကနေ သွေးကို လက်ခံနိုင်မလဲ???

-Blood Transfusion မှာ
*A ➡️ A , AB*
*B ➡️ B , AB*
*O ➡️ O, A , B , AB*
*AB ➡️ AB* ဆိုပြီး ပေးနိုင်ပါတယ်

-ဒီနေရာမှာ O သွေးအုပ်စုတွေဟာ အချင်းချင်းအပါအဝင် သွေးအုပ်စု လေးမျိုးလုံးဆီကို ပေးနိုင်တာမလို့ သူတို့ကို "universal donors" လို့ခေါ်ပြီး blood group AB က သူတွေကတော့ အကုန်လုံးဆီကနေ လက်ခံတာမလို့ "universal receivers" လို့ခေါ်ပါတယ်

*ခြွင်းချက်အနေနဲ့ Rh+ နဲ့ Rh- ကိုတော့ သတိထားရပါမယ်....Rh+ ဟာ Rh- ကိုတော့ ပေးလို့မရပါဘူး*

Rh factor အကြောင်းကိုတော့ နောက်တစ်ပိုင်းမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်



pics©

Address

No. 197, Aung Khay Mar Street, Mayangone
Yangon
11051

Telephone

+959766848721

Website

Alerts

Be the first to know and let us send you an email when Future for All posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category