Wai Phyo Japanese Language

Wai Phyo Japanese Language Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wai Phyo Japanese Language, Language school, Yangon.

25/07/2023

🌸 JLPT 2023 December အတွက်

Form တင်ချင်တဲ့သူများ

09940330555

ကို 27.7.2023 နောက်ဆုံးထားပီး စာရင်းပေးသွင်းလို့ရပါတယ် ရှင့် 🌸

♥️ 皆さん......お久しぶりですね ♥️အားလုံးပဲ မတွေ့ရတာကြာပြီနော်........ကဲပါလေ ခု ပြန်တွေ့ကြရပြီပဲဟာ ဝမ်းနည်းမနေကြပါနဲ့ ( ပြောသာပြောရ...
18/07/2023

♥️ 皆さん......お久しぶりですね ♥️

အားလုံးပဲ မတွေ့ရတာကြာပြီနော်........ကဲပါလေ ခု ပြန်တွေ့ကြရပြီပဲဟာ ဝမ်းနည်းမနေကြပါနဲ့ ( ပြောသာပြောရတယ် အမှန်က အဖတ်တောင် မလုပ်ကြတော့ 😅 )

သတင်းထူးပါတယ်နော်သတင်းထူး ( ဒီလိုနဲ့မြူဆွယ်😬 )
ရှူးတိုးတိုး..........သူများတွေကြားသွားဦးမယ် 🤫

ဒီလိုလေ ဒီလို
လာမဲ့လ 8 လပိုင်းထဲမှာ 特定技能 ( Tokuteiginou )နဲ့ ပါတ်သက်တဲ့ 外食( စားသောက်ဆိုင်လုပ်ငန်း ) / 飲食料品製造 ( စားသောက်ကုန်ထုပ်လုပ်ငန်း ) / 介護 ( ဘိုးဘွားစောင့်ရှောက်မှုဆိုင်ရာ ) စသည့်စာမေးပွဲတွေ Form တင်ရတော့မှာ မဟုတ်လား? အဲ့ဒါကြောင့် အားလုံးပဲ စိုးတထိတ်ထိတ်နဲ့ ရင်တုန် ခံစား စိတ်လှုပ်ရှားနေမယ်ဆိုတာသိလို့ လာအကြောင်းကြားပေး..........တာ🤓

🌟ဘယ်လိုလဲ Prometric ID တောင်မလျောက်တတ်လို့ စိတ်ပူနေတာလား?
🍁かんけいないよ

🌟Online Form မတင်တတ်ဖြစ်နေတာလား?
🍁しょうがないよ

🌟Form တင်ခွင့်ရလိုက်ရင်ရော စာမေးပွဲကြေး သွင်းဖို့ နားမလည် မလုပ်တတ်ဖြစ်နေလား?
🍁いいよ

🌟စာမေးပွဲတွက် ဘာစာမှ မလုပ်ရသေးဘူးလား?
🍁オケ👌 オケ👌

အဲ့ဒါတွေ အားလုံးအားလုံးကို ကျုပ်တို့က ကူညီဖြေရှင်းပေးမယ်ဆိုရင်....အဟမ်းအဟမ်း ❓❓❓

💗ဟုတ်ပါတယ်ရှင့်💗

လာမဲ့ 8 လပိုင်း အတွင်း Form တင်ဖြေဆိုရမည့် 特定技能 စာမေးပွဲများနဲ့ပါတ်သက်ပြီး လုပ်ဆောင်ရမည့် အချက်အလက်များနှင့်တကွ စာတွေ့ လက်တွေ့ သင်တန်းများကို အချိန်ပေးနိုင်လို့ ကျောင်းမှာ ကိုယ်တိုင်သင်တန်းလာရောက်သင်ယူနိုင်သူများအတွက်လည်း ပြင်ပသင်တန်းများရှိသလို အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့မို့ မအားမလပ်သည့်ကြားမှ စာမေးပွဲဖြေဆိုမည့်သူများနှင့် နယ်မှသင်တန်းတက်ရောက်ရန်အခက်အခဲရှိနေသူများအတွက်လည်း Online Zoom Class လေးဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းကောင်းလေး တိုးတိုးတိတ်တိတ် လာပါးပေးတာပါနော်။🤫🤫🤫

🤷‍♀️ဘာလို့ ကျယ်ကျယ်မပြောဘဲ တိုးတိုးလေး လက်တို့ရတာလဲ❓
💁အဲ့ဒါလား.......အဲ့ဒါက လူဦးရေ အကန့်အသတ်ရှိလို့တော်ရေ့။ တစ်တန်းမှ ၁၀ ဦးပဲ လက်ခံမှာအေ့။ လုပ်ငန်းကျွမ်းကျင်စာမေးပွဲဆိုတော့ အမှန်တကယ်လုပ်ငန်းအတွေ့အကြုံရှိပြီး စာမေးပွဲဖြေဆိုအောင်မြင်ထားတဲ့ ဝါရင့်ဆရာဆရာမတွေ ကိုယ်တိုင်သင်မှာဆိုတော့ ဆရာဆရာမပေါ်မူတည်ပြီး ကျောင်းသားဦးရေ ကန့်သတ်ထားတာပေါ့အေ။ အဲ့ဒါမှလည်း သေသေချာချာ ဂရုတစိုက်နဲ့ စနစ်တကျ သင်ကြားပေးနိုင်မှာမဟုတ်လားအေ့...........ဒါနဲ့ တိုးတိုးပြောပါအေ တော်ကြာ လူပြည့်သွားမှ စာရင်းပိတ်သွားလို့ မတက်လိုက်ရဘဲနေဦးမယ်။

🤷‍♀️ဘယ်လိုပုံစံနဲ့ သင်မှာလဲဟ❓
💁ဆရာတွေ ဆရာမတွေ ပုံစံနဲ့ သင်မှာပေါ့ဟဲ့😏

🤷‍♀️အဲ့လိုပြောတာဟုတ်ဘူးလေဟယ်😒
💁သိသားပဲ ရွဲ့ပြောတာ။ဟဲဟဲ စတာပါအေ🤪 ဘာသာရပ်တိုင်းကို စနစ်တကျ သင်ရိုးညွှန်းတန်းနဲ့အညီ နားလည် မှတ်သားရလွယ်အောင် ပျင်းစရာမကောင်းတဲ့ ပေါ့ပေါ့ပါးပါး ပုံစံလေးတွေနဲ့ သင်မှာပါအေ........ဒါမေး ဒါဖြေလေ ဟီးဟီး😬 ကွက်စတိပဲ မကောင်းဘူးလား? မေးခွန်းဟောင်းတွေလည်းသင်မှာလေအေ 😬

🤷‍♀️သင်တန်းကြေးကရော ❓
💁သင်တန်းကြေးက ပြင်ပအတန်း( ကျောင်း )မှာတက်မယ်ဆို တစ်ဦး 100000/- (တစ်သိန်းကျပ် )
Online Zoom Class ဆိုရင်တော့ 80000/- ( ရှစ်သောင်းကျပ် )တဲ့အေ့ စာအုပ်ဖိုးတော့ မပါဘူးပေါ့အေ။ သင်တန်းကြေးသီးသန့်ပဲ။

🤷‍♀️ဟ....အာ့ဆို စာအုပ်က ဘယ်လိုလုပ်မလဲလို့ ❗
💁အမလေးအေ ပူတတ်ရန်ကော သင်တန်းသား 10 ဦးမပြည့်ခင် စာရင်း အရင်သွင်းနိုင်အောင် လုပ်ပါဦးလို့။ စာအုပ်က အပြင်မှာ ကိုယ့်ဘာသာဝယ်လည်းရသလို ကျောင်းမှာလည်း ဝယ်လို့ရပါတယ်အေ ကြိုတင် စာရင်းပေးဖို့က အဓိကအေ့.......

🤷‍♀️ဒါနဲ့ ဆရာ ဆရာမတွေကရော အသင်အပြ စိတ်ရှည်ရဲ့လားအေ့ ❓
💁အမလေး.......အဲ့ဒါကတော့ စိတ်ချ ဆရာတွေများ ရှည်လိုက်တာမှအေ ပုံတောင်ကျ😂
🤷‍♀️ဟဲ့.......ဘာတုန်း❓
💁ညည်းပဲ စိတ်ဆို........စိတ်ရှည်တယ်ပြောတာလေအေ😏
🤷‍♀️မသိဘူးလေ ညည်းက ဆရာတွေများရှည်လိုက်တာဆိုတော့
💁အမလေးဟယ် စကားပြောလောပြီး ဆရာမ ကျန်သွားလို့ပါဟဲ့ ဆရာရော ဆရာမတွေရော ရှည်တာပါဆို........ဟီး 😬
🤷‍♀️ဒါဆို ပုံကျတာကရော❓
💁ဪ.........အဲ့ဒါက ကျောင်းသားတွေလေ ပုံကျနေလို့ လူဦးရေတောင် တစ်တန်းကို 10 ဦးဆိုပြီး ကန့်သတ်ထားတာပေါ့အေ့.......စာတွေးတွေးစမ်းပါအေ ညည်းကလည်း 🤪

🤷‍♀️သင်တန်းကာလကရော❓
💁 တစ်လ ။ တစ်ပတ် ( 5 )ရက် သင်မှာ။

🤷‍♀️ဟဲ့.........အဲ့ကျောင်းက စာမေးပွဲအောင်ဖို့ရော အာမခံလား ❓🙄🙄🙄
💁အေးဟဲ့ အဲ့ဒါကလေ အဲ့ဒါကတော့ 🤔🤔🤔

👩‍🏫ဟဲ့ ဟဲ့.........အမလေးအမလေး အဲ့ဒါတော့ ဆရာမကိုယ်တိုင် ဝင်ရှင်းမှ ဖြစ်တော့မယ်

👩‍🏫စာမေးပွဲ အောင်ဖို့ဆိုရင်တော့ ကလေးတို့ရေ

နံပါတ် ၁ စာမေးပွဲဖြေမည့်ကျောင်းသူ/သားများသည် Japanese Language အနည်းဆုံး Level - 4 အဆင့် တက်ရောက်ပြီးသူဖြစ်ရမည်။

နံပါတ် ၂ နေ့စဉ်သင်သမျှ သင်ခန်းစာများကို ပုံမှန်ကျက်မှတ်ရမည်။ အကြွေးမထားရ။

နံပါတ် ၃ သင်တန်းမှန်မှန်မပျက်မကွက်တက်ရောက်ရမည်။

အဲ့ ၃ ချက်မှ မလိုက်နာနိုင်ရင်တော့ ဆရာမ မပြောနဲ့ နတ်သိကြားတောင် မ , မနိုင်ဘူးကလေးတို့ရေ😅

ခုလောလောဆယ် မ, မနိုင်ပေမဲ့ မအောင် အောင်အောင် မ , ဖို့တော့ အစဉ်ကြိုးစားလျှက်ပါကလေးတို့ရေ.........ဪ မေ့တော့မလို့တော်သေးတယ်။ စာမေးပွဲဖြေဆို အောင်မြင်ပြီးသော ကျောင်းသား/သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများအဆင်သင့်စောင့်ကြိုလျှက်ရှိကြောင်း သတင်းကောင်းပါးရင်း

ကဲ..........

စာလည်းရှည်သွားပြီမို့ မသိလို့ မေးမြန်းချင်တာရှိရင် Page Messenger ဒါမှမဟုတ် အောက်က နံပါတ်လေးသာ もしもし လုပ်လိုက်ကြပါတော့ကွယ်
👇👇👇

☎️ 09940330555

💓ラブラブ💓

ピョー先生

23/06/2023

✌️ Tokutei စာမေးပွဲ ✌️

- စာမေးပွဲ အတွက် ID ယူပေးခြင်း
- စာမေးပွဲ Form တင်ပေးခြင်း
- Tokutei စာမေးပွဲ သင်တန်း
- Tokutei စာမေးပွဲ အတွက် ပြင်ဆင်ပေးခြင်း

များအတွက် မကြာခင် အသေးစိတ် Post လေးသင်ပေးပါ့မယ် ရှင့် 🌸

#先生メイ

10/02/2023

TOKUTEI KAIGO အလုပ်ခေါ်စာ

Tokutei Kaigo အောင်လက်မှတ်ရှိသူ + JLPT- N4 သို့ JFT အောင်လက်မှတ်ရှိသူများ လာရောက်လျောက်ထားနိုင်ပါသည်။

လစာ - 185000¥
ထောက်ပံ့ကြေး - 2000¥
လက်ခံမည့်ဦးရေ - 3 ယောက်

နေရာ - Tokyo အနီးတဝိုက်

အချက်အလက်ပြည့်စုံပါက CB မှာ လာရောက်ပေးပို့နိုင်ပါတယ်နော် 😘

😊အားလုံးပဲ မင်္ဂလာပါ 😊🇯🇵 2023 July Intake အတွက် ဂျပန်ကို ကျောင်းလျှောက်ခြင်းသူများ - Tokyo Osaka မြို့ကိုလျှောက်လွှာလက်ခ...
14/12/2022

😊အားလုံးပဲ မင်္ဂလာပါ 😊

🇯🇵 2023 July Intake အတွက် ဂျပန်ကို ကျောင်းလျှောက်ခြင်းသူများ -

Tokyo
Osaka

မြို့ကိုလျှောက်လွှာလက်ခံပါသေးတယ်ရှင့်။

🇯🇵 N4 အောင်လက်မှတ်ရှိပြီးသူ
၁၀ တန်း / ဘွဲ့ရ များ လျှောက်ထားနိုင်ပါတယ်ရှင့် ။

🇯🇵 စာရွက်စာတမ်း အသေးစိတ်ပြင်ဆင်မှုများကြောင့် ၂ ကျောင်းကို ၅ ယောက်ပဲ ခေါ်မှာပါရှင့်။

👉 စိတ်ပါဝင်စားသူများ Phone 📲 09940330555 နှင့် Page messenger ကို အသေးစိတ်ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့်။

30/11/2022

" 🇯🇵 Japan တွင် ကျောင်းတတ်ချင်သူများအတွက် အခွင့်အရေး 🤗 "

၇ လပိုင်းအတွက် နယ်ကျောင်းမှလျှောက်ချင်တဲ့သူတွေအတွက် sensei တို့ဆီကနေ လျှောက်ပေးမယ့်ကျောင်းတွေကတော့ 👇

🌸 ကျောင်းလျှောက်ပေးမယ့်မြို့များ 🌸
Tokyo
Chiba
Guma
Okasaki
Toyohashi
Sandai
Sapporo
Iwate
တို့ဖြစ်ပါတယ် ။

🛎️ အသေးစိတ်အချက်အလက်များကို

🏷️ သင်တန်း

page

messenger မှာ စုံစမ်းမေးမြန်းနိုင်ပါသည်။

09/11/2022

教育サポートサービスについて🇯🇵🇯🇵

N3/ N2 ပြီးပြီးသားသူတွေ အတွက် 日本の大学 ကို တိုက်ရိုက် ကျောင်းလျှောက်ပေးပါတယ်ရှင့် ။

ကျောင်းလျှောက်ပီးသားသူတွေ အတွက်လည်း စာရွက်စာတမ်းပြင်ဆင်ဆောင်ရွက်ပေးပါတယ် ။

Bank Service
Notary Service

များကိုလည်း ဆက်သွယ်မေးမြန်း နိုင်ပါတယ်။

📲 09 940330555

先生 メイ👩‍🏫

11/09/2022

JFT preparing for Exam Class

外食 テスト Class လေးတွေ မကြာခင်ဖွင့်ပါတော့မယ် ❤️❤️❤️

အနည်းဆုံး N5 ++ တွေပဲ လက်ခံပေးမှာပါနော် 🤗🤗

❤️JFT စာမေးပွဲ နဲ့ ပတ်သက်၍..... ❤️JFT စာမေးပွဲကို ဖြေဆိုချင်သူများအနေဖြင့် အနည်းဆုံး N5+ level / N4 ရှိတဲ့သူတွေအနေဖြင့် ...
11/09/2022

❤️JFT စာမေးပွဲ နဲ့ ပတ်သက်၍..... ❤️

JFT စာမေးပွဲကို ဖြေဆိုချင်သူများအနေဖြင့် အနည်းဆုံး N5+ level / N4 ရှိတဲ့သူတွေအနေဖြင့် ဖြေဆိုသင်ပါ့တယ်

JLPT Form တင်ရန် မမှီလိုက်တဲ့သူများ/ Tokutei လက်မှတ်ရှိပြီးသားသူများလဲ ဖြေဆိုသင့်ပါတယ် 👌

------------

Ok 👌
JFT စာမေးပွဲ ကို 4 October 2022 မြန်မာစံတော်ချိန် မနက် (၇:၃၀ ) နာရီ လောက်ကစပြီး ဦးရာလူစနစ်နဲ့ လျှောက်ထားရမှာဖြစ်ပါတယ်

ဖြေဆိုချင်တဲ့သူတွေအနေနဲ့ credit card ဖြင့်သာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်

သူငယ်ချင်းတွေထဲ တစ်ယောက်လောက်ရှိမယ်ဆိုရင် တစ်ခုတည်းကိုပဲ သုံးပြီး တင်လို့ရမှာဖြစ်ပါတယ်

အသေးစိပ်ကိုတော့ Prometric Website မှာလေ့လာနိုင်ပါတယ် .. Link 👇

http://ac.prometric-jp.com/testlist/jfe/jftbasic_myanmar.html

🚨စာမေးပွဲ Form မတင်ခင် ID ကို အရင်ယူရမှာဖြစ်ပါတယ်

🚨ID ရယူပုံကို ပုံအောက်က စာလေးမှာ ရေးထားပေးပါတယ်နော်🤗

10/09/2022

久しぶりです。

Page ကိုအကြာကြီး ပစ်ထားမိလို့ 申し訳ございません🙇‍♀️
Tokutei နဲ့ပတ်သက်တာလေး မကြာခင် တင်ပေးမယ်နော် 🤗

では・・・

♥️ ကြိုတင်ပြင်ဆင်မည် JLPT - 5.12.2021 (SUN) ♥️                 JLPT N-4 / N-3 ဖြေဆိုမည့်သူများ Form ဖြည့်ရန် အတွက် လိုအပ...
13/08/2021

♥️ ကြိုတင်ပြင်ဆင်မည် JLPT - 5.12.2021 (SUN) ♥️

JLPT N-4 / N-3 ဖြေဆိုမည့်သူများ Form ဖြည့်ရန် အတွက် လိုအပ်မည် ထင်တာလေးတွေပါ။ မိမိကိုယ်တိုင် ကျွမ်းကျင်စွာ လျှောက်လွှာတင်နိုင်သူများအနေဖြင့် အခက်အခဲမရှိပေမဲ့ JLPT စာမေးပွဲလုံးဝမဖြေဆိုဖူးသူများနှင့် စာမေးပွဲဖြေဆိုဖူးသော်လည်း ကျောင်းများမှတဆင့် လျှောက်လွှာတင်ဖူးသူများအနေဖြင့် Online မှတဆင့် လျှောက်လွှာတင်ဖို့ ခက်ခဲနိုင်ပါတယ်။ ယခုအကြိမ် JLPT စာမေးပွဲမှာ လူဦးရေ ကန့်သတ်ထားသည့်အပြင် Online မှတဆင့် လျှောက်လွှာတင်ရမည်ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်မှုမလုပ်ထားပါက ဖြေဆိုခွင့်ရရှိဖို့ရာ ခက်ခဲနိုင်ပါသည်။ ဒါကြောင့် Link ထဲမှာပါတဲ့ အောက်က ပုံလေးတွေ အတိုင်း ကြိုပြင်ဆင်ထားမယ်ဆို Form ဖြည့်တဲ့အခါ လွယ်ကူ အဆင်ပြေစွာဖြည့်နိုင်မှာပါ။ အောက်က ပုံလေးတွေအောက်မှာ ရေးထားတဲ့အတိုင်းလေး ကြိုတင်ပြင်ဆင်ထားဖို့ မမေ့နဲ့နော်😘

♦️♦️♦️ မိမိ Passport ဓါတ်ပုံကို ဓါတ်ပုံဆိုင်မှာ ဖုန်းထဲထည့်ခိုင်းလို့ရပါတယ်။ ကြိုထည့်ထားပါ။ Online ကနေ Form တင်ရတာမို့ ဓါတ်ပုံကို ကြိုပြီး Scan ဖတ်ထားမှ ဖြစ်မယ်နော်.........သတိ 😎😎😎

💦💦💦https://ascoja-maja.org.mm/upload/pdf/JLPT_Test_Guide_2021B.pdf 💦💦💦

​စာမေးပွဲ Form တင်ရက်နဲ့ အသေးစိတ် အချက်အလက်များကို အောက်ပါ Page မှာ စုံစမ်းလေ့လာနိုင်ပါတယ်ရှင့် 👇👇👇

https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA/

⛔ Tokutei ginou 1 go ( 特定技能 1 号 ) စာမေးပွဲ ⛔                 Tokutei ginou 1 go ( 特定技能 1 号 ) စာမေးပွဲ ဖြေဆိုရန် စာမေးပွဲ...
10/05/2021

⛔ Tokutei ginou 1 go ( 特定技能 1 号 ) စာမေးပွဲ ⛔

Tokutei ginou 1 go ( 特定技能 1 号 ) စာမေးပွဲ ဖြေဆိုရန် စာမေးပွဲကြေး သွင်းပြီးမှ အခြေနေအရပ်ရပ်ကြောင့် စာမေးပွဲဖြေဆိုရန် ကျန်ရှိနေသူများ ယနေ့ ( 10 . 5 . 2021 ) နေ့လယ်ခန့်လောက်က ထပ်မံ Mail ရောက်ရှိလာပါတယ်။ စာမေးပွဲဖြေဆိုမည့် ရက်များအား October " 31 "ရက်နေ့အထိ ထပ်မံ ရွှေ့ထားကြောင်း Mail ထဲတွင်ရေးသားဖော်ပြထားသည်။ အသေးစိတ်အား အောက်ပါပုံတွင် ဖတ်ရှုနိုင်ပါသည်။

Address

Yangon

Telephone

+959956619908

Website

Alerts

Be the first to know and let us send you an email when Wai Phyo Japanese Language posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Wai Phyo Japanese Language:

Shortcuts

Share