Tickle Right Myanmar

Tickle Right Myanmar သင့်ကလေးဥာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် 6 လ ပဲ ပေးပါ

🎓✨ ထူးကဲ ပါရမီတွေနဲ့ အနာဂတ်အတွက် အခြေခိုင်သွားကြတဲ့ 𝐌𝐚𝐬𝐭𝐞𝐫𝐲 𝐌𝐨𝐬𝐚𝐢𝐜𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှ ဉာဏ်ကြီးရှင်လေးများ ✨🎓𝐌𝐚𝐬𝐭𝐞𝐫𝐲 𝐌𝐨𝐬𝐚𝐢𝐜𝐬 𝐏𝐫𝐨...
17/08/2026

🎓✨ ထူးကဲ ပါရမီတွေနဲ့ အနာဂတ်အတွက် အခြေခိုင်သွားကြတဲ့
𝐌𝐚𝐬𝐭𝐞𝐫𝐲 𝐌𝐨𝐬𝐚𝐢𝐜𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှ ဉာဏ်ကြီးရှင်လေးများ ✨🎓

𝐌𝐚𝐬𝐭𝐞𝐫𝐲 𝐌𝐨𝐬𝐚𝐢𝐜𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို အောင်မြင်စွာ ပြီးမြောက်ပြီး
𝐆𝐫𝐚𝐝𝐮𝐚𝐭𝐞 ဖြစ်သွားကြတဲ့
𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 လေးတွေကို
အထူးဂုဏ်ယူစွာနဲ့ ဂုဏ်ပြုလိုက်ပါတယ်ရှင်။ 🎓💐

𝐏𝐫𝐨𝐠𝐫𝐚𝐦 တစ်လျှောက်

အသစ်အသစ်တွေကို စူးစမ်းလေ့လာရင်း ကိုယ့်ရဲ့
စွမ်းရည်လေးတွေကို တစ်ဆင့်ချင်းစီ ဖော်ထုတ်လာခဲ့ကြတဲ့
𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬လေးတွေရဲ့ ကြိုးစားမှုတွေဟာ
ဒီလိုလှပတဲ့ အခိုက်အတန့်လေးအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ 🧠✨

Graduation ဆိုတာ Program တစ်ခု ပြီးဆုံးသွားတာထက်
ကလေးလေးတွေရဲ့ ကြိုးစားမှု၊ တိုးတက်မှုနဲ့
ရှေ့ဆက်လျှောက်လှမ်းနိုင်မဲ့ အလားအလာတွေကို
အတူတူဂုဏ်ပြုနိုင်ခဲ့တဲ့ နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်ရှင်။ 🎓🌟

စင်မြင့်ထက်ပေါ်မှာ တောက်ပစွာ
ပြုံးနေခဲ့တဲ့ 𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬လေးတွေရဲ့ ပုံရိပ်လေးတွေဟာ
𝐓𝐢𝐜𝐤𝐥𝐞 တို့အတွက်တော့ မမေ့နိုင်တဲ့
အမှတ်တရလေးတွေပါဘဲရှင်။

ဒီလိုအောင်မြင်မှုလေးတွေရဲ့ နောက်ကွယ်မှာ
အမြဲအားပေးပံ့ပိုးပေးခဲ့ကြတဲ့ ဖေဖေ၊ မေမေတို့ကိုလဲ
Tickle Right Myanmar မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ 🥰

ထူးချွန်စွာ𝐆𝐫𝐚𝐝𝐮𝐚𝐭𝐞 ဖြစ်သွားကြတဲ့
𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬လေးတွေအတွက်
မနက်ဖြန်တိုင်းမှာ ပိုမိုတောက်ပတဲ့ အလားအလာတွေနဲ့
အနာဂတ်အိပ်မက်တွေကို ရဲရဲဝံ့ဝံ့
ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေလို့
Tickleကဆုမွန်ကောင်းတောင်းပေးရင်း

𝐌𝐚𝐬𝐭𝐞𝐫𝐲 𝐌𝐨𝐬𝐚𝐢𝐜𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို
အောင်မြင်စွာ ပြီးမြောက်သွားကြတဲ့
𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 တစ်ဦးတစ်ယောက်ချင်းစီရဲ့
အမှတ်တရ ပုံရိပ်လေးများကို
ပြန်လည်မျှဝေပေးလိုက်ပေးပါတယ်ရှင်။

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။

16/08/2026

🧩 အရမ်းခက်တဲ့ Maze နဲ့ Sudoku သဘောကို
၄ နှစ်အရွယ်နဲ့နားလည်နေတဲ့ 𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 𝐉𝐚𝐜𝐤 🧠✨

လမ်းကြောင်းရှုပ်တဲ့ Maze တွေနဲ့ မျက်စိလည်အောင်
စဉ်းစားရတဲ့ Sudoku တွေကို အသက် (၄) နှစ်အရွယ်
𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 𝐉𝐚𝐜𝐤 လေးက တကယ်နားလည်ပြီး
ဖြေရှင်းနိုင်ခဲ့ပါတယ်ရှင်။

ဒီ Video လေးထဲမှာဆိုရင်တော့
လမ်းကြောင်းတွေ ရှုပ်ထွေးနေတဲ့ Maze ကို သေချာစဉ်းစားပြီး
လမ်းမှန်ရှာနိုင်သလို၊ နံပါတ်တွေနဲ့ စဉ်းစားရတဲ့ Sudoku ကိုလဲ
အသက် (၄) နှစ်အရွယ်နဲ့တင် နားလည်ပြီး ဖြေရှင်းနိုင်ခဲ့တဲ့
𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 𝐉𝐚𝐜𝐤 လေးရဲ့ Skillတွေကိုတွေ့ရမှာဘဲဖြစ်ပါတယ်ရှင်။ 👏✨

ဒီလို Puzzle Activity တွေက
ကလေးတွေရဲ့ Logic, Concentration, Memory နဲ့
Problem-Solving Skill တွေကို လေ့ကျင့်ပေးနိုင်တဲ့အပြင်

“အဖြေကို အလွယ်တကူမရှာဘဲ စဉ်းစားပြီး ဖြေရှင်းတတ်တဲ့
အလေ့အကျင့်” ကိုလဲ တည်ဆောက်ပေးပါတယ်ရှင်။ 🧠💡

𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 𝐉𝐚𝐜𝐤 လေးကတော့ ခက်ခဲတဲ့
Puzzle တစ်ခုချင်းစီကို အလျင်စလိုမလုပ်ဘဲ
သေချာစဉ်းစားပြီး ကိုယ်တိုင်ဖြေရှင်းပြနိုင်ခဲ့တာကြောင့်
Tickle တို့အတွက်လဲ ဂုဏ်ယူစရာလေးတစ်ခု ဖြစ်ခဲ့ပါတယ်ရှင်။ ❤️

ဒါဆို အသက် (၄) နှစ်အရွယ် Jack လေး ဘယ်လိုစဉ်းစားပြီး
ဖြေရှင်းပြသွားလဲ ဆိုတာ Video လေးထဲမှာ
အတူကြည့်လိုက်ရအောင်နော်။ 😉👇

ကလေးလေးတွေတိုင်းမှာ ကိုယ်ပိုင် Unique Talentလေးတွေ
ကိုယ်စီရှိကြတာကြောင့်
ဖေဖေ၊ မေမေတို့အနေနဲ့ ကိုယ့်ကလေးလေးရဲ့
စဉ်းစားနိုင်စွမ်းနဲ့ သင်ယူနိုင်စွမ်းတွေကို ငယ်စဉ်ကတည်းက
စနစ်တကျ ဖော်ထုတ်ပေးချင်တယ်ဆိုရင်တော့
𝐓𝐢𝐜𝐤𝐥𝐞 တို့ရဲ့ 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှာ “𝐓𝐑𝐌” လို့ ပေးပို့လိုက်တော့နော်။ 💌

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။


16/08/2026

ချစ်စရာ Tickle Genius လေး ❤️🎓

🎓✨တိမ်မြုပ်နေတဲ့ ပင်ကိုယ်စွမ်းရည်အသီးသီးကို ရှာဖွေတွေ့ရှိခဲ့ကြတဲ့ 𝐇𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐇𝐚𝐫𝐦𝐨𝐧𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦 က 𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 လေးများ ✨🎓တချ...
16/08/2026

🎓✨တိမ်မြုပ်နေတဲ့ ပင်ကိုယ်စွမ်းရည်အသီးသီးကို ရှာဖွေတွေ့ရှိခဲ့ကြတဲ့
𝐇𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐇𝐚𝐫𝐦𝐨𝐧𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦 က 𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 လေးများ ✨🎓

တချို့သော အောင်မြင်မှုတွေက
Certificate တစ်စောင်၊ ဆုတစ်ခုထက် ပိုတဲ့
အဓိပ္ပါယ်တွေကို သယ်ဆောင်ထားတတ်ပါတယ်ရှင်… ❤️

အသက် ၁ နှစ် ကျော်အရွယ်လေးကတည်းက စတင်ခဲ့တဲ့
𝐇𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐇𝐚𝐫𝐦𝐨𝐧𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦 ရဲ့

သင်ယူမှုခရီးလမ်းကို ဖြတ်သန်းရင်း
နေ့ရက်တိုင်းမှာ သင်ယူခဲ့ကြ၊ ကစားခဲ့ကြ၊
စူးစမ်းခဲ့ကြပြီး ကိုယ့်ရဲ့ အရည်အချင်းလေးတွေကို
တဖြည်းဖြည်း ဖော်ထုတ်လာခဲ့ကြတဲ့

𝐓𝐢𝐜𝐤𝐥𝐞တို့ရဲ့ 𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 လေးတွေဟာ
ဒီ ဆုပေးပွဲကြီးမှာ ဒီ𝐏𝐫𝐨𝐠𝐫𝐚𝐦 လေးကို
အောင်မြင်စွာနဲ့
ပြီးမြှောက်သွားခဲ့ကြပြီဘဲဖြစ်ပါတယ်ရှင်။ 🎓🌱

ဒီ ဆုပေးပွဲကြီးဟာ
တစ်နေ့တည်းနဲ့ ရောက်ရှိလာခဲ့တဲ့ အောင်မြင်မှုတစ်ခု မဟုတ်ပါဘဲ…

အပတ်စဉ် သင်ယူခဲ့တဲ့ အချိန်တွေ၊
အသစ်အသစ်တွေကို စိတ်ဝင်စားစွာ စူးစမ်းခဲ့တဲ့ အခိုက်အတန့်တွေ၊
မတတ်သေးတဲ့အရာတွေကို ထပ်ခါထပ်ခါ ကြိုးစားခဲ့တဲ့ ကြိုးစားမှုလေးတွေ၊
နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း တိုးတက်လာခဲ့တဲ့ Result လေးတွေ…

အဲ့ဒီအရာလေးတွေ အားလုံး စုစည်းလာပြီး
အခုလို လှပတဲ့ Milestone လေးတစ်ခု ဖြစ်လာတာပါရှင်။ ✨

ဆုပေးပွဲကြီးမှာ မြင်ရခဲ့တဲ့
ကလေးလေးတွေရဲ့ အပြုံးတွေဟာ

သူတို့လေးတွေရဲ့ “သင်ယူခဲ့တယ်၊ ကြိုးစားခဲ့တယ်၊
တိုးတက်လာခဲ့တယ်” ဆိုတဲ့
အမှတ်တရတွေကို ဖော်ပြနေသလိုပါပဲရှင်။ 🥹

ဒီလိုလှပတဲ့ သင်ယူမှုခရီးလမ်းတစ်လျှောက်
ကလေးလေးတွေရဲ့ အနားမှာ အမြဲရှိပေးပြီး
ယုံကြည်အားပေးခဲ့ကြတဲ့ ဖေဖေ၊ မေမေတို့ကိုလဲ
Tickle Right Myanmar မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ ❤️

𝐓𝐢𝐜𝐤𝐥𝐞တို့ရဲ့ 𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 လေးတွေအတွက်

ရှေ့ဆက်မဲ့ သင်ယူမှုခရီးလမ်းတိုင်းမှာလဲ
ပျော်ရွှင်စွာ စူးစမ်းလေ့လာရင်း
ကိုယ့်ရဲ့ အလားအလာလေးတွေကို
ဆက်လက်ဖော်ထုတ်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးရင်း
𝐇𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐇𝐚𝐫𝐦𝐨𝐧𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို အောင်မြင်စွာ
ပြီးမြှောက်သွားကြတဲ့
Tickle Geniusလေးများရဲ့ အမှတ်တရပုံရိပ်လေးများကို
ပြန်လည်မျှဝေပေးလိုက်ပေးပါတယ်ရှင်။

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။

15/08/2026

အငယ်ဆုံး ဉာဏ်ကြီးရှင်လေးများအတွက် ပီတိဖြစ်နေကြတဲ့ ဉယျာဉ်မှူးများ 🌱

ကိုယ့်ကလေးလေးရဲ့ တိုးတက်လာမှုတိုင်းဟာ ဖေဖေ၊ မေမေတွေအတွက်တော့
မမေ့နိုင်တဲ့ ပီတိလေးတွေပါပဲရှင်။ 🥰

ကလေးလေးတွေရဲ့ ဒီလိုတိုးတက်မှုလေးတွေဟာ
ဖေဖေ၊ မေမေတို့ရဲ့ မေတ္တာတွေ၊
မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ ပံ့ပိုးပေးမှုတွေရဲ့
ရလဒ်လေးတွေပဲ ဖြစ်ပါတယ်။ 🌱✨

အငယ်ဆုံး ဉာဏ်ကြီးရှင်လေးတွေရဲ့ သင်ယူမှုခရီးလမ်းမှာ
Tickle Right ကို ယုံကြည်ပြီး အတူတကွ
လက်တွဲပေးခဲ့ကြတဲ့ Tickle Parent
တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။

ပန်းလေးတွေ ဝေဆာလှပဖို့ စစိုက်ကတည်းက
သေသေချာချာ မျိုးစေ့ချပြီး ပြုစုပျိုးထောင်ပေးရသလို… 🌱🌸

ကိုယ့်ကလေးလေး အနာဂတ်မှာ
ထူးချွန်အောင်မြင်နိုင်ဖို့အတွက်လည်း
အခုလို လသားအရွယ်လေးကတည်းက
မှန်ကန်တဲ့ အခြေခံအုတ်မြစ်တွေကို
တည်ဆောက်ပေးခဲ့ကြတဲ့ Tickle Parents များရဲ့
ပီတိနဲ့ ရင်ထဲက စကားသံလေးတွေကို Video ထဲမှာ
အတူတူနားဆင်ကြည့်လိုက်ရအောင်နော်။ ❤️

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆)လပဲပေးပါ။


ဘဝရဲ့ပထမဆုံး ခရီးလမ်းကို အောင်မြင်စွာလျှောက်လှမ်းနိုင်ခဲ့တဲ့ 𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 𝐆𝐞𝐦𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှ အငယ်ဆုံး ဥာဏ်ကြီးရှင်လေးများ။...
15/08/2026

ဘဝရဲ့ပထမဆုံး ခရီးလမ်းကို အောင်မြင်စွာလျှောက်လှမ်းနိုင်ခဲ့တဲ့
𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 𝐆𝐞𝐦𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှ အငယ်ဆုံး ဥာဏ်ကြီးရှင်လေးများ။(Part-2)

သေးငယ်တဲ့ ခြေလှမ်းလေးတွေနဲ့ စတင်ခဲ့ပေမဲ့
သင်ယူရင်း၊ ကစားရင်း၊ စူးစမ်းရင်းနဲ့

နေ့ရက်တိုင်းမှာ တဖြည်းဖြည်း တိုးတက်လာခဲ့ကြတဲ့
ကလေးလေးတွေရဲ့ အမှတ်တရခရီးလမ်းလေးဟာ
ဒီနေ့မှာတော့ လှပတဲ့ 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧 𝐌𝐢𝐥𝐞𝐬𝐭𝐨𝐧𝐞 လေးတစ်ခုအဖြစ်
မှတ်တမ်းတင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ 🌱✨

ဒီ𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧လေးဟာ
အတန်းတစ်ခုကို ပြီးမြောက်ခြင်းထက်

ကလေးလေးတွေရဲ့ တိုးတက်လာမှု၊ သင်ယူလိုစိတ်နဲ့
အလားအလာလေးတွေကို ဂုဏ်ပြုတဲ့
အမှတ်တရနေ့လေး တစ်နေ့ဘဲဖြစ်ပါတယ်ရှင်။ 🧠💫

လသား အရွယ်လေးကတည်းက စတင်ခဲ့တဲ့
𝐆𝐞𝐧𝐢𝐮𝐬 𝐆𝐞𝐦𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 ရဲ့ သင်ယူမှုခရီးလမ်းကို
အောင်မြင်စွာ ဖြတ်သန်းပြီး
𝐆𝐫𝐚𝐝𝐮𝐚𝐭𝐞 ဖြစ်သွားကြတဲ့
𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 လေးတွေကို
ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ဂုဏ်ပြုလိုက်ပါတယ်ရှင်။ 💛🎓

ဒီလိုလှပတဲ့ ပညာရေး ခရီးလမ်း အစကောင်းအောင်
အမြဲတမ်း ယုံကြည်ပေးပြီး အားပေးပံ့ပိုးပေးခဲ့ကြတဲ့
ဖေဖေ၊ မေမေတို့ကိုလဲ ကလေးလေးတွေကိုယ်စား
Tickle Right Myanmar မှ
အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ ❤️

🎓🌟 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬, 𝐨𝐮𝐫 𝐥𝐢𝐭𝐭𝐥𝐞 𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬𝐞𝐬!
ဒီခြေလှမ်းလေးကနေ ရှေ့ဆက်ရမဲ့ အံ့ဩဖွယ်ရာ
သင်ယူမှုခရီးလမ်းကြီးတစ်ခုလုံးအတွက်လဲ
Tickle တို့က အမြဲတမ်းလက်တွဲဖို့ အသင့်ရှိနေမှာပါရှင်။

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။

!❤️

အိမ်မှာ ကလေးရဲ့ 'စူးစမ်းလိုစိတ်' ကို နှိုးဆွနိုင်မဲ့ အလွယ်ဆုံး ကစားနည်း (၃) မျိုးဖေဖေ၊ မေမေတို့ရေ … ကိုယ့်ရဲ့ ကလေးလေးက “...
14/08/2026

အိမ်မှာ ကလေးရဲ့ 'စူးစမ်းလိုစိတ်' ကို နှိုးဆွနိုင်မဲ့ အလွယ်ဆုံး ကစားနည်း (၃) မျိုး

ဖေဖေ၊ မေမေတို့ရေ …
ကိုယ့်ရဲ့ ကလေးလေးက “ဒါလေးကဘာလေးလဲ၊
ဒါလေးကဘယ်လုပ်ရတဲ့ဟာလဲ?” လို့ မေးလာတိုင်း

တစ်ခါတလေမှာ
အဖြေကို ပြောပေးလိုက်တာထက်…
“သားသား/မီးမီးကရော ဘယ်လိုထင်လဲ?” လို့

ပြန်မေးပေးလိုက်တာက ကလေးရဲ့
စူးစမ်းလိုစိတ်လေးကို ပိုပြီး နိုးထလာစေပါတယ်ရှင်။ 🔎✨

ဒါတင်မကသေးဘဲ
ဖေဖေ၊ မေမေတို့အနေနဲ့
ကလေးလေးတွေရဲ့ Curiosity ဆိုတဲ့ စူးစမ်းလိုစိတ်လေးကို

အခု Tickle ပြောပြပေးမဲ့
ကစားနည်း (၃) မျိုးနဲ့ အိမ်မှာ နေ့စဉ် အတူတူကစားပေးရင်း
ပျိုးထောင်ပေးလို့ရပါတယ်ရှင်။ 👇✨

၁။ “ဘာထဲမှာရှိလဲ?” 📦
ဒီကစားနည်းလေးကတော့
ခွက် ဒါမှမဟုတ် သေတ္တာလေးထဲမှာ ကစားစရာတစ်ခု ထည့်ပြီး—

👉 “အထဲမှာ ဘာရှိမလဲ?”
👉 “လှုပ်ကြည့်ရင် ဘာသံကြားရလဲ?”
ဆိုပြီး ကလေးလေးတွေကို ခန့်မှန်းခိုင်းရတဲ့
Gameလေးဘဲဖြစ်ပါတယ်ရှင်။

၂။ “ရှာဖွေသူလေး” 🔍

ဒီကစားနည်းလေးကတော့ အိမ်ထဲမှာ အရောင်တစ်မျိုး သတ်မှတ်ပြီး—

👉 “အနီရောင်ပစ္စည်း ၃ ခု ရှာကြမယ်”
👉 “ဘယ်နေရာမှာ တွေ့လဲ?”
ဆိုပြီး ကလေးလေးတွေနဲ့အတူ လိုက်ရှာကြည့်ရုံပါပဲရှင်။ ❤️

၃။ “ဘာဖြစ်မလဲ?” 🔎

ဒီကစားနည်းလေးကတော့ ရေတစ်ခွက်ထဲကို
ဇွန်း၊ ခဲတံ၊ အရုပ်လေး စတဲ့ ပစ္စည်းအမျိုးမျိုးကို
တစ်ခုချင်းစီ ထည့်ကြည့်ပြီး—

👉 “ဒါလေးကို ရေထဲထည့်ရင် ဘာဖြစ်မယ်ထင်လဲ?”
👉 “ပေါ်နေမလား၊ နစ်သွားမလား?”
ဆိုပြီး ကလေးလေးတွေကို အရင်ခန့်မှန်းခိုင်းလိုက်ပါ။ 💧

ပြီးရင်တော့ ဖေဖေ၊ မေမေတို့နဲ့အတူ
ကိုယ်တိုင်စမ်းကြည့်ပြီး အဖြေကို ရှာဖွေရတဲ့ Gameလေးဘဲဖြစ်ပါတယ်ရှင်။

ဒီကစားနည်းလေးတွေကတော့ လွယ်ကူပြီး
အိမ်မှာ ကလေးလေးတွေအတူကစားပေးရုံနဲ့
ကလေးရဲ့ Curiosity လေးကို မြှင့်တင်ပေးနိုင်ပါတယ်ရှင်။

ဖေဖေ၊မေမေတို့ရော
ဒီ (၃) မျိုးထဲက ဘယ်ကစားနည်းကို
ကလေးနဲ့အတူ အရင်ဆုံး စမ်းကြည့်ချင်လဲ?
Comment မှာ Tickleတို့ကိုပြောပြခဲ့ပါဦးနော်။ 🥰

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆)လပဲပေးပါ။


ဘဝရဲ့ပထမဆုံး ခရီးလမ်းကို အောင်မြင်စွာလျှောက်လှမ်းနိုင်ခဲ့တဲ့ 𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 𝐆𝐞𝐦𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှ အငယ်ဆုံး ဥာဏ်ကြီးရှင်လေးများ။...
14/08/2026

ဘဝရဲ့ပထမဆုံး ခရီးလမ်းကို အောင်မြင်စွာလျှောက်လှမ်းနိုင်ခဲ့တဲ့
𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 𝐆𝐞𝐦𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှ အငယ်ဆုံး ဥာဏ်ကြီးရှင်လေးများ။(Part-1)

သေးငယ်တဲ့ ခြေလှမ်းလေးတွေနဲ့ စတင်ခဲ့ပေမဲ့
သင်ယူရင်း၊ ကစားရင်း၊ စူးစမ်းရင်းနဲ့

နေ့ရက်တိုင်းမှာ တဖြည်းဖြည်း တိုးတက်လာခဲ့ကြတဲ့
ကလေးလေးတွေရဲ့ အမှတ်တရခရီးလမ်းလေးဟာ
ဒီနေ့မှာတော့ လှပတဲ့ 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧 𝐌𝐢𝐥𝐞𝐬𝐭𝐨𝐧𝐞 လေးတစ်ခုအဖြစ်
မှတ်တမ်းတင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ 🌱✨

ဒီ𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧လေးဟာ
အတန်းတစ်ခုကို ပြီးမြောက်ခြင်းထက်

ကလေးလေးတွေရဲ့ တိုးတက်လာမှု၊ သင်ယူလိုစိတ်နဲ့
အလားအလာလေးတွေကို ဂုဏ်ပြုတဲ့
အမှတ်တရနေ့လေး တစ်နေ့ဘဲဖြစ်ပါတယ်ရှင်။ 🧠💫

လသား အရွယ်လေးကတည်းက စတင်ခဲ့တဲ့
𝐆𝐞𝐧𝐢𝐮𝐬 𝐆𝐞𝐦𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 ရဲ့ သင်ယူမှုခရီးလမ်းကို
အောင်မြင်စွာ ဖြတ်သန်းပြီး
𝐆𝐫𝐚𝐝𝐮𝐚𝐭𝐞 ဖြစ်သွားကြတဲ့
𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 လေးတွေကို
ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ဂုဏ်ပြုလိုက်ပါတယ်ရှင်။ 💛🎓

ဒီလိုလှပတဲ့ ပညာရေး ခရီးလမ်း အစကောင်းအောင်
အမြဲတမ်း ယုံကြည်ပေးပြီး အားပေးပံ့ပိုးပေးခဲ့ကြတဲ့
ဖေဖေ၊ မေမေတို့ကိုလဲ ကလေးလေးတွေကိုယ်စား
Tickle Right Myanmar မှ
အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ ❤️

🎓🌟 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬, 𝐨𝐮𝐫 𝐥𝐢𝐭𝐭𝐥𝐞 𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬𝐞𝐬!
ဒီခြေလှမ်းလေးကနေ ရှေ့ဆက်ရမဲ့ အံ့ဩဖွယ်ရာ
သင်ယူမှုခရီးလမ်းကြီးတစ်ခုလုံးအတွက်လဲ
Tickle တို့က အမြဲတမ်းလက်တွဲဖို့ အသင့်ရှိနေမှာပါရှင်။

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။

!❤️

13/08/2026

ဒီနေ့ခေတ်မှာ ကိုယ့်ကလေးကို
ခြေနှစ်လှမ်းသာအောင် ပျိုးထောင်ဖို့လိုနေပါပြီ..

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ
AI က စာရေးပေးနိုင်တယ်၊ တွက်ချက်ပေးနိုင်တယ်၊
အချက်အလက်တွေ ရှာပေးနိုင်ပါတယ်…

ဒါပေမဲ့
ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို AI ထက်
ပိုတန်ဖိုးရှိစေမယ့်အရာတွေက ဘာတွေလဲ?

နည်းပညာကို အသုံးပြုပြီး
ထူးချွန်လာတဲ့ကလေးနဲ့အရာရာကိုစူးစမ်းလေ့လာပြီး
ထက်မြတ်လာတဲ့ကလေးနဲ့ ဘာကွာလဲ?

နည်းပညာကို အလွန်အကျွံ အသုံးမပြုပဲ
ကိုယ်တိုင်စူးစမ်းလေ့လာပြီးတိုးတတ်လာစေဖို့
ဘယ်လိုမျိုးလေ့ကျင့်ပေးရမလဲဆိုတာကို
𝐓𝐢𝐜𝐤𝐥𝐞 𝐑𝐢𝐠𝐡𝐭 𝐌𝐲𝐚𝐧𝐦𝐚𝐫ရဲ့
𝐂𝐞𝐧𝐭𝐫𝐞 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 ဖြစ်တဲ့
𝐃𝐫. 𝐌𝐢𝐞 𝐌𝐢𝐞 𝐌𝐚𝐮𝐧𝐠 𝐌𝐚𝐮𝐧𝐠 က
ပြောပြပေးသွားမှာဖြစ်လို့
Videoလေးကို
အဆုံးထိကြည့်ပြီး Tickleတို့ရဲ့ Pageလေးကို
Like & Followလေးလုပ်ခဲ့ဖို့မမေ့နဲ့အုံးနော်
ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။



နည်းပညာခေတ်မှာ ကိုယ့်ကလေးတွေ ရှေ့ဆုံးရောက်ဖို့ စာတော်နေရုံနဲ့ မလုံလောက်တော့ဘူးဆိုတာ ဖေဖေမေမေတို့ သိပြီးပြီလား? 👀အခုချိန်...
13/08/2026

နည်းပညာခေတ်မှာ ကိုယ့်ကလေးတွေ ရှေ့ဆုံးရောက်ဖို့
စာတော်နေရုံနဲ့ မလုံလောက်တော့ဘူးဆိုတာ
ဖေဖေမေမေတို့ သိပြီးပြီလား? 👀

အခုချိန်မှာ 𝐀𝐈 𝐓𝐨𝐨𝐥𝐬 တွေက
စာစီစာကုံးလည်း ရေးတတ်တယ်၊
Code လည်း ရေးတတ်သလို၊
မေးသမျှကိုလည်း ချက်ချင်းဖြေပေးနိုင်နေပြီလေ။

ဒီတော့ ကလေးရဲ့ အနာဂတ်အတွက်
"စာတွေ တော်မှ၊ ပါရမီတွေ ရှာတွေ့မှ" ဆိုတဲ့
အစဉ်အလာ တွေးခေါ်မှုတွေထက်...

ကလေးတွေကို 𝐀𝐈ထက် ပိုတော်အောင်
ပျိုးထောင်ပေးဖို့က ပိုအရေးကြီးလာပါပြီ။

ဒီအတွက် အဖြေက ရှင်းရှင်းလေးပါပဲ၊
ကိုယ့် ကလေးတွေ 'မေးခွန်းကောင်းတွေ မေးတတ်ဖို့' ပါ။

ဒီလို မေးခွန်းကောင်းတွေမေးတတ်ဖို့
နည်းပညာခေတ်ကြီးကို အေးဆေး ဖြတ်သန်းနိုင်ဖို့
ကလေးတွေဆီမှာ မရှိမဖြစ် လိုအပ်တဲ့ စွမ်းရည် (၂) ခုပဲ ရှိပါတယ်။

🎓 သင်ယူချင်စိတ် ( 𝐋𝐢𝐟𝐞𝐥𝐨𝐧𝐠 𝐋𝐨𝐯𝐞 𝐟𝐨𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 )

🔎 စူးစမ်းလေ့လာလိုစိတ် ( 𝐂𝐮𝐫𝐢𝐨𝐬𝐢𝐭𝐲 )

ဥပမာလေးနဲ့ Tickle ပြောရမယ်ဆို
𝐀𝐈 ဆိုတာ လမ်းကြောင်းတွေ အကုန်သိနေတဲ့
Google Maps ကြီးတစ်ခုလိုပါပဲ ဖေဖေ၊ မေမေတို့။ 🗺️

ဒါပေမဲ့ ကလေးဆီမှာ 'ငါ ဘယ်ကိုသွားချင်တာလဲ၊
ဘာလို့ သွားချင်တာလဲ' ဆိုတဲ့ စူးစမ်းချင်စိတ် မရှိရင်
အဲ့ဒီ 𝐀𝐈 ကြီးက ဘာမှ အသုံးမဝင်တော့ပါဘူး။

ကလေးက 'ဒါက ဘာလို့ ဒီလိုဖြစ်တာလဲ' ဆိုတာကို
သိချင်နေသရွေ့၊ အသစ်အသစ်တွေကို လေ့လာချင်နေသရွေ့...

သူက 𝐀𝐈 ကြောင့်
နောက်ကောက် ကျန်ခဲ့မဲ့ သူ မဟုတ်ဘဲ၊
𝐀𝐈 ကို လက်နက် Power တစ်ခုလို သုံးပြီး ကိုယ့်ဘဝကို
Level Up လုပ်သွားမဲ့ သူ သေချာပေါက် ဖြစ်လာမှာပါ။ 🚀

ဒီလိုအရေးကြီးတဲ့ 𝐒𝐤𝐢𝐥𝐥 𝟐 ခုကို ဘယ်လိုမျိုး
အခြေခိုင်အောင် ပျိုးထောင်ပေးသွားရမလဲ
ဆိုတာသိချင်တယ်ဆိုရင်တော့ အခုပဲ “𝟐” လို့ ရေးခဲ့လိုက်ပါ ။

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆)လပဲပေးပါ။



Address

90 C, Kabar Aye Pagoda Road, Inside Shwe Naing Gan Printing House Compound, Bahan Township
Yangon
11201

Opening Hours

Monday 08:00 - 23:30
Tuesday 08:00 - 23:30
Wednesday 08:00 - 23:30
Thursday 08:00 - 23:30
Friday 08:00 - 23:30
Saturday 08:00 - 23:30
Sunday 08:00 - 23:30

Telephone

+959409000277

Alerts

Be the first to know and let us send you an email when Tickle Right Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Tickle Right Myanmar:

Shortcuts

Share