My Teachers

My Teachers My Teachers Education Center is providing education services according to township.

23/05/2021

ပညာသင်ကြားမှုကိုအဆက်မပြတ်ချင်သောမိဘများအတွက် My Teachers Education Service မှ မိဘများ‌ေရွးချယ်မှုအလိုက် တစ်ဦးချင်းဝိုင်း ၊ငါးယောက်sectionဝိုင်းအစရှိသဖြင့် သင်ယူနိုင်ပါတယ်ရှင့်။ သင်ကြားရေးနယ်ပယ်မှာလက်ရှိတာဝန်ထမ်းဆောင်နေသော တီချယ်များနှင့်ချိတ်ဆတ်ပေးနေပါပြီရှင်။

13/01/2021

ဖေဖေမေမေများနဲ့ သားသားမီးမီးတို့‌အားလုံးပဲ မင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ My Teachers ကနေပြီး မြန်မာ ဗျည်းအက္ခရာများ မှန်မှန်ကန်ကန် အသံထွက်ရွတ်ဆိုနည်းလေး ကို ပြောပြပေးထားပါ‌တယ်နော်။ သားသားမီးမီးတို့လည်း ကြည့်ပြီး အလွယ်တကူလိုက်ရွတ်ဆိုလို့ရတယ်နော်။ ထပ်မံ၍လည်း သင်ကြားရေး video လေးတွေကို အများကြီး ထပ်တင် ပေးသွားမှာဖြစ်တဲ့အတွက် ကျွန်မတို့ My Teachers Page လေးကို like & follow လေး ပြုလုပ်ပေးထားပါနော်။ ကျေးဇူးတင်ပါတယ်ရှင့်🥰။

05/01/2021

ဖေဖေမေမေများနဲ့ သားသားမီးမီးတို့‌အားလုံးပဲ မင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ My Teachers ကနေပြီး ပုံပြင်လေးတစ်ပုဒ်ကို ပြောပြပေးထားပါ‌တယ်နော်။ သားသားမီးမီးတို့အားလုံး ကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်ရှင့်❣️။ နောက်ထပ် သင်ကြားရေး video လေးတွေကို အများကြီး ထပ်တင် ပေးသွားမှာဖြစ်တဲ့အတွက် ကျွန်မတို့ My Teachers Page လေးကို like & follow လေး ပြုလုပ်ပေးထားပါနော်။ ကျေးဇူးတင်ပါတယ်ရှင့်🥰။

17/08/2020

အခြေခံပညာကျောင်းများ သင်ပြီးသလောက်သာ စာမေးပွဲ စစ်မည်
(၁၀ ရက်စာသင်ရရင် ၁၀ ရက်စာပဲ စစ်မည်ဟုဆို)

ကျောင်းဖွင့်ချိန် နောက်ကျ၍ အခြေခံပညာကျောင်း များတွင် စာမေးပွဲစစ်ဆေးခြင်း များကို စာသင်ကြားသလောက် သာ စစ်ဆေးမေးမြန်းမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရပါတယ်။

စာမေးပွဲဆိုတာ ဒီခေတ် မှာတော့ အရေးမကြီးတော့ ပါဘူး။ စာမေးပွဲထက်စာလို့ရှိရင် ကလေးက တကယ်တတ်သွားတဲ့ဟာကိုပဲ လိုချင်တာပေါ့။ မတတ်ဘဲနဲ့ စာမေးပွဲအောင်ဖို့ပဲ လုပ်ခဲ့တာဟာ နှစ်ပေါင်းများစွာကြာခဲ့တဲ့ အခါကြတော့ မလိုလားအပ်ဘဲနဲ့ကျူရှင် တွေဘာတွေအများကြီးဖြစ်သွား တာပေါ့။ ဒါကြောင့် ဒီနောက်ပိုင်း ပညာရေးစနစ်က ကျူရှင်စနစ်မလိုလောက်အောင် ပေးထားတဲ့ ပညာရေးစနစ်ဖြစ်တာပေါ့။ စာမေးပွဲကိုဦးမတည်ပါဘူး။ ကျောင်းသူ၊ကျောင်းသားတွေကို C လေးလုံးပေါ့။၂၁ရာစု ကျွမ်းကျင်မှုတွေပဲရအောင် သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းဖွင့်တာ နောက်ကျလည်းပဲ ဘာမှပူစရာမလိုဘူး။ အဓိကတော့ ၁ ရက် သင်ခွင့်ရရင်ကိုပဲ ၁ ရက် ကလေးတွေအတွက် အကျိုးရှိတယ်လေ။

အဲဒီသဘောမျိုးနဲ့သွားတာဖြစ်ပါတယ်။ စာမေးပွဲကတော့ ဆယ်ရက် စာသင်ရင် ဆယ်ရက်စာပဲ မေးမှာပေါ့။ တစ်လ စာသင်ရင် တစ်လစာပဲ မေးမှာပေါ့လို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။

အခြေခံပညာကျောင်းများတွင် ကျောင်းတွင်း စာမေးပွဲစစ်ဆေးခြင်းကို တစ်နှစ်လျှင် လေးကြိမ်စစ်ဆေးမေးမြန်းပြီး အထက်တန်း အဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရာတွင် စာမေးပွဲလေးကြိမ် ပြည့်မှီအောင်ဖြေဆိုထားရန် လိုအပ်ကြောင်းသိရပါတယ်။

လက်ရှိတွင် အခြေခံပညာအထက်တန်း အဆင့်ကျောင်းပေါင်း ၃၀၀၀ ကျော်ဖွင့်လှစ်ရန်ကျန်ရှိနေပြီး စက်တင်ဘာလ အတွင်းတွင် အခြေခံပညာအလယ်တန်း အဆင့်ကျောင်း များကို အစိုးရသက်မှတ်ချက် covid 19ကပ်ရောဂါ ကာကွယ်ရေး အချက် ၈၀ ပြည့်မှီကိုက်ညီမှသာဖွင့်လှစ် ခွင့်ပေးမည်ဖြစ်ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း လေးသောင်းကျော် ဆရာ၊ဆရာမ လေးသိန်းကျော်ရှိကြောင်းသိရပါတယ်။

Credit. Hot News Myanmar.

အခုလို ကျွန်မတို့၏ My Teachers အား ယုံကြည်စွာဖြင့် ဆယ်သွယ်အပ်နှံပေးပါသော မိဘများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်💖
06/08/2020

အခုလို ကျွန်မတို့၏ My Teachers အား ယုံကြည်စွာဖြင့် ဆယ်သွယ်အပ်နှံပေးပါသော မိဘများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်💖

06/08/2020

အောင်စာရင်း ထုတ်ပြန်မည့် Link လေးပါရှင့်။ ကျောင်းသူကျောင်းသားများ အားလုံး ကံ‌ကောင်းပြီး ပျော်ရွင်နိုင်ကြပါစေလို့ My Teachers မှ ဆုတောင်းပေးလိုက်ပါတယ်💖

၂၀၂၀ ပြည့်နှစ် - တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း - Examinations Results 2020

အခုလို ကျွန်မတို့ရဲ့ My Teachers ကိုယုံကြည်စွာ အပ်နှံပေးသည့် မိဘများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်‌ရှင့်😍
06/08/2020

အခုလို ကျွန်မတို့ရဲ့ My Teachers ကိုယုံကြည်စွာ အပ်နှံပေးသည့် မိဘများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်‌ရှင့်😍

26/07/2020

ဆယ်တန်း အောင်ချက် (၃၈%)ပါ
အောင်စာရင်းကို ဩဂုတ် လ(ပ+ဒု)ပါတ် (၈/၁၅)ရက်မှာ ထုတ်ပြန်မည် ဟု Dr.တင်မောင်ဝင်း ကပြောကြားထားပါသည်။

09/07/2020

ဖေဖေမေမေများနဲ့ သားသားမီးမီးတို့‌အားလုံးပဲ မင်္ဂလာပါရှင့်☺️။ ကျွန်မတို့ရဲ့ My Teachers မှ ပထမဆုံးအနေနဲ့ craft video လေးကိုမိတ်ဆက်ပြီးပြီဖြစ်ပါတယ်ရှင့်😍။ ခုထပ်တင်ပေးမယ့် video လေးကတော့ KG စနစ်သစ်သင်ရိုးတွင်ပါ၀င်သော ဆင်နဲ့မျောက်🐘🐒 ပုံပြင်လေးပဲဖြစ်ပါတယ်ရှင့်။ ဒီပုံပြင်လေးကိုတော့ ကျွန်မတို့ My Teachers မှ တီချယ်‌များက ကလေးများစိတ်၀င်စား‌စေရန် puppet show ပုံစံနဲ့ တင်ပြထားပါတယ်ရှင့်❤️။ သားသားမီးမီးတို့အားလုံး ကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်ရှင့်❣️။ ဖေဖေမေမေတို့လည်း ကြိုက်နှစ်သက်သည်ဆိုပါက like and share လေးပြုလုပ်ပေးလို့ရပါတယ်ရှင့်😍။ကျေးဇူးပါရှင့်🥰။

Address

Yangon

Telephone

+959795361155

Website

Alerts

Be the first to know and let us send you an email when My Teachers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to My Teachers:

Shortcuts

Share

Category