My Korean Archive

My Korean Archive Learn & Grow Together! Yonsei Korean, TOPIK-2

제109회 TOPIK ဖောင်တင်ပြီးတဲ့ သူတွေက August 20 ကနေ August 23 အတွင်း စာမေးပွဲကြေးသွင်းဖို့သွားတဲ့အခါ ဖောင်တင်ပြီးကြောင်း  လ...
15/08/2026

제109회 TOPIK ဖောင်တင်ပြီးတဲ့ သူတွေက August 20 ကနေ August 23 အတွင်း စာမေးပွဲကြေးသွင်းဖို့သွားတဲ့အခါ ဖောင်တင်ပြီးကြောင်း လက်မှတ်ကို print ထုတ်သွားဖို့ လိုပါတယ်။

print နဲ့ မဟုတ်ရင် လက်မခံပေးကြောင်း ကြေညာတုန်းက ပြောထားတာမို့ သေချာပြင်ဆင်သွားကြပါ 여러분~

Print ထုတ်နည်း အသေးစိတ်ကို အောက်မှာ ပုံနဲ့ တကွပြပေးထားပါတယ်။

안녕하세요? 제109회 토픽 시험 ဖောင်တင်ထားတဲ့သူများ ကိုယ့်ရဲ့ TOPIK အကောင့်မှာ ဖြည့်ထားတဲ့ အချက်အလက် မှန်လား သေချာ ပြန်စစ်ကြပါ 여러분 ....
13/08/2026

안녕하세요?

제109회 토픽 시험 ဖောင်တင်ထားတဲ့သူများ ကိုယ့်ရဲ့ TOPIK အကောင့်မှာ ဖြည့်ထားတဲ့ အချက်အလက် မှန်လား သေချာ ပြန်စစ်ကြပါ 여러분 .

နာမည်ဖြည့်တဲ့အခါ မြန်မာနာမည်ကို ကိုရီးယားအသံထွက်နဲ့ရေးပေးရမှာဖြစ်ပြီး ဓာတ်ပုံကလည်း သတ်မှတိထားတဲါအတိုင်းထည့်ပေးရမှာမို့ ဖောင်တင်လို့ရတဲ့ ကာလအတွင်းမှာ ပြင်ပေးကြပါ 여러분

TOPIK-2 속담 (proverb) စကားပုံ Part(4)TOPIK Level 4 target ထားသူများ မဖြစ်မနေ သိထားရမည့် ဆိုရိုးစကားများ Reading No.21~22 ...
06/08/2026

TOPIK-2 속담 (proverb) စကားပုံ Part(4)

TOPIK Level 4 target ထားသူများ မဖြစ်မနေ သိထားရမည့် ဆိုရိုးစကားများ

Reading No.21~22 . 레시피 어휘. Topik2 vocabulary .

TOPIK-2 속담 (proverb) စကားပုံ Part(4)TOPIK Level 4 target ထားသူမျာ...

📣TOPIK Myanmar website က ၁၁ လပိုင်း စာမေးပွဲအတွက် အသေးစိတ်ကြေညာပေးထားပါတယ် 📣👇👇👇၂၀၂၆ခုနှစ် (၁၀၉) ကြိမ်မြောက် ကိုရီးယားအရည...
04/08/2026

📣TOPIK Myanmar website က ၁၁ လပိုင်း စာမေးပွဲအတွက် အသေးစိတ်ကြေညာပေးထားပါတယ် 📣
👇👇👇

၂၀၂၆ခုနှစ် (၁၀၉) ကြိမ်မြောက် ကိုရီးယားအရည်ချင်းစစ်စာမေးပွဲ(TOPIK) ကြေငြာချက်

(၁၀၉)ကြိမ်မြောက် ကိုရီးယားအရည်ချင်းစစ်စာမေးပွဲ(TOPIK)ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။

၁။ စာမေးပွဲကျင်းပချိန်
၂၀၂၆ခုနှစ် နိုဝင်ဘာလ ၁၅ရက်(တနင်္ဂနွေနေ့) နံနက် ၉း၄၀ မှ ၁၆း၂၀ အထိ
TOPIK Ⅰ : နံနက်ပိုင်း / TOPIK Ⅱ : နေ့လယ်ပိုင်း

၂။ စာမေးပွဲ ကျင်းပမည့်နေရာ (၂၀၂၆ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့)
ရန်ကုန်တက္ကသိုလ် (Kamayut Campus, Hlaing Campus)

၃။ စာမေးပွဲလျှောက်လွှာတင်ခြင်း
▷ (၁၀၉)ကြိမ်မြောက်မှစ၍ စာမေးပွဲလျှောက်လွှာကို ကိုယ်တိုင်လာရောက်တင်ရန်မလိုဘဲ Myanmar TOPIK website (https://www.topik-myanmar.com) မှတစ်ဆင့် လျှောက်ထားရပါမည်။
https://www.topik-myanmar.com တွင် စာမေးပွဲလျှောက်လွှာ ဖြည့်သွင်းလျှောက်ထားရမည့်နေ့ရက်
--> ဩဂုတ်လ (၄)ရက်နေ့တွင် ကိုရီးယားသံရုံးမှ ကြေညာပေးလျှင် ပထမဆုံး Myanmar TOPIK websiteတွင် အကောင့်ဖွင့်ခြင်း (Membership လျှောက်ထားခြင်း)ကို မဖြစ်မနေ လုပ်ဆောင်ရပါမည်။
--> Membershipကို လျှောက်ထားပြီးသူများမှာ ဩဂုတ်လ (၁၃)ရက်နေ့မှစ၍ (၁၆)ရက်နေ့အတွင်း စာမေးပွဲလျှောက်လွှာကို အထက်ပါ website တွင် ထပ်မံ လျှောက်ထားရပါမည်။

▷ စာမေးပွဲကို လျှောက်ထားနိုင်သည့် လူဦးရေကို သတ်မှတ်ထားပါသည်။

TOPIK 1: ၂၉၁၀ ဦးအထိ

TOPIK 2: ၂၉၁၀ ဦးအထိ

▷ ခုံနံပါတ်ကို စာမေးပွဲကြေးသွင်းပြီးလျှင် စက်တင်ဘာလကုန် တွင် Myanmar TOPIK websiteမှတစ်ဆင့် ပြန်လည်ကြေညာပေး မည် ဖြစ်ပါသည်။

▷ ၁၀၉ကြိမ်မြောက် စာမေးပွဲ ဖြေဆိုမည့် ရက်(နိုဝင်ဘာလ ၁၅ရက်) မတိုင်မီ ၂ပတ်အလိုတွင် Korea TOPIK ရုံးချုပ်ဝက်ဆိုက်ဒ် (http://www.topik.go.kr)၌ မိမိ၏ စာမေးပွဲ ဖြေဆိုခွင့်ကဒ်ကို ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

▷ TOPIK စာမေးပွဲ Online လျှောက်လွှာဖြည့်စွက်ရာတွင် အမည်(အင်္ဂလိပ်စာလုံးပေါင်းအကြီးဖြင့်သာ)၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာများကို တိကျမှန်ကန်စွာ ဖြည့်စွက်ရန် လိုပါသည်။

▷ တိကျမှန်ကန်မှုမရှိသော အချက်အလက်များကြောင့် အကြောင်းအရာ တစ်စုံတစ်ခု ပေါ်ပေါက်လာပါက လျှောက်လွှာတင်သူ၏ တာဝန်သာဖြစ်ကြောင်းကို အသိပေးအပ်ပါသည်။ (ဖြေဆိုသူကိုယ်တိုင် လျှောက်ထားရမည်ဖြစ်ပြီး၊ သင်တန်းကျောင်း သို့မဟုတ် အေဂျင်စီမှ လျှောက်ထားစဉ် ထည့်သွင်းထားသော အချက်အလက်များ မှားယွင်းမှုရှိပါက ယင်းအတွက် နစ်နာမှုများသည် ဖြေဆိုသူ၏ တာဝန်သာဖြစ်ပါသည်။)

★ online formဖြင့် လျှောက်တင်ပြီးသည့် သူများသည် စာမေးပွဲ‌ကြေး USD25ကို ငွေသား ဖြင့် ကိုယ်တိုင်(သို့) ကိုယ်စားလာ‌ရောက်ပေး သွင်းရပါမည်။

★ ထို့ပြင် စာမေးပွဲ‌ကြေးလာသွင်းချိန်တွင် ဖော်ပြထားသော ဖောင်ကို printထုတ် ယူဆောင်လာရပါမည်။

# ဖောင်ကို စာရွက်ဖြင့် printထုတ် ယူဆောင်လာခြင်းမရှိပါက လက်ခံပေးမည် မဟုတ်ပါ။

▷ စာမေးပွဲကြေးကို ပေးသွင်းရမည့် နေ့ရက်နှင့် နေရာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
နေ့ရက် : ၂၀၂၆ခုနှစ် ဩဂုတ်လ (၂၀)ရက်နေ့ မှ (၂၃)ရက်နေ့ အထိ
နေရာ : ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် ခန်းမ (ကမာရွတ်နယ်မြေ - လှည်းတန်းအနီးအနား)

▷ လျှောက်တင်ရမည့် အချိန်နှင့် သတိပြုရန်အချက်များ
- နံနက် (၁၀)နာရီမှ နေ့လယ် (၁၂း၃၀) အထိ, နေ့လယ် (၂)နာရီမှ (၅)နာရီအထိ
(နေ့လယ်စာ နားချိန် (၁၂) နာရီခွဲ မှ (၂) နာရီအထိ)

▷ စာမေးပွဲကျင်းပသည့်မြို့တွင် နေထိုင်သူများသည် မိမိကိုယ်တိုင် လာရောက်ပေးသွင်းရန်။

▷ စာမေးပွဲကျင်းပသည့်မြို့အပ နယ်ဝေးမှ ကိုယ်စားလှယ်ဖြင့် ပေးသွင်းလိုပါက မိသားစု(သို့)ဆွေမျိုး၊ အသိမိတ်ဆွေသာ လက်ခံပါမည်။
(စာမေးပွဲဖြေဆိုသူ၏ မှတ်ပုံတင်(မိတ္တူ)နှင့် ကိုယ်စား တင်ပေးသူ၏ မှတ်ပုံတင်မူရင်း လိုပါသည်။ )

▷ စာ‌မေးပွဲကြေးပေးသွင်းမည့်သူမှ အပ ကျောင်းအတွင်း ဝင်ရောက်ခြင်းကို ခွင့်မပြုပါ။
- (မှတ်ပုံတင်NRC Card ၊ ယာဥ်မောင်းလိုင်စင်၊ ပတ်စ်ပို့)ဖြင့်သာလျှင် စာမေးပွဲကြေးသွင်းနိုင်ပါသည်။
- အထက်ပါ သက်သေခံကတ်များမရှိပါက ရပ်ကွက်(သို့)ရဲစခန်း ထောက်ခံစာ၊ အိမ်ထောင်စုစာရင်းကို ယူဆောင်လာရပါမည်။ မှတ်ပုံတင်မပါပါက ကျောင်းထဲ ဝင်ခွင့်မပြုပါ။

▷ စာမေးပွဲကြေး
- 25 USD (စာမေးပွဲကြေးကို ဒေါ်လာဖြင့်သာ လက်ခံမည် ဖြစ်ပါသည်။ လျှောက်လွှာမတင်မီ ကြိုတင် လဲလှယ်ထားရမည် ဖြစ်ပြီး လျှောက်လွှာ လက်ခံသည့်နေရာတွင် လုံးဝ လဲလှယ်ပေးမည် မဟုတ်ပါ။ ဒေါ်လာအကြွေပြန်အမ်းပေးပါမည်။‌)

၄။ အခြား အကြောင်းအရာများ
※ စာမေးပွဲနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန်
- Tel : 09) 968862300 / Email: [email protected]

▷ မေးမြန်းစုံစမ်းလက်ခံသည့် အချိန်(မနက်၁၀နာရီမှ ညနေ၄နာရီထိ)သာ ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

▷ စာမေးပွဲနှင့် ပတ်သက်သည့် အချက်အလက်
- MYANMAR TOPIK ဝက်ဆိုက်ဒ် (https://www.topik-myanmar.com)

ကျေးဇူးတင်ပါသည်။

29/07/2026

Noun으로서/로서

28/07/2026

Verb 음/ㅁ으로써
Noun 으로써/로써

“စာလုံးပေါင်းနဲ့ 띄어쓰기 မှန် မမှန်ဘယ်လို စစ်ရမလဲ”안녕하세요?!ဒီနေ့တော့ ကိုယ်ရေးထားတဲ့ စာတွေ ဘယ်လို ပြန်စစ်ရမလဲဆိုတာလေးနဲ့ ပတ်သက...
15/07/2026

“စာလုံးပေါင်းနဲ့ 띄어쓰기 မှန် မမှန်ဘယ်လို စစ်ရမလဲ”

안녕하세요?!

ဒီနေ့တော့ ကိုယ်ရေးထားတဲ့ စာတွေ ဘယ်လို ပြန်စစ်ရမလဲဆိုတာလေးနဲ့ ပတ်သက်ပြီး sharing လုပ်ပေးပါမယ်။

ကိုရီးယားလေ့လာနေတဲ့ သူတိုင်း NAVER application ကို သိကြမှာပါ။ မရှိသေးရင်တော့အောက်မှာ application လေး အရင် download လုပ်ပါနော်။

Naver application က ကိုရီးယားရဲ့ Facebook ဆိုလည်း မမှားပါဘူး။ ကိုရီးယားနဲ့ ပတ်သက်ပြီး တစ်ခုခု သိချင်ရင် အဲ့မှာ ဝင်ရှာလို့ရပါတယ်။

- စားသောက်ဆိုင် review
- တစ်နေရာရာ သွားဖို့ လမ်းညွှန်
- Dictionary
- Webtoon
- News
- ကျောင်းနဲ့ ပတ်သက်တဲ့ information
- အဲ့ကျောင်းရဲ့ ranking က အစ အကုန်ရှာလို့ ရတာမို့ ကိုရီးယားစာလေ့လာနေတဲ့ သူဆို ဒီapplication ကိုလည်း သုံးတတ်နေဖို့လိုပါတယ်။

စာလုံးပေါင်းနဲ့ 띄어쓰기 မှန် မမှန် စစ်ပုံစစ်နည်း အသေးစိတ်ကို တစ်ပုံချင်းစီမှာ ရှင်းပြပေးထားပါတယ်

10/07/2026

📣📣📣

한국어능력시험(TOPIK) 미얀마 시행 공식 안내·접수 사이트. 주미얀마 대한민국 대사관 운영.

ပြီးခဲ့တဲ့ မေလမှာ ကျင်းပခဲ့တဲ့ (106) ကြိမ်မြောက် TOPIK-2 စာမေးပွဲ ရလဒ်လေးတွေပါ 😍😍 ၁၀လပိုင်း ၁၁ လပိုင်းအတွက်လည်း အတန်းတွေ...
26/06/2026

ပြီးခဲ့တဲ့ မေလမှာ ကျင်းပခဲ့တဲ့ (106) ကြိမ်မြောက် TOPIK-2 စာမေးပွဲ ရလဒ်လေးတွေပါ 😍😍

၁၀လပိုင်း ၁၁ လပိုင်းအတွက်လည်း အတန်းတွေ စနေပြီမို့ လာမဲ့ စာမေးပွဲအတွက်လည်း အခုကတည်း ပြင်နေကြပါပြီ 💪

အောင်စာရင်း ကြည့်ပြီးလို့ results လေးတွေ သိရရင်လည်း လာပို့ပေးကြပါဦးနော် 여러분 ❤️ မကြည့်ရသေးရင်လည်း တီချယ့်ကို လာဆက်သွယ်လို့ရပါတယ်ရှင့်

~~~~~~~~~~~~~
📍YouTube : www.youtube.com/
📍 Facebook : https://www.facebook.com/mykoreanarchive
📍Telegram :
📍TikTok : www.tiktok.com/.korean.archive
~~~~~~~~~~~~~

#토픽 #말하기 #토픽합격레시피

မနက်ဖြန် ❤️
24/06/2026

မနက်ဖြန် ❤️

(၁၀၆)အကြိမ်မြောက် TOPIK စာမေးပွဲ အောင်လက်မှတ် ထုတ်ယူခြင်း

제106회 토픽 시험 성적증명서 출력
(* လက်ကိုင်ဖုန်းများဖြင့် ပရင့်ထုတ်၍ မရပါ။ Laptop(သို့) Desktop ဖြင့်သာ ပရင့်ထုတ်၍ ရပါသည်။)
(* 핸드폰으로 출력 불가, 노트북 또는 데스크 탑 만 출력 가능)

*** (၁၀၆) ကြိမ်မြောက် TOPIK စာမေးပွဲအောင်လက်မှတ်ကို (၆)လပိုင်း(၂၅)ရက်နေ့မှစ၍ ထုတ်ယူ ရရှိနိုင်ပါသည်။ ဤအကြိမ်မှစ၍ အချက်အလက်များပြောင်းလဲပြင်ဆင်ခြင်းကို ပြုလုပ်ပေးမည် မဟုတ်ပါ။
*** 제106회 한국어능력평가 성적증명서는 6월 25일부터 출력이 가능합니다. 금번부터 정보정정신청은 불가합니다.

(၁) ဝက်ဆိုဒ် https://www.topik.go.kr/TWMAIN/TWMAIN0010.do သို့ သွားရောက်ပြီး အထက်ပါ ခေါင်းစဉ်များမှ [성적 확인]ကို ရွေးပေးပါ။
1. 웹사이트 주소 https://www.topik.go.kr/TWMAIN/TWMAIN0010.do 에 들어가서 [성적 확인]란을 클릭하세요.

(၂) [비회원 시험정보] မှ စာမေးပွဲ အမှတ်စဉ်၊ ခုံအမှတ်၊ မွေးနှစ်လရက် များကို မှန်ကန်စွာ ထည့်သွင်း၍ 검색 ကို နှိပ်ပေးပါ။
2. [비회원 시험정보]에서 시험회차, 수험번호, 생년월일을 기입하고 검색을 클릭하세요.

(၃) Screen ၏ အောက်ဘက်ခြမ်းမှ [성적확인 조회결과] မှ 출력 ကို နှိပ်ပါ။
3. 스크린 아래 [성적확인 조회결과]에서 [출력]을 클릭하세요.

(၄) ePageSAFER (위변조 방지 솔루션) ပရိုဂရမ် ထည့်သွင်းပေးရမည်ဆိုပါက 다운로드 ကို နှိပ်ပေးပါ။
4. 위변조 방지솔루션 프로그램을 설치해야 하므로 [다운로드]를 클릭하세요.

(၅) ပရိုဂရမ် ထည့်သွင်းပြီးပါက စာမေးပွဲ အောင်လက်မှတ် Preview မှာ အလိုလို ပွင့်လာမည် ဖြစ်သည်။
5. 프로그램 설치 후 성적증명서 미리보기를 열어 확인할 수 있습니다.

(၆) စာမေးပွဲ အောင်လက်မှတ် Preview ပေါ်လာပါက ဘယ်ဘက်ထောင့် ရှိ print ကို နှိပ်ပါ။
6. 성적증명서 출력 미리보기 왼쪽 하단에 있는 (인쇄)를 클릭하세요.

Address

Yangon

Alerts

Be the first to know and let us send you an email when My Korean Archive posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to My Korean Archive:

Shortcuts

Share