17/04/2026
နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောပြီး နှစ်သစ်ကို ကုသိုလ်အထုံလေးတွေနဲ့ စတင်ကြရအောင်✨
မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ🙏
learn and enjoy the Chinese language
17/04/2026
နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောပြီး နှစ်သစ်ကို ကုသိုလ်အထုံလေးတွေနဲ့ စတင်ကြရအောင်✨
မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ🙏
12/04/2026
မနက်ဖြန်သင်္ကြန်ရောက်ပြီဆိုတော့ သင်္ကြန်နဲ့ပတ်သက်တဲ့ တရုတ်စကားလုံးလေးတွေကို ပုံလေးတွေနဲ့တကွ လေ့လာကြည့်ရအောင်။ 💦 🇲🇲
ပျော်ရွှင်စရာ သင်္ကြန်အခါသမယလေး ဖြစ်ပါစေရှင်။ 💛🙏
ချစ်ခြင်း၏နောင်တ 💔
💖💖{心太软} xīn tài ruǎn🎵🎵
#心太软 #တရုတ်သီချင်း
25/03/2026
"မင်းကို မချစ်ရရင် မနေနိုင်လို့ပါ"... တရုတ်လို ဘယ်လိုပြောမလဲ? 👀
ဒီနေ့တော့ အချစ်နဲ့ ပတ်သက်တဲ့ စာကြောင်းလေးတွေကို Tr.Ria နဲ့အတူ လေ့လာကြည့်ရအောင် 🤗
Pinyin ရော Meaning ပါ တစ်ခါတည်း ထည့်ပေးထားလို့ အသံထွက် ကျင့်ရတာလည်း လွယ်ကူစေမှာပါ 📖
၁။ မင်းကိုချစ်တယ်
中文: 我爱你。
Pinyin: Wǒ ài nǐ.
meaning: မင်းကိုချစ်တယ်။
၂။ မင်းကိုသတိရတယ်
中文: 我想你。
Pinyin: Wǒ xiǎng nǐ.
meaning: မင်းကိုသတိရတယ်။
၃။ ချစ်မိနေပြီ
中文: 我爱上你了。
Pinyin: Wǒ ài shàng nǐ le.
meaning: ငါမင်းကိုချစ်မိနေပြီ။
၄။ မြင်မြင်ချင်းချစ်မိသွားတာ
中文: 一见钟情。
Pinyin: Yī jiàn zhōng qíng.
meaning: မြင်မြင်ချင်း ချစ်မိသွားတာ (ပထမဆုံးအကြိမ် တွေ့ရာကနေ ချစ်မိသွားတာ)။
၅။ မင်းမရှိရင်မဖြစ်ဘူး
中文: 没有你,我不行。
Pinyin: Méi yǒu nǐ, wǒ bù xíng.
meaning: မင်းမရှိရင် ငါမဖြစ်ဘူး (ငါ့ဘဝ အဆင်မပြေဘူး)။
၆။ နေ့နေ့ညညမင်းအကြောင်းပဲတွေးနေမိတယ်
中文: 我日日夜夜都在想你。
Pinyin: Wǒ rì rì yè yè dōu zài xiǎng nǐ.
meaning: နေ့နေ့ညည မင်းအကြောင်းပဲ တွေးနေမိတယ်။
၇။ မင်းလေးက ကိုယ့်ဘဝရဲ့အရာရာပါပဲ
中文: 你是我生命中的一切。
Pinyin: Nǐ shì wǒ shēng mìng zhōng de yī qiè.
meaning: မင်းလေးက ကိုယ့်ဘဝရဲ့ အရာရာပါပဲ။
၈။ ကျေးဇူးပြုပြီး မရက်စက်ပါနဲ့
中文: 请不要对我太残忍。
Pinyin: Qǐng bù yào duì wǒ tài cán rěn.
meaning: ကျေးဇူးပြုပြီး ကိုယ့်အပေါ် အရမ်းမရက်စက်ပါနဲ့။
၉။ ချစ်တာအပြစ်လား
中文: 爱是一种罪吗?
Pinyin: Ài shì yī zhǒng zuì ma?
meaning: ချစ်တာက အပြစ်တစ်ခုလား?
၁၀။ မင်းကိုမချစ်ရရင်မနေနိုင်လို့ပါ
中文: 我不能不爱你。
Pinyin: Wǒ bù néng bù ài nǐ.
meaning: မင်းကို မချစ်ပဲ မနေနိုင်လို့ပါ။ (ဒါမှမဟုတ် "မင်းကို ချစ်နေရမှ ဖြစ်မှာမို့လို့ပါ")။
24/03/2026
ကျောင်းသားတွေရဲ့ ရင်ဖွင့်သံများ 🤭😂
၁။ စာမရသေးဘူး (ဗျာများတဲ့အချိန်)
中文: 我还没背好呢。
Pinyin: Wǒ hái méi bèi hǎo ne.
meaning: ငါ အလွတ်မရသေးဘူး။
၂။ အကုန်မေ့ကုန်ပြီ (ခေါင်းထဲဘာမှမရှိတော့ဘူး)
中文: 我全忘了!
Pinyin: Wǒ quán wàng le!
meaning: ငါ အကုန်မေ့ကုန်ပြီ။
၃။ ဒီနေ့ စာမေးပွဲရှိတာကို မေ့နေတာ
中文: 我忘了今天要考试。
Pinyin: Wǒ wàng le jīn tiān yào kǎo shì.
meaning: ဒီနေ့ စာမေးပွဲရှိတာ ငါမေ့သွားတယ်။
၄။ စာတွေက အရမ်းခက်တာပဲ
中文: 功课太难了,我不会做。
Pinyin: Gōng kè tài nán le, wǒ bù huì zuò.
meaning: အိမ်စာက အရမ်းခက်တယ်၊ ငါမလုပ်တတ်ဘူး။
၅။ ညက စာကြည့်တာ ညဉ့်နက်သွားတယ်
中文: 昨天晚上我熬夜看书了。
Pinyin: Zuó tiān wǎn shàng wǒ áo yè kàn shū le.
meaning: မနေ့ညက ငါညဉ့်နက်တဲ့အထိ စာကြည့်လိုက်ရတယ်။
၆။ စာမေးပွဲက ဘယ်နှနာရီလဲ?
中文: 几点考试?
Pinyin: Jǐ diǎn kǎo shì?
meaning: စာမေးပွဲက ဘယ်နှနာရီလဲ?
၇။ နားမလည်တော့ဘူး (Tr. ရှင်းပြတာကို ငေးနေချိန်)
中文: 老师,我听不懂。
Pinyin: Lǎo shī, wǒ tīng bù dǒng.
meaning: ဆရာမ၊ နားမလည်ဘူး။
၈။ တစ်ချက်လောက် ထပ်ရှင်းပြပေးလို့ရမလား?
中文: 请再说一遍好吗?
Pinyin: Qǐng zài shuō yī biàn hǎo ma?
meaning: နောက်တစ်ခေါက်လောက် ထပ်ပြောပေးလို့ ရမလား?
၉။ ငါလည်း မသိဘူး (အဖော်ညှိတဲ့အချိန်)
中文: 我也不知道,问问别人吧。
Pinyin: Wǒ yě bù zhī dào, wèn wen bié rén ba.
meaning: ငါလည်းမသိဘူး၊ တခြားသူကို မေးကြည့်လိုက်ဦး။
၁၀။ စာမေးပွဲပြီးရင် လျှောက်လည်ကြမယ်
中文: 考完试后,我们去玩吧!
Pinyin: Kǎo wán shì hòu, wǒ men qù wán ba!
meaning: စာမေးပွဲပြီးရင် ငါတို့ သွားလျှောက်လည်ကြမယ်။
18/03/2026
၁။ 一心一意 (yì xīn yí yì)
အဓိပ္ပာယ်: စိတ်ရောကိုယ်ပါ၊ အာရုံမပြန့်ဘဲ တစ်ခုတည်းကိုပဲ စူးစူးစိုက်စိုက် လုပ်ဆောင်တာကို ဆိုလိုပါတယ်။
အသုံးပြုပုံ: အလုပ်တစ်ခုခု ဒါမှမဟုတ် လူတစ်ယောက်အပေါ်မှာ သစ္စာရှိရှိ စိတ်နှစ်ထားတဲ့အခါ သုံးပါတယ်။
ဥပမာ: 只要我们一心一意,就一定能实现梦想。
Pinyin: Zhǐ yào wǒ men yì xīn yí yì, jiù yí dìng néng shí xiàn mèng xiǎng.
မြန်မာပြန်: ကျွန်ုပ်တို့သာ စိတ်ရောကိုယ်ပါ (အာရုံစိုက်) ကြိုးစားမယ်ဆိုရင်၊ အိပ်မက်တွေကို ဧကန်မုချ အကောင်အထည်ဖော်နိုင်မှာပါ။
၂။ 三心二意 (sān xīn èr yì)
အဓိပ္ပာယ်: စိတ်နှစ်ခွဖြစ်တာ၊ စိတ်မတည်ငြိမ်တာ၊ ဟိုဟာလုပ်ရနိုးနိုး ဒီဟာလုပ်ရနိုးနိုးနဲ့ အာရုံများနေတာကို ဆိုလိုပါတယ်။
အသုံးပြုပုံ: တစ်ခုခုလုပ်နေရင်း တခြားဟာကို စိတ်ရောက်နေတာ ဒါမှမဟုတ် ဆုံးဖြတ်ချက် မပြတ်သားတာကို ဝေဖန်တဲ့အခါ သုံးပါတယ်။
ဥပမာ: 做事不能三心二意,否则什么也做不好။
Pinyin: Zuò shì bù néng sān xīn èr yì, fǒu zé shén me yě zuò bù hǎo.
မြန်မာပြန်: အလုပ်တစ်ခုလုပ်ရင် စိတ်နှစ်ခွ မဖြစ်သင့်ဘူး၊ မဟုတ်ရင် ဘာတစ်ခုမှ ကောင်းကောင်းဖြစ်မြောက်မှာ မဟုတ်ဘူး။
၃။ 十万火急 (shí wàn huǒ jí)
အဓိပ္ပာယ်: အလွန်အမင်း အရေးကြီးနေတဲ့ အခြေအနေ၊ အချိန်မဆွဲဘဲ ချက်ချင်းလုပ်ဆောင်ရမယ့် အရေးပေါ်ကိစ္စကို ဆိုလိုပါတယ်။
အသုံးပြုပုံ: အချိန်စက္ကန့်မလပ် အရေးကြီးနေတဲ့ သတင်းစကားတွေ ဒါမှမဟုတ် အခြေအနေတွေကို ဖော်ပြတဲ့အခါ သုံးပါတယ်။
ဥပမာ: 这份文件请立刻发出去,这是十万火急的事。
Pinyin: Zhè fèn wén jiàn qǐng lì kè fā chū qù, zhè shì shí wàn huǒ jí de shì.
မြန်မာပြန်: ဒီစာရွက်စာတမ်းကို အခုချက်ချင်း ပို့ပေးပါ၊ ဒါက အလွန်အမင်း အရေးကြီးတဲ့ (အရေးပေါ်) ကိစ္စပါ။
၄။ 二话不说 (èr huà bù shuō)
အဓိပ္ပာယ်: စကားအပိုမပြောဘဲ၊ တုံ့ဆိုင်းမနေဘဲ၊ ချက်ချင်းပဲ (လုပ်ဆောင်လိုက်တာ)။
အသုံးပြုပုံ: တစ်ခုခုကို အရမ်းပြတ်ပြတ်သားသားနဲ့ ချက်ချင်း လက်ခံလိုက်တာ ဒါမှမဟုတ် ကူညီလိုက်တဲ့ အပြုအမူကို ဖော်ပြချင်ရင် သုံးပါတယ်။
ဥပမာ: 听说朋友生病了,他二话不说就赶到了医院。
Pinyin: Tīng shuō péng you shēng bìng le, tā èr huà bù shuō jiù gǎn dào le yī yuàn.
မြန်မာပြန်: သူငယ်ချင်း နေမကောင်းဘူးဆိုတာ ကြားတာနဲ့ သူဟာ စကားအပိုမပြောပဲ (ချက်ချင်းပဲ) ဆေးရုံကို အပြေးသွားခဲ့တယ်။
၅။ 十全十美 (shí quán shí mĕi)
အဓိပ္ပာယ်: အပြစ်ဆိုဖွယ်မရှိတာ၊ ပြည့်စုံလွန်းတာ၊ Perfect ဖြစ်တာ။
အသုံးပြုပုံ: အရာဝတ္ထုတစ်ခု ဒါမှမဟုတ် အခြေအနေတစ်ခုက အဘက်ဘက်က ပြည့်စုံနေတဲ့အခါ သုံးပါတယ်။
ဥပမာ: 世界上没有十全十美的人,每个人都有缺点。
Pinyin: Shì jiè shang méi yǒu shí quán shí mĕi de rén, měi gè rén dōu yǒu quē diǎn.
မြန်မာပြန်: ကမ္ဘာပေါ်မှာ အရာရာပြည့်စုံနေတဲ့ လူဆိုတာ မရှိပါဘူး၊ လူတိုင်းမှာ အားနည်းချက် ရှိကြတာချည်းပါပဲ။
17/03/2026
Hidden Love ထဲက ရိုရိုချိုချို dialogue လေးတချို့နဲ့ တရုတ်စာလေ့လာကြည့်ရအောင် 🤗
၁။ 除了你,我不想要任何人。
(Chú le nǐ, wǒ bù xiǎng yào rèn hé rén)
မင်းကလွဲရင် ငါ ဘယ်သူ့ကိုမှ မလိုချင်တော့ဘူး
除了 (chú le) — ...မှလွဲ၍
你 (nǐ) — မင်း
我 (wǒ) — ငါ
不 (bù) — မ...
想 (xiǎng) — ချင်တယ်
要 (yào) — လိုချင်တယ်
任何 (rèn hé) — မည်သည့်...မဆို
人 (rén) — လူ
၂။ 他是我拼命想要靠近的光。
(Tā shì wǒ pīn mìng xiǎng yào kào jìn de guāng)
သူက ကျွန်မ အသက်နဲ့လဲပြီး အနားကို တိုးကပ်ချင်ခဲ့မိတဲ့ အလင်းရောင်လေးပါ။
他 (tā) — သူ
是 (shì) — ဖြစ်သည်
我 (wǒ) — ကျွန်မ / ငါ
拼命 (pīn mìng) — အသက်နဲ့လဲပြီး / အစွမ်းကုန်
想要 (xiǎng yào) — လိုချင်တယ်
靠近 (kào jìn) — အနားတိုးကပ်တာ
的 (de) — ရဲ့ / သော
光 (guāng) — အလင်းရောင်
၃။ 我会一辈子对你好。
(Wǒ huì yī bèi zi duì nǐ hǎo)
မင်းအပေါ်ကို တစ်သက်လုံး ကောင်းပေးသွားပါ့မယ်။
会 (huì) — ...လိမ့်မယ်
一辈子 (yī bèi zi) — တစ်သက်လုံး
对 (duì) — အပေါ်မှာ
你 (nǐ) — မင်း
好 (hǎo) — ကောင်းမွန်ခြင်း
#偷偷藏不住