Youth Education

Youth Education ဆယ်တန်းစနစ်သစ် အထူးစာသင်စာကျက်ဝိုင

Distance and Displacement!ရန်ကုန် နဲ့ မန္တလေးအကြား ဘယ်လောက်အကွာအဝေး ရှိသလဲ?🤔Browser မှာရှာကြည့်တော့🧭"Distance between Ya...
29/08/2020

Distance and Displacement!

ရန်ကုန် နဲ့ မန္တလေးအကြား ဘယ်လောက်အကွာအဝေး ရှိသလဲ?🤔

Browser မှာရှာကြည့်တော့🧭
"Distance between Yangon and Mandalay - 357 miles"လို့ရေးထားတယ်🤠

ဒါပေမယ့် တကယ်ခရီးသွားတဲ့အခါကျ မိုင် ၄၀၀ နီးပါးလောက် ကားမောင်းရတယ်🤨
Browser မှာရှာကြည့်တာနဲ့ မတူပဲ မိုင် ၄၀ လောက်ပိုနေတယ်?🤔

မတူဆို အဲ့အကွာအဝေးနှစ်ခုက အမျိုးအစား တူမှမတူတာကိုး😯

ကားမောင်းသွားခဲ့တဲ့ မိုင် ၄၀၀ ဆိုတာက 'သွားခဲ့သောခရီး'
တစ်နည်းအားဖြင့် "Distance Travelled" လို့ခေါ်ပါတယ်။✅

Browser ကပြတဲ့ ၃၅၇ မိုင် ဆိုတာက 'ခရီးဘယ်လောက်ရောက်ခဲ့သလဲ'
တစ်နည်းအားဖြင့် "Displacement" အရွေ့ လို့ခေါ်ပါတယ်။☑️

"Distance Travelled" ဆိုတာက
ခရီးတစ်ခုသွားတဲ့အခါ လမ်းတစ်​လျှောက်လုံး သွားခဲ့ရသမျှ ခရီးအကွာအဝေးအားလုံးကိုထည့်တွက်ထားတာဖြစ်ပါတယ်။✅

"Displacement" ဆိုတာက
ခရီးစထွက်တဲ့နေရာ နဲ့ အဆုံးသတ်တဲ့နေရာ နှစ်ခုအကြား မျဥ်းဖြောင့်အကွာအဝေးကို ဆိုလိုခြင်းဖြစ်ပါတယ်။☑️

အဲ့တော့ "Distance Travelled" က ကိုယ်သွားတဲ့ "လမ်းကြောင်း" ပေါ်မူတည်ပြီးပြောင်းလဲနေတာဖြစ်ပါတယ်။🛣️

"Displacement" ကတော့ ခရီးရဲ့ "အဆုံးသတ်" ပေါ်မှာမူတည်နေတာဖြစ်ပါတယ်။🌇

Distance Travelled မှာ
-Magnitude ဆိုတဲ့ ပမာဏ ပဲရှိပါတယ်💯
-Direction ဆိုတဲ့ ဦးတည်ချက်မရှိပါဘူး❌
-ဒီတော့ သူက Scalar Unit ဖြစ်ပါတယ်✅

Displacement မှာတော့
-Magnitude ပမာဏ ရှိသလို💯
-Direction ဦးတည်ချက်လည်း ရှိပါတယ်✔️
-ဒီတော့ သူက Vector Unit ဖြစ်ပါတယ်☑️





(2)

23/08/2020

Youth Education မှကြိုဆိုပါတယ်

၁၀တန်း(စနစ်သစ်) တက်ရောက်သင်ကြားနေကြသည့်ကျောင်းသားကျောင်းသူများအတွက် လူနည်းပြီး ထိထိရောက်ရောက်စာသင်ကြားနိုင်မည့် စာသင်/စာကျက်ဝိုင်း ကိုဖွင့်လစ်လိုက်ပါပြီဗျ📚

ကျောင်းသား/သူ အရေအတွက် ငါးယောက် ကိုသာလက်ခံပေးမှာဆိုတော့ ထိထိရောက်ရောက်သင်ယူနိုင်မှာဖြစ်ပါတယ်။💡

သင်ကြားပေးမယ့် ဆရာတွေကလည်း လေးယောက်တောင်ဆိုတော့ တစ်ဘာသာချင်းစီကို ပိုပြီးထိထိရောက်သင်ကြားနိုင်မှာပါဗျ။🤩

Fees ကလည်း (ဘာသာစုံကိုမှ ၈သောင်း) ကျပ်သာကျသင့်မှာဖြစ်ပါတယ်။😯

၉လပိုင်း(စက်တင်ဘာလ)တွင်စတင်ဖွင့်လှစ်မည်ဖြစ်သောကြောင့် ကြိုတင်စာရင်းပေးထားလို့ရပါတယ်ဗျ။🤩

စာရင်းပေးရန်အတွက်🤔
09792978685 သို့ဆက်သွယ်၍ ဖြစ်စေ
Page Messenger မှဖြစ်စေ ဆက်သွယ်မေးမြန်း နိုင်ပါတယ်ဗျ😊

ဆက်သွယ်ရန်လိပ်စာ
ဇေယျမင်္ဂလာလမ်း၊ (၁)ရပ်ကွက် လှိုင်မြို့နယ်

Education

Address

ဇေယျမင်္ဂလာ(၃)လမ်း၊ ၁ရပ်ကွက် လှိုင်မြို့နယ်
Yangon

Telephone

+959792978685

Website

Alerts

Be the first to know and let us send you an email when Youth Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category