Chikurin Japanese Language School

Chikurin Japanese Language School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chikurin Japanese Language School, Language school, Yangon.

25/11/2025

2025ခုနှစ်၊ December လ JLPT စာမေးပွဲ အချိန်စာရင်းကြေငြာခြင်း။

2025ခုနှစ်၊ December လ (၇)ရက်နေ့တွင် JLPT စာမေးပွဲဖြေဆိုမည့် စာဖြေသူများအတွက် အချိန်စာရင်းအား အောက်ဖော်ပြပါအတိုင်းအသိပေးကြေငြာအပ်ပါသည်။

N1,N2 Level ဖြေဆိုမည့် စာဖြေသူများအနေဖြင့် မနက် (၈)နာရီတွင် စာဖြေဌာနသို့ရောက်ရှိရမည်ဖြစ်ပြီး၊ မနက် (၉)နာရီတွင် စတင်ဖြေဆိုရပါမည်။

N3,N4,N5 Level ဖြေဆိုမည့်စာဖြေသူများအနေဖြင့် မနက် (၁၀)နာရီတွင် စာဖြေဌာနသို့ရောက်ရှိရမည်ဖြစ်ပြီး၊ မနက် (၁၁)နာရီတွင် စတင်ဖြေဆိုရပါမည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန် ဖုန်း- ၀၁ ၇၅၇ ၁၀ ၁၅

29/10/2025
 #2025 October intake ညီမလေးတွေအစစအရာရာအဆင်ပြေပါစေနော်...
01/10/2025

#2025 October intake
ညီမလေးတွေအစစအရာရာအဆင်ပြေပါစေနော်...

19/08/2025

October Intake
Gunma 100%COE Pass
おめでとうございます。

2025 July intakeခလေးတွေအားလုံးအဆင်ပြေစွာနဲ့ဂျပန်နိင်ငံကိုရောက်ရှိသွားလို့ ဝမ်းသာပါတယ်.....အစစအရာရာအဆင်ပြေချောမွေ့ပါစေနော...
27/06/2025

2025 July intake
ခလေးတွေအားလုံးအဆင်ပြေစွာနဲ့ဂျပန်နိင်ငံကိုရောက်ရှိသွားလို့ ဝမ်းသာပါတယ်.....
အစစအရာရာအဆင်ပြေချောမွေ့ပါစေနော်.....

22/05/2025

🎉🎉🎉July Intake Tokyo COE 100% pass🎉🎉
おめでとう      ございます。。

25/04/2025

မန္တလေးစာဖြေဌာနတွင် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (JLPT) စာမေးပွဲအား ဖြေဆိုမည့် နေရာပြောင်းရွေ့ခြင်း။

မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်သဘာဝဘေးအန္တရာယ်ကြောင့် မန္တလေးမြို့အတွင်းရှိ JLPT စာဖြေဌာနများအဖြစ် အသုံးပြုမည့် တက္ကသိုလ်နှင့် ကျောင်းများတွင်လည်း ပျက်စီးဆုံးရှုံးမှုများ ကြီးမားခဲ့ပါသည်။

မန္တလေးစာဖြေဌာနများရှိ ငလျင်ဒဏ်သင့်ခဲ့သည့် အဆောက်အဦများ ပြန်လည်စစ်ဆေးခြင်းနှင့် ပြင်ဆင်ခြင်းများအတွက် အချိန်ကြာမြင့်မည် ဖြစ်ပါသောကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲအား ကျင်းပပြုလုပ်ရန် အခက်အခဲများ ရှိသည့်အတွက် မန္တလေးစာဖြေဌာနအတွက် လျှောက်ထားခဲ့သည့် စာဖြေသူများအား ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုနိုင်ရန် စီစဉ်သွားမည် ဖြစ်ပါသည်။ Level အားလုံး ရန်ကုန်မြို့တွင် ပြောင်းလဲ‌ ဖြေဆိုသွားရမည် ဖြစ်ပါသည်။

မန္တလေးစာဖြေဌာနတွင် လျှောက်ထားသူများအနေဖြင့် ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုလိုခြင်းမရှိပါက စာမေးပွဲလျှောက်ထားမှုအားပယ်ဖျက်(Cancel)၍စာမေးပွဲကြေးအားပြန်လည်ထုတ်ယူရန်လျှောက်ထားနိုင်ပါသည်။

စာမေးပွဲလျှောက်ထားမှုအား ပယ်ဖျက်လိုသော စာဖြေသူများအနေဖြင့် အောက်ဖော်ပြပါ Google Form မှ တဆင့် ၂၀၂၅ ဧပြီလ ၂၅ ရက်နေ့ မှ ၂၀၂၅ မေလ ၁၂ ရက်နေ့ (ညနေ ၄ နာရီ) အတွင်း စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။
(စာမေးပွဲကြေး ပြန်လည်လွှဲပေးသွားမည့်ရက်အားထပ်မံကြေငြာပေးပါမည်။)

Google Form Link >> https://forms.gle/qQP81DXtFtu9prf97

အဆိုပါကာလအတွင်း Google Form တွင် ပယ်ဖျက်စာရင်းပေးသွင်းထားခြင်းမရှိပါက ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုမည့် စာဖြေသူများအဖြစ် စာရင်းသွင်းသတ်မှတ်သွားမည် ဖြစ်ပါသည်။
(ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုမည့်သူများအနေဖြင့် Google Form တွင် ဖြည့်သွင်းရန်မလိုပါ။)

ရန်ကုန်စာဖြေဌာနသို့ ပြောင်းလဲဖြေဆိုသူများအတွက် စာဖြေဌာနနေရာများနှင့် ပတ်သက်၍ အသေးစိတ်ထပ်မံ ကြေညာပေးသွားပါမည် ဖြစ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 #3.4.2025Japan နိင်ငံကိုထွက်ခွာသွားတဲ့မောင်လေး,ညီမလေး အားလုံးအစစအရာရာအဆင်ပြေပါစေ...ရည်မှန်းချက်များလည်းအောင်မြင်ပါစေနော...
03/04/2025

#3.4.2025
Japan နိင်ငံကိုထွက်ခွာသွားတဲ့မောင်လေး,ညီမလေး အားလုံးအစစအရာရာအဆင်ပြေပါစေ...
ရည်မှန်းချက်များလည်းအောင်မြင်ပါစေနော်....

㊗️㊗️あめてとごさいます。。。。

Address

Yangon
11091

Telephone

+959422482808

Website

Alerts

Be the first to know and let us send you an email when Chikurin Japanese Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share