SNSD Chinese Center

SNSD Chinese Center Chinese Online Class

ဒီနေ့ SNSD page လေးကနေ Knowledge sharing အနေနဲ့ မျှဝေပေးချင်တာကတော့.... 🥳🥳🥳ဘဝအတွက် ခွန်အားဖြစ်စေမယ့် စာကြောင်းလေး ၂ ကြော...
16/10/2025

ဒီနေ့ SNSD page လေးကနေ Knowledge sharing အနေနဲ့ မျှဝေပေးချင်တာကတော့.... 🥳🥳🥳
ဘဝအတွက် ခွန်အားဖြစ်စေမယ့် စာကြောင်းလေး ၂ ကြောင်း ဖြစ်ပါတယ်ဗျ...❤

တရုတိစာ လေ့လာနေသူတိုင်းလည်း သိကြလိမ့်မယ်လို့
ယုံကြည်ပါတယ်ဗျာ..
မသိသေးတဲ့သူတွေလည်း laoshi တို့နဲ့ တူတူ လေ့လာကြရအောင် နော်... 👇👇👇

1. Knowledge is power.

知识就是力量!
zhīshì jiùshì lìliàng! ❤️
(အသိပညာဗဟုသုတ က အင်အားတစ်ခုဘဲ) 💪

2. The best preparation for tomorrow is doing your best today.

对明天做好的准备就是今天做到最好。 🤝
duì míngtiān zuò hǎo de zhǔnbèi jiùshì jīntiān zuò dào zuì hǎo.
(ဒီနေ့လုပ်နိုင်တဲ့ ကိစ္စတွေကို မနက်ဖြန် မရွှေ့ပါနဲ့။
ဒီနေ့မှာတင်ဘဲ အကောင်းဆုံး ဖြစ်အောင် လုပ်လိုက်ပါ။)


#少年时代

虽然...但是... Grammar Pattern လေးကို လေ့လာကြည့်ရအောင်"သော်လည်း..." ဆိုတဲ့အဓိပ္ပာယ်ပါ၀ါကျနှစ်ခုကြား ဆန့်ကျင်တဲ့ အကြောင်းအရာတ...
11/10/2025

虽然...但是... Grammar Pattern လေးကို လေ့လာကြည့်ရအောင်

"သော်လည်း..." ဆိုတဲ့အဓိပ္ပာယ်ပါ
၀ါကျနှစ်ခုကြား ဆန့်ကျင်တဲ့ အကြောင်းအရာတွေဖော်ပြရာမှာ အသုံးများပါတယ်

虽然 + ဝါကျ (A) ,但是 + ဝါကျ (B)

📝 ဥပမာကြည့်ရအောင်

虽然今天下雨,但是我还是想去公园。
ဒီနေ့မိုးရွာသော်လည်း ငါ ပန်းခြံသွားချင်တယ်

虽然他很忙,但是他每天都运动。
သူ အလုပ်များပေမဲ့ နေ့တိုင်းလေ့ကျင့်ခန်းလုပ်တယ်

虽然这个菜贵,但是很好吃。
ဒီဟင်းစျေးကြီးသော်လည်း အရမ်းအရသာရှိတယ်

虽然...但是... သဘောတရားလေးကိုသိသွားမယ်ထင်ပါတယ် Comment မှာ ၀ါကျဖွဲ့ခဲ့ပါဥိီး

https://www.facebook.com/share/p/1AAgabiZUr/အထက်ပါ links ကို ဝင်ကြည့်လို့ရပါတယ် 👆👆👆HSK 1 to 6 Meaning အားလုံး စုပေးထားပါ...
11/10/2025

https://www.facebook.com/share/p/1AAgabiZUr/

အထက်ပါ links ကို ဝင်ကြည့်လို့ရပါတယ် 👆👆👆
HSK 1 to 6 Meaning အားလုံး စုပေးထားပါတယ်


06/10/2025

中秋节愉快 !

တနေ့ ၆ကြောင်းလေးပဲဖြစ်ဖြစ် လေ့လာဖြစ်အောင် လေ့လာပါနော် 🙂
04/10/2025

တနေ့ ၆ကြောင်းလေးပဲဖြစ်ဖြစ် လေ့လာဖြစ်အောင် လေ့လာပါနော် 🙂

သီတင်းကျွတ်လပြည့် (6-10-2025) တနင်္လာနေ့ သည် အဘိဓမ္မာ အခါတော်နေ့  ဖြစ်ပါသည်။🙏သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင...
03/10/2025

သီတင်းကျွတ်လပြည့် (6-10-2025) တနင်္လာနေ့ သည် အဘိဓမ္မာ အခါတော်နေ့ ဖြစ်ပါသည်။

🙏သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားဆင်း သက်ကြွမြန်းလာသည်ကို ရည်၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာမြင့်မိုပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။

🙏မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ဘူးသော သန္တုဿီတနတ်သားကိုအကြောင်း ပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ သမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။

🙏တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။

🙏မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမျှော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားသခင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။

🙏မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာပြတော် မူသည်။ မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားလေသည်။ ရှင်တော် ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။

🙏သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာ တော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။ လောကီလူတို့၏ ထုံးစံအရလည်း အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ် ကျွတ်စေသောနေ့ဟုဆိုရပေမည်။

🙏အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြ သောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်သည်။


学生  >> Listening အချိန် နားလည်အောင် သေချာလိုက် နားထောင်ကြ听力 >>👇🤷🏽‍♀️🤷‍♂️(နား က သာ ဒီလို ဖြစ်သွားတယ် နားမ  လည် လိုက်ဘူး🥴)...
01/10/2025

学生 >> Listening အချိန် နားလည်အောင် သေချာလိုက် နားထောင်ကြ

听力 >>👇🤷🏽‍♀️🤷‍♂️(နား က သာ ဒီလို ဖြစ်သွားတယ် နားမ လည် လိုက်ဘူး🥴)

29/09/2025

ကော်ဖီဆိုင်သွားပြီး ကော်ဖီမှာသောက်မယ်၊ဘာမှာရင်ကောင်းမလဲ၊ 🤤
去咖啡馆点咖啡喝,点什么好呢?

你好,我想点一杯咖啡。
မင်္ဂလာပါ၊ ကျွန်တော် ကော်ဖီတစ်ခွက်မှာချင်တယ်

您好,我们有 拿铁 、美式、 卡布奇诺, 您想喝哪种?
မင်္ဂလာပါ၊ ကျွန်မတို့ဆီမှာ လတ်တေး၊ အမေရိကာနို၊ ကတ်ပတ်ချီနို ရှိတယ်၊ ဘာသောက်ချင်လဲ?

拿铁吧。
လတ်တေး ပါ၊

好的,请问您要大杯还是小杯?
ဟုတ်ကဲ့၊ ခွက်ကြီးနဲ့လား အသေးနဲ့လား?

大杯多少钱?小杯多少钱?
ခွက်အကြီးက ဘယ်လောက်လဲ၊ အသေးကဘယ်လောက်လဲ?

大杯30元,小杯25元。
အကြီးက ၃၀ ယွမ်ပါ၊ အသေးက ၂၅ ယွမ်ပါ

那我要大杯。
အဲ့ဒါဆို အကြီးယူမယ်

好的,一共30元。
ဟုတ်ကဲ့၊ စုစုပေါင်း ၃၀ ယွမ်ပါ၊

您是用手机支付吗?
ဖုန်းနဲ့ပဲ ငွေရှင်းမှာလား?

对,我用微信支付。
ဟုတ်တယ်၊ WeChat နဲ့ရှင်းပါမယ်၊

ဘယ်လိုလဲ❓
ဗီဒီယိုလေးတိုပင်မဲ့ သင်ယူစရာများတယ်မဟုတ်လား🤎👍
လိုကိခ်လေးပေးခဲ့ဦးနော်၊ ဒါဆိုနောက်အမြဲတွေ့နေမှာပါ😘

#少年时代中文

29/09/2025

တနင်္လာနေ့မှာ အသည်းကွဲခြင်း သို့ လမ်းခွဲခံရခြင်း💔
ဒီလို တရုတ်စာ ဗီဒီယိုတိုလေးတွေ များများကြည့် များများလိုက်‌ပြောပေးရင် တရုတ်စာတိုးတက်လာမှာနော်၊✅
အက်မင် xiâo hongshu app ကနေမလာတာ

我想跟你说一件事。
ငါနင့်နဲ့ပြောစရာရှိတယ်၊

什么事?你说吧。
ဘာကိစ္စလဲ၊ နင်ပြောလေ၊

我们分手吧。
ငါတို့ လမ်းခွဲကြရအောင်၊

为什么?
ဘာလို့လဲ

是我哪里做的不好吗?
ငါဘယ်နေရာများမကောင်းတာရှိလို့လဲ

不是你的问题。
နင်ကြောင့်မဟုတ်ပါဘူး

是我觉得我们不合适。
ငါတို့ မလိုက်ဖက်ဘူး လို့ ခံစားမိလို့ပါ၊

可是我们在一起很开心啊。
ဒါပင်မဲ့ငါတို့အတူရှိချိန်ဆို ပျော်ရွှင်ရတာပဲ မဟုတ်လား၊

对不起,我已经想好了。
တောင်းပန်ပါတယ်၊ ငါစဉ်းစားထားပြီးပြီ၊

好吧。。那祝你以后幸福。
ကောင်းပြီလေ၊ နောက်ကြရင်လည်းနင်အမြဲပျော်ရွှင်ပါစေနော်💔

Learners တို့ အတွက် အကျိုးရှိစေမည့်
နေ့တိုင်းအသစ်သစ်သော ပို့စ်တွေကို တင်ဆက်နေမှာမို့
Like & follow လုပ်သွားကြဗျို့🫶🌱


#少年时代中文

တရုတ်စကားပြောတတ်ဖို့ဆို တရုတ်စာနဲ့ ထိတွေ့နေမှ ရပါမယ်
28/09/2025

တရုတ်စကားပြောတတ်ဖို့ဆို တရုတ်စာနဲ့ ထိတွေ့နေမှ ရပါမယ်

စကားပြောတဲ့အခါ ထည့်ပြောဖို့ ကျင့်ထားတော့နော်
27/09/2025

စကားပြောတဲ့အခါ ထည့်ပြောဖို့ ကျင့်ထားတော့နော်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when SNSD Chinese Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share