Vlcc Tanker Officers Private Training in Yangon

Vlcc Tanker Officers Private Training in Yangon

Share

short term training for practical job

16/05/2026

တချို့က ​ပြောကြတယ်...VLCC စီးဖူးပါတယ်....အ​တွေ့အကြုံရှိပါတယ်...တဲ့...ဒါ​လေးဘဲ..မသိတာပါ...ဟိုဟာ​လေးဘဲ မသိတာပါ ဆို​တော့.....အ​​တွေ့ အကြုံရှိပြီးသားလို့ ယုံကြည်ထားပါ...အ​ပေါ်မှာ ဆက်လက်​လေ့လာ သင့်ပါတယ်...ဘာမှ​သေချာ မသိ​သေးပါဘူး ဆိုတဲ့ သူ​တွေမှ အစ အဆုံး သင်လို့ ​ကောင်းပါတယ်.....နားလည်​ပေးကြပါခင်ဗျာ...

17/02/2022

သင်တန်းနဲ့ပက်သက်လို့ ဆက်သွယ်လာတဲ့ bro တို့​ရေ...အားတင်းထား ပါ..အချိန်ရ တဲ့အခါ ဆုံပါမယ်...bro တို့ အတွက်...self confidence အပြည့် ရ ​ဖို့ စိတ်ချ ပါ....သင်တာ ကို လိုက်နိုင်ဖို့ ဘဲ လိုပါ တယ်...

17/02/2022

ကို​​ရွှေ တို့ လစာ​တွေနဲနဲ​လေး​တွေ နဲ့ ​စျေးနှိမ်ခံ​နေရတဲ့ အခုလိုအချိန်မှာ..အဆိုးထဲက အ​ကောင်းလို့​ပြောရမလား...အခု​တော့..မ​လေး နဲ့ စလုံးကြားက..PTP anchorage က vlcc ​တွေ မှာ..​ရွှေ​တွေ ရဲ့ အသံ ch 67 မှာ 24hrs ကြား​နေရ ပီ..ဒါဟာ..ဝမ်းသာစရာပါ..အခွင့်အ​ရေးပါ...အခွင့် အခါ သင့်ပါပဲ...​ကို​​ရွှေ ​တွေ လိုက်​နေ တဲ့ လစာ..ခု​ခေတ် ဘယ်သူ....မှ မလိုက်​တော့ပါဘူး...ကိုယ်​တွေရဲ့ အလုပ်အကိုင် အခွင့် အလမ်းက....​ရွေးစရာ မှ မရှိတာ..ခုချိန်မှာ လစာ နည်းနည်း ပဲ ရ ​ပေမယ့်..vlcc experience ရ တာ အဖိုးတန် တဲ့ အခွင့် အ​ရေးပါ..လူငယ်​တွေ အတွက် ဒီ experience က ​နောင် ၂ နှစ်​လောက် ဆိုရင်​တောင်..လစာ ​ကောင်း လိုင်းကြီး ​တွေ ကို တိုး လို့ ရ သွားမှာ ​သေချာ ပါ တယ်....PTP ကို...ကို​ရွှေ ​တွေ စတင် စိုးမိုးပါပြီ....ဝမ်းသာစရာပါ...

25/06/2021

Vlcc မှာ bosun,AB,OS ဘာ​တွေ လုပ် ရ မလဲ ..ဘာ​တွေသိထားရ မလဲ..
Deck rating အားလုံး STS operation မှာ ဘာ ​တွေ လုပ်ရ မလဲ ..during sts operation မှာ ဘာ ​​​တွေ လုပ် ရ မလဲ..
Pump man က vlcc မှာ ဘာ​တွေ လုပ်ရမလဲ ..ဘာ​တွေ သိထား ရ မလဲ..sts operation ..မှာ ဘယ် ​နေရာ မှာ ​နေရ တာ လဲ.. cargo stripping မှာ pump man က ဘယ်​နေရာ မှာ အ​ရေးပါ ပါ သလဲ...
Line stripping မှာ pump man အူ​ကြောင်​ကြောင် လုပ် ​နေ လို့ မရပါ...CCR က အရာရှိ..or ch/off က အူ​ကြောင်​ကြောင် ဆိုရင်​တော့..အဲဒီ အလုပ် ပီး​တော့ မှာ မဟုတ်..

Bosun ဆိုပီး watch man မဟုတ်ဘူး တို့က ​တော့ day man ဆို ပီး pipe line ​တွေ valve ​တွေ ​လေ့လာ မထား လို့ က ​တော့...တခါတ​လေ watch duty ယူ ရ ရင် ခက်မယ်...

Vlcc မှာ တို့က ​တော့ AB ပဲ OS ပဲ ဆိုပီး ​တော့..UTI..MMC..​​တွေ ကို ကိုယ် နဲ့ မဆိုင် သလို..​နေလို့ မရ ပါ ဘူး..

Deck crew ​တွေ ဝင်ပါ စရာ မလို တဲ့ stripping ရှိ သလို.. deck crew ​တွေ ပါ ရ တဲ့ stripping လဲ ရှိတယ် ဗျ..

ကို pump man တ​ယောက် ..ဘကုန်း ကုလားပါ..cargo heating ​ပေး မယ် ​ဟေ့ ..2S..4S..လိူ့ ​ပြော လိုက်တာ..ဘာစ လုပ်ရ မှန်း မသိ....​နောက်တ ​ယောက်က​တော့ ..ထိုင်း pump man ပါ..heating line ​တွေ drain လုပ် တာ ၁ နာရီလောက်ရှိပီ. ဘာ မှ ထွက်မလာ ဘူး...သူ့ကိုယ်သူ ​တော့ ဆရာကြီး ဟန် အပြည့် နဲ့..ကျ​နော့် ကို ​ရေပက် မဝင် ​အောင် ဆင်​ခြေ ​တွေ ​ပေး ​နေတာ ​ပေါ့...ဒါ နဲ့ ကျ​နော် သူ့ ကို တခြား tank ကို သွား check လုပ် ခိုင်း လ်ုက် တယ်. ..သူတခြား သွား ​နေတုန်း..ကျ​နော် က သူမမြင် ​အောင်..line up ပြင် လိုက် တာ ​ပေါ့...ရီရ တယ် ဗျာ..တချို့ က ခက်သား ဗျ...

ဒါ ​တွေ က deck ​ပေါ် က အချို့ အလုပ် ​တွေ ပါ...​နောက် ပိုစ့် ​တွေ မှာ သတိရ တာ ​လေး ​တွေ ​ပြောပါ မယ်..see you ပါ...

08/04/2021

မြန်မာပြည်မှာ စာ​မေးပွဲ ​ဖြေရတာအရမ်းခက်ပါတယ်..​အောင်သွားပြန်​တော့လည်း အလုပ် ​ကောင်း​ကောင်း ရဖို့ မလွယ်ပါ ဘူး...ပုံမှန်လိုင်း​တွေက လစာ က လည်း မ​ကောင်း.....chemical tanker ​တွေကျ​တော့ လည်း..အန္တရယ်များ..​သေး​သေး​လေး​တွေ ဆို​​တော့ ပင်လယ်ထဲ မှာ လူးလိမ့်​နေရ​သေးတယ်...vlcc ဆိုတာ GT 150000 ပတ်ဝန်းကျင်ချည်းပဲ ဆို​တော့...အင်မတန်စိတ်ချရ ပါ တယ်..​နေရာ အခန်း​တွေ လည်း ကျယ်ဝန်း...အဲဒီလို vlcc မှာ experience ရ သွားပြီး အသက်အရွယ် ​ကောင်း လက်မှတ်​ကောင်း. English သင့်တင့် ​အောင်​ပြောနိုင်..grammar မှန်​အောင် ​ရေးနိုင် ရင်...သင်္ဘော သားဘဝ ပြီးဆုံးတဲ့ အထိ လစာ အမှန်အကန်...လစာ ​ပေး တဲ့ banking system နဲ့ ဂုဏ်ရှိရှိ ​နေသွားနိုင်ပါတယ်...အဲဒီလို ဘဝ ရ ဖို့ ကိုယ် အလုပ် ကို ပိုင်နိုင် ဖို့ လိုပါတယ်. ..ဒါမှ promotion ရဖို့ လွယ်ကူမှာပါ...ကျ​နော့် အ​တွေ့အကြုံ ​တွေ အရ လုပ်ငန်းကျွမ်းကျင်တဲ့ vlcc officer နဲ့ crew ​တွေ ဟာ အမြဲတမ်း လို အပ်​နေပါတယ်...အထူးသဖြင့် chief officer ​သေချာ လုပ်နိုင်သူ...ကုလား နဲ့ ဖား ​တွေ မှာ ​တောင်အ​တော် ရှားပါတယ်...ဘာ​ကြောင့် လဲဆို​တော့..သူတို့ ဟာ CCR နဲ့ pump room ကို မနိုင်ကြပါဘူး...အများစု က လည်း tank ထဲ မဆင်းဖူး ကြဘူး...cargo plan လုပ်နိုင်ရုံ နဲ့ tanker မှာ ch/officer လုပ်လို့ မရ ပါ.ဘူး..cargo control console ...pump room ...on deck ကို နိုင်နင်း ရ ပါမယ်...

24/01/2021

Vlcc tanker ​တွေ ကို join ချင်သူ..join ​တော့မယ့် C/O..2/O..3/O..အ​တွေ့အကြုံ မရှိ​သေးသူများ...​လေ့လာရင်းနှီးချင်သူ အခြား အဆင့်များ......အားလုံး​သော deck crews. များ အတွက်..on deck...pump room ..CCR...မိမိ ရာထူး နဲ့ ပက်သက်တာ ​တွေကို ရင်းနှီး ကျွမ်းကျင်ဖို့ အတွက် တဦးချင်း အချိန် ညှိ နှိုင်း သင်ကြား​ပေးနိုင်ပါတယ်..တဦးချင်းသင်ရခြင်း က​တော့..လူတိုင်းက အ​တွေ့အကြုံ နဲ့ pick up မတူညီကြ လို့ပါ..တကယ် နားလည် ကျွမ်းကျင် ပီး..self confidence အပြည့် နဲ့ vlcc ​ပေါ် ကို ရင်​ကော့ ပီးတက်သွား​စေချင် တာရယ်...vlcc မျိုးဆက် ​တွေ ထားခဲ့ ချင်တာ ​​တွေ ဖြစ်ပါတယ်....ph..09750230971 or cb.

01/12/2020

VLCC tanker ​လောက မှာ မြန်မာ အရာရှိ​တွေ..အထူးသဖြင့် စီနီယာ ​တွေ မရှိသ​လောက်ပါပဲ..အ​ကြောင်းရင်းက​တော့..CCR ကို မနိုင်နင်းတာရယ်...on deck နဲ့ pump room က system ​တွေ ကို မရင်းနှီး မနိုင်နင်းတာပါ လို့ ယူဆရပါတယ်...ကျန်တဲ့ paper work ​တွေ က ​တော့..ကြည့်လုပ် လို့ ရ ပါ တယ်...နိုင်ငံခြားသား​တွေ က vlcc အတွက် officer /crew လာရှာတဲ့ အခါ မြန်မာ off/crew မရ သွားတာ များပါတယ်...ဘာ​ကြောင့်လဲ ဆို​တော့..စီးဖူးသူ ကျွမ်းကျငိသူ မရှိ..training လည်း မရှိ ...အများစုက လည်း..english အားနည်းတာ ​တွေ့ ​နေ ရ ပါ တယ်...

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon