19/12/2025
၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း
- - - - - - - - - - - - - - - - - - - - - - - - - - -
ပညာရေးသတင်းများမျှဝေရန်ရည်ရွယ်ပါသ?
19/12/2025
၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း
- - - - - - - - - - - - - - - - - - - - - - - - - - -
16/11/2025
Grade - 3 🌻🌻🌻
ဒီဇင်ဘာလ အခန်းဆုံးစစ်ဆေးခြင်းနမူနာမေးခွန်းများ
လိုအပ်သူများလေ့လာနိုင်ရန်ကူးယူဝေမျှလိုက်ပါသည် ။
G-12 အောင်ချက်မြင့်မားရေးအတွက် G 5/9/11
အတန်းတွေကို #အကျစနစ်ကျင့်သုံးမည်ဟုသိရှိရ ။
07/11/2025
Grade - 3
ဒီဇင်ဘာလ အခန်းဆုံးစစ်ဆေးခြင်း
လိုအပ်သူများလေ့လာနိုင်ရန် ကူးယူဝေမျှလိုက်ပါသည် 📗📗📗
05/11/2025
Grade - 1 💐
ဒီဇင်ဘာလ မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ သိပ္ပံ ၊လူမှုရေး နမူနာမေးခွန်းနှင့်အမှတ်ပေးစည်းမျဥ်းများ
လေ့လာလိုသူများအတွက် ကူးယူဝေမျှလိုက်ပါသည်။
05/11/2025
ပညာရေးဝန်ကြီးဌာနမှ ဖြန့်ဝေထားသည့် တတ်မြောက်မှု #စစ်ဆေးအကဲဖြတ်ရမည့်
မူ/လယ်/ထက် အချိန်ဇယားများ ...🌿🌿
မူရင်းဝေမျှသူ
03/11/2025
၂၀၂၆ ပြက္ခဒိန်လိုအပ်သူများအတွက်ပါ
ပြက္ခဒိန်အရ လအလိုက် ရုံးပိတ်ရက်တွေကတော့
**********************************
ဇန်နဝါရီလ = ၄ ရက်
ဖေဖေါ်ဝါရီလ = ၆ ရက်
မတ်လ = ၃ ရက် ၂ ကြိမ်
ဧပြီလ = ၉ ရက် (သင်္ကြန်)
မေလ = ၃ ရက်
အောက်တိုဘာလ = ၄ ရက်(သီတင်းကျွတ်)
နိုဝင်ဘာလ = ၄ ရက် (တန်ဆောင်တိုင်)
ဒီဇင်ဘာလ = ၃ ရက် နှစ်ကြိမ်။
(နှစ်သစ်ကူးရက် ကျန်ဦးမယ်။)
ဆရာကြီး - TheinWinOo အားလေးစားလျက်
26/10/2025
စာသင်ကျောင်းတွေမှာ နာမည်ကောင်းထွက်တဲ့ ဆရာအများစုမှာ တွေ့ရတဲ့ လက္ခဏာ ၅ခု
ဆရာတစ်ယောက်ကျောင်းမှာ နာမည်ကောင်းထွက်ဖို့ဆိုတာဟာ စာသင်ကောင်းရုံ တပည့်တွေစာမေးပွဲမှာ ရလဒ်ကောင်း နဲ့ အောင်ရုံနဲ့ မရပါဘူး။သူတို့ရဲ့ စာသင်နည်း၊ သဘောထားတွေ အပြင် သူတို့ရဲ့ စိတ်ဓာတ်တွေပေါ်မှာလည်း မူတည်ပါသေးတယ်။ ဆရာတိုင်းဟာ ကိုယ့်တစ်ပည့်တွေကို တော်စေချင် တတ်စေချင်သူတွေချည်းပါ။ ဒါပေမဲ့ ကိုယ်သင်တဲ့ နည်းစနစ်ဟာ ကလေးတွေနဲ့ မကိုက်ညီဘူးဆိုရင် ကလေးရဲ့ ချစ်မြတ်နိုးမှု ကို အပြည့်အဝ ရနိုင်မှာ မဟုတ်သေးပါဘူး။ကိုယ်ဟာ ကလေးတွေ အပေါ်မှာ တကယ်စေတနာထား သင်ပေမဲ့ ထင်သလောက် အောင်မြင်မှု မရတာတွေ ဖြစ်တတ်ပါတယ်။ စာသင်တဲ့ အလုပ်မှာ အောင်မြင်ဖို့ ဆိုတာဟာ ကျွန်တော်တို့ ဆရာတွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ဒီအောက်က လက္ခဏာ ၅ရပ်က အောင်မြင်နေတဲ့ ဆရာတွေမှာ အများဆုံး တွေ့ရတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
၁။ စိတ်အားထက်သန်ခြင်း
ကျွန်တော်တို့ဆရာတွေဟာ ကိုယ်လုပ်နေတဲ့ စာသင်တဲ့ အလုပ်မှာ တကယ်ချစ်မြတ်နိုးမှု မရှိသရွေ့ အောင်မြင်ဖို့ဆိုတာဟာလည်း မဖြစ်နိုင်ပါဘူး။ကိုယ်သင်ရတဲ့ အတန်း ကိုယ်သင်ရတဲ့ ဘာသာရပ် ကိုယ်သင်တဲ့ အကြောင်းအရာပေါ်မှာ ဆရာဟာ လုံးဝ စိတ်ပါဝင်စားမှု ရှိဖို့လို့ပါတယ်။ ဆရာကိုယ်တိုင်က ကိုယ်သင်ရတဲ့ အတန်း ၊ဘာသာရပ် ၊အကြောင်းအရာပေါ်မှာ စိတ်ဝင်စားမှု မရှိရင် အရေးမကြီးသလို သဘောထားရင် အသင်ခံရတဲ့ ကလေးတွေဟာလည်း ဆရာ့လို လိုက်လုပ်မှာပါ။ဆရာဟာ ကိုယ်သင်တဲ့ အကြောင်းအရာတိုင်းကို လုံးဝ မြတ်နိုးပြပြီး ဘယ်လို အရေးကြီးကြောင်း ဘယ်လိုအသုံးဝင်ကြောင်း တွေကို ပြောပြနိုင်ရင် ကလေးတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရမှာပါ။ ကိုယ်ကိုယ်တိုင် စိတ်အားထက်သန်မှုကို ကလေးတွေ မြင်အောင်ပြဖို့ လိုတာပါ။ ဒါကိုကလေးတွေ မြင်လာတဲ့အခါမှာ ဆရာလိုပဲ စိတ်အားထက်သန်မှုတွေ ရှိလာပြီး သင်ရတဲ့ အကြောင်းအရာ ဘာသာရပ်တွေကိုပါ စိတ်ဝင်လာမှာ သေချာပါတယ်။
၂။တီထွင်နိုင်ခြင်း
ကျောင်းသားတွေဟာ ပျင်းဖို့ကောင်းတဲ့ သင်ခန်းစာတွေကို ဂိမ်းတွေအဖြစ်၊ကာလာစုံသင်ထောက်ကူတွေနဲ့ စိတ်ဝင်စားအောင် ပြောင်းလဲ သင်ပေးနိုင်တဲ့ ဆရာတွေကို တအားချစ်ကြပါတယ်။ကလေးတွေကို တတ်မြောက်မှု စစ်ဆေးဖို့ မေးခွန်းမေးရာမှာတောင် တီထွင်နိုင်တဲ့ဆရာက ကလေးတွေ မေးခွန်းဖြေနေရတယ်လို့ မထင်ဘဲ ပါဝင်ဆွေးနွေးနေရတယ်၊ ပြိုင်ပွဲဝင်တစ်ဦးအနေနဲ့ ကစားနေရတယ်လို့ ထင်အောင် တီထွင်နိုင်ကြပါတယ်။ဆရာတစ်ယောက်က သင်ခန်းစာ တစ်ခုကို ရိုးရိုးရှင်းရှင်းနဲ့ ကလေးနားလည်အောင် သင်နိုင်ရင် အဲ့ဆရာကို စာသင်တော်တယ်လို့ ပြောနိုင်ပေမဲ့ ကလေးတွေက စာသင်တာ အရမ်းတော်တယ်လို့ မသတ်မှတ်သေးပါဘူး။ ဒါကြောင့် ဆရာတွေဟာ ကိုယ်သင်မဲ့ သင်ခန်းစာအတွက် ကလေးနားလည်ဖို့နဲ့ စိတ်ဝင်စားဖို့သင်နည်းတွေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။
၃။လိုက်လျောညီထွေ ရှိခြင်း
အောင်မြင်နေတဲ့ ဆရာတော်တော်များများဟာ ကလေးတွေကို နားလည်ပေးနိုင်တယ်။ ကလေးတွေနဲ့တရင်းတနှီးရှိတယ်။ ကလေးတွေနဲ့ တသားတည်းရှိပြီး ကလေးတွေ ဘက်ကနေတွေးပေးနိုင်တာကို တွေ့ရမှာပါ။ ကိုယ်သင်တဲ့ အကြောင်းအရာကို ကလေး နားလည်နိုင်၊မနိုင်ကို တွေးသိနိုင်ရုံမက ကလေးရဲ့ စိတ်အခြေအနေ ကလေးရဲ့ ပြဿနာတွေကိုပါ နားလည်ပြီး ကလေးနဲ့ လိုက်လျောညီထွေရှိတာကို တွေ့ရမှာပါ။
၄။ ပေါင်းစပ်နိုင်ခြင်း
ပညာသင်တယ်ဆိုတာ ကလေးတွေ နောင်တစ်ချိန် လူ့ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ ချော့ချော့မွေ့မွေ့နေနိုင်ဖို့ကို ရည်ရွယ်တာဖြစ်တယ်။ ဒါကြောင့် သင်ယူရတဲ့ အကြောင်းအရာတွေဟာပတ်ဝန်းကျင်က အကြောင်းအရာတွေနဲ့ ပတ်သက်နေပါတယ်။ ဒါကြောင့် ဆရာဟာ မိမိသင်တဲ့ အကြောင်းအရာတွေဟာ ကလေးတွေရဲ့ ပတ်ဝန်ကျင်မှာ အသုံးဝင်ကြောင်း၊ အရေးပါကြောင်း သိလာစေရန် သင်ခန်းစာနဲ့ ပတ်ဝန်ကျင်ကို ပေါင်းစွမ်းနိုင်စွမ်း ရှိရပါတယ်။ ဒီလို ပေါင်းစပ်ပေးနိုင်တာဟာ ကလေးရဲ့ စိတ်ဝင်စားမှုကို ရရှိရုံမက ကလေးတွေ သင်ခန်းစာကို မှတ်မိလွယ်တဲ့အတွက် အောင်မြင်တဲ့ ဆရာဖြစ်ဖို့ အထောက်အကူဖြစ်ပါတယ်။
၅။ချိတ်ဆက်နိုင်ခြင်း
အောင်မြင်တဲ့ ဆရာတွေဟာ သင်ခန်းစာတွေကို ကလေးတွေရဲ့ သင်ပြီးသား အကြောင်းအရာတွေနဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။ ကလေးတွေရဲ့ ရှိပြီးသား အသိသညာကို လစ်လျူရှုထားလို့မရပါဘူး။ ရှိပြီးသား အသိသညာ နဲ့ ချိတ်ဆက်ပေးနိုင်မှသာ ကလေးသင်ကြားပြီးခဲ့တဲ့ အကြောင်းအရာကို ပြန်ဖော်ထုတ်ပေးရုံသာမက သင်ကြားနေတဲ့ သင်ခန်းစာကို နားလည်ပြီး ခိုင်မြဲ နေစေပါတယ်။ရှိပြီးသား အသိသညာနဲ့ ချိတ်ဆက်ရာမှာ သင်ခန်းစာဟောင်းကို မိမိအာဘော်နဲ့ ပြန်လည် သုံးသပ်သင်ကြားပေးခြင်းဖြင့် အခြေခံအားနည်းတဲ့ ကလေးတွေကိုပါ ဆွဲခေါ်ရာ ရောက်ပါတယ်။
ဒီအချက်တွေဟာ အခြေခံကျောင်းမှာ အောင်မြင်နေတဲ့ ဆရာအများစုမှာ တွေ့ရတဲ့ လက္ခဏာရပ်တွေ ဖြစ်ပါတယ်။ ဒါတွေအပြင် ဒီပြင်လက္ခဏာရပ်တွေလည်း ရှိနိုင်ပါသေးတယ်။
ဆရာ၊ဆရာမများ အားလုံး မိမိရဲ့ စာသင်တဲ့ အလုပ်ပေါ်မှာ အောင်မြင်မှု ရရှိပြီး အောင်မြင်မှုကို ဆက်လက် ထိန်းထားနိုင်ဖို့ ရည်ရွယ်လျက်..........
Teacher Goals in Myanmar
30/09/2025
ရာထူးတိုး၊ ပြောင်းရွှေ့ ကိစ္စရပ်များကို
တစ်နှစ်လျှင် မေလနှင့်အောက်တိုဘာလတို့တွင်
နှစ်ကြိမ် ပြုလုပ်သွားမည်ဟု သိရ ။
30/09/2025
မင်္ဂလာသတင်း
* * * * * * * * * * * *
ယခုနှစ်အောက်တိုဘာလမှ စတင်၍
နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစား
ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး
၃၀၀၀၀ ကျပ် ထပ်မံတိုးမြှင့်လိုက်ပြီ ဖြစ်ပါသည်။
ယနေ့ည ၈နာရီသတင်းမှာ ပါရှိပါသည်။
29/09/2025
ဂီတ ၊ ပန်းချီ ၊ ကာယ ဘာသာရပ်များအတွက် A. .S. .E.ဖြည့်သွင်းနည်း
..........
ဂီတ ဘာသာရပ်
☘ ပုလွေ ၊ စည်းဝါး
☘ အခြေခံအက
☘ သီချင်းနှင်ဟန်အမူအယာ
၃ ချက်ပြည့်စုံရင်..................... A
၂ သို့မဟုတ် ၁ချက်ပြည့်စုံရင်....... S
လုံးဝမပြည့်စုံရင်................... E
ပန်းချီ ဘာသာရပ်
☘ အနီး၊ အဝေး ချိန်ဆ၍ဆွဲသားခြင်း
☘ ဆေးရောင်စုံလိုက်ဖက်ခြင်း၊ သားနားခြင်း
☘ ပုံဆွဲသားမူတော်ခြင်း
☘ သန့်ရှင်းသပ်ရပ်ခြင်း
၄ သို့မဟုတ် ၃ချက်ပြည့်စုံရင်..............A
၂ သို့မဟုတ် ၁ချက်ပြည့်စုံရင်............. S
လုံးဝမရှိပါက............................E
ကာယ ဘာသာရပ်
☘ ကာယမလုပ်မီ ကြိုတင်လုပ်ဆောင်ရမည့်
အချက်ကိုသိရှိလိုက်နာခြင်း (ကစားကွင်း သန့်
ရှင်းသပ်ရပ်အောင်လုပ်ဆောင်ခြင်း နှင့် စီတန်း
ခြင်း)
☘ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခြင်း
☘ အတွဲ ၁ နှင့် ၂ ပြုလုပ်ခြင်း
☘ ကိုယ်ကာယလေ့ကျင့်ခန်းသီချင်းဖြင့် .
လုပ်ဆောင်ခြင်း
၄ချက်ပြည့်စုံရင်......................A
၃ သို့မဟုတ် ၂ချက်ပြည့်စုံရင်....... S
လုံးဝမရှိပါက..........................E
ကာယဘာသာရပ်ကိုသင်ကြားရာတွင် ကျောင်းသားကျောင်းသူများအား ကာယမလုပ်မီကြိုတင်လုပ်ဆောင်ရမည့်အချက်များ ၊ ကာယသီချင်းနှင့်လှုပ်ရှားမူ၊ သွေးပူလေ့ကျင့်ခန်း အဲဒီ ၃ချက်ကိုတော့မဖြစ်မနေရအောင်သင်ကြားပေးရပါမယ် ။
ဒါဆိုရင် ဂီတ ၊ ပန်းချီ ၊ ကာယ အတွက် မိမိကျောင်းသားတစ်ဦးစီအလိုက် A. .S. .E ပေးဖို့လွယ်ကူသွားမယ်လို့ထင်ပါတယ်ခင်ဗျာ ။
#လေးစားစွာဖြင့်
#မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
25/09/2025
* ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် *