25/12/2022
Merry Christmas and Happy New Year to you all!
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Personal and Mental Development Academy, Education, Sanchaung Township, Yangon.
25/12/2022
Merry Christmas and Happy New Year to you all!
17/04/2022
မြန်မာ့နှစ်သစ်ဆုတောင်း 🙏
မိတ်ဆွေတို့အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဘေးကင်းလုံခြုံကြပါစေ။
09/03/2022
🛡️ Mental Resilience လို့ခေါ်တဲ့ စိတ်ခံနိုင်ရည်အကြောင်း 🛡️
Mental Resilience ဆိုတာ ဘဝမှာ စိတ်ညစ်စရာ၊ စိတ်ပျက်စရာ၊ စိတ်ဖိစီးစရာ အပြောင်းအလဲတွေ၊ အဖြစ်အပျက်တွေနဲ့ ကြုံတွေရတဲ့အခါ စိတ်ကိုသေချာပြင်ဆင်ပြီး အပြောင်းအလဲရဲ့ဒဏ်ကို ခံနိုင်တဲ့စွမ်းရည်လို့ ပြောလို့ရပါတယ်။
ဒါပေမဲ့ စိတ်ခံနိုင်ရည်က လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူကြပါဘူး။ဘာလို့လဲဆိုတော့ လူတစ်ယောက်ရဲ့စိတ်ကို ထိခတ်စေနိုင်တဲ့အကြောင်းတရားတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ကွဲပြားကြလို့ပါပဲ။အဲဒါနဲ့ပတ်သက်ပြီး တိုတိုနဲ့ တာသွားတဲ့ စာကြောင်းလေးတစ်ကြောင်းကို ဖတ်ဖူးပါတယ်။
“အပ်ဖျားတစ်ထောက်စာလေးဆိုပေမဲ့ ပူဖောင်းလေးအတွက်ကတော့ ဘဝပျက်သွားနိုင်တယ်လေ။”
ဆိုတဲ့စာသားလေးပါ။
လူတိုင်းက ကိုယ်စီစိတ်ဒဏ်ရာတွေနဲ့ ဘဝမှာဖြတ်သန်းနေကြတာပါ။အကြောင်းတရားတိုက်ဆိုင်သွားတဲ့အခါ စိတ်ဒဏ်ရာက ပြန်ပြီးနာကျင်တတ်ပါတယ်။ဒါကို “ငါကတောင် ဘာမှမဖြစ်တာ။သူကဘာဖြစ်တာလဲ” ဆိုပြီးတန်းညှိနေလို့ အဆင်မပြေပါဘူး။ခုနကပြောသလို တစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်ခံနိုင်ရည်က မတူလို့ပါ။
အဲဒီလိုတန်းညှိနေမယ့်အစား ဖြစ်တတ်တဲ့သဘောလို့ နားလည်ပေးပြီး အားပေးနှစ်သိမ့်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
နောက်ပြီး လူတိုင်းအနေနဲ့လည်း ကြိုမမြင်နိုင်တဲ့ အပြောင်းအလဲတွေ၊ မသေချာမရေရာတဲ့ အဖြစ်အပျက်တွေ၊ အခက်အခဲတွေရဲ့ ဖိအားတွေ၊ တွန်းအားတွေကိုခံနိုင်ဖို့ ကိုယ့်ရဲ့စိတ်ခံနိုင်ရည် (Mental Resilience) ကို မြှင့်တင်ထားသင့်ပါတယ်။
ကိုယ့်ရဲ့ Mental Resilience ကိုမြှင့်တင်နိုင်ဖို့ အောက်ပါအချက်လေးတွေ လိုက်လုပ်ကြည့်လို့ရပါတယ်။👇
(၁) အပြုသဘောဆောင်တဲ့ Positive thinking ရှိပါ။အရာရာကို အဆိုးမြင်နေရင် စိတ်ဓာတ်ကျလွယ်ပါလိမ့်မယ်။
(၂) ခန္ဓာကိုယ်လေ့ကျင့်ခန်းလုပ်ပါ။ Physical Exercise လုပ်တဲ့အခါ ထွက်လာတဲ့ဟော်မုန်းတွေက စိတ်ပိုင်းဆိုင်ရာအတွက်လည်း အကျိုးရှိပါတယ်။
(၃) နေ့တိုင်း အချိန်တစ်ခုပေးပြီး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပေးပါ။
ဝါသနာပါတာလုပ်တာဖြစ်ဖြစ်၊ မိသားစုကို အချိန်ပေးတာဖြစ်ဖြစ်ပေါ့။
(၄) သတိတရား (Mindfulness) ကို မြှင့်တင်ပါ။ကိုယ်ဘာတွေဖြစ်နေလဲ၊ လုပ်နေလဲဆိုတာ သေချာသိပါ။အဲဒီအတွက် တရားထိုင်တာက အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပါပဲ။
(၅) လိုအပ်လာရင် အကူအညီတောင်းပါ။လူသားအားလုံးက အကွေ့အကောက် အတက်အဆင်းကြမ်းတဲ့လောကဓံကို အချင်းချင်း ကူညီဖေးမပြီး ကျော်လွှားရှင်သန်နေကြရတာပါ။
ဒါဆိုရင်တော့ Mental Resilience နဲ့ပတ်သက်ပြီး အတန်အသင့် သိရှိသွားကြမယ်လို့ မျှော်လင့်ပါတယ်။
အားလုံးပဲ ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးရော ဂရုစိုက်ကြပါ။အချင်းချင်းလည်း ချစ်ခင်ပြီး ကူညီဖေးမကြပါ။❤️
Crd: MYEO
01/03/2022
အရမ်းပင်ပန်းနေပြီလား…အသက်ရှုလိုက်ပါ…
ဟုတ်ပါတယ်…မိတ်ဆွေတို့ဖတ်လိုက်တာမမှားပါဖူး…အာရုံလေးသေချာစိုက် မျက်လုံးလေးမှိတ်ပြီး အသက်ပြင်းပြင်းလေးရှုခိုင်းတာပါ…😇
ပူပင်စရာတွေများတဲ့ အခုလိုအချိန်မှာ လူတိုင်း လူတိုင်း အရာရာကြောင့် Stress ဆိုတဲ့ အရာကို အနည်း နဲ့ အများခံစား လာကြရပါတယ်…
ပေါ်လာတဲ့ stress ကို ကြာကြာစုမထားပဲ ဖြစ်နိုင်သမျှမြန်မြန်လေး ရှင်းထုတ်ပစ်ဖို့လိုပါတယ်…ကြာသွားရင် စိတ်ကျန်းမာရေးကို ထိခိုက်လာတတ်ပါတယ်…
မိမိကိုယ်ကို Stress ပိနေပြီလို့သိနိုင်တဲ့ နည်းလမ်း ၄ မျိုးရှိပါတယ်။
Physical: ရုပ်ပိုင်းဆိုင်ရာနဲ့ပါတ်သက်ရင် ခန္တာကိုက သက်တောင့်သက်သာ မရှိတော့ပဲ ပင်ပန်းနွမ်းနယ် နေသလိုခံစားရတာ…ခေါင်းမကြည်တော့တာ…ကိုယ်လက်လှုပ်ရှားရတာ မပေါ့ပါးတောတာ…အမျိုးသမီး တွေဆိုရင် ရာသီစက်၀န်းမမှန်တော့တာ…
Emotional: စိတ်ခံစားချက်တွေနဲ့ပါတ်သက်ရင် လန်းလန်းဆန်းဆန်းမရှိတော့ပဲ အမြဲလိုလို ၀မ်းနည်းနေတတ်တာ… ခဏခဏ ဒေါသထွက်လာတာ…အရာရာကို အကောင်းမမြင်တော့တာ…
Behavioral: အပြုအမူတွေနဲ့ပါတ်သက်ရင် ဘာမှမလုပ်ချင်တော့တာ…လူတွေနဲ့တွေ့ရင်လည်း မနှုတ်ဆက်ချင်တော့ပဲ သီးသန့်ပဲနေချင်တော့တာ…ပြုံးပြုံးရွှင်ရွှင်မရှိတော့ပဲ မျက်နှာမှာလည်း ဒေါသရိပ်တွေပဲပေါ်နေတတ်တာ
Psychological: စိတ်ပိုင်းဆိုင်ရာအရ အရာရာကို အဆိုးတွေဘက်ကပဲ တွေးတော့တာ…ကိုယ်လုပ်နေရတဲ့ အရာတွေကိုလည်း မပျော်တော့တာ…အမြဲပဲ သောကရောက်နေတာ…
ဒီလိုတွေထဲက တစ်ခုခု စဖြစ်လာပြီဆိုရင် လုပ်လက်စတွေကို ခဏရပ်လိုက်ပြီး Deep Breathing Relaxation လို့ခေါ်တဲ့ အသက်ပြင်းပြင်းရှုလိုက် ပြီး ကိုယ့်ကိုစိတ်ညစ်နေစေတဲ့ အတွေးတွေ အရာတွေအားလုံးကို လေနဲ့အတူ မှုတ်ထုတ်ပစ်လိုက်ပါ… 💨
Deep Breathing ကို အနည်ဆုံး ၇ ကြိမ်လောက်လုပ်ကြည့်လိုက်ပါ…ပထမ မှာ စိတ်ရှုပ်ထွေးနေသလောက် ပူပန်နေသလောက် မဖြစ်တော့ပဲ လျော့သွားတာ ခန္တာကို်ယ်ကလည်း အောက်စီဂျင် ပြန်ပြည့်၀သွားတာကြောင့် လန်းဆန်းလာတာကို သိသိသာသာ သတိထားမိလာပါလိမ့်မယ်…
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ အစဉ်ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဒီ Post လေးကြောင့် တစ်စုံတစ်ယောက်ကို အကျိုးပြုသွားဖို့ရည်ရွယ်လျက်😇
Personal & Mental Development Academy
18/02/2022
🏝️ စိတ်ကလေး အနားရရဲ့လား 🏝️
💌 ဒီရက်ပိုင်း အလုပ် တာ၀န်တွေ၊ အခက်အခဲတွေ စိတ်ညစ်စရာတွေကြား ဖြတ်သန်းရုန်းကန်ရရင်း
နဲ့ စိတ်ရော လူရောပါ ပင်ပန်းနွမ်းနယ်နေကြမယ်လို့ထင်ပါတယ်။ ခန္ဓာကိုယ်ပင်ပန်းလာတဲ့အခါ အိပ်စက်အနားယူခြင်းနဲ့ အပန်းဖြေစေသလို ပင်ပန်းနေတဲ့ စိတ်နှလုံးသားလေးကိုရော အနားပေးဖြစ်ရဲ့လား။
👩💻 ကျွန်မတို့တွေ အနားယူရတာနဲ့ပတ်သက်ပြီး
သိပ်သဘောမကျတဲ့သူတွေ များတယ်။
" အနားမယူချင်ကြဘူး။ အနားယူဖို့မအားဘူး။
အလုပ်တွေများတယ်၊ အနားယူလိုက်ရင် ကိုယ်ဟာ
unproductive ဖြစ်သွားမယ်၊ သူများထက်နောက်ကျသွားမယ်၊ အဲ့တော့ အနားမယူသင့်ဘူး" လို့တွေးတတ်ကြတယ်။ တစ်လျှောက်လုံး စိတ်ဖိစီးပင်ပန်းလာတဲ့ စိတ်နဲ့ ခန္ဓာက်ို အနားမပေးဘဲ ဆက်တိုက် အလုပ်တွေချည်းဖိလုပ်ခိုင်းတော့တယ်။
🤒 လူပင်ပန်းတာနဲ့ စိတ်ပင်ပန်းတာတောင်မတူဘူး။
လူပင်ပန်းတာက တော်သေးတယ်၊ ဘာပဲပြောပြော
ညတော့အိပ်ကြတယ်မလား၊ ညအိပ်တဲ့အခါ တစ်နေ့တာ ပင်ပန်းထားတဲ့ ခန္ဓာကိုယ်က အနည်းနဲ့အများတော့ repair ပြန်လုပ်ပေးတယ်၊ recover ပြန်ဖြစ်သွားပါတယ်။ ပင်ပန်းနေတာတွေသက်သာအောင် အားဆေးသောက်မယ်၊ အားရှိတာတွေစားမယ်ဆိုရင်
ခန္ဓာကိုယ်က အားအင်ပြန်ပြည့်သွားတယ် မဟုတ်လား။
🧠 စိတ်ကတော့ အဲ့လိုမဟုတ်ဘူး။ စိတ်အနားရတယ်ဆိုတာရှားတယ်။ မနက်မိုးလင်း အိပ်ယာနိုးကနေစပြီး အတွေးတွေနဲ့အလုပ်လုပ်ရတယ်၊ မနက်စာ ဘာစားရင်ကောင်းမလဲကနေစလိုက်တာ အလုပ်ထိ ဒီတာ၀န်တွေ ဘယ်လိုပြီးအောင်လုပ်မလဲ စသဖြင့်ဆက်တိုက်တွေးနေရတယ်၊ ညအိပ်ရင်တောင် တစ်ခုခုကိုတွေးမိနေတုန်းပဲ။ အဲ့တော့ လူသာအနားရတာ စိတ်က အနားမရရှာဘူး။
🌴 စိတ်ကိုအနားပေးဖို့ဆိုတာလိုအပ်တယ်။ အနားပေးရမယ့် အချိန်ဆို ရှိပါတယ်။ ခန္ဓာကိုယ်အတွက် အားဆေးတွေသောက်သလိုပဲ စိတ်ကိုလည်း အားအင်ပြည့်အောင် အစာပြန်ကျေွးရပါတယ်။
အဲ့လိုမှမဟုတ်ရင် စိတ်ဟာ ပင်ပန်းလာမယ်၊ မွန်းကြပ်လာပါမယ်။ စိတ်ကလေးဖျားနာတဲ့အခါ လူပါနေမကောင်းလိုက်ဖြစ်ပြီး Quality of life ကိုပါထိခိုက်စေလာမှာဖြစ်ပါတယ်။
🧘♀️ ကိုယ့်ရဲ့ စိတ်နှလုံးသားကိုအနားပေးဖို့၊ တည်ငြိမ်စေဖို့ ဆိုရင် Mindfulness လို့ခေါ်တဲ့ practice တွေကို လေ့ကျင့်ပေးဖို့လိုပါတယ်။ ကျွန်မတို့တွေ Mindful ဖြစ်ဖို့လိုအပ်ပါတယ်။ စိတ်ရဲ့အစဉ်ဟာ လက်ရှိပစ္စုပ္ပန်မှာ
ရှိမနေတတ်ဘဲ အတိတ်ကို ပြန်တွေးပြီး ပူဆွေးနောင်တတွေရချင်ရနေမယ်၊ အနာဂတ်က်ိုကြိုတွေးပြီး စိုးရိမ်ပူပန်မှုတွေများနေတတ်ပါတယ်။ လက်ရှိပစ္စုပ္ပန်မှာ နေထိုင်တဲ့အချိန်ဟာ စိတ်အေးချမ်းဆုံးအချိန်၊ အတည်ငြိမ်ဆုံးအချိန်ဖြစ်ပါတယ်။
🧘♀️ ပစ္စုပ္ပန်မှာ တွေးနေတဲ့အတွေးတွေ ခံစားချက်တွေကို သတိပြုဆင်ခြင်တာ၊ ဘေးပတ်၀န်းကျင်၊ ခံစားမိသမျှ အာရုံငါးပါးကို သတိနဲ့စောင့်ကြည့်ပြီး ဆင်ခြင်ရှုမြင်တတ်တာဟာ Mindful ဖြစ်တာပါပဲ။
🧘♀️ Mindful မဖြစ်ဘူး၊ စိတ်ဟာတည်ငြိမ်မှုမရှိဘူးဆိုရင် ပျော်ရွှင်မှုတွေ၊ စိတ်ငြိမ်းချမ်းမှုတွေနဲ့ ကင်းကွာတတ်တယ်။ တစ်စုံတစ်ခုကို တွေးပူနေရတဲ့ overthinking တွေ၊ anxiety တွေကြားမှာ ပိတ်လှောင်တတ်ရတယ်။ စိတ်ဟာ ဆောက်တည်ရာမရနဲ့
ကဏာမငြိမ်တွေဖြစ်ပြီး ဘ၀မှာ အလွဲလွဲအချော်ချော်တွေဖြစ်တတ်ပါတယ်။
🧘♀️ Mindfulness ကို အချိန်ပေးပြီး လေ့ကျင့်သွားမယ်ဆိုရင် စိုးရိမ်သောကတွေ၊ စိတ်ဓာတ်ကျမှုတွေ
ကင်းေ၀းမယ်၊ အာရုံစူးစိုက်မှု အားကောင်းစေမယ်
တီထွင်ဖန်တီးနိုင်စွမ်းအားကောင်းမယ်
စိတ်နဲ့ခန္ဓာကိုယ်ကို တသားတည်းဖြစ်စေပြီး
ငြိမ်းချမ်းပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်စေနိုင်မှာ ဖြစ်ပါတယ်။
🧘♀️ Mindful ဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုကျင့်မလဲဆိုရင် အလွယ်ကူဆုံးဖြစ်တဲ့ အသက်ရှူလေ့ကျင့်ခန်း (Mindful Breathing) တွေကနေတစ်ဆင့် စတင်လို့ရပါတယ်။ ၀င်သက် ထွက်သက်ကို မှန်မှန်လေးရှူသွင်း ရှူထုတ်လုပ်မယ်၊ ၀င်လေ ထွက်လေကို သတိထားပြီးမှတ်ကြည့်မယ်၊ အဲ့ကနေမှတစ်ဆင့်
ကိုယ့်ရဲ့ခန္ဓာက ဝေဒနာတွေ၊ စိတ်အစဉ်မှာ ပေါ်ပေါက်လာတဲ့ မြင်ကွင်းတွေ၊ အတွေးတွေကို ဖြည်းဖြည်းချင်း သတိထားဆင်ခြင်မယ်၊ နေ့စဉ် သွားတာ
လာတာ၊ နေတာထိုင်တာ၊ စားတာသောက်တာကအစ သတိလေးကပ်ပြီး ဆင်ခြင်ကြည့်မယ်၊
အတွေးတွေ တခြားကို ပြန့်သွားတိုင်း လက်ရှိပစ္စုပ္ပန်ကို ပြန်ဆွဲခေါ်ပြီး စိတ်ကလေးကို သတိနဲ့ကပ်ကြည့်မယ်ပေါ့။ ဒီလိုလေ့ကျင့်ရင်း လေ့ကျင့်ရင်းကနေမှ တစ်ဆင့် သတိတရားအလွန်အားကောင်းသွားတဲ့အခါ
မဂ်ဖိုလ်နိဗ္ဗာန်အထိ ပေါက်မြောက်အောင် ကျင့်ကြံကြိုးကုတ်သွားလို့ရပါတယ်။
🏝️🏝️ အခုလို အဖက်ဖက်က မွန်းကြပ်ပိတ်လှောင်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကိုယ့်အတွက် တည်ငြိမ်အေးချမ်းစွာ အနားယူလို့ရမယ့် ကမ်ဘာငယ်လေးတစ်ခုကို ဖန်တီးယူတတ်ဖို့ ကျွန်မတို့ကိုယ်တိုင်မှာ တာ၀န်ရှိပါတယ်။ စိတ်ဒဏ်ရာတွေကို ကုစားဖို့၊ ဖျားနာနေတဲ့ စိတ်နှလုံးသားလေးကို ကုစားဖ်ို့၊ ကုန်ခမ်းလုနီးပါးဖြစ်နေတဲ့ Energy တွေကို ပြန်လည်ဖြည့်စည်းဖို့အတွက် ကျွန်မတို့မှာပဲ တာ၀န်ရှိပါတယ်။
💌 မိမိကိုယ်မိမိ ချစ်တယ်၊ တန်ဖိုးထားလေးစားတယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်နှလုံးသားလေးကို
ကြင်နာစွာ ဆက်ဆံဖို့ မမေ့ပါနဲ့။ အနားယူဖို့ လိုအပ်တဲ့အချိန်မှာ အနားယူဖို့မမေ့ပါနဲ့။ မိမိရဲ့ စိတ်နဲ့ခန္ဓာကို ကောင်းမွန်စွာ ထိန်းသိမ်းရင်း တည်ငြိမ်အေးချမ်းသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
Crd: Honest Hour
29/01/2022
လူတိုင်း လူတိုင်း ဘဝမှာလုပ်ချင်နေတာ တစ်ခုခုရှိတတ်ပါတယ်။
ဒါပေမဲ့ မအားသေးဖူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ဘဝမှာတစ်ကယ်လုပ်ချင်နေတဲ့ဟာကို လုပ်ဖို့နှောင့်နှေးနေတတ်ပါတယ်။
ဒီနေ့မှာတော့ ကိုယ့်ဘဝမှာလုပ်ချင်နေတဲ့အရာလေးတွေကိုလည်း လုပ်နိုင်အောင် နဲ့ လက်ရှိကိုယ်လုပ်နေရတဲ့ လုပ်ငန်းတွေ၊ရည်မှန်းချက်တွေအကောင်အထည်ဖော်ရာမှာမြန်ဆန်ထိရောက်ပြီး၊ပိုမိုကောင်းမွန်နိုင်ဖို့အတွက် PDCA Cycle လေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ 🥰
🤔PDCA ဆိုတာဘာလဲ?
👉 Plan: ကိုယ်လုပ်ချင်တဲ့အရာ (သို့) ကိုယ်လုပ်ရမဲ့အရာကို ပထမဆုံး အစီစဉ်စဆွဲပါ။
👉 Do: အစီစဉ်ဆွဲထားတဲ့ဟာကို အစမ်းလုပ်ကြည့်ပါ။
👉 Check: ဘာလိုအပ်သေးလည်း/ ဘယ်လိုပိုကောင်းအောင်လုပ်လို့ရလည်း/ ဘာပြင်ချင်သေးလည်း / ဘာထပ်ထည့်ချင်သေးလည်း သိရဖို့ ပြန်စစ်ပါ။
👉 Action: နောက်ဆုံး တစ်ကယ်စတင်ပြီးလုပ်ပါ။
🤔 PDCA ဘာကြောင့်အရေးပါလဲ?
👉 (၁)PDCA ကိုလုပ်ဆောင်ခြင်းဖြင့်လုပ်ငန်းရဲ့။
အရှိန်ကိုမြင့်တင်နိုင်မယ်။
👉 (၂)PDCAကိုလည်ရင်လည်သလောက်ကိုယ်ကိုယ် ကို ယုံကြည်မှုရှိပြီးMotivation မြင့်တင်နိုင်ခြင်းနဲ့ဆက်နွယ်ပါတယ်။
🤔 PDCA Cycle ဘယ်နှကြိမ်လည်ရမလဲ?
👉အကြိမ်အရေအတွက်?မြန်မြန်လည်နိုင်လေ
ကောင်းလေပါဘဲ။
ဒါဆိုရင်တော့ ကိုယ်လုပ်ချင်တာမှန်သမျှ မြန်မြန်ဆန်ဆန် တိတိကျကျ လုပ်လို့ရပြီပေါ့။🥰
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပြီး အလုပ်အကိုင်တွေ အဆင်ပြေကြပါစေ။ 🙏
17/01/2022
2022 မှာ ကြံ့ကြံ့ခိုင်နိုင်စွမ်း(Resilience)တိုးလာစေရန်.....💪💪
Credit to: Citta Consultancy
01/01/2022
နှစ်သစ်မှစပြီး ၇ ရက်သားသမီးများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွှင်အေးချမ်း လုံခြုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏
2020 ဟာ မြန်မာနိုင်ငံမှာရှိတဲ့လူတွေအားလုံးနီးပါး စိတ်ပင်ပန်းစရာ အခက်အခဲတွေ နဲ့ ၀မ်းနည်းစရာတွေအများကြီးကြုံခဲ့ရတဲ့နှစ်ပါ။ အားလုံးလည်း တစ်ရက်ထက် တစ်ရက် ပိုမို သန်မာလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ဒါကြောင့်အခုနှစ်သစ်ကစပြီး ကျန်းမာတဲ့ ခန္ဓာ နဲ့ သန်စွမ်းတဲ့ စိတ်ဓါတ်တွေရရှိဖို့အတွက် မိမိကိုယ်ကို မိမိ ပိုဂရုစိုက်ကြပါ။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပြီး ပျော်ရွှင်နေတဲ့လူတစ်ယောက်ဟာ အခြားသူတွေကိုအကူအညီအများကြီးပေးနိုင်ပါတယ်။ ဒါကြောင့် မိမိက စပြီး ပါတ်၀န်းကျင်ကို ဂရုစိုက်ရင်း လူသားဆန်မှု၊ နွေးထွေးမှု၊ မေတ္တာတရားတွေမျှေ၀ရင်း ကောင်းခြင်းတွေနဲ့ ပြည့်နေတဲ့နှစ်သစ်ဖြစ်အောင်စတင်လိုက်ကြပါစို့။
25/12/2021
🎄𝗪𝗶𝘀𝗵𝗶𝗻𝗴 𝘆𝗼𝘂 all a''Safe & Merry Christmas🎅
🎄 Christmas ကာလမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ🎅
05/12/2021
''ပြသနာ ကိုင်တွယ် ဖြေရှင်းခြင်း'' (Probem solving )
လူရယ်လို့ဖြစ်လာရင် မိသားစုမှာဖြစ်စေ သူငယ်ချင်းတွေကြားမှာဖြစ်စေ အလုပ်ခွင်မှာဖြစ်စေ ပြသနာ အနည်းနဲ့အများကြုံတွေ့ရတာ ပုံမှန်ပါ။
အဲ့လို ကြုံတွေ့လာခဲ့ရင် ဘယ်လိုရင်ဆိုင်မယ် ဆိုတာကအရေးကြီးတဲ့အပိုင်းပါ။ ပြသနာကို တုန့်ပြန်ပုံနဲ့ပတ်သတ်ပြီး အကြမ်းအားဖြင့် ၃ ပိုင်းခွဲလို့ရပါတယ်။
၁။ တချို့က ပြသနာကို ရှောင်ထွက်သွားကြတာ။ အဲ့လိုလူတွေကို ခေါင်းရှောင်တဲ့သူလို့ပြောကြတယ်။ ပြသနာလည်းပြေလည်မသွားခဲ့ဖူး။
၂။ တချို့က ရန်လိုတဲ့အပြုအမူနဲ့ ထိပ်တိုက်ဖြေရှင်းတယ်။ အဲ့လိုလူတွေကို ဒေါသ နဲ့တုန့်ပြန်တတ်တဲ့သူလို့ပြောကြတယ်။ ပြသနာတွေပြေလည်သွားနိုင်ပေမဲ့ ဆက်ဆံရေးတစ်ခုမှာ အဖုအထစ်တွေကျန်ခဲ့တယ်။
၃။ တချို့က ပြသနာကို နှစ်ဦးနှစ်ဖက်လုံးအတွက် သေချာစဉ်းစားပြီး အကောင်းရလဒ်ထွက်အောင်ဖြေရှင်းတယ်။ အဲ့လိုလူတွေကို ဝန်ယူတတ်တဲ့သူ/ ခေါင်းဆောင်ကောင်း အစရှိသဖြင့်ပြောကြတယ်။ ပြသနာလည်းပြေလည်သွားပြီ နှစ်ဖက်လုံးလည်း အဆင်ပြေသွားတယ်။
ဘယ်လောက်ပဲခက်ခဲတဲ့ပြသနာမဆို ဖြေရှင်းဖို့နည်းလမ်းအမြဲရှိပါတယ်။ ပြသနာအရင်း အမြစ် အသေး အကြီးပေါ်မူတည်ပြီး အချိန် အနည်း နဲ့အများနိုင်ဖြစ်လို့ ခေါင်းအေးအေးထားပြီး အကောင်းဆုံးကိုရွေးပြီး သေချာစဉ်းစားဖြေရှင်းဖို့ပဲလိုပါတယ်။
မိတ်ဆွေတို့ အားလုံးလည်း ဘဝမှာ ကြုံလာရမဲ့ ပြသနာတွေကို စိတ်ခွန်အားအပြည်အဝနဲ့ အကောင်းဆုံးရင်ဆိုင်ဖြေရှင်းပြီး တာဝန်ယူတတ်တဲ့ လူသားများဖြစ်ကြပါစေ။
28/11/2021
Morning person ဖြစ်ရခြင်းရဲ့ အားသာချက်တွေက ဘာတွေဖြစ်မလဲ?
ဒီတစ်ခါမှာတော့ စောစောထတတ်တဲ့ (Early Bird or Morning person) အမျိုးတွေ ရဲ့ အားသာချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ 🤍
ဒီစာလေးကိုမဖတ်ခင်အရင်ဆုံး ကိုယ်က early bird လား၊ night owl လားဆိုတာကို သိထားကြဖို့အရေးကြီးပါတယ်။
တစ်နည်းအားဖြင့် ကိုယ့်ရဲ့ chronotype ကို သိထားဖို့လိုတာပေါ့နော်။
ဒါမှသာ ကိုယ့်ရဲ့ Productive hours ကိုသိပြီး အရေးကြီးတဲ့အလုပ်တွေကို သင့်တော်တဲ့အချိန်မှာ လုပ်ဆောင်နိုင်မှာမို့လို့ပါ။ ✔️
ဒါကြောင့် chronotype ဆိုတာဘာလဲဆိုတာကြည့်ရအောင်။
Chronotype ဆိုတာ ကိုယ့်ရဲ့ biological clock အရ ကိုယ်ဟာ
💡နေ့တစ်နေ့ရဲ့ ဘယ်အချိန်တွေမှာ အနိုးကြားဆုံးလဲ၊ အတက်ကြွဆုံးလဲ၊
😴ဘယ်အချိန်တွေမှာတော့အိပ်ချင်လဲ ဆိုတဲ့အပေါ်မူတည်ပြီး ခွဲခြားထားတဲ့ type တစ်ခုပါပဲ။
အကြမ်းအားဖြင့် chronotype ကို (၃) မျိုးခွဲထားပါတယ်။ ဘာတွေလဲဆိုတော့-
🌄စောစောအိပ်၊စောစောထတတ်တဲ့ Morning type၊
🌇နောက်ကျမှအိပ်ရာဝင်ပြီး နေမြင့်မှထတတ်တဲ့ Evening type နဲ့
💭အိပ်ချိန်ပုံမှန်မရှိတဲ့ neither ဆိုပြီးတော့ပါ။
အဲ့ အကြမ်းဖျင်း types တွေကိုမှ ပိုပြီးအသေးစိတ်ကျအောင် တိရိစၧာန်လေးတွေရဲ့နာမည်တွေကိုသုံးပြီး (၄) မျိုးထပ်ခွဲထားပါသေးတယ်။ ဘယ်လိုလဲဆိုတော့-
Morning type ထဲမှာဆိုရင်
🦁ညဘက်ဆို ၉-၁၀ နာရီလောက်ကတည်းကအိပ်ရာဝင်ပြီး မနက် (၆) နာရီ နေထွက်တာနဲ့ နိုးတတ်တဲ့ တောဘုရင် Lion type၊
🐻ညဘက်ဆို ၁၁ နာရီလောက်အိပ်ရာဝင်ပြီး မနက်ဆို (၇) နာရီလောက်မှာနိုးတတ်တဲ့ Bear type ဆိုပြီး နှစ်မျိုးထပ်ခွဲထားပါသေးတယ်။
🐺Evening type ကိုကျတော့ Wolf လေးနဲ့ ကိုယ်စားပြုထားပြီး ဒီ type ထဲမှာ ညဆိုညဥ့်နက်တဲ့အထိ တော်ရုံနဲ့မအိပ်၊ မနက်ဆိုလည်း ၉-၁၀ နာရီ နေဖင်ထိုးမှ ထတတ်တဲ့ သူတွေ ပါပါတယ်။
🐬အိပ်ချိန်မတိကျတဲ့ Neither type ထဲကသူတွေကိုတော့ dolphin လေးနဲ့ ကိုယ်စားပြုပါတယ်။
လူအများစုဟာ bear type ထဲပါဝင်ကြပါတယ်။
စာရေးသူကတော့ အရင်က bear type ဖြစ်ခဲ့ပေမယ့် လောလောဆယ် wolf type ပါ။ 🤭🐺
အခု ဒီ post မှာ ပြောပြသွားမှာကတော့ early birds လေးတွေဖြစ်တဲ့ Lion နဲ့ Bear လေးတွေအကြောင်းပေါ့နော်။ 🦁🐻
“Early bird catches the worm” ဆိုတဲ့ ဆိုရိုးလေးအတိုင်း လူတွေဟာ စောစောထတတ်တဲ့သူတွေမှာဆိုရင် ပိုပြီး အောင်မြင်ဖို့ အလားအလာများတယ်လို့သတ်မှတ်ထားကြပါတယ်။
ကမ်ဘာ့အကျော်အမော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးအကျဉ်းကိုကြည့်လိုက်မယ်ဆိုရင်လည်း သူတို့ဟာ အိပ်ရာကနေ စောစောထပြီး တစ်နေ့တာကို ဘယ်လို productive ဖြစ်အောင်လုပ်တာဆိုတာတွေပဲ တွေ့ရတာများပါတယ်။ 🤑
ဒါဆို morning person တွေဖြစ်ရင် တကယ်ပဲအောင်မြင်နိုင်ချေများတာလား၊
ဘယ်လိုအကျိုးကျေးဇူးတွေရှိနေတာလဲဆိုတာ လေ့လာကြည့်ရအောင်။ 👀
Productivity အနေနဲ့ဆို
☑️ Morning person တွေဟာ 9-5 working days တွေမှာ productive အဖြစ်ဆုံးသူတွေဖြစ်ပါတယ်။
သူတို့ဟာ မနက်စောစောထတတ်တာကြောင့် night owl တွေလို မနက်ခင်း ကျောင်း၊ အလုပ်ကိုမီဖို့ အတင်းကုန်းရုန်းထစရာမလိုပါဘူး။
Night owl တွေက နောက်ကျမှအိပ်ပြီး မနက်အစောကြီးထရလို့ အိပ်ရေးမဝတဲ့ပန်ဒါတွေဖြစ်ပြီး မလန်းမဆန်းဖြစ်နေတဲ့အချိန်မှာ သူတို့ကတော့
အိပ်ရေးလည်းဝတဲ့အပြင် တစ်နေ့တာကို တက်ကြွမှုအပြည့်၊ focus အပြည့်နဲ့ ဖြတ်သန်းနေနိုင်တာပေါ့နော်။
☑️ မနက်ပိုင်းမှာ ခေါင်းကြည်ကြည်နဲ့ အလုပ်လုပ်ဖို့ အချိန်ပိုရတယ်။
ညက လုပ်ထားတဲ့အလုပ်ကို ပြန် review မလား၊ ကျက်ထားတဲ့စာတွေကို ပြန်နွှေးမလား၊ ဒါမှမဟုတ် ညကမပြီးပြတ်သေးတာတွေကိုဆက်လုပ်မလား ကြိုက်တာလုပ်လို့ရပါတယ်။
ကိုယ်ညကအိပ်ချင်မူးတူးနဲ့ရေးထားတဲ့ assignment ကို ဒီနေ့မတင်ခင်မှာ ခေါင်းကြည်ကြည်နဲ့ ပြန်စစ်ရင်း error လေးတွေတွေ့တော့ ဆရာမဆီမှာအဆူမခံရခင် အချိန်မီပြင်လို့ရတာပေါ့နော်။ 🤭
☑️ အလုပ်မစခင်မှာ ကိုယ်လုပ်ချင်တာတွေလုပ်ဖို့ အချိန်ပိုရတယ်။
တကယ်လို့ ကိုယ့်မှာ ကျောင်းစာ၊ အလုပ်နဲ့ပတ်သက်ပြီး ဘာမှလုပ်စရာမကျန်တော့ရင်တောင်
တရားထိုင်မလား၊ မနက်ခင်းလမ်းလျှောက်ထွက်ရင်း အားကစားလုပ်မလား၊ ယောဂကျင့်မလား၊ self-care လုပ်မလား စတဲ့ ကိုယ့်ရဲ့ daily routine ထဲကအလုပ်တချို့ကို မနက်ခင်းမှာတင် ပြီးမြောက်အောင်လုပ်လိုက်လို့ရပါတယ်။
အဲ့လိုလုပ်လိုက်ခြင်းဖြင့် ညနေခင်းတွေမှာ အချိန်ပိုထွက်တဲ့အပြင် တကယ်လို့ urgent အလုပ်တွေပေါ်လာရင်တောင် ကိုယ့်ရဲ့ daily routine ကိုပြီးအောင်မလုပ်လိုက်နိုင်ဘူးဆိုပြီး စိတ်ညစ်စရာမလိုတော့ပါဘူး။
ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း
☑️ Morning person တွေဟာ night owls တွေနဲ့ယှဉ်ရင် ပိုပြီး လှုပ်လှုပ်ရှားရှားလုပ်ဖြစ်တာကြောင့် အဝလွန်တာအပြင် နောက်ဆက်တွဲသွေးချိုဆီးချို၊ နှလုံးရောဂါတို့ဖြစ်ဖို့ ရာခိုင်နှုန်းနည်းပါတယ်။
☑️ Midnight snacks တွေလည်း စားလေ့မရှိတာကြောင့် ဝိတ်တက်တာမဖြစ်ဘူး၊
☑️ Eating patterns မှန်တဲ့အတွက် eating disorders တွေ မဖြစ်ဘူး၊
☑️Quality sleep ရရှိတဲ့အတွက် တစ်နေ့တာလုံးမှာ စိတ်ကြည်လင်ပြီး mood disorders တွေကင်းဝေးမှာဖြစ်ပါတယ်။
ဒါကတော့ morning person ဖြစ်ရတဲ့ ကောင်းကျိုး လေးတွေပေါ့နော်။
ဒီနေ့က စပြီး ကျန်းမာပျော်ရွှင်ရတဲ့ တစ်ရက်တာဖြစ်ဖို့ စောစော အိပ်လို့ စောစော ထလို့ စောစော လမ်းလျှောက်ကြပါစို့။
Credit to Ctrl List
18/11/2021
မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်အချိန်သမယလေးမှာ ၇ ရက်သားသမီးအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ဘေးဘယာကင်းဝေးပါစေကြောင်း Personal Development Academy မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။