10/09/2021
Uni code
မဂ်လာပါ။ Myanmar Executive School က လှိုက်လှဲစွာ ကြိုဆိုပါတယ်။
MES ရဲ့ Lecturer တဦးဖြစ်သည့် မသန္တာအေး ၏ Thoughtful Thoughts page မှစာတပုဒ်ကို ဝေမျှချင်ပါတယ်။
ဖော်ပြခွင့်ပြုသော မသန္တာအေး (Thoughtful Thoughts) ကို ကျေးဇူးတင်ပါတယ်။ 🤩
Collegue အမ တယောက် Facebook မှာ share လုပ်ထားတဲ့ အလုပ်ခေါ်စာကိုဖတ်ကြည့်မိပြီးတော့
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လိုက်မိတာလေးပါ။
အလုပ်ခေါ်တဲ့ Company က မြန်မာနိုင်ငံမှာ ဆယ်စုနှစ် နှစ်ခုကျော် အောင်မြင်စွာ ရပ်တည်နေသည့် Company. Position က Interior Designer.
တော်တော်များများလည်း သတိပြုမိလိုက်ကြမယ် ထင်ပါတယ်။
Duties and responsibilities ကိုဖတ်ကြည့်လိုက်တော့
1. Provide creative and technical solutions to the projects
2. Assists in compiling data for architectural plans, specifications, cost estimates, reports, etc.
3. Assists in the preparation for plans for existing buildings where plans are not available
4. Reviews shop drawings, specifications, cost estimates and construction material recommendations submitted by outside architects and contractors to ensure adherence to contract and notifies Architect of discrepancies.
5,6,------ 13 ….
Skill and experiences က
1. Bachelor's degree / diploma in Architecture or Interior Design and minimum three (3) years of interior design experiences
2.Knowledge of code requirements
3. Knowledge of structural, mechanical, and electrical engineering.
4,5,----11, …….
(မှတ်ချက်။ ။ ပါဝင်တဲ့ တချို့ အချက်တွေကို အလုပ်ကြော်ငြာက ကူးထားတာပါ။)
လွန်ခဲ့ ၃၊ ၄ နှစ်ကသာ ဒီကြော်ငြာကို ဖတ်ခဲ့ရမယ်ဆိုရင်တော့ နီးစပ်ရာ လက်တို့ပြီး ပြောမိကြမယ်၊ ရယ်မိကြမယ် ထင်ပါတယ်။
(ဟယ် ဒီမှာကြည့် ပါဦး၊ ရယ်စရာကြီး position က interior designer post ဆိုပြီး qualifications တွေက ဘာတွေလဲ၊ minimum working experience က ၃ နှစ်ဆိုပြီး Requirement တွေက များလိုက်တာ၊ ဘယ်သူက ဒါတွေ လုပ်တတ်မှာလည်း စသဖြင့် ပြောကြပြီးတော့ ပေါ့ )
ပထမတခေါက်ဖတ်တယ် ပြီးတော့ နောက်တကြိမ် ပြန်ဖတ်တယ်။
ဒီတိုင်းဆို ကျွန်မကိုယ်တိုင်တောင် ဒီduties and responsibilities တွေကို လုပ်နိုင်ပါ့မလား???
နောက်ထပ်တကြိမ်ထပ်ဖတ်လိုက်ပြီးတော့မှ “အော် အသက်မွေးဝမ်းကြောင်း အလုပ် (career)ကောင်းတခု ဆိုတာ လွယ်ကူပြီး သက်တောင့်သက်သာရှိလွန်းတာတော့ ဘယ်ဟုတ်နိုင်ပါ့မလဲ” လို့ အတွေးဝင်လာခဲ့ပါတယ်။
ကိုယ်မြတ်နိုးလို့ရွေးချယ်ထားတဲ့ career လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ အမြဲရပ်တည်နေနိုင်ဖို့ အာမခံချက်တွေ ရှိနေဖို့ တော်တော်ကြိုးစားရမှာပါလားလို့လည်း အသိဝင်လာပါတယ်။
ကိုယ်နှင့် လုပ်ငန်းတူ၊ ဝါသနာတူ သူငယ်ချင်းတွေ၊ junior တွေကို သတိပြုမိစေချင်တာက ဒီအလုပ်ကြော်ငြာကို ဖတ်ပြီးတာနှင့် ကိုယ် လျောက်လို့ရတယ်လို့ တွေးမိပါသလား။ ဆိုလိုတာက ကိုယ်က သူတို့ လိုအပ်တဲ့ Degree /Diploma တွေ၊ Working experiences တွေနှင့်တော့ ကိုက်ညီနေတယ်။ ဒါပေမယ့် နောက်မှာ ပါလာသည့် Duties & Responsibilities ၊ Job Requirement တွေအတွက်ရော အဆင်သင့် ဖြစ်နေပါပြီလား???
ကိုယ်က အားလုံးကို တတ်တယ် မလုပ်ချင်လို့ မရွေးချယ်တဲ့သူတွေကို မဆိုလိုဘူးနော်။
တကယ်လည်း မလုပ်နိုင်ဘူး duties and responsibilities တွေက လွန်လွန်းတယ်၊
ဒါတွေ တတ်ရမယ်ဆိုပြီး salary ကရော ဘယ်လောက်ရမှာမို့လဲ ဆိုပြီး တွေးမိလျင်တော့....
လစာဆိုတာက ပေါက်ဈေးဆိုတာ မရှိပါဘူး။ ကိုယ့် အရည်အချင်းကို မူတည်ပြီး တောင်းဆိုကြ၊
ညှိနှိုင်းကြရတာပါပဲ။
တစ်ဖက်မှာလည်း လိုအပ်ချက်တွေ၊ ပြိုင်ဆိုင်မှုတွေက များသထက်များလာပြီ _ ကိုယ့်ဘက်က ဒါကို blame နေရုံနှင့်တော့ ဘယ်မှမရောက်နိုင်ပါဘူး ။
အသစ် အသစ်တွေကို လေ့လာဖြည့်ဆည်းရင်း နောက်ထပ် တဆင့်ပြီး တဆင့်တက်သွားနိုင်သူတွေရဲ့ အလယ်မှာ ကိုယ်ရဲ့ Skill နဲ့ Ability က Career အတွက် နေရာ ပျောက် ပြီး ဒိုင်နိုဆောကြီး (အခုခေတ်မှာ Dinosaur မရှိတော့ဘူး မဟုတ်လား) တော့ ဘယ်နည်းနှင့်မျှ မဖြစ်လိုပါ။ နောက်ဆိုရင် အလုပ်ခေါ်စာတွေမှာ ခေါ်နေတဲ့ Position အတွက် ဘာတွေ ကျွမ်းကျင်ရမယ် ဘာတွေတတ်ရမယ်ဆိုတာတွေ အသေးစိတ်ရေးမှာ မဟုတ်တော့ဘူး။ Must have skills တွေရှိလာပါပြီ။
အခု အလုပ်ခေါ်စာမှာလဲ English 4 skills တတ်ရမယ်လို့ ထည့်မရေးထားဘူး။ ဒါပေမယ့် တတ်ကို တတ်နေရမှာ မဟုတ်ပါလား။ အဲဒီလိုပဲ Report Writing နဲ့ Business communication ဆိုတာလည်း မဖြစ်မနေ ရှိရမယ့် Skill Set ဖြစ်နေပါပြီ။
မတတ်ထားရင် မသိရင် ဘာဖြစ် မလဲ? ဟုတ်ကဲ့ ဘာမှကို မဖြစ်တော့မှာပါ။
အဲ့ဒီ အခြေနေကိုရောက်နေပါပြီ။ 😌😌
ကိုယ်က ဒီလောက်တော်ပြီဆိုပြီးရပ်နေရင် နောင်ကာလတစ်ခုကြာလာတဲ့အခါ ဝင်ငွေနဲ့ လုပ်ငန်းအတွေ့အကြုံက ယခုအတိုင်းပဲ ဆက်ရှိနေရင် ကိုယ်တိုင်ကျေနပ်မှုရှိပါ့ မလား။
အတွေးလေးတစ ဝေမျှချင်ရုံသက်သက် ပါ …။
Zawgyi
မဂ္လာပါ။ Myanmar Executive School က လႈိက္လွဲစြာ ႀကိဳဆိုပါတယ္။
MES ရဲ႕ Lecturer တဦးျဖစ္သည့္ မသႏၲာေအး ၏ Thoughtful Thoughts page မွစာတပုဒ္ကို ေဝမွ်ခ်င္ပါတယ္။
ေဖာ္ျပခြင့္ျပဳေသာ မသႏၲာေအး (Thoughtful Thoughts) ကို ေက်းဇူးတင္ပါတယ္။ 🤩
Collegue အမ တေယာက္ Facebook မွာ share လုပ္ထားတဲ့ အလုပ္ေခၚစာကိုဖတ္ၾကည့္မိၿပီးေတာ့
ကိုယ့္ကိုယ္ကို ျပန္သုံးသပ္လိုက္မိတာေလးပါ။
အလုပ္ေခၚတဲ့ Company က ျမန္မာႏိုင္ငံမွာ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ ေအာင္ျမင္စြာ ရပ္တည္ေနသည့္ Company. Position က Interior Designer.
ေတာ္ေတာ္မ်ားမ်ားလည္း သတိျပဳမိလိုက္ၾကမယ္ ထင္ပါတယ္။
Duties and responsibilities ကိုဖတ္ၾကည့္လိုက္ေတာ့
1. Provide creative and technical solutions to the projects
2. Assists in compiling data for architectural plans, specifications, cost estimates, reports, etc.
3. Assists in the preparation for plans for existing buildings where plans are not available
4. Reviews shop drawings, specifications, cost estimates and construction material recommendations submitted by outside architects and contractors to ensure adherence to contract and notifies Architect of discrepancies.
5,6,------ 13 ….
Skill and experiences က
1. Bachelor's degree / diploma in Architecture or Interior Design and minimum three (3) years of interior design experiences
2.Knowledge of code requirements
3. Knowledge of structural, mechanical, and electrical engineering.
4,5,----11, …….
(မွတ္ခ်က္။ ။ ပါဝင္တဲ့ တခ်ိဳ႕ အခ်က္ေတြကို အလုပ္ေၾကာ္ျငာက ကူးထားတာပါ။)
လြန္ခဲ့ ၃၊ ၄ ႏွစ္ကသာ ဒီေၾကာ္ျငာကို ဖတ္ခဲ့ရမယ္ဆိုရင္ေတာ့ နီးစပ္ရာ လက္တို႔ၿပီး ေျပာမိၾကမယ္၊ ရယ္မိၾကမယ္ ထင္ပါတယ္။
(ဟယ္ ဒီမွာၾကည့္ ပါဦး၊ ရယ္စရာႀကီး position က interior designer post ဆိုၿပီး qualifications ေတြက ဘာေတြလဲ၊ minimum working experience က ၃ ႏွစ္ဆိုၿပီး Requirement ေတြက မ်ားလိုက္တာ၊ ဘယ္သူက ဒါေတြ လုပ္တတ္မွာလည္း စသျဖင့္ ေျပာၾကၿပီးေတာ့ ေပါ့ )
ပထမတေခါက္ဖတ္တယ္ ၿပီးေတာ့ ေနာက္တႀကိမ္ ျပန္ဖတ္တယ္။
ဒီတိုင္းဆို ကြၽန္မကိုယ္တိုင္ေတာင္ ဒီduties and responsibilities ေတြကို လုပ္ႏိုင္ပါ့မလား???
ေနာက္ထပ္တႀကိမ္ထပ္ဖတ္လိုက္ၿပီးေတာ့မွ “ေအာ္ အသက္ေမြးဝမ္းေၾကာင္း အလုပ္ (career)ေကာင္းတခု ဆိုတာ လြယ္ကူၿပီး သက္ေတာင့္သက္သာရွိလြန္းတာေတာ့ ဘယ္ဟုတ္ႏိုင္ပါ့မလဲ” လို႔ အေတြးဝင္လာခဲ့ပါတယ္။
ကိုယ္ျမတ္ႏိုးလို႔ေ႐ြးခ်ယ္ထားတဲ့ career လမ္းေၾကာင္းေပၚမွာ ခိုင္ခိုင္မာမာ အၿမဲရပ္တည္ေနႏိုင္ဖို႔ အာမခံခ်က္ေတြ ရွိေနဖို႔ ေတာ္ေတာ္ႀကိဳးစားရမွာပါလားလို႔လည္း အသိဝင္လာပါတယ္။
ကိုယ္ႏွင့္ လုပ္ငန္းတူ၊ ဝါသနာတူ သူငယ္ခ်င္းေတြ၊ junior ေတြကို သတိျပဳမိေစခ်င္တာက ဒီအလုပ္ေၾကာ္ျငာကို ဖတ္ၿပီးတာႏွင့္ ကိုယ္ ေလ်ာက္လို႔ရတယ္လို႔ ေတြးမိပါသလား။ ဆိုလိုတာက ကိုယ္က သူတို႔ လိုအပ္တဲ့ Degree /Diploma ေတြ၊ Working experiences ေတြႏွင့္ေတာ့ ကိုက္ညီေနတယ္။ ဒါေပမယ့္ ေနာက္မွာ ပါလာသည့္ Duties & Responsibilities ၊ Job Requirement ေတြအတြက္ေရာ အဆင္သင့္ ျဖစ္ေနပါၿပီလား???
ကိုယ္က အားလုံးကို တတ္တယ္ မလုပ္ခ်င္လို႔ မေ႐ြးခ်ယ္တဲ့သူေတြကို မဆိုလိုဘူးေနာ္။
တကယ္လည္း မလုပ္ႏိုင္ဘူး duties and responsibilities ေတြက လြန္လြန္းတယ္၊
ဒါေတြ တတ္ရမယ္ဆိုၿပီး salary ကေရာ ဘယ္ေလာက္ရမွာမို႔လဲ ဆိုၿပီး ေတြးမိလ်င္ေတာ့....
လစာဆိုတာက ေပါက္ေဈးဆိုတာ မရွိပါဘူး။ ကိုယ့္ အရည္အခ်င္းကို မူတည္ၿပီး ေတာင္းဆိုၾက၊
ညႇိႏႈိင္းၾကရတာပါပဲ။
တစ္ဖက္မွာလည္း လိုအပ္ခ်က္ေတြ၊ ၿပိဳင္ဆိုင္မႈေတြက မ်ားသထက္မ်ားလာၿပီ _ ကိုယ့္ဘက္က ဒါကို blame ေန႐ုံႏွင့္ေတာ့ ဘယ္မွမေရာက္ႏိုင္ပါဘူး ။
အသစ္ အသစ္ေတြကို ေလ့လာျဖည့္ဆည္းရင္း ေနာက္ထပ္ တဆင့္ၿပီး တဆင့္တက္သြားႏိုင္သူေတြရဲ႕ အလယ္မွာ ကိုယ္ရဲ႕ Skill နဲ႔ Ability က Career အတြက္ ေနရာ ေပ်ာက္ ၿပီး ဒိုင္ႏိုေဆာႀကီး (အခုေခတ္မွာ Dinosaur မရွိေတာ့ဘူး မဟုတ္လား) ေတာ့ ဘယ္နည္းႏွင့္မွ် မျဖစ္လိုပါ။ ေနာက္ဆိုရင္ အလုပ္ေခၚစာေတြမွာ ေခၚေနတဲ့ Position အတြက္ ဘာေတြ ကြၽမ္းက်င္ရမယ္ ဘာေတြတတ္ရမယ္ဆိုတာေတြ အေသးစိတ္ေရးမွာ မဟုတ္ေတာ့ဘူး။ Must have skills ေတြရွိလာပါၿပီ။
အခု အလုပ္ေခၚစာမွာလဲ English 4 skills တတ္ရမယ္လို႔ ထည့္မေရးထားဘူး။ ဒါေပမယ့္ တတ္ကို တတ္ေနရမွာ မဟုတ္ပါလား။ အဲဒီလိုပဲ Report Writing နဲ႔ Business communication ဆိုတာလည္း မျဖစ္မေန ရွိရမယ့္ Skill Set ျဖစ္ေနပါၿပီ။
မတတ္ထားရင္ မသိရင္ ဘာျဖစ္ မလဲ? ဟုတ္ကဲ့ ဘာမွကို မျဖစ္ေတာ့မွာပါ။
အဲ့ဒီ အေျခေနကိုေရာက္ေနပါၿပီ။ 😌😌
ကိုယ္က ဒီေလာက္ေတာ္ၿပီဆိုၿပီးရပ္ေနရင္ ေနာင္ကာလတစ္ခုၾကာလာတဲ့အခါ ဝင္ေငြနဲ႔ လုပ္ငန္းအေတြ႕အႀကဳံက ယခုအတိုင္းပဲ ဆက္ရွိေနရင္ ကိုယ္တိုင္ေက်နပ္မႈရွိပါ့ မလား။
အေတြးေလးတစ ေဝမွ်ခ်င္႐ုံသက္သက္ ပါ …။