August Language Hill

August Language Hill မတူညီတဲ့ဘာသာစကားတွေကို လေ့လာပြီး
က?

25/06/2022
အရာရာ တိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာအင်္ဂလိပ်စာတစ်မျိုးတည်းနဲ့ ကိုယ့်ဘာသာစကားစွမ်းရည်ကို ရပ်တန့်ပစ်လိုက်မှာလား.?ကျွန်တ...
12/05/2022

အရာရာ တိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ
အင်္ဂလိပ်စာတစ်မျိုးတည်းနဲ့ ကိုယ့်ဘာသာစကားစွမ်းရည်ကို
ရပ်တန့်ပစ်လိုက်မှာလား.?

ကျွန်တော်တို့စီမှာရှိတဲ့ ပြင်သစ်နဲ့စပိန်ဘာသာစကား အတန်းတွေတက်ပြီး ကိုယ့်ရဲ့ အခွင့်အလမ်း/ရပိုင်ခွင့်တွေကို မြှင့်တင်လိုက်ကြရအောင် 🇫🇷 🇪🇸

ပြင်သစ်နဲ့ စပိန် ၂မျိုးလုံးဟာ
ကုလသမဂ္ဂ ရုံးသုံးဘာသာစကားတွေဖြစ်ပြီး
ဥရောပတိုက်မှာဆိုရင် အင်္ဂလိပ်ဘာသာစကားထက်တောင်
လူသုံးများတဲ့ ဘာသာရပ်တွေ ဖြစ်တဲ့အတွက်

✅ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သူတွေ
✅ အလုပ်သွားလုပ်မယ့်သူတွေအနေနဲ့

အခြားသူတွေထက် ပိုသာတဲ့အခွင့်အရေးတွေက
သင်တို့ကို စောင့်ကြိုနေပါတယ် 👍🏼

နိုင်ငံတကာကျောင်းတွေမှာ အသုံးပြုနေတဲ့ သင်ရိုးစာအုပ်ကို အသုံးပြုထားပြီး အတန်းတစ်တန်းကို လူ ၈ ယောက်အထိသာ လက်ခံမှာဖြစ်လို့ သက်တောင့်သက်သာ သင်ယူနိုင်ပါတယ်။

👨🏻‍💻 Online Class - Zoom Application ✨

၂၀၁၅ ခုနှစ်ကနေ ယခုထိ သင်ကြားလာတဲ့၊ အတွေ့အကြုံများစွာရှိတဲ့ YUFL ကျောင်းဆင်းဆရာကိုယ်တိုင် သင်ကြားပေးမှာဖြစ်ပါတယ်။

အသက် ၁၃နှစ်မှ စတင်တက်ရောက်နိုင်ပြီး
၁၃ နှစ်အောက်များ သင်ကြားချင်တယ်ဆိုရင်တော့
Special Class တွေ စီစဉ်ပေးပါတယ်။

တစ်ယောက်ချင်းစီ သီးသန့်အတန်းများလည်း
ရှိပါတယ်။

—————————

ရုံးချိန်လွတ် အချိန်စာရင်းများ 📚

Introduction to Spanish ( May 25/2022 )

Wednesday & Thursday
07:30 pm - 09:00 pm
5 weeks
25,000 Kyats

Introduction to French ( May 30/2022 )

Monday & Tuesday
07:30 pm - 09:00 pm
5 weeks
25,000 Kyats

Introduction to French ( May 28/2022 )

Saturday & Sunday
02:00 pm - 03:30 pm
5 weeks
25,000 Kyats

Introduction to Spanish ( May 28/2022 )

Saturday & Sunday
04:00 pm - 05:30 pm
5 weeks
25,000 Kyats

တစ်နေ့တာသင်သွားသမျှကို Video Recording
ပြန်ပေးပါတယ်။

—————————

သင်တန်းအကြောင်းနဲ့ ပတ်သက်ပြီး
အသေးစိတ် သိချင်တယ်ဆိုရင်တော့…

Page ရဲ့ Messenger သို့မဟုတ် 09 75 24 65 840 ကို
တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ် ။

အမေများနေ့=========( ဖတ်ရန် ကြာချိန် - ၂ မိနစ် )ကျွန်တော်တို့ လူသားတွေရဲ့ဘဝမှာ တခြားသော ဆက်ဆံရေးတွေထက် အမြဲသာလွန်နေတဲ့ ဆ...
06/05/2022

အမေများနေ့
=========

( ဖတ်ရန် ကြာချိန် - ၂ မိနစ် )

ကျွန်တော်တို့ လူသားတွေရဲ့ဘဝမှာ တခြားသော ဆက်ဆံရေးတွေထက် အမြဲသာလွန်နေတဲ့ ဆက်နွှယ်မှုတစ်ခု ရှိနေပါတယ်။ အဲဒါဟာ သူမရဲ့မိသားစုအပေါ်မှာထားတဲ့ မရေတွက်နိုင်သောချစ်ခြင်းတရားတွေ၊ စူးစိုက်နှစ်မြှုပ်မှုတွေ၊ သံယောဇဉ်တွေနဲ့အတူ အဖိုးမဖြတ်နိုင်တဲ့ မိခင်တစ်ယောက်ရဲ့ ဆက်ဆံရေးပဲ
ဖြစ်ပါတယ်။

မိခင်တွေရဲ့ ဖြစ်တည်ခြင်းအပေါ် အသိအမှတ်ပြုနိုင်ဖို့
အမေများနေ့ကို နိုင်ငံပေါင်း ၄၆ နိုင်ငံထက်ပိုပြီး ကမ္ဘာတစ်ဝှမ်း ကျင်းပလျက်ရှိပါတယ်။ ဒါဟာ အမျိုးသားဝါဒလွှမ်းမိုးတဲ့
ယနေ့ခေတ်လူ့အဖွဲ့အစည်းမှာ မိခင်တွေအတွက်တော့
တကယ့်ကိုနေ့ထူးနေ့မြတ်တစ်ခု ဖြစ်နေပါတယ်။ ဒီအကြောင်းကို ကျွန်တော်တို့ အသေးစိတ် လေ့လာကြည့်ကြရအောင်။

👩‍👧‍👦အမေများနေ့ မူလအစ

ယနေ့ခေတ် ကျင်းပလျက်ရှိတဲ့ အမေများနေ့ဟာ ၁၉၀၈ ခုနှစ်မှာ Anna Jarvis ဆိုတဲ့အမျိုးသမီးဟာ သူ့မိခင်အတွက်အထိမ်းအမှတ်နေ့ကို ကျင်းပရင်း စတင်ခဲ့တာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူ Ann Jarvis ဟာအမေရိကန်ပြည်တွင်းစစ်အတွင်း ဒဏ်ရာရစစ်သားတွေကို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ငြိမ်းချမ်းရေး လှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။ အထိမ်းအမှတ်ပွဲကို
အနောက်ဗာဂျီးနီးယား၊ ဂရက်ဖ်တွန်မြို့မှာရှိတဲ့ St Andrew Methodist ဘုရားဝတ်ပြုကျောင်းမှာ ကျင်းပခဲ့ပြီး ယခုအခါမှာ နိုင်ငံတကာအမေများနေ့ဗိမာန်ထားရှိပါတယ်။ Anna Jarvis ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ မိခင်များရဲ့ မိသားစုနဲ့လူ့အဖွဲ့အစည်းအပေါ် ပေးဆပ်ခဲ့တာတွေကို လေးစားဂုဏ်ပြုချင်ခဲ့တာပဲ
ဖြစ်ပါတယ်။

သူမရဲ့ အားထုတ်မှုတွေကြောင့် အမေရိကန်ပြည်နယ်အများစုဟာ ၁၉၁၁ ခုနှစ်မှာ အမေများနေ့ကို ဒေသတွင်းအားလပ်ရက််အဖြစ် စတင်သတ်မှတ်ခဲ့ကြပြီး သူမရဲ့ မွေးရပ်ဖြစ်တဲ့
အနောက်ဗာဂျီးနီးယားဟာလည်း ၁၉၁၀ ခုနှစ်မှာ အားလပ်ရက်အဖြစ်ကြေညာခဲ့တဲ့ ပထမဆုံးပြည်နယ်ဖြစ်လာပါတယ်။ နောက်ဆုံးမှာတော့ မေလရဲ့ ဒုတိယမြောက်တနင်္ဂနွေနေ့ကို
အမေများနေ့အဖြစ် အမေရိကားမှာ သတ်မှတ်ခဲ့ကြပြီး၊
၂၈ ယောက်မြောက် အမေရိကန်သမ္မတ Woodrow Wilson လက်ထက် ၁၉၁၄ ခုနှစ်မှာတော့ အမျိုးသားအားလပ်ရက်အဖြစ် တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ အမေများနေ့ဟာ
အမေရိကားကနေစပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ချ်၊ ပါကစ္စတန်၊
အီတလီ၊ စင်္ကာပူ၊ ဘယ်လ်ဂျီယံနဲ့ အခြားသောနိုင်ငံများမှာပါ တစ်နေ့တည်း ကျင်းပလာခဲ့ကြပါတယ်။

👩‍👧‍👦ဘာလို့ အမေများနေ့ကို ကျင်းပကြတာလဲ.?

အမေများနေ့ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မိခင်တွေကို လေးစားခြင်း၊ ဂုဏ်ပြုခြင်းနဲ့ ချစ်ခင်ခြင်းတို့အတွက် အလေးထားပြီး
ဆင်နွှဲတဲ့ နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပါတယ်။ ဒီနေ့ဟာ လူ့အဖွဲ့အစည်းအတွက် မိခင်တွေရဲ့ ဆောင်ရွက်မှုတွေ၊ မိခင်နဲ့ကလေးအကြား နှောင်ဖွဲ့အားထုတ်မှုတွေနဲ့ မိခင်တစ်ယောက်ရဲ့ အခန်းကဏ္ဍကို ဂုဏ်ပြုတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ အမေများနေ့ကို နိုင်ငံအသီးသီးက မတူညီတဲ့ရက်စွဲတွေမှာ ကျင်းပကြပေမယ့် ယေဘုယျအားဖြင့်တော့ မတ်လနဲ့ မေလမှာ ကျင်းပလေ့ရှိကြပါတယ်။ အမေများနေ့ဟာ အခြားနေ့ထူးနေ့မြတ်တွေဖြစ်တဲ့
အဖေများနေ့၊ မောင်နှမသွေးချင်းများနေ့နဲ့ ဘိုးဘွားများနေ့ကဲ့သို့ ထူးခြားတဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်။

ဒီနေ့လေးမှာ ကျွန်တော်တို့ဘဝကိုယ်စီမှာကြရှိတဲ့ အမေတွေရဲ့ အရေးကြီးပုံနဲ့ အရေးပါပုံကို အမှတ်ရပြီး မိခင်တစ်ရပ်လုံးအတွက် အလေးထားလှုံ့ဆော်ပေးတဲ့ အရေးပါသောနေ့လေးတစ်နေ့အဖြစ် ဂုဏ်ပြုလိုက်ကြရအောင် ။ ။

ဘာသာပြန် - August
၂၀၂၂၊ မေလ ၈ရက်နေ့မှာ ကျရောက်မယ့်
အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့်.. 🤍

Eid Mubarak to you all 🎉
02/05/2022

Eid Mubarak to you all 🎉

ကမ္ဘာ့ရာသီဥတု ကောင်းမွန်ဖို့အတွက် လကို ဖောက်ခွဲရန် ကြံစည်==========================================( ဖတ်ရန်ကြာချိန် - ၂ ...
25/04/2022

ကမ္ဘာ့ရာသီဥတု ကောင်းမွန်ဖို့အတွက် လကို ဖောက်ခွဲရန် ကြံစည်
==========================================

( ဖတ်ရန်ကြာချိန် - ၂ မိနစ် )

ဒီသတင်းကတော့ Austin Powers ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက လူဆိုးကြီးရဲ့ လျှို့ဝှက်အကြံအစည်လိုမျိုးပေါ့။

ဒါပေမယ့် တစ်ချိန်က တက္ကသိုလ်ပါမောက္ခတစ်ယောက်ဟာ
လကိုဖောက်ခွဲဖို့အတွက် တကယ်အဆိုတင်သွင်းခဲ့ပါတယ်။

Lowa ပြည်နယ်တက္ကသိုလ်တစ်ခုက သင်္ချာပါမောက္ခဖြစ်တဲ့ အလက်ဇန္ဒား အဘီယံဟာ လကို အနုမြူလက်နက်နဲ့ဖောက်ခွဲလိုက်ခြင်းဖြင့် ကမ္ဘာမြေရဲ့ ပြဿနာတော်တော်များများကို
ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။

အရာဝတ္ထုတော်တော်များများနဲ့ ဖွဲ့စည်းထားတဲ့လဟာ
ဒီရေနဲ့ သမုဒ္ဒယာလှိုင်းတွေကို ထိန်းချုပ်ထားပြီး
ကမ္ဘာ့တိမ်းစောင်းမှုနဲ့ ရာသီဥတုအခြေအနေတွေအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိနေပါတယ်။

ဒါပေမယ့် အားလုံးရှင်းလင်းနေတဲ့ ကောင်းကင်ပြာပြာကြီးကိုပဲ မြင်ချင်တဲ့ ပါမောက္ခအဘီယံအတွက်တော့
ဒါဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

၁၉၉၁ ခုနှစ်တုန်းက ကျောင်းသတင်းစာမှာ ဖော်ပြခဲ့တဲ့ သူ့ရဲ့ “လမဲ့ကမ္ဘာအယူအဆ” ဟာ အခုအခါမှာတော့ သိပ္ပံသတင်းတွေကို အစဉ်အမြဲဖော်ပြပေးနေတဲ့ “IFL Science” ဆိုတဲ့ဝက်ဆိုဒ်မှာ ပြန်လည်ခေတ်စားလို့နေပါတယ်။

သူဟာ လမျက်နှာပြင်ပေါ် တွင်းပေါက်အကြီးကြီးတစ်ခုဖောက်၊ အက်တမ်ဗုံးတွေနဲ့ဖြည့်ပြီး အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲပစ်ဖို့ တိုက်တွန်းထားပါတယ်။

ပါမောက္ခဟာ သူ့ကိုယ်သူ ဂယ်လီလီယိုရဲ့မျိုးဆက်လို့ ဆိုထားပြီး နှစ်ပေါင်းငါးဘီလီယံမှာ ပထမဆုံးအကြိမ်အဖြစ် နေအဖွဲ့အစည်းကို အာဏာဖီဆန်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း၊ သူ့ရဲ့အကြံအစည်ကို ဝေဖန်သူတွေဟာ ဂယ်လလိီယိုရဲ့အယူဝါဒတွေကို ပယ်ချခဲ့သူတွေနဲ့ ထူးမခြားနားဖြစ်ကြောင်းကိုလည်း
ဆိုထားပြန်ပါတယ်။

သူ့ရဲ့ သီအိုရီအရ လကိုဖောက်ခွဲခြင်းဖြင့်
ဟာရီကိန်း မုန်တိုင်းတွေ၊ ရေကြီးမှု၊ တောမီးလောင်မှုနဲ့
နှင်းမုန်တိုင်းတွေကို ရပ်တန့်သွားစေပြီး အကျိုးကျေးဇူးတွေ
ရရှိနိုင်မှာဖြစ်ပါတယ်။

ဒီအဆိုပြုချက်ဟာ စိတ်ဝင်စားမှုအတော်အတန် ဖြစ်စေပေမယ့် ပေါက်ကွဲသွားတဲ့လရဲ့ အစိတ်အပိုင်းတွေဟာ ကမ္ဘာမြေကိုရိုက်ခတ်ပြီး လူသားမျိုးနွယ်တစ်ခုလုံးကို အန္တရာယ်ကျရောက်လာနိုင်တယ်လို့ နာဆာသိပ္ပံပညာရှင်တွေက လက်ခံထားပါတယ်။ ။

ဒီဆောင်းပါးလေးကို ဖတ်ပြီး လူကြီးမင်းတို့အနေနဲ့ရော
ဘယ်လိုထင်မြင်လဲ ဝေဖန်သွားပါဥိီး။

ဘာသာပြန် - August

May လအတွက် အင်္ဂလိပ်စာအတန်းများ လက်ခံနေပါပြီ။General English 4 Skills အတန်းများကိုStarter Level ကနေ စတင်ပြီး Intermediat...
22/04/2022

May လအတွက် အင်္ဂလိပ်စာအတန်းများ လက်ခံနေပါပြီ။

General English 4 Skills အတန်းများကို
Starter Level ကနေ စတင်ပြီး Intermediate Level အထိ
ဖွင့်လှစ်ထားပါတယ်။

( Placement test မဖြစ်မနေ ဖြေဆိုရပါမည် )

ESU English Language Book Reward ဆုရထားတဲ့
နိုင်ငံတကာသင်ရိုးနဲ့သင်ကြားပေးမှာဖြစ်လို့
သင့်ရဲ့ အရည်အသွေးကို မှန်မှန်ကန်ကန် တိုးတက်စေမှာပါ။

ဒီအတန်းတွေ အပြင်
ဘာသာပြန် အလုပ်နဲ့ အသက်မွေးမယ့်သူတွေအတွက်
မရှိမဖြစ် သိထားသင့်တဲ့ Idiom, Phrasal Verb, Collocation တွေကို အကြောင်းအရာအစုံသိရှိဖို့
Vocabulary Enrichment Class အတန်းနဲ့

အင်္ဂလိပ်စာကို အုတ်မြစ်တကျ လေ့လာချင်သူတွေအတွက် Grammar အတန်းများလည်း ဖွင့်လှစ်ပေးထားပါတယ်။

Zoom ကနေတစ်ဆင့် Online သင်ကြားပေးမှာဖြစ်ပြီး အသက် (၁၃) နှစ်မှ စတင်ပြီး တက်ရောက်နိုင်ပါတယ်။

(၁၃) နှစ်အောက် သင်ကြားချင်တယ်ဆိုရင်တော့
ဆရာ/ဆရာမ များနဲ့ဆွေးနွေးပြီး Special Class များ
တက်ရောက်လို့ရပါတယ်။

***********

အသစ်ဖွင့်လှစ်မယ့် အတန်းများ

📚A0 Starter

05:00 pm - 07:00 pm ( Monday & Tuesday )
8 weeks ( Total 30,000 MMK )
Start Date - May 2/2022

📚A1 Elementary

10:00 am - 12:00 pm ( Monday & Tuesday )
8 weeks ( Total 30,000 MMK )
Start Date - May 2/2022

📚A2 Pre-intermediate

10:00 am - 12:00 pm ( Wednesday,Thursday & Friday )
6 weeks ( Total 40,000 MMK )
Start Date - May 4/2022

📚B1 Intermediate

10:00 am - 12:00 pm ( Saturday & Sunday)
07:00 pm - 09:00 pm ( Wednesday )
10 weeks ( Total 75,000 MMK )
Start Date - May 1/2022

📚Essential Grammar Course

06:00 pm - 07:30 pm ( Monday & Tuesday )
04:30 pm - 06:00 pm ( Wednesday )
8 weeks ( 2 Terms )
25,000 MMK per term
Start Date - May 2/2022

📚Vocabulary Enrichment Class

04:30 pm - 06:00 pm ( Monday, Tuesday, Wednesday )
6 weeks ( Total 30,000 MMK )
Start Date - May 2/2022

—————————

သင်တန်းအကြောင်းနဲ့ ပတ်သက်ပြီး
အသေးစိတ် သိချင်တယ်ဆိုရင်တော့…

Page ရဲ့ Messenger သို့မဟုတ် 09 75 24 65 840 ကို
တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ် ။ ။

အိပ်နေရင်း ဘီလူးစီးခြင်း (သို့) ထမင်းလုံးတစ္ဆေခြောက်ခြင်း( ဖတ်ရန်ကြာချိန် ၃ မိနစ် )👻 ဘီလူးစီးခြင်းဆိုတာဘာလဲ.?Sleep paral...
19/04/2022

အိပ်နေရင်း ဘီလူးစီးခြင်း (သို့) ထမင်းလုံးတစ္ဆေခြောက်ခြင်း

( ဖတ်ရန်ကြာချိန် ၃ မိနစ် )

👻 ဘီလူးစီးခြင်းဆိုတာဘာလဲ.?

Sleep paralysis လို့ခေါ်တဲ့ ဘီလူးစီးခြင်းဆိုတာ
အိပ်ပျော်လက်စအချိန် (သို့) နိုးထခါစအချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေ ခဏတာထိန်းချုပ်မှုမဲ့သွားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး “atonia” လို့ခေါ်ပါတယ်။

👻 ဘီလူးစီးတဲ့အခါ ဘယ်လိုခံစားရမလဲ.?

အထက်မှာ ပြောထားခဲ့တဲ့အတိုင်း ဘီလူးစီးခြင်းဆိုတာ ကြွက်သားတွေကို ထိန်းချုပ်လို့မရတာပါ။ အဲ့ဖြစ်စဉ်တစ်လျှောက်မှာ လူဟာ နိုးကြားနေပြီး ကိုယ်ခန္ဓာကို လှုပ်ရှားလို့မရတာကိုလည်း သိနေပါလိမ့်မယ်။

၇၅ ရာခိုင်နှုန်းသော ဘီလူးစီးခြင်းတွေမှာ “hallucination” လို့ခေါ်တဲ့ စိတ်အာရုံခြောက်ခြားခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်းတွေပါ တွဲပြီးဖြစ်ပေါ်လေ့ရှိပါတယ်။

Hallucination တွေကို ၃မျိုးခွဲခြားနိုင်ပါတယ်။

📕Intruder hallucination

အန္တရာယ်ရှိတဲ့ လူပုဂ္ဂိုလ် (သို့) အရာတစ်ခုခုက အခန်းထဲမှာ ရှိနေတယ်ဆိုပြီး ထင်ယောင်ထင်မှားဖြစ်ခြင်းမျိုးပါ။

📗Chest pressure hallucination

ရင်ဘတ်ပေါ်မှာ ဖိအားတစ်ခုခုရှိနေသလို မွန်းကြပ်နေတဲ့ ထင်ယောင်ထင်မှားဖြစ်ခြင်းမျိုးပါ။
အထက်ပါ hallucination ဖြစ်ရပ်နှစ်ခုဟာ တွဲပြီးဖြစ်လေ့ရှိပါတယ်။

📘 Vestibular-motor (V-M) hallucination

ခန္ဓာကိုယ်က လေထဲမှာပျံနေသလို (သို့)
ရုပ်ခန္ဓာ နဲ့ စိတ်ဝိညာဉ် ကွဲကွာနေသယောင်ခံစားမှုမျိုးပါ။

👻 ဘီလူးစီးခြင်းဖြစ်စဉ်တစ်ခုကို ဘယ်လောက်ကြာလဲ.?

ဖြစ်စဉ်တစ်ခုဟာ ကြာချိန်အားဖြင့် စက္ကန့်ပိုင်းအတွင်းကနေ မိနစ် ၂၀ အထိ ကြာမြင့်နိုင်ပြီး ယေဘုံယျအားဖြင့်တော့ ၆ မိနစ်မှ
၇ မိနစ်အထိကြာမြင့်ပါတယ်။

ဖြစ်စဉ်တွေဟာ များသောအားဖြင့် သူ့ဟာသူ ပြီးဆုံးသွားတတ်ပြီး၊ တချို့ဖြစ်စဉ်တွေမှာတော့ တခြားသူတစ်ယောက်ရဲ့ အထိအတွေ့ (သို့) အသံကြောင့် ပြီးဆုံးသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

👻 လူဘယ်လောက်မှာ ဖြစ်လေ့ရှိလဲ.?

၈ ရာခိုင်နှုန်းသော လူတွေဟာ ဘဝမှာ ဒီဖြစ်စဉ်တွေ ကြုံဖူးကြတယ်လို့ စစ်တမ်းများအရ သိရပါတယ်။
ဘီလူးစီးခြင်းဟာ အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်ပြီး လူတစ်ယောက်ဟာ သူရဲ့ အသက် ၇နှစ်မှ ၂၅နှစ်အတွင်း ပထမဆုံး ဖြစ်စဉ် ကြုံတွေ့ရလေ့ရှိပါတယ်။ အသက် ၂၀ နဲ့ ၃၀ တန်းဝင်အရွယ်မှာတော့ ပိုပြီး အဖြစ်များလေ့ရှိပါတယ်။

👻 ဘယ်အရာတွေက ဖြစ်စေတာလဲ.?

ဘီလူးစီးခြင်းကို ဖြစ်စေတဲ့ တိကျတဲ့အကြောင်းရင်းကို ရှာမတွေ့သေးပေမယ့် obstructive sleep apnea (OSA) လို့ခေါ်တဲ့ ကစဉ့်ကလျားဝေဒနာကို ခံစားနေရတဲ့သူတွေနဲ့ အိပ်နေစဉ် ခြေထောက်ကြွက်တက်တတ်တဲ့သူတွေမှာ အဖြစ်များတာကို သုတေသနလုပ် တွေ့ရှိထားပါတယ်။

ညဖက် မျက်စိကြောင်ပြီး အိပ်မရခြင်းနှင့် နေ့ဖက် အလွန်အကျွံအိပ်စက်ခြင်းတို့ကလည်း ဘီလူးစီးခြင်းနဲ့ ဆက်စပ်နေပြန်ပါတယ်။

ဒါ့အပြင် နေ့ဆိုင်း၊ညဆိုင်း အမြဲပြောင်းလဲနေတဲ့သူတွေနဲ့ နိုင်ငံတကာ အချိန်ဇုန်တွေကိုဖြတ်ပြီး ခရီးသွားလာနေတဲ့သူတွေမှာလည်း အဖြစ်များလေ့ရှိပါတယ်။

စိတ်ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်း
စိုးရိမ်စိတ်လွန်ကဲတဲ့သူတွေ၊ post-traumatic stress disorder (PTSD) လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားဝေဒနာ ခံစားနေရတဲ့တွေ၊ ကလေးဘဝတုန်းက လိင်အမြတ်ထုတ်ခံရသူတွေအပြင် အခြားသော ခန္ဓာကိုယ်နှင့်စိတ်ပိုင်းဆိုင်ရာ အခြေအနေများနဲ့လည်း ဆက်စပ်လျက်ရှိပါတယ်။

👻 ဒီဖြစ်စဉ်တွေဟာ စိုးရိမ်စရာ အခြေအနေတွေလား.?

လူအများစုအတွက်တော့ စိတ်ပူစရာ မရှိပါဘူး။
တစ်ခါတလေမှာ ဖြစ်တတ်တဲ့အရာမျိုးပါ။

ဒါပေမယ့် ၁၀ ရာခိုင်နှုန်းသော လူတွေမှာတော့ ဒီဖြစ်စဉ်တွေဟာ ခဏခဏဖြစ်ပေါ်လေ့ရှိပြီး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ အကျိုးဆက်အားဖြင့် အိပ်ယာဝင်ချိန်နီးရင် စိုးရိမ်ပူပန်တတ်ခြင်းနှင့် အိပ်ပျော်ဖို့ ခက်ခဲခြင်းတို့ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အိပ်ချိန်အလုံအလောက်မရရှိတဲ့အခါ အခြားသော ကျန်းမာရေးပြဿနာများပါ ကြုံတွေ့လာနိုင်ပါတယ်။

👻 ဘီလူးစီးခြင်းကို ဘယ်လိုကုသမလဲ.?

ပထမဦးဆုံးခြေလှမ်းကတော့ ဆရာဝန်နဲ့ ဆွေးနွေးခြင်းပါပဲ။ ထိုမှတစ်ဆင့် လိုအပ်တဲ့ ကုသမှုတွေကို ဆောင်ရွက်သွားလို့ရမှာပါ။

ဒါ့အပြင် ကျန်းမာစွာအိပ်စက်နည်းများဖြစ်တဲ့ -

✅ နေ့တိုင်း အိပ်ယာဝင်/အိပ်ယာထ
အချိန်မှန်မှန်အိပ်စက်ရန်။
✅ အိပ်ယာနဲ့ခေါင်းအုံး သက်တောင့်သက်သာ ရှိစေရန်။
✅ အိပ်ခန်းအတွင်း မလိုအပ်တဲ့
အလင်းရောင်နဲ့ အသံများ မဝင်ရောက်စေရန်။
✅ (အထူးသဖြင့် ညနေခင်းတွေမှာ) အရက်သေစာ၊
ဘီယာ နဲ့ ကဖိန်းဓာတ်များကို လျှော့ချရန်။
✅ မအိပ်စက်မီ အနည်းဆုံး နာရီဝက်ခန့် ခွါပြီး
ဖုန်း အပါအဝင် လျှပ်စစ်ပစ္စည်းများကို မသုံးစွဲရန်။

စတဲ့အချက်အလက်များကို လိုက်နာဆောင်ရွက်ဖို့ပဲ
ဖြစ်ပါတယ်။

ဒီလို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ဘီလူးစီးခြင်းအပြင် အိပ်စက်ခြင်းနဲ့ ဆက်စပ်နေတဲ့ အခြားသော ရောဂါများနဲ့ စိတ်အခြေအနေများမှလည်း အထောက်အကူဖြစ်စေပါတယ်။

အချို့သော ဆေးဝါးတွေဟာလည်း ဘီလူးစီးခြင်းကို ကုသရာမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် အဲ့ဆေးဝါးများဟာ အခြားဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပြီး ဆေးသောက်သုံးနေစဉ်မှာသာ ပျောက်ကင်းသွားပြီး ဆေးကိုရပ်တန့်လိုက်တဲ့အခါ ဖြစ်စဉ်တွေ ပြန်ပေါ်လာတာမျိုး ဖြစ်နိုင်ပါသေးတယ်။ ဒီလိုအခြေအနေတွေအတွက် ဆေးမမှီဝဲခင်မှာ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ခြင်းသာလျှင် အကောင်းဆုံးဖြစ်ပါတယ် ။ ။

ယခုလို ဗဟုသုတရစေတဲ့ဆောင်းပါးတွေကို အပတ်စဉ် တင်ဆက်ပေးသွားမှာဖြစ်လို့ Page ကို Like and Follow ထားဖို့ မမေ့နဲ့နော်။

ဘာသာပြန် - August

အင်္ဂလိပ်စာဘာသာစကားကို အခြေခံအုတ်မြစ်တကျ တည်ဆောက်ဖို့ဆိုရင် အရေးအကြီးဆုံးကသဒ္ဒါနဲ့ဝေါဟာရ ကြွယ်ဝမှုပဲ ဖြစ်ပါတယ်။Intermedi...
12/04/2022

အင်္ဂလိပ်စာဘာသာစကားကို အခြေခံအုတ်မြစ်တကျ တည်ဆောက်ဖို့ဆိုရင် အရေးအကြီးဆုံးက
သဒ္ဒါနဲ့ဝေါဟာရ ကြွယ်ဝမှုပဲ ဖြစ်ပါတယ်။

Intermediate Level ရှိတဲ့ကျောင်းသားတစ်ယောက်ဟာ
အင်္ဂလိပ်စကားလုံးပေါင်း ၃၀၀၀ အထိ သိထားသင့်တယ်တဲ့။

ဒါကြောင့်မို့လို့ နိုင်ငံတကာကျောင်းတွေမှာ
အင်္ဂလိပ်စာ သင်ကြားတဲ့အခါ Grammar နဲ့ Vocabulary ကို အဓိကထားပြီး သင်ကြားပေးတာပေါ့။

ကျွန်တော်တို့ Center မှာလည်း
ကျောင်းသားတွေကို အင်္ဂလိပ်စာကို အုတ်မြစ်တကျ လေ့လာနိုင်ဖို့ စာသင်သက်အတွေ့အကြုံ ၁၂နှစ်ကျော်ရှိတဲ့ တီချယ်စု ကိုယ်တိုင်ဦးစီးပြီး သဒ္ဒါနဲ့ ဝေါဟာရ တန်းခွဲတွေကို ဖွင့်လှစ်ပေးထားပါတယ်။

( ကလေး/လူကြီး တက်ရောက်နိုင်ပါတယ် )

—————————

သူငယ်ချင်းတွေအတူတကွ တက်ချင်ရင်ဖြစ်ဖြစ်၊
ကိုယ်တစ်ယောက်တည်းသီးသန့်
ဆရာမနဲ့တိုက်ရိုက် သင်ကြားချင်လို့ပဲဖြစ်ဖြစ်၊
အထူးသီးသန့် အတန်းတွေလည်း ရှိပါတယ်။

သင်တန်းအကြောင်းနဲ့ ပတ်သက်ပြီး
အသေးစိတ် သိချင်တယ်ဆိုရင်တော့…

Page ရဲ့ Messenger သို့မဟုတ် 09 75 24 65 840 ကို
တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ် ။

ဒိီနှစ်နွေရာသီမှာ သားသားမီးမီးတို့အတွက်သင်တန်းလေးတွေ ရှာနေပါသလား။ကျွန်တော်တို့ သင်တန်းကျောင်းမှာသားသားမီးမီးတို့အတွက် မြ...
02/04/2022

ဒိီနှစ်နွေရာသီမှာ သားသားမီးမီးတို့အတွက်
သင်တန်းလေးတွေ ရှာနေပါသလား။

ကျွန်တော်တို့ သင်တန်းကျောင်းမှာ
သားသားမီးမီးတို့အတွက် မြန်မာဘာသာစကားနဲ့
ပြင်သစ်ဘာသာစကား အထူးတန်းလေးများ ဖွင့်လှစ်ပေးထားပါတယ်။

( ဆယ်ကျော်သက်နဲ့ လူကြီးတန်းတွေအဖြစ်
ပြင်သစ်နဲ့ စပိန်ဘာသာရပ်အတန်းများလည်း
ရှိပါတယ် )

Class တစ်ခုမှာ အများဆုံး ၁၀ ယောက်အထိသာ
လက်ခံထားပြီး တစ်ယောက်ချင်းသီးသန့်လည်း သင်ကြားနိုင်ပါတယ်။

မြန်မာဘာသာစကားကတော့
International Schoolတွေ မှာ တက်ရောက်သင်ကြားနေရလို့ မြန်မာစကား မကျွမ်းကျင်မှာ စိုးရိမ်နေတဲ့ သားသား မီးမီးတို့ အတွက် ရည်ရွယ်ပါတယ်။

မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းတွေနဲ့ အကျွမ်းတဝင် မရှိတာမျိုးအပြင် စိတ်ခံစားမှုတွေကို သိမ်မွေ့ပြတ်သားစွာ ဖော်ပြလိုတာမျိုး၊ လူမှုပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ပြောဆိုဆက်ဆံတတ်လိုတာမျိုး ၊ စာစီစာကုံးကို အတွေးကောင်းကောင်းလေးတွေနဲ့ ရေးတတ်လိုတာမျိုးဆိုရင် သားသားမီးမီးတွေ မြန်မာစာနဲ့မြန်မာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုရေးသားတတ်စေဖို့ တက်ရောက်သင့်ပါတယ်။

ပြင်သစ် နဲ့ စပိန်ဘာသာစကားဟာဆိုရင်လည်း ဥရောပတစ်ခွင်မှာ အသုံးအများဆုံးဘာသာစကားတွေ ဖြစ်တာကြောင့် အင်္ဂလိပ်ဘာသာပြီးရင် မဖြစ်မနေတတ်ထားသင့်တဲ့ ဘာသာစကားလည်း ဖြစ်ပါတယ်။

သက်ဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားတဲ့အခါမှာ
အတွေ့အကြုံများစွာရှိတဲ့ ဆရာ၊ဆရာမတွေကိုယ်တိုင်
သင်ထောက်ကူပစ္စည်း အပြည့်အစုံနဲ့ Face to Face
သင်ကြားပေးမှာဖြစ်ပါတယ်။

အသေးစိတ်ကို တစ်ပုံချင်းစီမှာ ကြည့်ရှုနိုင်ပါတယ်။

—————————

သင်တန်းအကြောင်းနဲ့ ပတ်သက်ပြီး
အသေးစိတ် သိချင်တယ်ဆိုရင်တော့…

Page ရဲ့ Messenger သို့မဟုတ် 09 75 24 65 840 ကို
တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ် ။

April Fool’s Day အကြောင်းတစေ့တစောင်း 🤡🎉( ဖတ်ရန်ကြာချိန် ၃မိနစ် )နှစ်တစ်နှစ်ရဲ့ ဧပြီလ ၁ ရက်နေ့တိုင်းမှာဧပရယ်ဖူးလ်အဖြစ် နိ...
01/04/2022

April Fool’s Day အကြောင်းတစေ့တစောင်း 🤡🎉

( ဖတ်ရန်ကြာချိန် ၃မိနစ် )

နှစ်တစ်နှစ်ရဲ့ ဧပြီလ ၁ ရက်နေ့တိုင်းမှာ
ဧပရယ်ဖူးလ်အဖြစ် နိုင်ငံပေါင်းများစွာကနေပြီးတော့ရာစုနှစ်ပေါင်းများစွာ ကျင်းပလာခဲ့ကြပေမယ့် သူ့ရဲ့မူလအစဘယ်ကဆင်းသက်လာသလဲဆိုတာတော့ ပဟေဠိတစ်ခုဖြစ်နေပါတယ်။

📝 မူလအစ

အချို့သော သမိုင်းပညာရှင်တွေကတော့ ဧပရယ်ဖူးလ်ဟာ
ပြင်သစ်တွေ Julian ပြက္ခဒိန်ကနေ Gregorian ပြက္ခဒိန်ကို ပြောင်းလဲလိုက်တဲ့ 1582 ခုနှစ်တုန်းကလို့ သုံးသပ်ကြပါတယ်။ ယခင်ပြက္ခဒိန်အဟောင်းမှာ နှစ်သစ်ဟာ
နွေဦးရဲ့ နေ့တာနဲ့ညတာ ညီမျှတဲ့ ဧပြီလ ၁ရက်နေ့ဝန်းကျင်မှာ စတင်လေ့ရှိပါတယ်။

ပြက္ခဒိန်အသစ်မှာတော့ နှစ်သစ်ကို ဇန်နဝါရီလ ၁ရက်နေ့အဖြစ်ပြောင်းလဲလိုက်ပြီး၊ ဒီပြောင်းလဲမှုကို ထိုခေတ်ကာလရဲ့ ဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် မသိလိုက်တဲ့လူတွေဟာ အရင်လိုပဲ မတ်လရဲ့နောက်ဆုံးအပတ်ကနေ ဧပြီလ ၁ရက်နေ့အထိ နှစ်သစ်ကို ဆင်နွှဲနေခဲ့ပါတယ်။ အဲလိုနဲ့ “April Fool’s Day” ဆိုပြီး ကျီစယ်နောက်ပြောင်လေ့ရှိတဲ့ နေ့တစ်နေ့ စတင်ဖြစ်ပေါ်လာပါတယ်။

📝 Hilaria ပွဲတော်နဲ့ ဆက်စပ်ပုံ

ဧပရယ်ဖူးလ်နေ့ကို မတ်လရဲ့အဆုံးသတ်မှာကျင်းပလေ့ရှိတဲ့ Cybele နတ်ဘုရားကို ပူဇော်တဲ့ပွဲတော်နဲ့လည်း ဆက်စပ်လေ့ရှိပါတယ်။ အဲ့နေ့မှာဆိုရင် လူတွေဟာ ရုပ်ဖျက်ဝတ်စားဆင်ယင်ပြီး အပေါင်းအသင်းများနဲ့ တရားသူကြီးမင်းတွေကိုတောင်မှ လှောင်ပြောင်ကျီစယ်လေ့ရှိကြပါတယ်။

📝 ရာဇဝင် နဲ့ ပျံ့နှံ့လာပုံ

ဧပရယ်ဖူးလ်နေ့လေးဟာ ၁၈ရာစုအတွင်းမှာ ဗြိတိန်ကို စတင်ဝင်ရောက်လာပါတယ်။ စကော့တလန်မှာတော့ ၂ရက်တာကျင်းပလေ့ရှိပါတယ်။

ပထမရက်ကို “Hunting the gowk” လို့ခေါ်ပြီး
ဒုတိယရက် Tailie Day မှာတော့ အခြားသူတွေရဲ့ တင်ပါးမှာ အမြှီးအတုတွေ ချိတ်ဆွဲတာပဲဖြစ်ဖြစ်၊ “ငါ့ကို ကန်ပါ” ဆိုပြီး စာရွက်လေးတွေကပ်ထားပြီးဖြစ်ဖြစ် နောက်ပြောင်ကြပါတယ်။

📝 ဧပရယ်ဖူးလ်နေ့ရဲ့ နောက်ပြောင်မှုများ

အခုခေတ်မှာတော့ လူတွေဟာ ကျီစယ်မှုတွေကို အသေးစိတ်ပြုလုပ်လာကြတာကို တွေ့မြင်နိုင်ပါတယ်။ သတင်းစာ၊ အသံလွှင့်ဌာန ၊ ရုပ်မြင်သံကြားသတင်းဌာနနဲ့ နာမည်ကျော်ပုဂ္ဂိုလ်များကပါ သူတို့ရဲ့ပရိသတ်တွေကို နောက်ပြောင်လာကြပါတယ်။

🃏 ၁၉၅၇ ခုနှစ်မှာ BBC သတင်းဌာနကနေပြီးတော့
ဆွစ်ဇာလန် လယ်သမားတွေဟာ သစ်ပင်တွေပေါ်က
နေ စပါကတီခေါက်ဆွဲတွေကို ရိတ်သိမ်းနေကြောင်း
သတင်းပို့ခဲ့ကြပါတယ်။

🃏 ၁၉၉၂ မှာတော့ အမျိုးသားအသံလွှင့်ဌာနကနေပြီး
တော့ သမ္မတဟောင်း Richard Nixon ဟာ
ပြန်လည်ပြီး ရွေးကောက်ခံနေတယ် သတင်းလွှင့်ခဲ့လို့
အမေရိကန်တစ်နိုင်ငံလုံး အုတ်အုတ်သောင်းနင်း
ဖြစ်ခဲ့ရပါသေးတယ်။

🃏 Google ကလည်း နှစ်စဉ် ဧပရယ်ဖူးလ် ပြက်လုံးတွေ
ကို အမြဲဖန်တီးလေ့ရှိတာကြောင့် နာမည်တစ်ခုအနေနဲ့
ကျော်ကြားလေ့ရှိပါတယ်။ သူ့ရဲ့ လှိမ့်လုံးတွေထဲမှာ
ဆိုရင် “တယ်လီပသီအကြောင်း လေ့လာမှု” ကနေ
စတင်ပြီး ဂူဂယ်လ်မြေပုံပေါ်မှာ Pac Man ဂိမ်း
ကစားနိုင်တော့မယ့်အကြောင်းတွေအထိ
အသေးစိတ် ပါဝင်ပါတယ်။

ဘယ်လိုပဲ ပြကွက်အသစ်တွေ ရှိနေပါစေ အိမ်သာဘိုထိုင်ကို ပလတ်စတစ်နဲ့ ကာထားတဲ့ပြက်လုံးနဲ့ သကြား နဲ့ ဆားကို နေရာချင်းလဲထားတဲနောက်ပြောင်မှုများကတော့ ရိုးမသွားနိုင်တဲ့ကျီစယ်မှုများအဖြစ် အမြဲတမ်းရှိနေမှာပါပဲ။ ။

ဘာသာပြန်သူ - August

ယခုလို အသိပညာတိုးပွါးစေတဲ့ သတင်းတွေကို အပတ်စဉ် အသစ်အဆန်းတွေ ဖတ်ရှုနိုင်ဖို့ page နဲ့ Telegram Channel ကို Like,Follow & Subscribe ပြုလုပ်ထားနိုင်ပါတယ် ။

—————————————

page - https://www.facebook.com/August-Language-Hill-100427938979671/

Telegram Channel - https://t.me/+BNZMuWtx4RUzOThl

Phone No. - 09 75 24 65 840

သင်တန်းအကြောင်းနဲ့ ပတ်သက်ပြီး
အသေးစိတ် သိချင်တယ်ဆိုရင်တော့…

Page ရဲ့ Messenger သို့မဟုတ် ဖုန်းနံပါတ်ကို
တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ် ။

———————————————

Photo Credit - Google

Reference:

https://www.history.com/topics/holidays/april-fools-day

https://www.britannica.com/topic/Chinese-New-Year

https://en.wikipedia.org/wiki/April_Fools%27_Day

ပြင်သစ် နဲ့ စပိန် ဘာသာစကားအတွက် အတန်းသားအသစ်တွေ စတင်ပြီးလက်ခံနေပါပြီ 🇫🇷 🇪🇸 ယခု Batch မှာတော့ရုံးသမားများပါ တက်ရောက်လို့ရ...
11/01/2022

ပြင်သစ် နဲ့ စပိန် ဘာသာစကားအတွက်
အတန်းသားအသစ်တွေ စတင်ပြီးလက်ခံနေပါပြီ 🇫🇷 🇪🇸

ယခု Batch မှာတော့
ရုံးသမားများပါ တက်ရောက်လို့ရအောင်
စနေ၊တနင်္ဂနွေ နဲ့ ရုံးချိန်လွတ် စီစဉ်ပေးထားပါတယ်။

ပြင်သစ်ဘာသာနဲ့ စပိန်ဘာသာ ၂မျိုးလုံးဟာ
ဥရောပတိုက်မှာဆိုရင် အင်္ဂလိပ်ဘာသာစကားထက်တောင်
လူသုံးများတဲ့ ဘာသာရပ်တွေ ဖြစ်တဲ့အတွက်

Europe ဖက်တွေမှာ ကျောင်းသွားတက်/အလုပ်သွားလုပ်မယ့်သူတွေအနေနဲ့ အခြားသူတွေထက်ပိုပြီး အခွင့်အလမ်းတွေ
အများကြီးရှိနိုင်တာကို တွေ့ရမှာပါ။

သင်ကြားတဲ့အခါ နိုင်ငံတကာကျောင်းတွေမှာ အသုံးပြုနေတဲ့ သင်ရိုးစာအုပ်ကို အသုံးပြုထားပြီး
အတန်းတစ်တန်းကို လူ ၈ ယောက်အထိသာ လက်ခံမှာ ဖြစ်လို့ ကျောင်းသားတွေအနေနဲ့ လစ်ဟာမှု မရှိဘဲ
သက်တောင့်သက်သာ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီဘာသာရပ်တွေကို ၂၀၁၅ ခုနှစ်ကနေ ယခုထက်ထိ လက်တွေ့သင်ကြားလာတဲ့၊ သင်ကြားရေးအတွေ့အကြုံတွေများစွာရှိတဲ့ YUFL ကျောင်းဆင်း ဆရာကိုယ်တိုင် သင်ကြားပေးမှာဖြစ်လို့ မိနစ်တိုင်းဟာ ကိုယ့်အတွက် အကျိုးရှိစေမှာပါ။

တစ်ယောက်ချင်းစီ သီးသန့်အတန်းများလည်း စီစဉ်ပေးပါတယ်။
—————————

သင်တန်းအကြောင်းနဲ့ ပတ်သက်ပြီး
အသေးစိတ် သိချင်တယ်ဆိုရင်တော့…

Page ရဲ့ Messenger သို့မဟုတ် 09 75 24 65 840 ကို
တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ် ။

Address

50th Street
Yangon
11171

Opening Hours

Monday 06:00 - 23:00
Tuesday 06:00 - 23:00
Wednesday 06:00 - 23:00
Thursday 06:00 - 23:00
Friday 06:00 - 23:00
Saturday 06:00 - 23:00
Sunday 06:00 - 23:00

Telephone

+959752465840

Website

Alerts

Be the first to know and let us send you an email when August Language Hill posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to August Language Hill:

Shortcuts

Share