Star Butterfly Japanese Language Center

Star Butterfly Japanese Language Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Star Butterfly Japanese Language Center, Language school, Yangon.

🇯🇵 ဂျပန်ကို စိတ်ချယုံကြည်ရတဲ့ Nursing Care Career နဲ့ သွားရောက်လုပ်ကိုင်လိုသူများအတွက် လက်မလွှတ်သင့်တဲ့ Program လေးပါ။ ✨...
15/08/2026

🇯🇵 ဂျပန်ကို စိတ်ချယုံကြည်ရတဲ့ Nursing Care Career နဲ့ သွားရောက်လုပ်ကိုင်လိုသူများအတွက် လက်မလွှတ်သင့်တဲ့ Program လေးပါ။ ✨

🇲🇲 မြန်မာကနေ ကျောင်းအပ်လိုသူများအတွက်လည်း Star Butterfly ECC မှ အစအဆုံး တာဝန်ယူဆောင်ရွက်ပေးနေတာကြောင့် အခုပဲ ကျောင်းလာအပ်လိုက်တော့နော်။

🇹🇭🇯🇵 “Nursing Care Program ကို ထိုင်းမှာ ၁ နှစ် သင်ယူပြီးတာနဲ့ ဂျပန်သွားဖို့ အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်နိုင်ပါပြီ!” 😎✨

ဒီ ၁ နှစ် ကို ထိုင်းနိုင်ငံရှိ Vongchavalitkul University (VU) မှာ Nursing Care ပညာရပ်တွေကို လေ့လာသင်ယူရင်း တစ်ချိန်တည်းမှာပဲ Japan Career Preparation Year အဖြစ် အသုံးချပြီး ဂျပန်နိုင်ငံမှာ Career တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို ကြိုတင်ပြင်ဆင်နိုင်ပါတယ်။ 🇹🇭➡️🇯🇵

📚 ဒါဆို ထိုင်းမှာ ကျောင်းတက်နေစဉ် ဘာတွေပြင်ဆင်နိုင်မလဲ?

🇯🇵 ① ဂျပန်စာ ထပ်ဆောင်းလေ့လာခြင်း

Nursing Care Program ထဲမှာ Japanese Language သင်ကြားမှုလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်အချိန်တွေမှာလည်း ဂျပန်နိုင်ငံမှာ နေထိုင်၊ အလုပ်လုပ်တဲ့အခါ အရေးကြီးတဲ့ ဂျပန်ဘာသာစကား၊ စကားပြောနဲ့ ဆက်သွယ်ပြောဆိုမှုစွမ်းရည်တွေကို ပိုမိုတိုးတက်အောင် လေ့လာနိုင်ပါတယ်။

📝 ② လိုအပ်သော စာမေးပွဲများအတွက် ပြင်ဆင်ခြင်း

ဂျပန်နိုင်ငံမှာ Nursing Care Career ကို စတင်နိုင်ဖို့ လိုအပ်နိုင်တဲ့ JLPT နဲ့ Specified Skilled Worker (Tokutei Ginou) ဆိုင်ရာ စာမေးပွဲများ အတွက် ကြိုတင်လေ့လာပြင်ဆင်နိုင်ပါတယ်။

🎤 ③ Interview Preparation

ဂျပန်အလုပ်ရှင်တွေနဲ့ Interview ဖြေဆိုရာမှာ လိုအပ်တဲ့ ပြောဆိုဆက်ဆံပုံ၊ မေးခွန်းဖြေဆိုပုံ၊ Professional Manners တွေအပြင် ဂျပန်နိုင်ငံရဲ့ အလုပ်ခွင်ယဉ်ကျေးမှုနဲ့ လုပ်ငန်းခွင်အလေ့အထတွေကိုပါ ကြိုတင်လေ့ကျင့်နိုင်ပါတယ်။

💼 ④ Japan Career အတွက် ကြိုတင်ပြင်ဆင်ခြင်း

ဂျပန်နိုင်ငံရဲ့ အလုပ်ခွင်ပတ်ဝန်းကျင်၊ Nursing Care လုပ်ငန်းခွင်နဲ့ Career Path အကြောင်းတွေကို ကြိုတင်သိရှိနားလည်ပြီး ဂျပန်ရောက်တဲ့အခါ အလုပ်ခွင်ထဲကို ပိုမိုအဆင်ပြေစွာ ဝင်ရောက်နိုင်ဖို့ ပြင်ဆင်နိုင်ပါတယ်။
━━━━━━━━━━━━

📌 PROGRAM အချက်အလက်

🎓 Program Duration – ၁ နှစ်
💰 Program Fee – [Program ကြေး ထည့်ရန်]
📅 Application Deadline – 22 September 2026

📖 Program အကြောင်း အသေးစိတ်ဖတ်ရှုရန်

👉🏻 https://www.facebook.com/share/p/1JK5Tcmoj8/?mibextid=wwXIfr

━━━━━━━━━━━━

✨ “ထိုင်းမှာ ၁ နှစ် Nursing Care Program တက်ရောက်ရင်း Japan Career Preparation Year အဖြစ် အသုံးချလိုက်ပါ!”

🇹🇭 Vongchavalitkul University (VU)
×
🇯🇵 KITISART Language School
×
🌸 Star Butterfly ECC

တို့ရဲ့ Nursing Care & Professional Japanese Language Program နဲ့အတူ သင့်ရဲ့ Japan Career Journey ကို ဒီနေ့ကတည်းက စတင်လိုက်ပါ။ 🇹🇭➡️🇯🇵

Star Butterfly Education & Career Consultancy

📞 🇹🇭 080 901 4891
📞 🇲🇲 09 408 901 133

✉️ [email protected]

🥼🩺 “ဂျပန်စာ လုံးဝမသိသေးလည်း Nursing Care Program ကို တက်လို့ရပါတယ်! အခြေခံကနေစပြီး လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ ဂျပန်စာကို...
14/08/2026

🥼🩺 “ဂျပန်စာ လုံးဝမသိသေးလည်း Nursing Care Program ကို တက်လို့ရပါတယ်! အခြေခံကနေစပြီး လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ ဂျပန်စာကို စနစ်တကျသသင်ပေးသွားမှာပါ။ ” ‼️✨

🇯🇵 ၁ နှစ် အချိန်ပေးရုံနဲ့ ဂျပန်နိုင်ငံမှာ Nursing Care Career ကို စတင်နိုင်မယ့် အကောင်းဆုံး အခွင့်အရေး! 🇹🇭

Star Butterfly ECC နှင့် Vongchavalitkul University (VU) × KITISART Language School တို့ ပူးပေါင်းဖွင့်လှစ်မည့် Nursing Care & Professional Japanese Language Program (12 Months ED Visa Provided) ကို မိတ်ဆက်ပေးပါရစေ။ 🙏🏻✨
•••

🎯 ဒီ Program က ဘယ်သူတွေအတွက် သင့်တော်လဲ?

✔️ အထက်တန်းအောင်ထားပြီး နိုင်ငံခြားမှာ ပညာသင်ယူကာ အနာဂတ် Career တစ်ခုကို တည်ဆောက်လိုသူများ

✔️ Medical၊ Healthcare နှင့် Nursing Care နယ်ပယ်များကို စိတ်ဝင်စားပြီး ရေရှည်အလုပ်အကိုင် ရရှိလိုသူများ

✔️ ဂျပန်စာ အခြေခံမရှိသေးပေမယ့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန် အဆင့်လိုက် ပြင်ဆင်လိုသူများ

✔️ အချိန် ၁ နှစ်အတွင်းဂျပန်နိုင်ငံသို့ သွားရောက်ပြီး Career အသစ် စတင်လိုသူများ

🎓 ထိုင်းနိုင်ငံမှာ ၁ နှစ်တာ ပြင်ဆင်သင်ကြားပြီးနောက် ဂျပန်နိုင်ငံရှိ Nursing Care လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် အဆင့်လိုက် ပံ့ပိုးပေးမှာဖြစ်ပြီး ၅ နှစ်မှ ၇ နှစ်အထိ ရေရှည် အသက်မွေးဝမ်းကျောင်း လမ်းကြောင်း တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
•••

✨ ဒီ Program မှာ ဘာတွေ သင်ယူရမှာကိုလဲ?

🇯🇵 KITISART Language School မှ
• Beginner Level မှ JLPT N3 Level အထိ ဂျပန်ဘာသာကို စနစ်တကျ သင်ကြားပေးမှာဖြစ်ပြီး

🏥 Vongchavalitkul University (VU) မှ
• Nursing Care ဘာသာရပ်များ
• Medical Terminology (ဆေးဘက်ဆိုင်ရာ ဝေါဟာရများ)
• Healthcare Major Subjects
• လုပ်ငန်းခွင်တွင် အမှန်တကယ် အသုံးပြုရမည့် Professional Japanese Communication Skills များကို စနစ်တကျ သင်ကြားပေးသွားမှာပါ။
_______

📅 Program Start Date – 22 October 2026

⏰ Application Deadline – 22 September 2026

ယနေ့ကစပြီး ထိုင်းနိုင်ငံမှတစ်ဆင့် ဂျပန်နိုင်ငံရှိ Medical & Healthcare Career သို့ လျှောက်လှမ်းမည့် သင့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်လိုက်ပါ။ 🇹🇭➡️🇯🇵

📩 အသေးစိတ် စုံစမ်းလိုပါက…

Star Butterfly Education & Career Consultancy

📞 🇹🇭 080 901 4891, 📞 🇲🇲 09 408 901 133

✉️ [email protected]

🔲 “အဖြူတိုင်း ကောင်းတာမဟုတ်သလို၊ အမည်းတိုင်းလည်း မကောင်းတာ မဟုတ်ဘူး။ လူတစ်ယောက်ကို အပြင်ပန်းနဲ့ မဆုံးဖြတ်ဘဲ သူ့ရဲ့ အပြုအ...
20/07/2026

🔲 “အဖြူတိုင်း ကောင်းတာမဟုတ်သလို၊ အမည်းတိုင်းလည်း မကောင်းတာ မဟုတ်ဘူး။ လူတစ်ယောက်ကို အပြင်ပန်းနဲ့ မဆုံးဖြတ်ဘဲ သူ့ရဲ့ အပြုအမူနဲ့ စိတ်ထားကို ကြည့်ပြီးမှ အကဲဖြတ်သင့်ပါတယ်။” 🔳

လူတွေက များသောအားဖြင့်

• အဖြူ = ကောင်းခြင်း၊ သန့်ရှင်းခြင်း
• အမည်း = မကောင်းခြင်း၊ အန္တရာယ်

လို့ သဘောထားလေ့ရှိပါတယ်။

ဒါပေမယ့် လက်တွေ့ဘဝမှာတော့
• အပြင်ပန်း သန့်ရှင်းပြီး ယုံကြည်စရာကောင်းတဲ့ လူတစ်ယောက်က စိတ်ထားမကောင်းနိုင်သလို
• အပြင်ပန်း ကြမ်းတမ်းပြီး တိတ်ဆိတ်တဲ့ လူတစ်ယောက်ကတော့ စိတ်ကောင်းရှိပြီး အကူအညီပေးတတ်သူ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အရောင်၊ အသွင်အပြင်၊ ပထမဆုံးမြင်ရတဲ့ အထင်အမြင်တွေအပေါ်ပဲ မူတည်ပြီး မဆုံးဖြတ်ပါနဲ့ လို့ သင်ခန်းစာပေးတဲ့ စကားလေးပါ။

🖤 အပြင်ပန်းထက် အတွင်းစိတ်ကို ကြည့်ပါ။
🩶 လူတစ်ယောက်ကို တွေ့တာနဲ့ မဆုံးဖြတ်ပါနဲ့။
🤍 ကောင်းခြင်း၊ မကောင်းခြင်းဟာ အသွင်အပြင်နဲ့ အမြဲမဆိုင်ပါဘူး။
🩶 အရာအားလုံးမှာ မတူညီတဲ့ ရှုထောင့်တွေ ရှိနိုင်ပါတယ်။

“白は常に光ではなく、黒は常に暗いではありません。
(Shiro wa tsuneni hikari dewa naku, kuro wa tsuneni kurai dewa arimasen.)”

🗓️ >>> 祝福とともに月曜日を始める!!! ✨
…..

🔸 Star Butterfly Japanese Language Center
အခန်း (404 A ) လေးလွှာ၊ ရွှေသံလွင်ကွန်ဒို၊ အေးရိပ်သာ ၁ လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🇯🇵 ဂျပန်နိုင်ငံ အလုပ်အကိုင် အခွင့်အလမ်းများ၊ ဂျပန်ဘာသာစကား တန်းခွဲများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက - 𝟬𝟵 𝟰𝟬𝟴 𝟵𝟬𝟭 𝟭𝟯𝟯 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ✨

🇯🇵 အပတ်စဉ် စနေနေ့တိုင်း N5 Kanji လေ့လာကြမယ့် Day 15 မှာဆိုရင်တော့ N5 Level မှာ သိသင့်သိထိုက်တဲ့ ခန်းဂျီးစာလုံးပေါင်း 100...
18/07/2026

🇯🇵 အပတ်စဉ် စနေနေ့တိုင်း N5 Kanji လေ့လာကြမယ့် Day 15 မှာဆိုရင်တော့ N5 Level မှာ သိသင့်သိထိုက်တဲ့ ခန်းဂျီးစာလုံးပေါင်း 100 ရဲ့ တစ်ဝက်ကျော်ကို ရောက်လာပါပြီနော်။✨

အရှေ့က Kanji လေးတွေကိုလည်း ပြန်လေ့လာလို့ရအောင် Comment မှာ ရက်အလိုက် Link လေးတွေ ပြန်ချပေးထားပါတယ်။ 📑

㊙️ Kanji မှာဆိုရင် Onyomi က တရုတ်အသံထွက်ကို ဖတ်ရတာကြောင့် Katakana နဲ့ ရေးပေးထားပြီး Kunyomi က ဂျပန်လို ဖတ်ရတာကြောင့် Hiragana နဲ့ ရေးပေးထားတာပါ။

📌 Kanji လေးတွေ မလေ့လာခင် အရင်တင်ပေးထားတဲ့ Kanji တွေမှာရှိတဲ့ Onyomi, Kunyomi တွေ အကြောင်းလေး ပြန်ဖတ်ကြည့်ပေးပါနော်။ 🧡

https://www.facebook.com/share/p/1D8CtUeFEZ/?mibextid=wwXIfr

•••

🇯🇵 ဂျပန်ဘာသာစကား တန်းခွဲများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Star Butterfly Page Messenger သို့မဟုတ် Viber ဖုန်းနံပါတ် +959 408 901 133 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ✨

🎌🙏🏻 ⛩️ ဘာသာရေး အဆောက်အဦတွေကို  ဂျပန်လို ဘယ်လိုခေါ်ဝေါ်သုံးနှုန်းကြသလဲဆိုတာ လေ့လာကြရအောင်။ ✨•••🔸 Star Butterfly Japanese ...
17/07/2026

🎌🙏🏻 ⛩️ ဘာသာရေး အဆောက်အဦတွေကို ဂျပန်လို ဘယ်လိုခေါ်ဝေါ်သုံးနှုန်းကြသလဲဆိုတာ လေ့လာကြရအောင်။ ✨
•••

🔸 Star Butterfly Japanese Language Center
အခန်း (404 A ) လေးလွှာ၊ ရွှေသံလွင်ကွန်ဒို၊ အေးရိပ်သာ ၁ လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🇯🇵 ဂျပန်နိုင်ငံ အလုပ်အကိုင် အခွင့်အလမ်းများ၊ ဂျပန်ဘာသာစကား တန်းခွဲများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက - 𝟬𝟵 𝟰𝟬𝟴 𝟵𝟬𝟭 𝟭𝟯𝟯 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ✨

🎌 အရင်အပတ်က “…လုပ်နိုင်တယ် (Can)” Pattern ကို မျှဝေပေးခဲ့ပြီးဖြစ်တာကြောင့် ဒီတစ်ပတ်မှာတော့ ”…မလုပ်နိုင်ဘူး (Can’t)” Patt...
15/07/2026

🎌 အရင်အပတ်က “…လုပ်နိုင်တယ် (Can)” Pattern ကို မျှဝေပေးခဲ့ပြီးဖြစ်တာကြောင့် ဒီတစ်ပတ်မှာတော့ ”…မလုပ်နိုင်ဘူး (Can’t)” Pattern အဖြစ် ဆက်လေ့လာကြရအောင်ပါ။ 😊

တစ်ခုခုကို ”•••မလုပ်နိုင်ဘူး”, “I can’t…” ဆိုတာကို ဂျပန်လို ဘယ်လိုပြောရမလဲ? 🤔

… မလုပ်နိုင်ဘူး (Can’t) ဆိုတဲ့ Grammar Pattern ကိုလည်း ဂျပန်မှာ Pattern (၃) မျိုးနဲ့ ပြောလို့ရပါတယ်။

1. 🌸 Verb (Plain Form) + ことができません

ဂျပန်စာမှာ “မလုပ်နိုင်ဘူး” လို့ ပြောချင်တဲ့အခါ ~ことができません (koto ga dekimasen) ဆိုတဲ့ Pattern ကို JLPT စာမေးပွဲ၊ လုပ်ငန်းခွင်နဲ့ ယဉ်ကျေးတဲ့ စကားပြောတွေမှာ အများဆုံး အသုံးပြုပါတယ်။

🔸 にほんごを はなすことができません。
(ဂျပန်စကား မပြောနိုင်ဘူး။)

🔸 およぐことができません。
(ရေမကူးနိုင်ဘူး။)

🔸 かんじを よむことができません。
(Kanji ကို မဖတ်နိုင်ဘူး။)



2. 🌸 Ru Verb (る Verb - Potential Form)

နေ့စဉ်စကားပြောမှာတော့ Potential Form ရဲ့ Negative Form ကို ပိုပြီး အသုံးများပါတယ်။

➡️ ~られます → ~られません ပြောင်းပါ။

🔸 たべる → たべます → たべられません
(မစားနိုင်ဘူး)

🔸 みる → みます → みられません
(မကြည့်နိုင်ဘူး)

🔸 おきる → おきます → おきられません
(မထနိုင်ဘူး)

(နေ့စဉ်စကားပြောမှာ たべられない၊ おきられない လို့ Casual Form နဲ့လည်း ပြောကြပါတယ်။ JLPT N5 နဲ့ စာရေးရာမှာတော့ Polite Form ~られません ကို အရင်လေ့လာထားတာ ပိုသင့်တော်ပါတယ်။)



3. 🌸 U Verb (う Verb)

➡️ Potential Form ကို Negative ပြောင်းပြီး ~ません ထည့်ပါ။

🔸 のむ → のみます → のめません
(မသောက်နိုင်ဘူး)

🔸 はなす → はなします → はなせません
(မပြောနိုင်ဘူး)

🔸 かく → かきます → かけません
(မရေးနိုင်ဘူး)



📚 ”…လုပ်နိုင်တယ် (Can)” နဲ့ ”…မလုပ်နိုင်ဘူး (Can’t)” Pattern နှစ်ခုလုံးက JLPT N5/N4 မှာ မဖြစ်မနေ သိထားသင့်တဲ့ Grammar Pattern တွေဖြစ်ပါတယ်။

🧡 “…လုပ်နိုင်တယ် (Can)” Grammar Pattern

https://www.facebook.com/share/1DD6CLrEH7/?mibextid=wwXIfr

Can နဲ့ Can’t ကို နှိုင်းယှဉ်ပြီး လေ့ကျင့်ပေးရင် ပိုမှတ်မိလွယ်ပြီး စကားပြောတဲ့အခါလည်း သဘာဝကျကျ အသုံးချနိုင်မှာပါ။ 😊🇯🇵
•••

🇯🇵 ဂျပန်ဘာသာစကား တန်းခွဲများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Star Butterfly Page Messenger သို့မဟုတ် Viber ဖုန်းနံပါတ် +959 408 901 133 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ✨

✨🌸 “တကယ်မြင်တွေ့လိုက်ရရင် စိတ်ကူးထားသလို မဟုတ်နိုင်တဲ့အတွက်၊ တချို့အရာတွေကို မမြင်ရသေးတာက ပိုကောင်းပါတယ်။ “ 🌸✨သူ့ရဲ့ စာလ...
13/07/2026

✨🌸 “တကယ်မြင်တွေ့လိုက်ရရင် စိတ်ကူးထားသလို မဟုတ်နိုင်တဲ့အတွက်၊ တချို့အရာတွေကို မမြင်ရသေးတာက ပိုကောင်းပါတယ်။ “ 🌸✨

သူ့ရဲ့ စာလုံးအတိုင်း ဘာသာပြန်ရင်တော့ “မမြင်ရသေးတာက ပန်းလို လှပါတယ်။” လို့ အဓိပ္ပာယ်ရပါတယ်။

ဥပမာ ပြောရရင် သူငယ်ချင်းက…

“ဒီစားသောက်ဆိုင်က အရမ်းကောင်းတယ်” လို့ ပြောထားတယ်။ ကိုယ်ကလည်း စိတ်ကူးထဲမှာ အရမ်း အရသာရှိမယ်လို့ မျှော်လင့်ထားတယ်။

ဒါပေမဲ့ တကယ်သွားစားတော့ မျှော်လင့်ထားသလောက် စားမကောင်းဘူး။

ဒါကြောင့် တစ်ခါတစ်လေ မမြင်ရသေးတဲ့အရာ၊ မသိရသေးတဲ့အရာက စိတ်ကူးထဲမှာ ပိုလှ၊ ပိုကောင်းနေတတ်လို့ အရာရာကို သိဖို့ အရမ်းကြိုးစားနေစရာ မလိုဘူးနော်။ ✨

“見ぬが花 (Minu ga hana)”

🗓️ >>> 祝福とともに月曜日を始める!!! ✨
…..

🔸 Star Butterfly Japanese Language Center
အခန်း (404 A ) လေးလွှာ၊ ရွှေသံလွင်ကွန်ဒို၊ အေးရိပ်သာ ၁ လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🇯🇵 ဂျပန်နိုင်ငံ အလုပ်အကိုင် အခွင့်အလမ်းများ၊ ဂျပန်ဘာသာစကား တန်းခွဲများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက - 𝟬𝟵 𝟰𝟬𝟴 𝟵𝟬𝟭 𝟭𝟯𝟯 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ✨

🇯🇵 N5 Kanji လေးတွေ ဒီနေ့ Day 14 မှာ နောက်ထပ် ၅ လုံး အတူတူ လေ့လာကြမယ်နော်။✨အရှေ့က Kanji လေးတွေကိုလည်း ပြန်လေ့လာလို့ရအောင်...
11/07/2026

🇯🇵 N5 Kanji လေးတွေ ဒီနေ့ Day 14 မှာ နောက်ထပ် ၅ လုံး အတူတူ လေ့လာကြမယ်နော်။✨

အရှေ့က Kanji လေးတွေကိုလည်း ပြန်လေ့လာလို့ရအောင် Comment မှာ ရက်အလိုက် Link လေးတွေ ပြန်ချပေးထားပါတယ်။ 📑

㊙️ Kanji မှာဆိုရင် Onyomi က တရုတ်အသံထွက်ကို ဖတ်ရတာကြောင့် Katakana နဲ့ ရေးပေးထားပြီး Kunyomi က ဂျပန်လို ဖတ်ရတာကြောင့် Hiragana နဲ့ ရေးပေးထားတာပါ။

📌 Kanji လေးတွေ မလေ့လာခင် အရင်တင်ပေးထားတဲ့ Kanji တွေမှာရှိတဲ့ Onyomi, Kunyomi တွေ အကြောင်းလေး ပြန်ဖတ်ကြည့်ပေးပါနော်။ 🧡

https://www.facebook.com/share/p/1D8CtUeFEZ/?mibextid=wwXIfr

•••

🇯🇵 ဂျပန်ဘာသာစကား တန်းခွဲများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Star Butterfly Page Messenger သို့မဟုတ် Viber ဖုန်းနံပါတ် +959 408 901 133 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ✨

တစ်ခုခုကို “•••လုပ်နိုင်တယ်” ဆိုတာမျိုးကို ဂျပန်လို ဘယ်လိုပြောရမလဲ? 🤔… လုပ်နိုင်တယ်၊ I can… ဆိုတဲ့ Grammar Pattern ကို ဂ...
08/07/2026

တစ်ခုခုကို “•••လုပ်နိုင်တယ်” ဆိုတာမျိုးကို ဂျပန်လို ဘယ်လိုပြောရမလဲ? 🤔

… လုပ်နိုင်တယ်၊ I can… ဆိုတဲ့ Grammar Pattern ကို ဂျပန်မှာက Pattern 3 မျိုးနဲ့ ပြောလို့ရပါတယ်။

1. 🌸 Verb (Plain Form) + ことができます

ဂျပန်စာမှာ “လုပ်နိုင်တယ်”လို့ ပြောချင်တဲ့အခါ ~ことができます (koto ga dekimasu) ဆိုတဲ့ Pattern ကို JLPT စာမေးပွဲ၊ လုပ်ငန်းခွင်နဲ့ ယဉ်ကျေးတဲ့ စကားပြောတွေမှာ အများဆုံး အသုံးပြုပါတယ်။

🔸 にほんごを はなすことができます。(ဂျပန်စကား ပြောနိုင်တယ်။)

🔸 およぐことができます。(ရေကူးနိုင်တယ်။)

🔸 かんじを よむことができます。(Kanji ကို ဖတ်နိုင်တယ်။)



2. 🌸 Ru Verb (る Verb - Potential Form)

နေ့စဉ်စကားပြောမှာတော့ Potential Form (れる / られる) ကို ပိုပြီး အသုံးများပါတယ်။

➡️ る ကိုဖြုတ်ပြီး られます ထည့်ပါ။

🔸 たべる → たべます → たべられます (စားနိုင်တယ်)

🔸 みる → みます → みられます (ကြည့်နိုင်တယ်)

🔸 おきる → おきます → おきられます (ထနိုင်တယ်)

(နေ့စဉ်စကားပြောမှာ たべれます၊ おきれます လို့ ら ကိုဖြုတ်ပြီး ပြောတာကို ကြားရနိုင်ပါတယ်။ ဒါပေမယ့် JLPT N5 နဲ့ စာရေးရာမှာတော့ Standard Form (~られます) ကို အသုံးပြုသင့်ပါတယ်။)



3. 🌸 U Verb (う Verb)

➡️ နောက်ဆုံး U Sound ကို E Sound ပြောင်းပြီး ます ထည့်ပါ။

🔸 のむ → のみます → のめます (သောက်နိုင်တယ်)

🔸 はなす → はなします → はなせます (ပြောနိုင်တယ်)

🔸 かく → かきます → かけます (ရေးနိုင်တယ်)



📚 JLPT N5 ရော N4 Level မှာပါ မဖြစ်မနေ သိထားသင့်တဲ့ Grammar Pattern လေးတွေ ဖြစ်တာကြောင့် သေချာလေး လေ့ကျင့်ထားကြပါနော်။ 😊🇯🇵

🧡 “မ…နိုင်ဘူး (Can)” Grammar Pattern

https://www.facebook.com/share/181iveXiHz/?mibextid=wwXIfr

Can နဲ့ Can’t ကို နှိုင်းယှဉ်ပြီး လေ့ကျင့်ပေးရင် ပိုမှတ်မိလွယ်ပြီး စကားပြောတဲ့အခါလည်း သဘာဝကျကျ အသုံးချနိုင်မှာပါ။ 😊🇯🇵
•••

🇯🇵 ဂျပန်ဘာသာစကား တန်းခွဲများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Star Butterfly Page Messenger သို့မဟုတ် Viber ဖုန်းနံပါတ် +959 408 901 133 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ✨

အရမ်းကို ထူးချွန်ကြသော ညီမငယ်လေးများအတွက်လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူရပါတယ်နော်။ 🫶🏻✨
06/07/2026

အရမ်းကို ထူးချွန်ကြသော ညီမငယ်လေးများအတွက်
လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူရပါတယ်နော်။ 🫶🏻✨

🇯🇵 ဂျပန်နိုင်ငံ၊ Kagawa ခရိုင်ရှိ Beauty Mask ထုတ်လုပ်ရေးလုပ်ငန်းအတွက် Interview မှာ ရွေးချယ်ခံခဲ့ရသော ညီမငယ်လေးများအတွက် Congratulations ပါ။ ✨🧡✨

အများကြီး ဂုဏ်ယူရပြီး ရှေ့ဆက်ရမယ့် ဘ၀တက်လမ်းတွေမှာလည်း ဒီထက်အများကြီး အဆင်ပြေ ချောမွေ့ ဖြောင့်ဖြူးပါစေလို့ Star Butterfly မှ ဆုတောင်းပေးလိုက်တယ်နော် 🧡

🔸 Star Butterfly General Services Co., Ltd
အခန်း (404 A ) လေးလွှာ၊ ရွှေသံလွင်ကွန်ဒို၊ အေးရိပ်သာ ၁ လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🌍 ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက - 🇹🇭 0809014891, 🇲🇲 09400099410, 09400099420 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ✨


Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959408901133

Alerts

Be the first to know and let us send you an email when Star Butterfly Japanese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share