30/04/2025
👏🏻 Visa လျှောက်မယ်ဆိုရင် ပြင်ဆင်ထားရမယ့် အချက်များ 👏🏻
1. Complete & Honest Document 📑
ပထမဆုံးအနေနဲ့ မှန်ကန် ပြီးပြည့်စုံတဲ့ အချက်အလက်တွေ ပြင်ဆင်ထားသင့်ပါတယ်ရှင် သတိထားဖို့ကတော့ ထည့်သွင်းထားတဲ့ Data တွေ မှန်၊ မမှန် Double check လေးတော့ လုပ်ပေးသင့်ပါတယ်ရှင်။ သတင်းစကားအမှားတွေ နားမယောင်မိဖို့ကလည်း အရေးကြီးတယ်နော်။
2. Strong Financial Proof 💰
နံပါတ် ( ၂ ) အနေနဲ့ကတော့ နေထိုင်တဲ့ကာလ မှာ အဆင်ပြေပြေ နေနိုင်ဖို့အတွက် ခိုင်မာတဲ့ Bank statement လေး သေချာပြင်ဆင်ထားရမယ်နော်။
တကယ်လို့ တစ်ယောက်ယောက်က ထောက်ပံပေးနေတာမျိုးဆိုရင်တော့ ထောက်ပံ့သူရဲ့ ဝင်ငွေမှတ်တမ်း၊ တော်စပ်ပုံ၊ ထောက်ပံ့ကြေးပေးမဲ့ သက်သေလေးတွေတော့ လိုအပ်ပါတယ်ရှင့်။
3. Clear Purpose of Visit 👀
ဒီအချက်လေးကတော့ ကျောင်းတက်ချင်တဲ့သူတွေဆို ကျောင်းလက်ခံလွာ၊ အလည်အပတ်သမားတွေဆို ခရီးသွားခွင့်၊ အလုပ်သွားလုပ်မဲ့သူတွေကျ အလုပ်က Offer letter လေးတွေ သေချာပြင်ဆင်ရပါမယ်ရှင့်။ အဲ့ထဲမှာ Hotel bookings, travel insurance, invitations letter, school letter တွေပါ ပြပေးရပါတယ်နော်။
4. Ties to Home Country 🪢
ဒါလေးကတော့ oversea ကို ခဏတာ သွားရောက်နေထိုင်မှာဖြစ်ပြီး visa သက်တမ်းစေ့သွားပါက ကိုယ့်အမိမြေကို ပြန်မှာဖြစ်ကြောင်း အဓိကထားရေးသားပြောဆိုပေးရပါမယ်ရှင့် ( လတ်တလော နိုင်ငံအနေအထားအရ long stay နေကြတဲ့သူများ များတဲ့အတွက်ကြောင့် ဒီအပိုင်းလေးကလဲ တကယ်အရေးကြီးတယ်ပြောလို့ရပါတယ်ရှင့်။ )
5. Prepare for the Interview 🙆🏻♀️
Interview ဝင်တဲ့အခါမှာလဲ visa officer မေးသမျှကို တည်တည်ငြိမ်ငြိမ် ယုံကြည်ချက်ရှိရှိနဲ့ ရိုးရိုးသားသား ဖြေဆိုပေးဖို့လိုအပ်ပါတယ်ရှင့်။
အမေးများဆုံးမေးခွန်းတစ်ချို့လဲ ဖော်ပြပေးလိုက်ပါတယ်ရှင့်။
• “Why are you visiting?”
• “How will you fund your trip?”
• “Do you plan to return home after your visit?”
6. Avoid Red Flags 🚩
Visa ခနခန reject အထိခံရတာမျိုးတွေ မပြည့်စုံတဲ့ Documents တွေ၊ မတိကျမရေရာတဲ့ ရှင်းပြချက်တွေ၊ visa သက်တမ်းလွန်တဲ့အထိ နေထိုင်တာ မျိုးတွေကို ရှောင်ရှားသင့်ပါတယ်ရှင့်။
ဒီအထက်ပါ အချက် ( ၆ ) ချက်ကို သေသေချာချာ ပြင်ဆင်ထားပြီးရင်တော့ Visa requirements လေးပြည့်စုံနေပြီမို့ reject ဖြစ်ဖို့ ရာခိုင်နှုန်းတော်တော်နည်းသွားပါပြီရှင့်။ Future Education Consultancy မှာလည်း visa အကြောင်း အသေးစိတ်ဆွေးနွေးလို့ရနေပြီနော် 💓