Icon English Language Centre

Icon English Language Centre This page is for sharing and teaching education.

Before the school closed for Thingyan,we made ( rice dough balls) Mont Lone Yay Paw  and ate Thingyan rice and meals on ...
10/04/2023

Before the school closed for Thingyan,we made ( rice dough balls) Mont Lone Yay Paw and ate Thingyan rice and meals on the side dishes banana leaves (Tamil Nadu traditional food).

💥Summer English Courses For       Young Learners 💥✨✨ 👉IELC မှ သားသားမီးမီးတို့အတွက် နွေရာသီ       သင်တန်းလေး ဖွင့်လှစ်ပေ...
12/03/2023

💥Summer English Courses For
Young Learners 💥✨✨
👉IELC မှ သားသားမီးမီးတို့အတွက် နွေရာသီ
သင်တန်းလေး ဖွင့်လှစ်ပေးလိုက်ပါပြီ😍။
🗓️ 13.3.2023 မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။
📌 အသက် 7 နှစ်မှ 15 နှစ်ထိ ကလေးငယ်များ တက်
ရောက်နိုင်ပါတယ်ရှင့်။
📝သင်ကြားပေးမယ့် ဘာသာရပ်များ
♦️ Regular 4 skills course
♦️ YLE course
♦️ Music
📣 Placement test ကိုလည်း free ဖြေဆိုခွင့်ပေး
ထားပါတယ်ရှင့်။
✅ Placement test ဖြေဆိုရန်နှင့် သင်တန်းစုံစမ်းရန်
အောက်ပါလိပ်စာသို့ လာရောက်စုံစမ်းနိုင်ပါသည်။.
📞 09-794827434
📍No(12), U Ba O Kwinn Paing St, Khawechan,
Insein.

💫Hello kids😍!👇 Abbreviations. What are these answers?👇✍️Tomorrow we will check the answers.👋🤳
08/12/2022

💫Hello kids😍!
👇 Abbreviations. What are these answers?👇
✍️Tomorrow we will check the answers.👋🤳

Cambridge English : Exam - ( YLE )  Starters / Movers / Flyers Cambridge English :  KET / PET / FCE  တွေဟာ ကျောင်းစာကို ...
27/10/2022

Cambridge English : Exam - ( YLE ) Starters / Movers / Flyers
Cambridge English : KET / PET / FCE တွေဟာ ကျောင်းစာကို အထောက် အကူပြုလား ?

- ကလေး မိဘတစ်ဦး စောစောကဖုန်းဆက် မေးလို့ အခြား မိဘတွေလည်း သိရအောင် နည်းနည်း ဖြေပေးချင် ပါတယ်။ ကျောင်းစာကို အထောက်အကူ ပြုလားဆိုတော့ သေသေချာချာ လုပ်ရင် အထောက်အကူ ပြုရုံသာမက အခြားအရာတွေပါ အပိုပါသေးတယ်လို့ ပြောလို့ရပါတယ်။

ပထမဆုံး စာမေးပွဲဖြစ်သော - Starters / Movers တွေကို ထားလိုက်ပြီး
တတိယ အဆင့် ဖြစ်သော Flyers ကနေ စပြောကြည့် ပါမယ်။

- Flyers အဆင့်မှာ ပါသော ကွက်လပ်ဖြည့်တွေမှာ ဆိုရင် ဖြည့်ရမည့် စကားလုံး ပေးမထား ပါဘူး ။ မိမိကိုယ်တိုင် စဉ်းစားဖြေ ရတာပါ ။ တကယ် မတတ်ရင် ၊ မသိရင် ဖြေလို့မရပါ ။ တစ်ပွဲတိုး လုပ်မရပါ ။ ဒါကြောင့် နောင်တစ်ချိန် ၁၀ တန်းမေးခွန်းမှာ ကွက်လပ်ဖြည့်ကို စကားလုံးတွေ ပေးမထားတော့သည့် အချိန် (ဖြစ်လာခဲသည် ရှိသော် ) ၊ မေးခွန်းကလည်း Unseen ဖြစ်လာချိန်မှာ ဒီလို Unseen မေးခွန်းပုံစံတွေကို ဖြေနေကြ ဖြစ်သော ကလေးတွေဟာ Unseen မေးခွန်းကို ဖြေဆိုဖို့ အဆင်သင့် ဖြစ်နေပါ လိမ့်မယ်။ ( Flyers အဆင့်မှ ဖြေဆိုနိုင်သည်ဟု ဆိုလိုသည် မဟုတ်ပါ .. Unseen တွေကို ရင်းနှီးလာတာကို ဆိုလိုပါတယ် )

B2 Level မှာ ပါလာသော Use of English မေးခွန်းမှာလည်း ဒီလို ပုံစံတွေ မေးပါတယ်။ ဒါက စာမေးပွဲ ဖြေတတ်ရုံထက် ဘဝအတွက် အသုံးဝင်သော အင်္ဂလိပ်စာ Skills ကို ရစေမှာပါ။

Flyers အတန်းမှာဆိုရင် 4 ၊ 5 ၊ 6 ၊ 7ကလေးတွေများ ပါတယ် ။ စာရှည်မှာစိုးလို့ မေးခွန်းပုံစံ တစ်ခုစီတော့ မပြောတော့ပါ ။

- အစိုးရ ကျောင်းစာက အရေး ၊ အဖတ်ပဲ မေးတာမို့ ထိုအပိုင်းကို ဦးစားပေး ပြီး ပြောချင်ပါတယ် ။

- Cambridge English မှာတော့ Listening / Speaking လည်းပါပါတယ်။

PET ရဲ့ Writing Part - 1 ဟာ ဆယ်တန်း သဒ္ဒါဆယ်မှတ်ဖိုး ပုံစံ ဖြစ်ပါတယ်။ ကွာခြားချက်က Pattern ချပြီး သင်ဖို့ ခက်ပါတယ် ။
နားလည်မှုက အဓိကဖြစ်နေလို့ပါ ။ အင်္ဂလိပ်စာကို ဘာသာစကားပုံစံ တတ်မြောက်ထားမှ ပိုအဆင်ပြေပါလိမ့်မယ်။

PET မရောက်ခင် အဆင့် KET မှာ စာလုံးရေ - ၂၅ - ၃၅ ဆိုပြီး Writing ပိုင်း စပါလာ ပါတယ် ။ တနှစ်လုံး ရေးနေရတာမို့ အရေး အသားကို ကြောက်သည့် စိတ် ပျောက်လာ ပါတယ်။ စာရေးရတာလည်း ပေါ့ပေါ့ပါးပါး မို့ ကလေးတွေ ရေးကြပါတယ် ။ ရေးရတာ ကလေးတွေ ပျော်ကြပါတယ်။

( အခု Exam ပုံစံ အသစ်မှာဆိုရင် ပုံစံပြောင်းလာပါပြီ )

- PET မှာ Writing Part - 1 - မှာ စာလုံးရေ ၃၅ - ၄၅ ရေးရပါတယ်. သဒ္ဒါ တတ်မြောက်မှုထက် ရေးစေချင်သော အချက်ပါအောင် ကန့်သတ်ထားသော စကားလုံးအတွင်း ရေးနိုင်မှု ကို ပိုလိုချင်ပါတယ် ။

Part - 2 မှာ စာလုံးရေ . ၁၀၀ ဆိုပြီး ပုံမှန် ရေးရပါတယ်။
( ပေးစာ ပြန်စာရယ် ၊ Story ရယ် ရေးရပါတယ် )

( အခု PET စာမေးပွဲ ပုံစံ အသစ်မှာ Letter Writing ကို အချက်တွေ ပြန်ပါအောင် ရေးရသည့် ပုံစံပြောင်းသွားပါတယ် ။ ဒါက တကယ့် လုပ်ငန်းခွင်မှာ ပေးစာပြန်စာရေးသည့်အခါ ၊အဓိက ဆိုလိုရင်းတွေ ပါအောင် လေ့ကျင့်ပေးတာမျိုးလို့လည်း ဆိုနိုင်ပါတယ် )

- FCE အဆင့်မှာ Writing Part - 1 မှာ 120- 150 Words ရေးရပါတယ်
Writing Part - 2 မှာ 120 - 180 Words ရေးရပါတယ်။

( Part - 2 Report / essay / review / letter of application စသည်ဖြင့် ရေးခိုင်တာပါ )

- Report ရေးသားခြင်းဟာ အလုပ်အကိုင်မှာပဲ ဖြစ်ဖြစ် ၊ ပညာဆက်လက်သင်ကြားရေးမှာ ပဲဖြစ်ဖြစ် လွန်စွာ အထောက်အကူပြုတာ အလုပ်ခွင်ထဲက လူတွေ သိကြပါတယ်။

ဒီဟာတွေဟာ ကျက်လို့မရပါ ။ ဒီတော့ ဆယ်တန်းမှာ ဘယ်လိုလာလာ ရေးတတ်ဖို့ ပြင်ဆင် နေသလို ဖြစ်စေပါတယ်။ FCE စာမေးပွဲ အဆင့်က ဆယ်တန်း အဆင့်ထက် ပိုတယ်လို့ ဆိုနိုင်ပါတယ်။

- ပုံမှန်တက်သွားသော ကလေးဆိုရင် ၉ တန်းဆိုရင် FCE အဆင့် ရောက်ပါတယ် ။ အချို့ကလေးများဆိုရင် ၇ ၊ ၈ တန်းဖြင့် FCE ရောက်ပါတယ် ။ FCE အဆင့်သည် CEFR အရ - B2 ဖြစ်နေပါပြီ။

FCE အဆင့်မှာ သိထားရ ၊ လေ့ကျင့်ထားရမည့် အရာတွေထဲမှ Vocabulary တွေကို နမူနာ ကြည့်လိုက်ရင် ဘယ်လောက်လေ့လာရတယ်၊ အားထုတ်ရတယ် ဆိုတာကို မြင်ပါလိမ့်မယ် ။ ဒီ website မှာ ၀င်ကြည့်ကြည့်ပါ။လေ့လာရသော စကားလုံးတွေ တော်တော် ကျယ်ပြန့်တာ တွေ့ရပါလိမ့်မယ်။။ 🙂

http://www.englishrevealed.co.uk/fce_vocabulary.php

ဒီမှာကတော့ KET for school ရောက်နေသော ကလေး တစ်ယောက် လေ့ကျင့်ရသော စကားလုံးတွေပါ ။ KET တန်းကို 5 / 6/ 7/ 8 တန်းကလေး တွေ အရောက်များ ပါတယ်.

( တစ်ဦးနှင့် တစ်ဦးတော့ မတူကြပါ )

-https://www.britishcouncil.hk/sites/default/files/ket-word-list.pdf

ဒီမှာက PET အဆင့် ကလေး သိသင့် သိအပ်သော စကားလုံးတွေပါ ။

- 6/ 7/8/ 9 တန်းကလေး တွေ အရောက်များ ပါတယ် ။ PET အဆင့်က စကားလုံးတွေဟာ မလွယ်လှပါဘူး ။ သဒ္ဒါပိုင်း ဆိုင်ရာတွေ ဆိုလည်း သီးသန့် စာအုပ်ကို ထွက်တာပါ အများကြီးလေ့ကျင့်ရပါတယ် ။

-http://www.cambridgeenglish.org/images/84669-pet-vocabulary-list.pdf

- ဒီလို သင်တန်းတွေ မြန်မာပြည် အနှံ့ ပေါ်ပေါက်စေချင် ပါတယ်။ အချို့နေရာတွေမှာ သင်နိုင်သော ဆရာတွေ ရှိပေမယ့် ကလေးမိဘတွေက ဒီသင်တန်းတွေရဲ့ အကျိုးကျေးဇူး မသိသေးတော့ မထားကြသေးပါဘူး။ မိဘတွေကို တိုက်တွန်းချင်ပါတယ် မိမိကလေးတွေ အနာဂတ်အတွက် မိမိရှိသော နယ်က ဆရာတွေကို သင်ပေးဖို့ မေတ္တာရပ်ခံကြပါ ။ ဆရာတွေက သင်ရင်လည်း ထားပေးကြပါ ။ ဆယ်တန်းအမှတ်လည်းကောင်း တကယ်လည်း တတ်ဖို့ ဒီလို စာမေးပွဲတွေကို အရံအဖြစ် အခုအခြေအနေမှာက လုပ်ကို လုပ်ထားသင့်ပါတယ်။

သဒ္ဒါပိုင်း ၊ အရေးပိုင်း ၊ အပြောပိုင်း ၊ နားထောင်မှုပိုင်း ၊ အတွေးအခေါ်ပိုင်း အကုန်လုံးပါတာဖြစ်လို့ ကျောင်းမှာရေးရသော အက်ဆေး ၊ Letter ဆိုတာတွေကို ကျက်စရာမလို ရေးတတ်နေသော အဆင့်ကို ကလေးတွေက ရောက်နေမှာ ဖြစ်ပါတယ်။


အနီးစပ်ဆုံး အထောက်အကူပြုမှု ဥပမာကို ပေးရရင် ..

ကိုယ်တပည့်တွေထဲက ပြောလို တစ်မျိုး မထင်ပါနှင့် အနီးစပ်ဆုံး ကိုယ်က သူတို့ အကြောင်း အသိဆုံးဖြစ်နေလို့ပါ ။
. တစ်လောက အထက်တန်းကျောင်းသားတွေကို ဂျပန်နိုင်ငံမှာ လေ့လာရေးအဖြစ်ပို့ပေးပါတယ် ။ ရန်ကုန်တိုင်းမှ အရွေးခံရသည့် ကလေးနှစ်ယောက်မှာ ကျွန်တော့် တပည့် တစ်ယောက်ပါ ပါတယ်။ ကလေးက ငယ်စဉ်ကတည်းက ကျောင်းစာရော ဒီလို စာမွေးပွဲတွေကိုရော လေ့လာရပါတယ်။ (သူကတော့ Cambridge English : EXam တွေကို လေ့လာပေမယ့် ဖြေတော့ မဖြေဖြစ်ပါ ) နှစ်စဉ် တစ်ခုတန်းပြီး တစ်တန်းတော့ လုပ်ရပါတယ် ။ ဒါကြောင့် ပြောတတ် ၊ ဖတ်တတ် ၊ ရေးတတ် ၊ နားထောင်မှု အကုန် ညီညီမျှမျှ ရနေပါတယ် ။ဂျပန်ရောက်တော့ Presentation တွေလုပ်ရသည့်အခါ အေးအေဆေးဆေး လုပ်နိုင်ခဲ့ပါတယ်။ ဒါတွေက ဒီလို ပြင်ဆင်ထားခြင်းကြောင့်လို့ ဆိုနိုင်ပါတယ်။ ဆယ်တန်း အခု အောင်စာရင်းထွက်တော့လည်း အင်္ဂလိပ်စာ အပါအ၀င် ဂုဏ်ထူး ၆ လုံး ထွက်ပါတယ်။

နောက်တစ်ယောက် လည်း ထိုကလေးနှင့် အတူတက်ပြီး အင်္ဂလိပ်စာဂုဏ်ထူးလည်း ပါသောတပည့်ကျော်ဟာ . အမေရိကန် ကောလိပ် ပထမနှစ် မိတ်ဆက် သင်တန်း သွားတက်နေပါတယ် ။

နိုင်ငံခြားသားတွေပဲ သင်ပါတယ် ။ သူသာ Listening / Speaking တွေ မပြင်ဆင်ထားဘူးဆိုရင် သူတော်တော် ဒုက္ခရောက်နိုင်ပါတယ် ။ အခုတော့ ဒီအချိန်မှာ ကလေးက နားလည်မှု အပိုင်းမှာ အဆင်သင့် ဖြစ်နေပါတယ်။ သင်ခန်းစာကို လိုက်နိုင်ပါတယ်။ ဒါကြောင့် ကျောင်းစာ အထောက်အကူ အပြင် အခြားအရာတွေလည်း အများကြီး အထောက်အကူ ပြုတယ်လို့ ဆိုချင်ပါတယ်။

ဒီကလေးပဲ ဆယ်တန်းအောင်ပြီး FCE လည်းတက်နေရင်း အမေရိကန်စင်တာက အတန်းတွေ တက်ဖို့ စာမေးပွဲ သွားဖြေတော့ level - 6 ရပါတယ်။

၇ တန်းဖြင့် FCE ရောက်နေသော ကလေးများ ၊ ၈ တန်းဖြင့် FCE ရောက်နေသော ကလေးများဆိုရင် အင်္ဂလိပ်စာမှာ တော်တော် ခရီးပေါက်နေပြီ ဖြစ်လို့ ဆယ်တန်း မေးခွန်းပုံစံ ဘယ်လို ပြောင်းပြောင်း အဆင်သင့် ဖြစ်နေမယ်ဆိုတာ သေချာပါတယ်. ။

နောက်တစ်ယောက်ကတော့ ၉ တန်းမှ PET ပြီးပေမယ့် ဆယ်တန်းအောင်ပြီး မြန်မာပြည်မှာ ၂ နှစ် အမေရိကားမှာ ၂ နှစ်တက်ရသော ကျောင်းကိုတက် ၊ အခု အမေရိကားမှာ တတိယနှစ် တက်နေတာ အင်္ဂလိပ်စာနှင့် ပတ်သက်ပြီး အခက်အခဲ အများကြီး မကြုံရပါဘူး။

8
၉ တန်းမှာ FCE ရောက်လာသော ကလေး ၊ ဆယ်တန်းအောင်တော့ English စာလည်း ဂုဏ်ထူးပါပြီး IELTS ကို တစ်လ သင်တန်းတက်ပြီးဖြေတာ Band 7.5 ရပါတယ်။ ဒီလို ရတာက ငယ်ငယ်ကတည်းက ပြင်ထားလို့ပါ။

( အခြားကျောင်းက ကလေးများအကြောင်းမသိလို့ ကိုယ့်တပည့်လေးတွေ အကြောင်းသာ ထည့်ဖြစ်တာပါ ။ အခြားကျောင်းက ကလေးတွေလည်း Cambridge English ကို ငယ်စဉ်ကတည်းက ပြင်ထားရင် ဒီလိုပဲ အဆင်ပြေတာကို တွေ့ရမှာပါ )

အနောက်နိုင်ငံမှာ ကျောင်းတက်ဖို့ ပြင်ဆင်ရင်လည်း ဟိုမှာ သင်ကြားမှု ပုံစံများကို လိုက်နိုင်ဖို့ အဆင်သင့်ဖြစ်နေအောင် ဒီစာမေးပွဲတွေက ပြင်ဆင်ထားပေးပါတယ်။

ကျေးဇူးတင်ပါတယ်.။

04/09/2022

British or American 🤔....?
👉 eraser or rubber, grey or gray, color or
colour,......?
ကလေးတွေအမေးများသောမေးခွန်းလေး 👆
အပေါ်က စကားလုံးတွေက ဘာတွေကွာခြားပါ
လည်း။
👉နောက်တစ်မျိုးက စကားလုံးတူတယ် အသံထွက်နဲနဲ
ကွာတယ်... example "water , tomato,
watermelon"........
💫ဒီ၂မျိုးက British နဲ့ American accents ပဲကွာတာ
ပါ။ အဓိပ္ပာယ်တူတူပါပဲ ၊လေယူလေသိမ်းနဲ့
စာလုံးပေါင်းတွေပဲကွာသွားတာပါ။
💻ပိုပြီးရှင်းလင်းသွားအောင် video sharing လုပ်
ပေးလိုက်ပါတယ်။
video.

30/08/2022

Hello kids...
Tr ကဒီနေ့မှာ Phonics story 'A' ကို sharing လုပ်ပေးလိုက်ပါတယ်။
နောက်နေ့မှာထပ်ပြီး story နဲ့ song တွေကိုလည်း ထပ်တင်ပေးပါ့မယ်။
video

26/08/2022

!
💽Tr ကဒီနေ့မှာတော့ ကလေးတို့အတွက် English
စကားပြောတဲ့အခါမှာ အသံထွက်လေးတွေ ပိုကောင်း
လာဖို့အတွက် Phonics video လေးကို sharing
လုပ်ပေးလိုက်ပါတယ်။
📢 သေချာနားထောင်ပြီး အမြဲပုံမှန်လေ့ကျင့်မယ်ဆိုရင်
အသံထွက်တွေကောင်းလာပြီး English စကားပြော
တဲ့အခါမှာလည်း ယုံကြည်မှု့ရှိလာမှာပါ။
👇 Listen & Practice today. Let's get started.
video

 ! Welcome back.👇 Today I wanna share about  classroom                   objects. Let's get started!  crd.
24/08/2022

! Welcome back.
👇 Today I wanna share about classroom
objects. Let's get started!
crd.

15/08/2022

💬🗨️.....School dialogues
#ဒီနေ့မှာတော့ ကလေးတွေအတွက် school dialogues video လေးတင်ပေးလိုက်ပါတယ်။
#🎧💬Listen and practice.
video

Address

No 26, U Aung Min Street , Khawel Chan, Insein
Yangon
NO26,UAUNGMINSTREET

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959794827434

Website

Alerts

Be the first to know and let us send you an email when Icon English Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Icon English Language Centre:

Shortcuts

Share

Category