15/08/2026
⚠️ ရန်ကုန်မှာ အဖြစ်များနေတဲ့ ကာလဝမ်းရောဂါအကြောင်း ⚠️
ကာလဝမ်းရောဂါ (Cholera) ဆိုတာ ရိုးရိုးဝမ်းလျှောတာ မဟုတ်ပါဘူး။ ကူးစက်မှု မြန်ဆန်ပြီး ခန္ဓာကိုယ်ထဲက ရေဓာတ်နဲ့ ဆားဓာတ်တွေကို ခဏလေးအတွင်း ကုန်ခန်းစေတာကြောင့် စောစီးစွာ မကုသရင် နာရီပိုင်းအတွင်း အသက်အန္တရာယ်ပေးနိုင်တဲ့အထိ ပြင်းထန်ပါတယ်။
🚨 ဒီလို လက္ခဏာတွေ တွေ့ရင် လုံးဝ မပေါ့ဆပါနဲ့ -
• ဆန်ဆေးရည်ကဲ့သို့ ဖြူဆွတ်ဆွတ် ဝမ်းအရည်တွေချည် သွားခြင်း (Cholera ကြောင့် သွားတဲ့ ဝမ်းအရည်ဟာ ဆန်ဆေးရည်လို ဖြူဆွတ်ဆွတ် အရည်ကျဲပြီး ငါးညှီနံ့လို အနံ့မျိုးရှိတတ်ပါတယ်)
• ခဏခဏ အန်ခြင်း
• ခြေလက်များ အေးစက်လာပြီး မူးဝေခြင်း
• ရေဓာတ် အလွန်အမင်းခန်းခြောက်လာခြင်း (ကြွက်ခဏခဏတက်ခြင်း၊ ဆီးသွားနည်းလာခြင်း)
💦 ကာလဝမ်းရောဂါကြောင့် သေဆုံးရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ "ရေဓာတ်ခန်းခြောက်ခြင်း (Dehydration)" ကြောင့် ဖြစ်ပါတယ် 💦
❌ မလုပ်ရမည့်အချက်များ:
• ရေနှင့် ဓာတ်ဆားရည် လုံးဝမသောက်ဘဲ အောင့်ထားခြင်း
• ဆရာဝန် ညွှန်ကြားချက်မပါဘဲ ဝမ်းပိတ်ဆေးနှင့် ပိုးသတ်ဆေးများသောက်ခြင်း
✅ ပြုလုပ်ရမည့် မှန်ကန်သောနည်းလမ်း:
• ဝမ်းတစ်ကြိမ်သွားတိုင်း ဓာတ်ဆားရည် (ORS) ကို အလျင်မီအောင် မကြာခဏ ပြန်လည်ဖြည့်တင်းပေးပါ။ (WHO formula နဲ့ထုတ်တဲ့ ဓာတ်ဆားအငံထုတ်ကိုသာ သောက်ပါရန်)
• ကလေးငယ်များဖြစ်ပါက မိခင်နို့ကို ပိုမိုတိုက်ကျွေးပါ။
• ဝမ်းနည်းနည်း သက်သာသွားလျှင်လည်း ဓာတ်ဆားရည်ကို ဆက်လက်သောက်သုံးပါ။
• ရေဓာတ်ခန်းခြောက်မှု လက္ခဏာများ (ကြွက်တက်ခြင်း၊ ဆီးမသွားခြင်း) ပြပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း သွားပါ။
✨ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများ
-ရေကို ကျိုချက်သောက်ပါ (သို့) ပိုးသတ်ပါ။
-လက်ကို စနစ်တကျ မကြာခဏ ဆေးပါ။ (အစားမစားမီ၊ အစာမပြင်မီ၊ အိမ်သာတက်ပြီးချိန်တိုင်းမှာ လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် စက္ကန့် ၂၀ ကြာ သေချာဆေးကြောပါ။)
-ကျက်အောင်ချက်ထားသော အစားအစာများကိုသာ စားပါ။ မကျက်တကျက် အစားအစာများနှင့် အစိမ်းစားစရာများကို ရှောင်ပါ။
-ယင်လုံအိမ်သာကို သုံးစွဲပါ။ (မစင်မှတစ်ဆင့် ပိုးမကူးစက်နိုင်အောင် အိမ်သာကို သန့်ရှင်းစွာ သုံးစွဲပါ။)
-အစားအသောက်များကို ယင်မနားအောင် အမြဲတမ်း ဖုံးအုပ်ထားပါ။ အပြင်စာ/လမ်းဘေးစာ သန့်ရှင်းမှု မရှိသည်များကို ရှောင်ကြဉ်ပါ။
____________________________________________________________
🍀 ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော်
Health Hub Thailand မှ မြန်မာမိတ်ဆွေများအတွက် ဘန်ကောက်မြို့ရဲ့ ထိပ်တန်းအထူးကုဆေးရုံကြီးများနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး Health Check-up နှင့် Treatment Coordination (ဆေးကုသမှုဆိုင်ရာ အစအဆုံး ကူညီဆောင်ရွက်ပေးခြင်း) များကို မြန်မာဘာသာဖြင့် အခမဲ့ ဝန်ဆောင်မှု ပေးနေပါတယ်။
🏥 Sikarin Bangkok Hospital
🏥 Samitivej Hospital
🏥 Praram 9 Hospital
🏥 Princ Hospital Suvarnabhumi
🏥 Thonburi Bungmuang Hospital
📩 ဘန်ကောက်မှာ ဆေးလာပြဖို့ဆို အစအဆုံးဝန်ဆောင်မှုပေးနေတဲ့ Health Hub Thailand ကိုသာ သတိရလိုက်ပါ။
📍 ရန်ကုန်ရုံးချုပ် (Main Office): Room No.210, Shop House 2, Time City, Kamayut Township, Yangon.
📱 Viber: +95 9971733036
📞 Call: 09971733036