30/08/2022
RIC Scholarship for January 2023 Semester is coming to you all again!!! (Written by : Beatrice, PassionRise)
➖➖➖➖➖➖➖
Hello, PassionRise Enjoyers!
အားလုံးအတွက် သတင်းကောင်းတစ်ခုကို PassionRise ကနေ ယူဆောင်လာပေးပါပြီ ။ ထိုင်းမှာ Private University ရွေးတဲ့အခါ မြန်မာကျောင်းသားအများစုကြား နံပါတ် ( ၁ ) ပြေးနေလေ့ရှိတဲ့ Rangsit ရဲ့ 50% RIC Scholarship ဟာဆိုရင် လာမည့် September ( ၁ ) ရက်နေ့မှစပြီး Scholarship Application တွေ လက်ခံပေးသွားမှာ ဖြစ်ကြောင်း ကြေညာလိုက်ပြီပဲ ဖြစ်ပါတယ် ။
ဒါကြောင့် RIC Scholarship နဲ့ ပတ်သက်ပြီး ပြင်ဆင်ထားဖို့လိုအပ်တဲ့ အကြောင်းအရာ ၊ အချက်လက်တွေကို ဖော်ပြပေးသွားပါမယ်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Eligible အနေနဲ့ကတော့ မြန်မာကျောင်းသားတွေအတွက် ဆယ်တန်းအောင် လက်မှတ်ကိုင်ထားသူတိုင်း အသက် ၂၅ နှစ် မကျော်လွန်သေးသ၍ လျှောက်ထားနိုင်ပါတယ် ။ Merit Based Scholarship ဖြစ်တဲ့အတွက်ကြောင့် GPA ကောင်းဖိုတော့ လိုပါတယ် ။
ELIGIBILITY OF CANDIDATES
1. Currently studying or in the final semester or year of high school or recently graduated from high school.
2. Candidates who have started university studies are eligible to apply but they cannot transfer credits earned from previous institutions and will start as a first-year student.
3. Candidates must not be over 25 years old
4. Good academic merit or recognized as an outstanding student.
5. Upon receiving the scholarship, the candidates must be able to study at the applied semester, otherwise the scholarship grants will be forfeited.
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အခု ဖော်ပြပေးသွားမှာကတော့ Academic Requirements တွေ ဖြစ်ပါတယ် ။ အနည်းဆုံး GPA 3.0 ဆိုပြီး သတ်မှတ်ထားသည့်အတွက် ဆယ်တန်းအမှတ် ၄၈၀ ဆိုရင် အဆင်ပြေပြီ ဖြစ်ပါတယ် ။ တကယ်လို့ GPA 3.0 မပြည့်ရင်တောင် မစိုးရိမ်ပါနဲ့ ။ Eassy ကို အကောင်းဆုံး ရေးပြီးသာ လျှောက်ကြည့်ဖို့ အကြံပေးချင်ပါတယ်။
ACADEMIC REQUIREMENTS
1.Latest academic transcript with average GPA of at least 3.0 on a 4-Point Scale (GPA 3.25 for Vocational Certificate students, 3.0 for High Vocational Certificate students) or other GPA equivalents from overseas.
2. Attach a portfolio and resume that includes personal information, academic achievements, awards and recognition, extracurricular activities, etc. during high school.
3. Passport copy (if available)
4. Copy of high school certificate (if available)
5. ID Photo
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Application Period ကတော့ Sep 1-30 တစ်လတိတိ လက်ခံပေးသွားမှာဖြစ်ပါတယ် ။ October 17 မှာတော့ First Round အောင်မြင်သူတွေကို Email ကနေတဆင့် အကြောင်းကြားပေးမှာဖြစ်ပြီး RIC Ambassador Project တင်ဖိုအတွက် ( ၇ ) ရက်ကြာအချိန်ပေးသွားမှာပါ ။
FIRST ROUND
Screening from Academic Department (Head of the Programs) (5 Days) October 10-14, 2022
SECOND ROUND
Announcement of Scholarship Applicants Who Passed the First Round October 17, 2022
Submission of Ambassador Projects* to Email: [email protected] (7 Days) October 17-23, 2022
Screening from Scholarship Committee of Submitted Ambassador Projects (3 Days) October 31 November 2, 2022
THIRD ROUND
Screening from Scholarship Committee Who Will Qualify for the Online Interview November 3-4, 2022
Online Interview by Scholarship Committee November 7-11, 2022
ANNOUNCEMENT OF SUCCESSFUL CANDIDATES
Announcement: List of New Scholarship Students in January 2023 Semester November 14, 2022
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
( ၁၀ ) တန်းအောင်လက်မှတ် Notary ရှိပြီးသားသူတွေအတွက် Try ကြည့်သင့်ပြီး တကယ်လို့ ( ၁၀ ) တန်းတုန်းက အမှတ်မကောင်းဘူးဆိုရင်တောင် တက္ကသိုလ်မှာ တက်ပြီးသည့်အထိ First/Second Year GPA ကောင်းရင် Credit Transfer မရဘူးဆိုပေမဲ့ ထည့်သာပေးလိုက်ပါ ။
နောက်တစ်ခုက Portfolio & Resume တောင်းတာကတော့ တော်တော်ကောင်းတဲ့အချက်ပါ ။ ဒီမှာ ကိုယ်ရခဲ့သမျှ Academic Achievement တွေနဲ့ Extracurricular Activities တွေရဲ့ အောင်မြင်မှုတွေကို အစွမ်းကုန်သာ ထည့်ပြီး ကြွားလိုက်ပါ ။
အရင်ကတော့ 1. Why do you deserve this scholarship? 2. Why do you need to choose me? ဆိုတဲ့ Essay နှစ်ပုဒ်ကို စာလုံးရေး ( ၁၀၀ ) လောက်ရေးရပါတယ် ။ ပြီးခဲ့တဲ့ တစ်ခေါက်မှာတော့ Ambassador Project မှာ အရင်က လုပ်ရိုးလုပ်စဥ်တွေနဲ့ သွေဖယ်ပြီး ပြောင်းလဲလိုက်ပါတယ် ။
ဘာမှတော့ မမျှော်လင့်ထားသင့်ပေမဲ့ ဒီ RIC Scholarship က စကာတင် ကြေညာလိုက်ရင် တော်တော်များများက Background တူညီသလောက်ရှိကြတဲ့ မြန်မာတွေကြည့်ဆိုတဲ့ အချက်ကို သတိပြုသင့်ပါတယ် ။ ဒါကြောင့် ကိုယ့် Idea နဲ့ Presentation တင်ပြချက်တွေက သူများတွေနဲ့ ကွဲပြားပြီး ထင်ရှားနေဖို့ လိုပါတယ် ။
အဓိကကတော့ Rangsit ကို ဘယ်လိုပြန်ပြီး Contribute လုပ်မယ်ဆိုတဲ့ အချက်ကို အခြေခံထားမှာပဲ ဖြစ်တဲ့အတွက်ကြောင့် အရမ်းကြောက်စရာတော့မလိုပါဘူး ။
တကယ်လို ခုချိန်မှာ Scholarship တစ်ခုခုကို Try ကြည့်အုန်းမယ်ဆိုပြီး စဥ်းစားမိနေတယ်ဆိုရင် ဒီတစ်ခုကတော့ ကိုယ့် Confidence ကို Boost ဖို့ပဲ ဖြစ်ဖြစ် ၊ အတွေ့ကြုံအတွက်ပဲ ဖြစ်ဖြစ် Must Try လို့ ပြောချင်ပါတယ် ။ အားလုံးပဲ ကံကောင်းကြပါစေ ။
Click on this provided link on Sep 1 for your passionate & bright future in Thailand!
https://www.rsuip.org/admissions/scholarships/
📌 PassionRise မှာ ဘာတွေလုပ်ဆောင်နိုင်မလဲ
(၁) ထိုင်းနိုင်ငံတက္ကသိုလ်ပညာရေးနှင့် ပတ်သက်ပြီး မေးမြန်းဆွေးနွေးခြင်း (အခမဲ့)
(၂) မေဂျာရွေးခြင်း၊ career consulting နှင့် အခြားပညာရေးဆိုင်ရာများ Education Consultant နှင့် တိုင်ပင်ဆွေးနွေးခြင်း (Online or at the office) (အခမဲ့)
(၃) ထိုင်းနိုင်ငံ မည်သည့်တက္ကသိုလ်မဆို ကျောင်းလျှောက်ပေးခြင်း၊ ကျောင်းလျှောက်ရန် application fee သွင်းခြင်း ငွေသွင်းခြင်း (အခမဲ့)
(၄) ကျောင်းသားများ ကျောင်းသားမိဘများ ထိုင်းနိုင်ငံသို့ ငွေလွှဲခြင်း (အခမဲ့)
(၅) Student visa လျှောက်ခြင်း၊ လေယာဉ်လက်မှတ်ဝယ်ခြင်း၊ Insurance ဝယ်ခြင်း (PassionRise နှင့် လျှောက်သော ကျောင်းသားများ အခမဲ့)
ကျောင်းလျှောက်ခြင်းနှင့် အခြားမေးမြန်းဆွေးနွေးလိုသည်များ ရှိပါက messenger ကဖြစ်စေ သို့မဟုတ် ဖုန်းနံပါတ် 09255300083 သို့ အချိန်မရွေး မေးမြန်းဆွေးနွေးနိုင်ပါတယ်။
📍ရုံးလိပ်စာ - အမှတ် (၆၀)၊ (၄) လွှာ၊ ရတနာ သုခလမ်း (သီရိမဂ်လာလမ်းမှတဆင့်)၊ သဃ်န်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
Phone - 09942994999
Viber, Telegram, Line, Whatsapp: +66832175921
email : [email protected]