Toudai Japanese Language School

Toudai Japanese Language School Toudai Japanese Language School

30/07/2022
အမှန်တွေမို့ ပြန်မျှဝေပါတယ်
06/07/2022

အမှန်တွေမို့ ပြန်မျှဝေပါတယ်

😁ဆဲခံရမဲ့ပိုစ့်/အမုန်းခံရမဲ့ပိုစ့်
မတက်နိုင်ဘူးလေ။ခေတ်ပျက်စနစ်ပျက်ကြီးဖြစ်နေတာမို့။
ကလေးတွေ စိတ်ညစ်နေတာ မြင်ရတာ
ပိုပြီး စိတ်မချမ်းသာလို့ အဆဲခံ အမုန်းခံ​ပြီး
ရေးလိုက်ပါတယ်။✍️

နယ်ကနေရန်ကုန်တက်လာပြီး
သင်တန်းမတက်ရပဲ ပြန်သွားတာ စရိတ်ဆုံးရှူံးသွားတဲ့ ညီမလေး ပိုစ့်ဖတ်လိုက်ရတယ်။

နယ်ကလူတစ်ယောက် ရန်ကုန်မှာသင်တန်းလာတက်ရင်

နေစရိတ် /စားစရိတ် ၁ လ ၂ သိန်းဝန်းကျင်

သင်တန်းကြေးက ၄ လကို ၂ သိန်းဝန်းကျင်(ပျှမ်းမျှ)တစ်လ ၅ သောင်း

ဘက်စ်ကားခ
ရေသန့်ဖိုး မုန့်ဖိုး ၁ သိန်းဝန်းကျင်

တစ်လကုန်ကျစရိတ်နည်းမယ်မထင်
ပျှမ်းမျှ ၅ သိန်းခန့်ဖြစ်သွားမယ်ထင်ပါတယ်။

တစ်နှစ်ဆို သိန်း ၆၀ လောက်ရှိမယ်ထင်ပါတယ်။

အခုခေတ် Online တွေရှိနေလို့ အင်တာနက်သာရတယ်ဆို ကိုယ့်အိမ်က ကိုယ်လေ့လာပါ

အင်တာနက်မရရင် အင်တာနက်ရတဲ့အမျိူးအိမ်ကနေပြီး လေ့လာပါ။မငြိုငြင်အောင် အိမ်အလုပ်ကူလုပ်ပါ။ဂျပန်ရောက်ရင်ပြန်ကြည့်ရှုပေးပါ။ကျေးဇူးသိတတ်ပါ။

N3 အထိကို တစ်နှစ်ကျော်အသာလေး
အချိန်ကာလကြာမြင့်ပါတယ်။

N4/N3 အောင်မှ အေးဂျန့်ရှာပါ
အခုခေတ်အနေအထားအရ
ရှာရခက်ပေမဲ့ရှိပါတယ်။

နယ်ကမို့အေးဂျန်စီမှာ သွားတက်မှ
မြန်မြန်လာရမှာလို့တွေးရင်

အေဂျင်စီဆိုတာ အလုပ်ခေါ်စာရှိမှ
ပို့လို့ရတာဖြစ်ပြီးအလုပ်ခေါ်စာမရှိတဲ့အေဂျန်စီတွေလည်း အများကြီးပါ။

ဒါကို တစ်ချိုု့ကလေးတွေလည်းသတိထားမိပါတယ်။

နာမည်ကြီးလို့တန်းစီရတာကြာပြီး
ကိုယ့်အလှည့်ဘယ်ဆီနေမှန်းမသိလို့
​သင်တန်းတက်ရင်းပြန်ထွက်သွားသူတွေလည်း တစ်ပုံကြီး

ဂျပန်စာလွယ်လားခက်လား
အစမ်းလေ့လာဖူးခြင်းမရှိပဲ
သင်တန်းကြေးတွေအဆုံးခံသွားသူတွေလည်း တစ်ပုံကြီးပါ။

ရှေ့ကလူတွေတောင်ပုံနေတယ်။
နောက်ကလူတွေကလည်း သင်တန်းတက်ဖို့စောင့်နေတာမို့ ကိုယ့်အလှည့်ကလည်း ကြာဦးမယ်။

ကဲ မြန်ချင်လား နည်းလမ်းတစ်ခုတော့ရှိတယ်။

လက်ရှိအေဂျင်စီမှာတက်နေတဲ့လူထက်
ဂျပန်စာအရည်အချင်းသာပြီးမှ
ဖောင်လိုက်တင်ကြည့်

သင့်အလှည့်မြန်မြန်ရောက်လာပါလိမ့်မယ်။

အေးဂျန့်တွေ တစ်ပုံကြီးပါ
ခင်ကြီးကျယ်တွေဖြစ်ကုန်သူတွေကို
ရှောင်ကြပေါ့ဗျာ။

လက်ခံတဲ့အေးဂျန့်ကောင်းတွေရှိပါတယ်။လုပ်ငန်းရှင်က ထူးချွန်တဲ့သူကို
ပိုပြီးအလိုရှိတယ်။

ကျနော့်ဆီအလုပ်ခေါ်စာရှိလည်း
N4 အောင်ထက် N3 အောင်ကို
ကျနော်ဦးစားပေးမှာပဲ။

နောက်တစ်ခုက အလုပ်ရှာတဲ့အခါ
Need and Want ကိုက်ညီရမယ်

ဥပမာ မိန်းကလေး N4/N3
JLPT Passed + Tokutei kaigo
အလုပ်ပေါပေမဲ့

ယောကျာ်းလေးအတွက်ရှားတယ်

ဒါကို ယောကျာ်းလေးက အတင်းအဲ့အလုပ်ရဖို့ကြိုးစားရင် စိတ်ရှည်ရှည်နဲ့ကြိုးစားရမယ်။

ကျနော်က မကုန်သင့်တာ မကုန်
မကြာသင့်တာ မကြာရအောင်
ပြောပြပေးတာ
ရွေးချယ်တာက ကာယကံရှင်အလုပ်ပါ။

အခုနောက်ပိုင်း သင်တန်းတွေက
အေးဂျန့်နဲ့စာချုပ်ချုပ်တာ
ဗန်းပြပြီး လူမပို့နိုင်ပဲ ကျောင်းလခ
အဆောင်လခကုန်ပြီးအသည်းအသန်
သင်တန်းတွေတက်နေသူတွေလည်း
အများကြီးတွေ့ရတယ်။

ကျနော်ပို့ခဲ့တုနိးကတော့
ကလေးတွေကတော့
သင်တန်းကြေး အခမဲ့ အဆောင်ခ အခမဲ့နဲ့ပါ။

အခုလည်း တိုင်းပြည်အခြေနေကြောင့်
Training Center ပိတ်ထားပေမဲ့
Online Class နဲ့ပဲသင်ကြားရေးလုပ်ရင်း

အသက်သာဆုံးအခြေနေနဲ့လာရဖို့ပဲ
စီစဉ်ပေးပါတယ်။

အခုလို ခေတ်ပျက်မှာ ဘဝတွေပါ
အပျက်မခံပါနဲ့

စိတ်ဓာတ်တွေမကျပါနဲ့။

မိသားစု ယုံကြည်မှုမပျက်အောင်
သင်ကိုယ်တိုင်လုပ်လို့ရတဲ့
စာလေးပဲ ဖိကြိုးစားပေးကြပါ။

ဘဝမှာပိုက်ဆံရှာတတ်တာကောင်းပါတယ်။
အကုသိုလ် အပူစာကင်းတဲ့ ပိုက်ဆံရှာနိုင်ရင်တော့ပိုကောင်းတာပေါ့။

07/06/2022
တာဝန်ယူမှု တာဝန်ခံမှု နည်းပါးလိုက်တာ
01/03/2022

တာဝန်ယူမှု တာဝန်ခံမှု နည်းပါး
လိုက်တာ

JLPTကို မနက်10:00မထိုးခင်ကတည်းကနေ ညနေ 6:43အထိဇွဲမလျေ့ာပဲ ကြိုးစားformတင်ကြတဲ့ကလေးတို့ရေ။ဒီနေရာကနေပဲထပ်ပြီးကျေးဇူးတင်ကြော...
26/02/2022

JLPTကို မနက်10:00မထိုးခင်ကတည်းကနေ ညနေ 6:43အထိဇွဲမလျေ့ာပဲ ကြိုးစားformတင်ကြတဲ့ကလေးတို့ရေ။
ဒီနေရာကနေပဲထပ်ပြီးကျေးဇူးတင်ကြောင်းပြောပါရစေနော်။
ပြီးတော့Congratulations ပါ။ စာမေးပွဲအတွက်အတူတူကြိုးစားကြတာပေါ့။

စာမေးပွဲကျင်းပတဲ့အဖွဲ့အစည်းအနေနဲ့ကတော့
Form မတင်ခင် file တွေလုပ်ဖို့ ဟို video ပြေးကြည့် ဒီ video ပြေးကြည့်ရနဲ့ ။
pdf id photo ကို တဝဲလည်လည် MB များလို့ ချုံရတာနဲ့ sign ပျောက်လို့ Date ပျောက်လို့နဲ့ ဟို app down ဒီ app down နဲ့ ဖုန်းထဲမှာလည်း App တွေမှိုလိုပေါက်​​ေန ရတာနဲ့။
ဒီနေ့ တင်ရမယ်ဆိုတော့ အားကြိုးမာန်တက် နဲ့ try again နေတဲ့လူတွေကို နည်းနည်းစဥ်းစားပေးပါအုန်း။ ညနေ ၆နာရီ ထိ တောင် server က ပုံမလာဘူး ။ အဲ့လောက် စုတ်ပြတ်သတ်နေတဲ့ management တွေနဲ့ ရေရှည်ရပ်တည်နိုင်ပါစေရှင်လို့ပဲပြောချင်တော့တယ်

26/02/2022

N4 Level (Yangon) အတွက် လျှောက်ထားရမည့် Google Application Form Link မှာအောက်ပါအတိုင်းဖြစ်ပါသည်။

တစ်ကြိမ်ထက်ပို၍ ပေးပို့လာသော လျှောက်လွှာများကို လက်ခံမည် မဟုတ်ပါသောကြောင့် တစ်ဉီးလျှင် တစ်ကြိမ်သာလျှင် လျှောက်ထားရန် အထူးသတိပေးအပ်ပါသည်။ လူတစ်ဦးတည်းမှ (၂) ကြိမ်နှင့်အထက် လျှောက်လွှာဝင်ရောက်လာခြင်း၊ Mandalay စာဖြေဌာနတွင် လျှောက်ထားပြီးသူများ ထပ်မံလျှောက်ထားခြင်း ဖြစ်ပါက စာမေးပွဲဖြေဆိုခွင့်ပြုမည် မဟုတ်ပါ။

Google Application Form လျှောက်ထားပြီးဆုံးပါက လျှောက်ထားသည့် Email အကောင့်သို့ လက်ခံရရှိကြောင်း Email ဝင်ရောက်လာမည် ဖြစ်ပါသည်။

N4 Yangon Test Site
https://docs.google.com/forms/d/e/1FAIpQLSeyaoUXICMSZlvNTAF51X0enHFoRM6GmfrAZplT6cKLIcrlWQ/viewform?usp=sf_link

လျှောက်ထားပြီးသော စာဖြေသူများ၏ လျှောက်လွှာများအား စီစစ်၍ စာမေးပွဲကြေး ပေးသွင်းရမည့်သူ စာရင်းအား N4 Level (Yangon) အတွက် (21.3.2022) ရက်နေ့မတိုင်မှီ ကြေငြာပေးသွားမည်ဖြစ်ပြီး၊ ယင်းနောက်တွင် စာမေးပွဲကြေးပေးသွင်း ရမည် ဖြစ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

ふろしき体験
23/01/2020

ふろしき体験

ဂျပန်စဣူခေါက်နည်း  おりがみ လို့ခေါ်ပါတယ်။ချစ်စရာကောင်းလွန်းလို့ ပြန်လည်မျှဝေပါတယ်နော်။
12/12/2019

ဂျပန်စဣူခေါက်နည်း おりがみ လို့ခေါ်ပါတယ်။
ချစ်စရာကောင်းလွန်းလို့ ပြန်လည်မျှဝေပါတယ်နော်။

メリークリスマス
11/12/2019

メリークリスマス

Address

Thumana(4)street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959950962423

Alerts

Be the first to know and let us send you an email when Toudai Japanese Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Toudai Japanese Language School:

Shortcuts

Share

Category