Study with Us

Study with Us

Share

Let's study korean with us.

14/10/2021

소방차 봄바 🚒
အိမ်က တူမလေးအကြိုက်တွေ...😂
သီချင်းလေးနားထောင်ပီး Meanings လေးတွေ အလွတ်ကျက်ရအောင်....💁‍♀️
ဘာသာစကားဆိုတာ စိတ်ဝင်စားမှုနဲ့ သင်ယူချင်စိတ်က အဓိကပါ... 👩‍🎓

Photos from Study with Us's post 19/08/2021

လမ်းပျောက်နေတယ်လို့ ခံစားချက်မျိုးကို ခံစားဖူးလား ??
ရွေးချယ်ဖို့ ခက်ခဲတဲ့အချိန်တွေ ကိုယ့်ရဲ့ ရွေးချယ်မှုက မှားသွားမလားဆိုပီး စိုးရိမ်ခဲ့ဖူးကြတယ်မိုလား ??

ဒီသီချင်းလေးက jj project ရဲ့ တကယ့်ကို အနှစ်သာရရှိတဲ့ သီချင်းလေးမို့ Tomorrow, Todayမှ စာသားအချို့ကို ဖော်ပြလိုက်ပါတယ်နော်...🎶

🎶 오늘도 답을 잘 모르는 질문에
ဒီနေ့လဲ အဖြေမသိတဲ့ မေးခွန်းတွေထဲမှာ

끝없이 답을 해 자신이 없는데
အဆုံးမရှိ အဖြေကိုဖြေဖို့ ယုံကြည်ချက်မရှိဖြစ်နေတယ်

이길일까 저길일까
ဒီလမ်းများလား?? ဟိုလမ်းများလား ??

내 선택들이 점점 두려워져
ငါ့ရဲ့ ရွေးချယ်မှုတွေကို တစ်ဖြည်းဖြည်း ကြောက်ရွံ့လာမိတယ်

불안한 마음 만으로
စိုးရိမ်နေတဲ့ စိတ်နဲ့ပဲ

난 또 다음 선택 앞에
ငါဟာ ထပ်ပီး နောက်ထပ်ရွေးချယ်မှုတွေ ရှေ့မှာ

가본적 없는 길과 길
တစ်ခါမှ မသွားဘူးတဲ့ လမ်းနဲ့လမ်းတွေကြားမှာ

사이에서 어떻게 내 길을 찾을지 두렵지
ဘယ်လိုမျိုး ငါ့ရဲ့ လမ်းကို ရှာဖွေရမှာလဲ.. ကြောက်ရွံ့နေမိတယ်

하루 하루 가는 게 🎶
တစ်နေ့ပီး တစ်နေ့ပဲ ကုန်ဆုံးသွားတယ်..🎶

သီချင်းလဲ နားထောင်ရင်း စာလေ့လာလိုက်ကြရအောင် ...🎧👩‍🏫
သီချင်း Link >> https://youtu.be/ktdqlQ1zhg4

မီးနင်းတွေက လွယ်ပီး သီချင်းက ငြိမ့်ငြိမ့်လေးမို့ စာလေ့လာရမှာ အထောက်အကူဖြစ်မယ်ထင်ပါတယ် ... 👩‍🏫💛


Photos from Study with Us's post 16/08/2021

화가 났을때 😤
ဒေါသထွက်တဲ့အခါ

1 화를 표현해요
1 ဒေါသကိုဖော်ပြ ပေါက်ကွဲတယ်

2 참아요
2 သည်းခံတယ်

당신의 화를 표현하는 행동은 뭐예요 ?
သင့်ရဲ့ ဒေါသထွက်တဲ့အခါ လုပ်တဲ့အရာက ဘာပါလဲ 💁‍♀️

1 소리를 지른다
1 အော်ဟစ်တယ်

2 물건을 던진다
2 ပစ္စည်းတွေကို ပစ်ပေါက်တယ်

3 사람을 때린다
3 လူကို ရိုက်တယ် ထုတယ်

화를 내기전에 생각해야하는 세 가지
ဒေါသမထွက်ခင် စဉ်းစားရမယ့် အချက် 3ချက် 😡😤

첫번째 내 건강과 바꿀 만큼 중요한 일인가 ?
ပထမအချက် ကိုယ့်ရဲ့ကျန်းမာရေးနဲ့ လဲရလောက်အောင် အရေးကြီးတဲ့ ကိစ္စလား

두 번째 옳은 화인가 ?
ဒုတိယအချက် ထွက်သင့်တဲ့ ဒေါသလား

세 번째 화를 내는 것이 문제 해결에 효과적인가 ?
တတိယအချက် ဒေါသထွက်ခြင်းက ပြဿနာကိုဖြေရှင်းရမှာ အကျိုးရှိရဲ့လား

ကဲ learners လေးတို့လဲ ကိုယ့်ရဲ့ ဒေါသထွက်တဲ့ အပြုအမူလေးတွေကို ပြန်သုံးသပ်ရင်း Korea စာလေးတွေကို လေ့လာလိုက်ကြရအောင် .... 👩‍🏫
(*yonsei book မှ ကြိုက်နှစ်သက်ရာများ )




14/08/2021

Tomato song လေးကို တစ်နေ့လုံး ပါးစပ်ထဲ စွဲနေလို့ .... 😅🍅

သီချင်းလေးနားထောင်ရင်း ကိုရီးယားစာလေ့လာကြရအောင်... 😁❤️


#토마토

Photos from Study with Us's post 05/08/2021

“ 너는 나의 태양, 난 너의 해바라기! 🌻"
မင်းက နေဆို ငါက မင်းရဲ့နေကြာပန်း 🌻

해를 바라보는 꽃이라고 해서 해바라기
နေကို မျက်နှာမူ(ကြည့်)နေတဲ့ပန်းမို့ နေကြာပန်း...☀️🌻


#해바라기

30/06/2021

အားလုံးပဲ မဂ်လာပါရှင့်

Study With Us Page ကနေ ကြိုဆိုပါတယ်

ကိုရီးယားစာကို စိတ်ဝင်စားလို့ပဲ ဖြစ်စေ
ကိုရီးယား ဇာတ်လမ်းတွဲတွေ ကြည့်ရင်းနဲ့
ကိုရီးယားစာသင်ချင်စိတ်ဖြစ်လာလို့ပဲ ဖြစ်စေ

ကိုရီးယားသီချင်းတွေ နားထောင်ရင်းနဲ့ အဓိပ္ပာယ်ကို တိုက်ရိုက်နားလည်ချင်လို့ပဲဖြစ်စေ

ဘယ်လိုအကြောင်းအမျိုးမျိုးနဲ့ပဲဖြစ်ဖြစ် ကိုရီးယားစာလေ့လာချင်တယ်ဆိုတဲ့ learners များ အားလုံးအတွက် Admin ဘာသာပြန်ထားတဲ့ အကြိုက်ဆုံး စာပိုဒ်လေးတစ်ခုကို တင်ပေးချင်ပါတယ်

지금 이 순간에
အခု ဒီအခိုက်အတန့်မှာ

최선을 다하면
အကောင်းဆုံးလုပ်ရင်

다음 순간에
နောင်တစ်ချိန်မှာ

가장 좋은 위치를
နေရာကောင်းကို

차지할 수 있다.
သိမ်းပိုက်နိုင်မယ်

과거에 머물러 살지 않고
အတိတ်မှာ ပိတ်မနေဘဲ

미래를 꿈꾸기 보다는
အနာဂတ်ကို စိတ်ကူးယဉ်တာထက်စာရင်

오직 지금이 순간에 집중하라.
အခု ဒီအခိုက်အတန့်ကိုပဲ အာရုံစိုက်ပါ။

တစ်ခုခုလုပ်မယ်လို့ စဉ်းစားထားရင် ချက်ချင်း လက်တွေ့ အကောင်အထည်ဖော်တာက တစ်ဝက်လောက် ပြီးမြောက်ပါတယ်နော်

ဒါကြောင့် learners တို့လည်း ဒီအခိုက်အတန့်လေးကို တန်ဖိုးထားပြီး စတင်လိုက်ပါ။

နောက်ထပ် ဘယ်လို စိတ်ဝင်စားဖို့ ကောင်းတဲ့ ဘာသာပြန် အတိုအစလေးတွေ တင်ပေးဦးမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon