16/05/2026
📢 TOPIK ဖြေဆိုမယ့်သူများအတွက် အထူးသတိပြုရန် လမ်းညွှန်ချက်များ
၁၇ ရက်နေ့မှာ TOPIK ဖြေဆိုကြမယ့် ချစ်သောလေးတို့ အားလုံးအတွက် စာမေးပွဲဖြေဆိုရာမှာ အဆင်ပြေစေဖို့ သတိထားရမယ့် အချက်လေးတွေကို Go Go Hankuk က ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။ ✨
📍 စာမေးပွဲဖြေဆိုမယ့်နေရာနှင့် အချိန်
• နေရာစစ်ဆေးရန်: မိမိဖြေဆိုရမယ့် နေရာဟာ လှိုင် Campus လား၊ ကမာရွတ် Campus လားဆိုတာကို ခုံနံပါတ်ကတ်ပြားမှာ ကြိုတင်သေချာစွာ စစ်ဆေးထားပါ။
• အချိန်ကို ဂရုစိုက်ရန်: သတ်မှတ်ထားတဲ့ အချိန်ထက် နောက်ကျပါက စာမေးပွဲခန်းထဲ ဝင်ခွင့်မပြုတော့တဲ့အတွက် အချိန်မီ ကြိုတင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။
⏰ ဖြေဆိုချိန် အသေးစိတ်:
• TOPIK I:
• အခန်းထဲ နောက်ဆုံးဝင်ရမယ့်အချိန် - နံနက် ၀၉:၁၀
• ဖြေဆိုရမယ့်အချိန် - ၀၉:၄၀ မှ ၁၁:၂၀ ထိ
• TOPIK II:
• အခန်းထဲ နောက်ဆုံးဝင်ရမယ့်အချိန် - မွန်းလွဲ ၁၂:၂၀
• ဖြေဆိုရမယ့်အချိန် - ၁၂:၅၀ မှ ၀၄:၂၀ ထိ
🎒 မပါမဖြစ် ယူဆောင်လာရမည့် ပစ္စည်းများ
၁။ စာမေးပွဲခုံနံပါတ်ကတ်ပြား: Print ထုတ်ထားသည့် စာရွက်။
၂။ မှတ်ပုံတင်မူရင်း: (မှတ်ပုံတင်မရှိပါက Passport၊ ယာဉ်မောင်းလိုင်စင် သို့မဟုတ် အိမ်ထောင်စုစာရင်းသာ လက်ခံပါသည်။ ကျောင်းသားကတ်/ဝန်ထမ်းကတ်များ လုံးဝ (လုံးဝ) အသုံးပြု၍မရပါ။)
၃။ Correction Tape: အခန်းထဲမှာ ငှားလို့ရပေမယ့် ကိုယ်ပိုင်ယူသွားရင် ပိုပြီး အချိန်ကုန်သက်သာစေပါတယ်။ (အရည်အမျိုးအစား မဟုတ်ရပါ)။
⚠️ သတိပြုရန်: ဘောပင်နှင့် ခဲတံများ ယူသွားရန် မလိုပါ။ စာမေးပွဲခန်းထဲမှာ ပေးမယ့် နှစ်ဖက်သုံး ဆော့ပင် နဲ့သာ ဖြေဆိုရပါမယ်။
မင်လုံးကြီးတဲ့ဘက်: ခုံနံပါတ်ခြစ်ရန်နှင့် Listening/Reading အဖြေလွှာ ခြစ်ရန်။
မင်လုံးသေးတဲ့ဘက်: နာမည်၊ ခုံနံပါတ်ဖြည့်ရန်နှင့် Writing ရေးရန်။
💡 အခြားအသုံးဝင်မည့် အကြံပြုချက်များ
• နာရီ: စာမေးပွဲခန်းထဲမှာ နာရီမရှိတာမျိုး ဖြစ်နိုင်တဲ့အတွက် အချိန်ကို သိနိုင်ဖို့ ရိုးရိုးလက်ပတ်နာရီ ယူသွားသင့်ပါတယ်။ (Smartwatch နှင့် Digital နာရီများ ယူဆောင်ခွင့်မရှိပါ)။
• အစားအသောက်: ရေဘူးနှင့် အအေးဘူးများ ယူဆောင်နိုင်ပါတယ်။ နားချိန်မှာ စားဖို့ မုန့် (ဒါမှမဟုတ်)ပေါင်မုန့်လေးတွေ ယူသွားရင်တော့ ပိုကောင်းပါတယ်။
Go Go Hankuk ရဲ့ ချစ်သောလေးတို့ အားလုံး TOPIK စာမေးပွဲမှာ လိုချင်တဲ့ Level တွေကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ Fighting! ✨
15/05/2026
Sun Moon University ကို D-4-1 Visa နဲ့ အစောဆုံး Visa ရရှိသွားကြတဲ့ Go Go Hankuk ရဲ့ ချစ်သောလေး (၂) ယောက်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ✨
စိတ်ရှည်သည်းခံမှုနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အခုလို အစောဆုံး ဗီဇာရရှိခဲ့တာဖြစ်ပြီး၊ နောက်ထပ်သွားဖို့ ပြင်ဆင်နေတဲ့ သူငယ်ချင်းတွေအတွက်လည်း အားကျအတုယူစရာ ခွန်အားတွေ ဖြစ်စေမှာ အသေအချာပါပဲ။
ကိုရီးယားမြေမှာလည်း ပညာရေးရော၊ လူမှုရေးမှာပါ အောင်မြင်မှုတွေ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေကြောင်း Go Go Hankuk မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🇰🇷✈️
15/05/2026
🎓 𝙅𝙚𝙤𝙣𝙟𝙪 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮 - 𝙀-𝙑𝙞𝙨𝙖 𝙈𝙖𝙨𝙩𝙚𝙧 𝙋𝙧𝙤𝙜𝙧𝙖𝙢 (𝙎𝙚𝙥𝙩𝙚𝙢𝙗𝙚𝙧 2026 𝙄𝙣𝙩𝙖𝙠𝙚)
"ကိုရီးယားမှာ Master တက်ရင်း အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေကို ပိုင်ဆိုင်လိုက်ပါ" 🇰🇷
ဆိုးလ်မြို့နဲ့ ၂ နာရီဝန်းကျင်သာ ကွာဝေးတဲ့ Jeonju University ဟာ သာယာလှပပြီး လူနေမှုစရိတ်သက်သာတဲ့ Jeonju မြို့မှာ တည်ရှိပါတယ်။ ဒီကျောင်းဟာ ကျောင်းသားတွေအတွက် ပညာရေးတင်မကဘဲ နောက်ပိုင်း အလုပ်အကိုင် အခွင့်အလမ်း (E-7 Visa) အတွက်ပါ အထောက်အပံ့ကောင်းတွေ ပေးနေတဲ့ ကျောင်းဖြစ်လို့ အခုကတည်းက ပြင်ဆင်ထားသင့်ပါတယ်နော်။ ✨
📚 လျှောက်ထားနိုင်သည့် Major
• Business Administration Major
💁🏻♀️ လျှောက်ထားနိုင်သူများ
• အသက် (၃၀) နှစ်အောက် ဖြစ်ရပါမည်။
• (၄) နှစ် တက္ကသိုလ် ဘွဲ့ရထားသူများ လျှောက်ထားနိုင်ပါသည်။
💰 ကုန်ကျစရိတ်နှင့် Scholarship အခွင့်အရေးများ
ပညာတော်သင်ဆု (Scholarship) တွေ အများကြီးပေးတာကြောင့် ကျောင်းလခအတွက် စိတ်ပူစရာမလိုတော့ဘူးနော်။
✅ Application Fee: 120,000 Won
✅ Admission Fee: Free! (အခမဲ့)
✅ Tuition Fee: 4,574,000 Won
✅ Scholarship:
✨ First Semester မှာတင် 50% Scholarship ရရှိနိုင်မယ့်အပြင် Second Semester ကစပြီး 40% Scholarship ဆက်လက်ခံစားခွင့် ရှိမှာဖြစ်ပါတယ်။
ကိုရီးယားအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အချိန်မဆွဲဘဲ အမြန်ဆုံး လျှောက်ထားလိုက်ရအောင်။ အသေးစိတ်သိလိုတာများရှိရင် ကောမန့်မှာ “Jeonju” လို့ ရေးပြီးဖြစ်စေ ( ဒါမှမဟုတ် ) ဖုန်းခေါ်ဆိုပြီး ဖြစ်စေ အခမဲ့ ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင်။ 📩
14/05/2026
ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် Saungshin Women's University မှာ ပညာသင်ကြားခွင့်ရရှိဖို့ D4-1 Visa နဲ့ VCL ကိုယ်စီရရှိသွားကြတဲ့ Go Go Hankuk ရဲ့ ချစ်သောလေး (၃) ယောက်... 🎓✨
သူတို့လေးတွေရဲ့ ကြိုးစားမှုအတွက် တကယ့်ကို ဂုဏ်ယူရသလို၊ ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း ပျော်ရွှင်စွာနဲ့ အောင်မြင်မှုတွေ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်။ အိပ်မက်တွေဆီအရောက် ချောမွေ့စွာ ပျံသန်းနိုင်ကြပါစေရှင်။ 🌸✈️
13/05/2026
"ကိုရီးယားစာ သင်ချင်ပေမဲ့ သင်တန်းကြေး တစ်ခါတည်း အကုန်သွင်းဖို့ တွေးပူနေလား? 🇰🇷✨
ဒါဆိုရင်တော့ ၈ သိန်းခွဲသွင်းပြီး သင်တန်း စတက်နိုင်ပါပြီ။ ဟုတ်ပါတယ်... သင်တန်းကြေး အခက်အခဲမရှိရအောင် Go Go Hankuk ရဲ့ SNU Special Class (Basic to Level 3) အတွက် (၂) ရစ် ခွဲသွင်းနိုင်မယ့် အစီအစဉ်လေး ပြုလုပ်ပေးထားပါတယ်။
ဒါ့အပြင် ပထမဆုံးအပ်နှံမယ့် ၅ ယောက်ထဲ ပါဝင်တာနဲ့ Cash Back ၂ သိန်း ပြန်ရမယ့် အခွင့်အရေးလည်း ရှိတာမို့ လက်မလွှတ်ရအောင် အမြန်ဆုံး အပ်နှံလိုက်တော့နော်။ ✨
✅ အသေးစိတ် သိလိုပါက - Comment မှာ "SNU" လို့ ရေးပြီး ဖြစ်စေ/ 📞 ဖုန်း - 09 781858111 သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#ကိုရီးယားဘာသာစကားသင်တန်း
12/05/2026
We are Hiring!
ကိုရီးယားပညာရေး ဝန်ဆောင်မှု နယ်ပယ်မှာ အတူတူ လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ 🇰🇷✨
Professional ကျတဲ့ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ အရည်အချင်းတွေကို အသုံးချပြီး ရှေ့ဆက်ချင်သူတွေအတွက် Go Go Hanguk မှ အောက်ပါဝန်ထမ်းသစ်များ အမြန်အလိုရှိနေပါတယ်…။
၁။ Senior Office Staff - (၂) ဦး (ကျား/မ)
• တက္ကသိုလ်ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။
• ကိုရီးယားအေဂျင်စီ လုပ်ငန်းအတွေ့အကြုံ (၂) နှစ် ရှိရမည်။
• TOPIK Level - IV အောင်မြင်ထားသူ ဖြစ်ရမည်။
• MOFA နှင့် သံရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရမည်။
၂။ Office Staff - (၁) ဦး (ကျား/မ)
• တက္ကသိုလ်ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။
• ကိုရီးယားအေဂျင်စီ လုပ်ငန်းအတွေ့အကြုံ (၁) နှစ် ရှိရမည်။
• TOPIK Level - III အောင်မြင်ထားသူ ဖြစ်ရမည်။
✅ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ
✅ စာရွက်စာတမ်းပိုင်း စနစ်တကျနှင့် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သူ ဖြစ်ရပါမည်။
📩 လျှောက်ထားရန်:
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV ကို [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
📞 ဖုန်း - 09 960 589 791
11/05/2026
ကိုရီးယားစာ ၆ လပြတ် အထူးတန်း (SNU Special Class) 🎓✨
အခြေခံကနေ Level 3 အထိ အချိန်တိုအတွင်း ကျွမ်းကျင်လိုသူများအတွက်!
📍 သင်တန်းအကြောင်း
✅ SNU သင်ရိုးအတိုင်း စနစ်တကျ သင်ကြားခြင်း
✅ Speaking & Listening ကို Activities များဖြင့် အလေးပေးခြင်း
✅ TOPIK Level 5/6 ရ ဆရာမများ ကိုယ်တိုင် သင်ကြားခြင်း
📅 Date: May 18 (Mon-Fri | 1 PM - 4 PM)
🎁 Promotion: ပထမဆုံး အပ်နှံသူ (၅) ဦးအတွက် Cash Back ၂ သိန်း ပြန်ပေးပါမည်! ✨
📩 အသေးစိတ်သိလိုပါက Comment မှာ “SNU” ဟု ရေးပြီးဖြစ်စေ (သို့မဟုတ်) 📞 09 781858111 သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်…။
#ကိုရီးယားဘာသာစကားသင်တန်း
09/05/2026
Welcome to our YPC Family! 🎓✨
YPC International College မှာ တက်ရောက်နေကြတဲ့ Foundation in Business Information and Technology ရဲ့ မျိုးဆက်သစ် Junior လေးတွေကို Senior တွေက အပီအပြင် ကြိုဆိုလိုက်ပါပြီ။
King & Queen 👑 ရွေးချယ်ပွဲရဲ့ ရင်ခုန်သံတွေ၊ အားလုံးရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဒီပုံလေးတွေထဲမှာ ပြန်ကြည့်လို့ရတယ်နော်… အားလုံးရဲ့ အပြုံးတွေက တကယ်ကို အသက်ပါပဲ။ Stay tuned for more fun! ✨💙