17/08/2026
ကိုရီးယားမြေမှာ အိပ်မက်တွေ သီးပွင့်ဝေဆာခဲ့ပြီ…✨🥳
တချိန်က ရင်ဘတ်ထဲ မြတ်နိုးစွာ သိမ်းဆည်းထားခဲ့ရတဲ့ "ကိုရီးယားအိပ်မက်" တွေကို ရဲရဲဝံ့ဝံ့ စိန်ခေါ်ရင်း Go Go Hankuk နဲ့အတူ ပထမဆုံး ခြေလှမ်းကို စတင်လျှောက်လှမ်းခဲ့ကြတဲ့ ချစ်သောလေးတွေ… 🥰
ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ အခက်အခဲပေါင်းများစွာကို ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လတွေနဲ့ ကျော်ဖြတ်ခဲ့ကြပြီးတဲ့နောက်မှာတော့… အခုဆိုရင် ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် အသီးသီးကနေ ဘွဲ့လက်မှတ်တွေကို အောင်မြင်စွာ ဆွတ်ယူနိုင်ခဲ့ကြပြီပဲ ဖြစ်ပါတယ်။
မိမိတို့ ရွေးချယ်ခဲ့တဲ့ မေဂျာအသီးသီးမှာ အခက်အခဲတွေကို စိန်ခေါ်ကျော်ဖြတ်ကာ Go Go Hankuk ရဲ့ ဂုဏ်ကို ထွန်းလင်းတောက်ပစေခဲ့ကြတဲ့ ဘွဲ့ရမောင်မယ်တွေကတော့ —
✅ Aye Aye Thin 🎓
✨ မေဂျာ: 호텔조리과 (Hotel Culinary Arts)
✨ တက္ကသိုလ်: Shin Ansan University
✅ Si Si Aye 🎓
✨ မေဂျာ: 호텔조리과 (Hotel Culinary Arts)
✨ တက္ကသိုလ်: Shin Ansan University
✅ Phyu Phyu Myint 🎓
✨ မေဂျာ: K-Beauty Major
✨ တက္ကသိုလ်: Ansan University
✅ Thet Zin Mon 🎓
✨ မေဂျာ: Global Auto Technology
✨ တက္ကသိုလ်: Ajou Motor College
✅ Thet Paing 🎓
✨ မေဂျာ: 스마트융합기계계열
✨ တက္ကသိုလ်: Yeungnam College
တို့ပဲ ဖြစ်ပါတယ်။
အပင်ပန်းခံ ကြိုးစားခဲ့ရသမျှ တန်ဖိုးရှိတဲ့ အသီးအပွင့်အဖြစ် ပြောင်းလဲနိုင်ခဲ့ကြပြီး အိပ်မက်တွေကို လက်တွေ့ ဆုပ်ကိုင်နိုင်ခဲ့ကြသူများမို့ Go Go Hankuk မိသားစုတစ်ခုလုံးက လှိုက်လှိုက်လှဲလှဲနဲ့ အထူးပင် ဂုဏ်ယူဝင့်ကြွားရပါတယ်။ 😍
ရှေ့ဆက်လျှောက်လှမ်းမယ့် အသက်မွေးဝမ်းကျောင်း ခရီးလမ်းနှင့် အနာဂတ်နေ့ရက်တိုင်းမှာလည်း ဒီထက်မက ပိုမိုတောက်ပ၊ အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ✨