FYG Accounting and Languages Training Centre
FYG Accounting and Languages Training Centre Contact if you want to know about Accounting & Languages
Hello GuysAttention Please for FYG studentsဒီတစ်ခါမှာတော့ ACCA Part 1 ရဲ့ Video လေးတွေကို Telegram Channel လေးမှာပြန်တင်...
07/08/2024
Hello Guys
Attention Please for FYG students
ဒီတစ်ခါမှာတော့ ACCA Part 1 ရဲ့ Video လေးတွေကို Telegram Channel လေးမှာပြန်တင်ပြီးပါပြီရှင့်။ ❤🤗
Channel Link လေးကို Page ရဲ့ Messanger မှာ မိမိရဲ့ နာမည် ၊ Join ထားတဲ့ Group Screenshot လေးနဲ့ အတူလာတောင်းလို့ရပါတယ်ရှင့်။ Group တွေထဲမှာလည်း Link လေးတွေချထားပေးပါမယ်ရှင့်။ Group ထဲက Post ကိုမမြင်လိုက်မှာဆိုးလို့ Page မှာ Post လေးတင်ပြီးပြောရခြင်းဖြစ်ပါတယ်ရှင့်။❤🤗
Hello GuysAttention Please for FYG studentsသင်တန်းက Private Group လေးတွေမှာ တင်ထားတဲ့ Lecture Video လေးတွေ ပျက်သွားတယ်ဆိ...
02/08/2024
Hello Guys
Attention Please for FYG students
သင်တန်းက Private Group လေးတွေမှာ တင်ထားတဲ့ Lecture Video လေးတွေ ပျက်သွားတယ်ဆိုပြီး လာပြောကြလို့ ခု Telegram မှာ Channel လေးထောင်ပြီး Video လေးတွေအကုန်ပြန်တင်ပေးထားပါပြီနော်။ လောလောဆယ်မှာ LCCI Level 1+2 Channel လေးနဲ့ LCCI Level 3 Channel လေးက Video လေးတွေအကုန်တင်ပြီးပါပြီရှင့်။ ACCA Part 1 အတွက် Video လေးတွေကိုလည်း မကြာခင်ပြန်တင်ပေးပါမယ်ရှင့်။ Channel Link လေးကို Page ရဲ့ Messanger မှာ မိမိရဲ့ နာမည် ၊ Join ထားတဲ့ Group Screenshot လေးနဲ့ အတူလာတောင်းလို့ရပါတယ်ရှင့်။ Group တွေထဲမှာလည်း Link လေးတွေချထားပေးပါမယ်ရှင့်။ Group ထဲက Post ကိုမမြင်လိုက်မှာဆိုးလို့ Page မှာ Post လေးတင်ပြီးပြောရခြင်းဖြစ်ပါတယ်ရှင့်။❤🤗
22/07/2024
Hello Guys👋
LCCI Level 3
3 ဘာသာလုံး UK Exam ဖြေဆိုထားပြီး Diploma မထုတ်ရသေးတဲ့သူလေးတွေ အပတ်တိုင်း Sunday ရဲ့ နေ့လည် ၁၂နာရီ နောက်ပိုင်းမှာလာရောက်ထုတ်ယူလို့ရပါပြီရှင့်။✌🤗
လာထုတ်မဲ့ ရက်လေးကို Cb မှာ ၁ရက် ကြိုပြီးလာပြောပေးပါရှင့်။❤🤗
Hello ✌🤗FYG လေးကိုမှတ်မိကြသေးရဲ့လားရှင့်။ ကြားထဲမှာ အခြေနေ အမျိုးမျိုးကြောင့် Page လေးက ခဏတာပျောက်ကွယ်သွားရတာပါရှင့်။ မက...
22/07/2024
Hello ✌🤗
FYG လေးကိုမှတ်မိကြသေးရဲ့လားရှင့်။ ကြားထဲမှာ အခြေနေ အမျိုးမျိုးကြောင့် Page လေးက ခဏတာပျောက်ကွယ်သွားရတာပါရှင့်။ မကြာခင်မှာ Update လေးတွေ ပြန်ဖြစ်တော့မှာဖြစ်ကြောင်းအားလုံးကို အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်။
We are back💪💪💪
အတန်းလေးမကြာခင် စတော့မယ်နော်💓
04/03/2024
အတန်းလေးမကြာခင် စတော့မယ်နော်💓
💥 အားလုံးဘဲ မဂ်လာပါရှင့်။ Accounting & Languages Training Centre မှကြိုဆိုပါတယ်ရှင့်။❤
တီချယ်ရေ Level 3 Online Video Class လေးရောဘယ်တော့လောက်ထပ်ဖွင့်မလည်းမေးထားတဲ့သူလေးတွေအတွက်
" " လေးကို မကြာခင်မှာ ဖွင့်လှစ်သင်ကြားပေးတော့မှာ ဖြစ်တဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။😍
သင်တန်းကြေးလေးကို အသက်သာဆုံးပြုလုပ်ပေးထားပြီး Quality ပိုင်းကိုလည်း အကောင်းဆုံးပြုလုပ်ပေးထားပါတယ်ရှင့်။🤗
✅ Class Start Date - 7.3.2024
✅ Duration - 5 လ ( Tuesday to Friday)(တစ်ပတ် ၄ရက်)
✅ Class Fees - 100000Ks ( သုံးဘာသာအပြတ်)
❗စာအုပ်ဖိုးမပါဝင်ပါ။
💥 တစ်ဘာသာချင်းစီတက်ရောက်လိုသူများအတွက်👇🏻👇🏻
✅ CAMA - 40000Ks (Tue,Wed)
✅ Accounting - 40000Ks (Thurs)
✅ ABC - 35000Ks (Fri)
Level 3 Online Class Join တဲ့သူလေးတွေက UK Exam အတွက်ဖွင့်လှစ်မည့် Revision Online Class လေးပါ Join ခွင့်ရမှာပါရှင့်။💓
❗😱 အထူးအခွင့်အရေး အနေဖြင့် LCCI Level 3 Online Class လေးကို Batch (9) မှာ Join ပြီးပါက အသစ်ထပ်ဖွင့် မယ့် Batch အသစ်တိုင်းကို Free ထပ်မံ Join ခွင့်ပေးထား အုန်းမှာလည်းဖြစ်ပါတယ်ရှင့်။ ဆိုတော့ Batch (9) လေးမှာ Join လိုက်ပြီး အကြောင်းအမျိုးမျိုးကြောင့် စာလိုက်မလုပ်ဖစ်တော့ရင်လည်း စိတ်ပူစရာမရှိတော့ဘူးပေါ့။
Class Review Link:👇🏻👇🏻👇🏻
( Honest Review💯✅ )
https://m.facebook.com/story.php?story_fbid=633778305439962&id=100064233936274&mibextid=2JQ9oc
https://www.facebook.com/100308181955502/posts/311465450839773/
https://www.facebook.com/100308181955502/posts/424361529550164/
💥 ဒီ Online Class လေးကို ဖွင့်လှစ်လိုက်ရတဲ့ ရည်ရွယ်ချက်ကတော့
🔺 Level 1+2 ပြီးလို့ Level 3ကိုဆက်ပြီး လေ့လာချင်တဲ့ သူတွေ။
🔺 Level 3 ကိုဆက်ပြီး လေ့လာချင်ပေမယ့် ပုံမှန်အချိန်တစ်ခု မပေးနိုင်တဲ့ လူတွေအတွက် Recording Video Class လေးဖြစ်တဲ့ အတွက်ကြောင့် အချိန်မရွေးပြန်လည်လေ့လာနိုင်စေရန်။
🔺 Level 3 ကို ဆက်ပြီးလေ့လာချင်ပေမယ့် သင်တန်းကြေး သက်သက်သာသာ နဲ့ လေ့လာလိုသူတွေ။
🔺 (Old Questions & Revision) များကိုပါ ​ပြည့်ပြည့်စုံစုံ ဖြစ်အောင်သင်ကြားပေးခြင်း။
စသည့် ဖော်ပြပါ အချက်တွေအတွက် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ပါတယ်ရှင့်။💝
LCCI တက်ပြီး UK Exam မဖြေဘဲ ACCA Part 1 တန်း Join ပြီးမှ UK Exam ဖြေဆိုမဲ့သူလေးတွေအတွက်လည်း အထူးသင့်တော်ပါတယ်ရှင့်။ ( UK Exam Fees Save)
✅ သင်ကြားမှုပုံစံကတော့
💢 Facebook မှာ Private Group လေးတစ်ခု ဖွဲ့ပြီး Video လေးတွေ တင်ပေး သွားမှာဖြစ်ပါတယ်။
💢 Messanger မှာလည်း နားမလည်တဲ့ စာတွေ မေးဖို့ နဲ့ အိမ်စာလေးတွေ ထပ် ဖို့ အတွက် Group လေး တစ်ခု ဖွဲ့ထားပေးမှာ ဖြစ်ပါတယ်ရှင့်။
💢 သင်ကြားပေးမဲ့ဆရာမ ရဲ့ Chat Box ကိုလည်း ကိုယ် နားမလည်တဲ့ စာတွေကို အသေးစိတ် အချိန်မရွေး မေးမြန်းလို့လည်း ရပါသေးတယ်ရှင့်။
ကဲ တက်ရောက်ချင်တဲ့သူတွေက Page ရဲ့ Messanger မှာ အမြန်ဆုံး လာရောက် စာရင်းပေးသွင်း လို့ ရပြီဖြစ်တဲ့ အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။🤗
အားလုံးဘဲ ကျန်းကျန်းမာမာ နဲ့ မဂ်လာရှိသောနေ့ရက်လေးတွေ ပိုင်ဆိုင်ရပါစေလို့ FYG Accounting & Languages Training Centre မှ ဆုတောင်းမေတ္တာပို့သ ပေးလိုက်ပါတယ်ရှင့်။💖
စာအုပ်ဖိုးမပါဝင်ပါ။
CAMA - 40000Ks (Tue,Wed)
ABC - 35000Ks (Fri)
Class Review Link:
( Honest Review )
2008 ခုနှစ်က ထွက်တဲ့ Slumdog millionaire ဆိုတဲ့ ဇာတ်ကား ကို ကြည့်ဖူးတဲ့သူ မှတ်မိတဲ့သူတွေ ရှိပါလိမ့်မယ်. ဇာတ်လမ်းအကျဥ်းကတ...
08/02/2024
2008 ခုနှစ်က ထွက်တဲ့ Slumdog millionaire ဆိုတဲ့ ဇာတ်ကား ကို ကြည့်ဖူးတဲ့သူ မှတ်မိတဲ့သူတွေ ရှိပါလိမ့်မယ်.
ဇာတ်လမ်းအကျဥ်းကတော့ အိန္ဒိယရဲ့ အဆင်းရဲဆုံးရပ်ကွက်တွေမှာ ကြီးပြင်းခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေးက နာမည်ကြီး​တီဗီရှိုးမှာ ဝင်ပြိုင်ရင်း ဉာဏ်စမ်းမေးခွန်းအားလုံး မှန်အောင် ဖြေနိုင်တဲ့အတွက် 20 millions ဆုကြီးရသွားတဲ့ ဇာတ်ကားလေးပါ.
ဒီလောက် ဆင်းရဲတဲ့ ရပ်ကွက်က ကောင်လေးက genius တွေတောင် မဖြေနိုင်တဲ့ မေးခွန်းတွေကို ဘယ်လိုများဖြေနိုင်ပြီး ငွေသန်းချီကို နိုင်သွားတာလဲ ဆိုပြီး အားလုံးက သံသယဝင်ပြီး သူ့ကို ရဲတွေနဲ့ စစ်ဆေးမေးမြန်းပုံကို အခြေတည်ပြီး သူ့ငယ်ဘဝ တစ်လျှောက်နဲ့ သူဒီအဖြေတွေ ဘယ်လိုသိလာလဲ ဆိုတာကို ဆက်စပ်ပြီး ပြသွားပါတယ်.
ဒီဇာတ်ကားကနေပဲ Oscar ဆု ၈ ခု ရရှိသွားပါတယ်.
ဒီနေရာမှာ ပြောချင်တာက ဒီကောင်လေးအရမ်းတော်လို့ အကုန်သိ အကုန်တတ်လို့ ဒီ ဆုကြီးကို ရသွားတာ မဟုတ်ပဲ ဒီရှိုးမှာ မေးသွားတဲ့ specific မေးခွန်းတွေကိုပဲ သူက အဖြေသိလို့ ဖြေနိုင်လို့ ဒီဆုကြီးရသွားတာပေါ့.
သူမသိထားတဲ့ တခြားမေးခွန်းမေးရင် သူဖြေနိုင်မှာ မဟုတ်ဘူးလေ
သူဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေနဲ့ မေးလိုက်တဲ့ မေးခွန်းတွေနဲ့ ကိုက်ညီသွားတဲ့အခါ ဒီဆုကြီးကို သူရသွားတာပါပဲ
အလုပ်အင်တာဗျူးတွေမှာလည်း ဒီလိုမျိုးတွေ ခဏခဏကြုံရပါမယ်.
အင်တာဗျူးတွေ အများကြီးဖြေပြီး နောက်ဆုံးအဆင့်ထိ မရောက်တာ၊ အလုပ်ခန့်တဲ့ဆီမရောက်တာမျိုး ခဏခဏကြုံရတဲ့ အခါ အားလုံး စိတ်ဓာတ်ကျရပါတယ်.
ငါလုပ်ထားတာ ကြိုးစားထားတာတွေ အားလုံး အချဉ်းနှီးပဲ ဆိုပြီး စဉ်းစားမိတတ်ပါတယ်.
နောက်ထပ်ပြီးလည်း ရှေ့မဆက်ချင်တော့အောင် ကိုယ့်ကိုကိုယ်လည်း အသုံးမကျဘူးလို့ တွေးမိတဲ့ အခိုက်အတန့်တွေလည်း ရှိပါလိမ့်မယ်.
ဒါပေမယ့် အင်တာဗျူးတွေ မအောင်တိုင်း ကိုယ်က ညံ့လို့၊ အကုန်လုံးမသိလို့ မဟုတ်ပဲ အဲဒီအခိုက်အတန့်အတွင်းမှာ မေးတဲ့ မေးခွန်းတွေ၊ သူလိုချင်တဲ့ ပုံစံတွေကပဲ ကိုယ်နဲ့ မသင့်တော်သေးတာမျိုး ဖြစ်နိုင်ပါတယ်၊
Rejections တွေမှာ၂မျိုး ဖြစ်နိုင်ပါတယ်.
၁) ဒီအလုပ် position နဲ့ ကိုယ်နဲ့ မကိုက်ညီတာ
၂) မေးတဲ့ မေးခွန်းတွေက ကိုယ်သိထားတဲ့ value/situation တွေနဲ့ မကိုက်ညီတာ
နံပါတ် ၂ ကိုမမေ့ပါနဲ့
အဲဒါကြောင့် စိတ်ဓာတ်မကျပဲ ဆက်ကြိုးစားပါ၊
အလုပ်တွေလည်း ဆက်လျှောက်ပါ.
ကိုယ့်ကိုကိုယ် တိုးတက်ဖို့ အဆက်မပြတ် လေ့လာနေပါ.
Rejection တွေကြောင့် ကိုယ့်ဘဝကြီးကို မရပ်တန့်လိုက်ပါနဲ့.
🌻
LinkedIn မှာ တွေ့တဲ့ ပို့စ်တစ်ခုကို မှီငြမ်းပါတယ်
Edit: အိန္ဒိယဇာတ်ကားထင်နေခဲ့တာ British movie ပါတဲ့. အော်စကာဆုက ၈ ခုတိတိ ဆွတ်ခူးထားပါတယ်.
 💥 အားလုံးဘဲ မဂ်လာပါရှင့်။   Accounting & Languages Training Centre မှကြိုဆိုပါတယ်ရှင့်။❤     တီချယ်ရေ Level 3 Online Vi...
01/02/2024
💥 အားလုံးဘဲ မဂ်လာပါရှင့်။ Accounting & Languages Training Centre မှကြိုဆိုပါတယ်ရှင့်။❤
တီချယ်ရေ Level 3 Online Video Class လေးရောဘယ်တော့လောက်ထပ်ဖွင့်မလည်းမေးထားတဲ့သူလေးတွေအတွက်
" " လေးကို မကြာခင်မှာ ဖွင့်လှစ်သင်ကြားပေးတော့မှာ ဖြစ်တဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။😍
သင်တန်းကြေးလေးကို အသက်သာဆုံးပြုလုပ်ပေးထားပြီး Quality ပိုင်းကိုလည်း အကောင်းဆုံးပြုလုပ်ပေးထားပါတယ်ရှင့်။🤗
✅ Class Start Date - 7.3.2024
✅ Duration - 5 လ ( Tuesday to Friday)(တစ်ပတ် ၄ရက်)
✅ Class Fees - 100000Ks ( သုံးဘာသာအပြတ်)
❗စာအုပ်ဖိုးမပါဝင်ပါ။
💥 တစ်ဘာသာချင်းစီတက်ရောက်လိုသူများအတွက်👇🏻👇🏻
✅ CAMA - 40000Ks (Tue,Wed)
✅ Accounting - 40000Ks (Thurs)
✅ ABC - 35000Ks (Fri)
Level 3 Online Class Join တဲ့သူလေးတွေက UK Exam အတွက်ဖွင့်လှစ်မည့် Revision Online Class လေးပါ Join ခွင့်ရမှာပါရှင့်။💓
❗😱 အထူးအခွင့်အရေး အနေဖြင့် LCCI Level 3 Online Class လေးကို Batch (9) မှာ Join ပြီးပါက အသစ်ထပ်ဖွင့် မယ့် Batch အသစ်တိုင်းကို Free ထပ်မံ Join ခွင့်ပေးထား အုန်းမှာလည်းဖြစ်ပါတယ်ရှင့်။ ဆိုတော့ Batch (9) လေးမှာ Join လိုက်ပြီး အကြောင်းအမျိုးမျိုးကြောင့် စာလိုက်မလုပ်ဖစ်တော့ရင်လည်း စိတ်ပူစရာမရှိတော့ဘူးပေါ့။
Class Review Link:👇🏻👇🏻👇🏻
( Honest Review💯✅ )
https://m.facebook.com/story.php?story_fbid=633778305439962&id=100064233936274&mibextid=2JQ9oc
https://www.facebook.com/100308181955502/posts/311465450839773/
https://www.facebook.com/100308181955502/posts/424361529550164/
💥 ဒီ Online Class လေးကို ဖွင့်လှစ်လိုက်ရတဲ့ ရည်ရွယ်ချက်ကတော့
🔺 Level 1+2 ပြီးလို့ Level 3ကိုဆက်ပြီး လေ့လာချင်တဲ့ သူတွေ။
🔺 Level 3 ကိုဆက်ပြီး လေ့လာချင်ပေမယ့် ပုံမှန်အချိန်တစ်ခု မပေးနိုင်တဲ့ လူတွေအတွက် Recording Video Class လေးဖြစ်တဲ့ အတွက်ကြောင့် အချိန်မရွေးပြန်လည်လေ့လာနိုင်စေရန်။
🔺 Level 3 ကို ဆက်ပြီးလေ့လာချင်ပေမယ့် သင်တန်းကြေး သက်သက်သာသာ နဲ့ လေ့လာလိုသူတွေ။
🔺 (Old Questions & Revision) များကိုပါ ​ပြည့်ပြည့်စုံစုံ ဖြစ်အောင်သင်ကြားပေးခြင်း။
စသည့် ဖော်ပြပါ အချက်တွေအတွက် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ပါတယ်ရှင့်။💝
LCCI တက်ပြီး UK Exam မဖြေဘဲ ACCA Part 1 တန်း Join ပြီးမှ UK Exam ဖြေဆိုမဲ့သူလေးတွေအတွက်လည်း အထူးသင့်တော်ပါတယ်ရှင့်။ ( UK Exam Fees Save)
✅ သင်ကြားမှုပုံစံကတော့
💢 Facebook မှာ Private Group လေးတစ်ခု ဖွဲ့ပြီး Video လေးတွေ တင်ပေး သွားမှာဖြစ်ပါတယ်။
💢 Messanger မှာလည်း နားမလည်တဲ့ စာတွေ မေးဖို့ နဲ့ အိမ်စာလေးတွေ ထပ် ဖို့ အတွက် Group လေး တစ်ခု ဖွဲ့ထားပေးမှာ ဖြစ်ပါတယ်ရှင့်။
💢 သင်ကြားပေးမဲ့ဆရာမ ရဲ့ Chat Box ကိုလည်း ကိုယ် နားမလည်တဲ့ စာတွေကို အသေးစိတ် အချိန်မရွေး မေးမြန်းလို့လည်း ရပါသေးတယ်ရှင့်။
ကဲ တက်ရောက်ချင်တဲ့သူတွေက Page ရဲ့ Messanger မှာ အမြန်ဆုံး လာရောက် စာရင်းပေးသွင်း လို့ ရပြီဖြစ်တဲ့ အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။🤗
အားလုံးဘဲ ကျန်းကျန်းမာမာ နဲ့ မဂ်လာရှိသောနေ့ရက်လေးတွေ ပိုင်ဆိုင်ရပါစေလို့ FYG Accounting & Languages Training Centre မှ ဆုတောင်းမေတ္တာပို့သ ပေးလိုက်ပါတယ်ရှင့်။💖
စာအုပ်ဖိုးမပါဝင်ပါ။
CAMA - 40000Ks (Tue,Wed)
ABC - 35000Ks (Fri)
Class Review Link:
( Honest Review )
မဂ်လာပါရှင့်။🙇‍♀️ဒီနေ့မှာတော့ LCCI နဲ့ ACCA ကြား ဒွိဟဖြစ်ပြီး အမေးများဆုံးမေးခွန်းလေးတွေ နဲ့ပတ်သက်ပြီး နားလည်ထားသလောက်လေ...
28/01/2024
မဂ်လာပါရှင့်။🙇‍♀️
ဒီနေ့မှာတော့ LCCI နဲ့ ACCA ကြား ဒွိဟဖြစ်ပြီး အမေးများဆုံးမေးခွန်းလေးတွေ နဲ့ပတ်သက်ပြီး နားလည်ထားသလောက်လေးကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင့်။🤗💓
❓ LCCI နဲ့ ACCA ဘယ်ဟာကို ရွေးချယ်ပြီး စတက်သင့်လည်း။
✅ အရင်အခြေအနေ အရဆိုရင် LCCI ကို Level 1,2 & 3 ကို အရင်စတက်ပြီးမှ ACCA Part 1 ကို ဆက် Join ကြပါတယ်ရှင့်။ တခြားအကြောင်းရင်းလေးတွေလည်းရှိသေးပေမဲ့ အဓိက အကြောင်းအရင်းကတော့ LCCI က ACCA ထက် UK Exam Fees ကုန်ကျစရိတ် က အများကြီးသက်သာလို့ဘဲ ဖြစ်ပါတယ်ရှင့်။
ဒါပေမဲ့ အခုလက်ရှိ အခြေအနေအရဆိုရင်တော့ LCCI က အဖွဲ့အစည်း ပြောင်းသွားပြီး UK Exam Fees ကုန်ကျစရိတ် က ACCA ထက်တောင်များသွားပြီမလို့
Budget Save ချင်တဲ့သူတွေအတွက် ACCA Foundation ကနေ စJoin ဖို့ အကြံပြုချင်ပါတယ်ရှင့်။💓
တကယ်လို့ LCCI ကိုလည်း Join ချင်တယ် Budget လည်း Save ချင်တယ်ဆိုရင်တော့ LCCI ကို Level 3 ထိ Join ပြီး UK Exam မဖြေဘဲ ACCA Part 1 ရောက်မှ UK Exam ဖြေဆိုလို့ရပါတယ်ရှင့်။💓
ငွေကြေး နိုင်တဲ့သူကတော့ မိမိ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်ရှင့်။💓
❓ LCCI Exam Fees နဲ့ ACCA Exam Fees ကရော
✅ LCCI Level 1+2 - £110
LCCI Level 3 - £120 per Subject
ACCA Level 3 -250000Kyats ဝန်းကျင်
( ACCA တွင် Register Fees နှင့် Annual Fees ရှိသည်။ )
ဒါကတော့ လက်ရှိအမေးများဆုံး မေးခွန်းလေးတွေကို သိသလောက်လေး Knowledge Sharing လုပ်ပေးတာဖြစ်ပါတယ်ရှင့်။🤗💖
LCCI Level 1,2 & 3 နဲ့ ACCA Foundation အတန်းလေးတွေလည်း ဖွင့်ထားပြီမလို့ အသေးစိတ်သိရှိလိုပါက Page Messanger မှာ လာရောက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင့်။❣
မဂ်လာရှိသောနေ့ရက်လေးတွေဖြစ်ပါစေရှင့်။🙇‍♀️❣
19/01/2024
ယုန်ဖြူလေးက တောင်ခြေက လှိုင်ဂူတစ်ခုရှေ့မှာစာရေးနေတယ်။
မြေခွေးတစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”
ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။
မြေခွေးက မယုံဘူး၊ ဒါနဲ့ ယုန်က မြေခွေးကိုလှိုဏ်ဂူထဲခေါ်သွားတယ်။
ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲကပြန်ထွက်လာတယ်၊
စာဆက် ရေးတယ်။
တောဝက်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”
ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ယုန်ဖြူငယ်လေးတစ်ကောင်က တောဝက်ကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။
တောဝက်ကလည်း မယုံဘူး၊ ဒါနဲ့ ယုန်က တောဝက်ကိုလှိုဏ်ဂူထဲခေါ်သွားတယ်။
နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့တစ်ကောင်က မြေခွေးအရိုးစုနဲ့ တောဝက်အရိုးစု ကြားထဲမှာ မိန့်မိန့်ကြီးထိုင်နေတယ်၊ အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..
ဒဿန ~~ လူတစ်ယောက်ရဲ့ စွမ်းရည်ရှိမရှိထက် အဲဒီလူက ဘယ်သူနဲ့လက်တွဲလုပ်နေသလဲအပေါ်မူတည်တယ်၊ သင်ဘယ်လောက်ပဲ အားစိုက်ထုတ်ထုတ် သူဌေး Background မကောင်းရင်အလကားပဲ၊ တစ်ခါတစ်လေ စိုက်ထုတ်မှုထက် ရွေးခြယ်မှုက အများကြီးအရေးပါတယ်၊ တစ်ချက်အရွေးမှားသွားတာနဲ့ နောက်က ကြိုးစားသမျှအချည်းအနှီးပဲ၊ သင်ရွေးခြယ်တဲ့ ကုမ္ပဏီနဲ့ သူဌေးက Backgroundတောင့်ရဲ့လား...
အပိုင်း (၂)
ယုန်ဖြူလေးက ဒီအကြောင်းကို သူ့သူငယ်ချင်းကို လွှတ်ခနဲပြောပြမိလိုက်တယ်၊ သတင်းက ချက်ချင်းကြီး တောအုပ်ထဲမှာ ပျံ့နှံ့သွားတယ်၊ ခြင်္သေ့ကြီးက ဒေါသအရမ်းထွက်သွားတာပေါ့၊
“ ဒီတစ်ပတ်အတွင်း ငါ့ကို အစာမပို့ပေးနိုင်ရင် မင်းကိုသတ်စားပစ်မယ်” လို့ ခြိမ်းခြောက်တယ်
ဒါနဲ့ ယုန်ကလေးက မှိုင်တိုင်တိုင်လေးနဲ့ လှိုဏ်ဂူဝမှာ စာဆက် ရေးတယ်။
ဒရယ်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”
ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။
ဒရယ်က တဟက်ဟက်နဲ့ရယ်ပြီးပြန်ပြောတယ်.. “ တစ်တောတောင်လုံးဒီအကြောင်း သိနေပြီ.. မင်းအကွက်ကရိုးနေပြီ.. ဒါတွေ မြို့မှာသွားပြော.. ဟဟ”
ယုန်ကပြန်ဖြေတယ် “ အဲဒီလို တစ်တောတောင်လုံးသိကုန်လို့ပေါ့ ကိုဒရယ်ကြီးရယ်.. ခြင်္သေက ကျနော့်ကို အလုပ်ဖြုတ်မယ်လုပ်နေတယ်၊ ကျနော့်အစား အခြားတစ်ယောက်လိုတယ်တဲ့၊ ကိုဒရယ်ကြီး ဒီရာထူးကို မလိုချင်ဘူးလားဗျာ..”
ဒရယ်တွေဝေသွားတယ်.. နောက်လက်ခံလိုက်တယ်၊ ယုန်နဲ့တူတူ လှိုဏ်ဂူထဲဝင်ပြီးခြင်္သေ့ကြီးကိုသွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။
ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲက ပြန်ထွက်လာတယ်၊
စာဆက်ရေးတယ်။ မြင်းတစ်ကောင်ထပ်လာတယ်၊ ခုနလိုပဲပြောပြီးအထဲထပ်ခေါ်သွားတယ်၊
နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..
< ဘယ်လိုအခြေအနေပဲရောက်ရောက် Marketing ကောင်းရင် သူဌေးအတွက် ရလာဒ်ဆိုတာ ရှိစမြဲပဲ >
ဒဿန ~~ မိမိတို့ရုံးက ကိစ္စအပြင်မပေါက်ကြားပါနဲ့၊ ပေါက်ကြားမိပြီဆိုရင် အလားတူအတိုင်း အစွမ်းထက်တဲ့ နည်းနဲ့ အမြန်ဆုံးပြန်ဖာထေးသင့်တယ်၊ ဝန်ထမ်းကောင်းက သူဌေးအတွက် တီထွင်ဖန်တီးမှု အိုင်ဒီယာ အမြဲရှိနေရမယ်၊ သူဌေးက မင်းဖန်တီးတဲ့လမ်းကိုနှစ်ခြိုက်နေပြီဆိုရင်တော့ မင်းရဲ့ ပန်းတိုင်ဟာ မဝေးတော့ပါဘူး။
အပိုင်း (၃)
ခြင်္သေ့ကြီးက တစ်နေ့တစ်ခြား ပိုပိုကြီးထွားလာတယ်၊ ယုန်ကလေး ဆက်သတဲ့အစာကို သူစားမဝတော့ဘူး၊ ဒါနဲ့ ယုန်ကိုထပ်ခြိမ်းခြောက်တယ်၊
“ ငါ့ရဲ့ အစာလိုအပ်မှုက ခါတိုင်းထက် နှစ်ဆဖြစ်သွားပြီ၊ ခါတိုင်း ၄ရက်ကို တစ်ကောင်စားတယ်၊ အခု ၂ရက်ကို ၁ကောင်စားမယ်၊ တကယ်လို့ တစ်ပတ်အတွင်းမှ မပြောင်းလဲပေးနိုင်ဘူးဆိုရင် ငါမင်းကိုသတ်စားရလိမ့်မယ်” တဲ့။
ဒါနဲ့ ယုန်က လိုဏ်ဂူဝက ထွက်ခွာသွားတယ်၊ တောအနက်ကြီးထဲပြေးဝင်သွားတယ်၊ တစ်နေရာရောက်တော့ တောင်ဆိတ်နဲ့တွေ့တယ်၊ “ အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုသတ်စားလိုက်တာယုံလား..” တောင်ဆိတ်မယုံဘူး၊ ဒါနဲ့ တောင်ဆိတ်ကို လှိုဏ်ဂူထဲထိလမ်းပြခေါ်ဆောင်သွားတယ်။
ခဏကြာတော့ ယုန်တစ်ကောင်တည်းထွက်လာတယ်၊ ခုနလိုပဲ တောနက်ထဲထပ်ဝင်သွားတယ်၊ သိုးတစ်ကောင်နဲ့ထပ်တွေ့တယ်၊ အဲလိုနဲ့ပဲ အလားတူကိစ္စမျိုး ထပ်မံဖြစ်ပွားတယ်ပေါ့။
လတ်စသတ်တော့ တောနက်ထဲမှာ ယုန်နဲ့ခြင်္သေ့တို့အကြောင်းကို မသိကြသေးဘူးတဲ့၊
လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးနေရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..
< အထိုင်လုပ်ငန်းကနေ ရွေ့လျားလုပ်ငန်းပြောင်းခြင်းရဲ့ တိုးတက်မှု>
ဒဿန ~~ စျေးကွက်ကိုမနားတမ်းထိုးဖောက်ပါ၊ မတူညီတဲ့နေရာဒေသကို လုပ်ငန်းထိုးဖောက်ခြင်းဟာ မထင်မှတ်တဲ့ရလာဒ်ကောင်းတွေရနိုင်တယ်ဆိုတာယုံပါ၊ တကယ်လို့ မထိုးဖောက်ချင်ခဲ့ရင်တောင် စိတ်ပြေလက်ပျောက်ထသွားကြည့်ပါ။
အပိုင်း (၄)
အချိန်ကာလတွေကြာလာတာနဲ့တစ်ပြိုက်နက် စားလိုက်အိပ်လိုက်နဲ့ ခြင်္သေ့ကြီးဟာ တစ်နေ့ တစ်ခြားဝ,ဝ လာတယ်၊ ဒါနဲ့ အပြင်ထွက်လမ်းလျှောက်ကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်၊ ဂူဝလည်းရောက်ကော သူ့ကိုယ်လုံးက ဂူဝထက် မတရားကြီးမားနေတာကိုတွေ့တယ်.. ဘယ်လိုမှထွက်လို့မရတော့ဘူး..။
ယုန်က ဂူဝကနေခြင်္သေ့အဖြစ်ကို ကြည့်ပြီးရယ်ပြီးပြောတယ်..
“နောက်ဆုံးတော့ ငါမျှော်လင့်နေတဲ့ရက်က ရောက်လာပြီပဲ.. ဒီနေ့က စပြီး ငါဘာပြောပြော မင်းနားထောင်ရမယ်၊ တစ်နေ့ မနက်တစ်ခါ ညနေတစ်ခါ ဂူအတွင်းကနေ ဟိန်းသံ ပေးရမယ်၊ နို့မို့ စားဖို့အစာမပို့ပေးတော့ဘူး”
ခြင်္သေ့ကြီးက မဆိုင်းမတွဘဲ" ရပါတယ်၊ ရပါတယ်.. ငါ့ကိုစားစရာသာပို့ပေးရင် မင်းဘာခိုင်းခိုင်းလုပ်ပေးပါ့မယ် ” ဒီအချိန်မှာ ယုန်ထပ်ရေးထားတဲ့စာကြောင်းတိုလေးကို တွေ့လိုက်ရတယ်
“ဗျူဟာရဲ့ အဆုံးမှာ ခွန်အားကြီးတဲ့သူတောင် ပညာရှိတဲ့သူကိုဝပ်တွားရတာပဲလေ” တဲ့။
ဒဿန ~~ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်သွားပြီဆို ဘယ်သူဌေးမှ လက်လွတ်မခံတော့ပါဘူး၊ အဲအချိန်ကျရင် အခြား ကုမ္ပဏီပြောင်းမလား သူဌေးကို လစာပဲတိုးခိုင်းမလား မင်းစိတ်ကြိုက်ပေါ့၊ မင်းနာမည်က ဟိုးတစ်လေးကျော်နေပြီပဲလေ။
ဂူထဲမှာ အမြဲအောင်းနေတဲ့ သူဌေးမလုပ်မိပါစေနဲ့၊ အမြဲ အပြင်လောကနဲ့ထိတွေ့ဆက်ဆံပါ၊ ဝန်ထမ်း စပယ်ယာပတ်ကိုခန့်ပါ.. :-P ပထမလူတော်သလို ဒုတိယ ပညာသင်ဝန်ထမ်းကိုလည်းတော်အောင်လုပ်ပါစေ၊ ဒါမှ နှစ်ယောက်လုံး အလုပ်မြဲနေမှာပါ၊ ဝန်ထမ်းဗိုလ်ပြန်ကျတာမခံချင်ရင် နားကိုစွင့်ပါ၊ ဝန်ထမ်းထက်ကြိုမြင်တတ်ပါ၊ နို့မို့ ဝန်ထမ်း ပြန်ရောင်းစားခံရမှာ အမှန်ပင်။
ဇတ်သိမ်း။
ယုန်ရဲ့နာမည်က ကြီးသတဲ့ထက်ကြီးလာခဲ့တယ်၊ တောထဲမှာ သူပြီး ဘယ်သူမှမရှိတော့ဘူး၊ ခြင်္သေ့ကတောင် သူ့ကိုကြောက်နေရတာအားလုံးသိသွားတယ်၊
ဒါနဲ့ပဲ တောထဲမှာ ယုန်က စတင်မွှေပါလေကော၊ အပေါ်အနိုင်ကျင့်၊ အောက်အနိုင်ကျင့်နဲ့၊ ခြင်္သေ့အသံနဲ့ လုပ်စားနေတယ်ပေါ့၊
နောက်ဆုံးတစ်နေ့မှာ အဲဒီနာမည်ကြီးတဲ့ယုန်ကို မုဆိုးက အရှင်လတ်လတ်ထောင်ဖမ်းသွားတယ်၊ ဂူဝမှာ စာတိုလေးပြန်ကပ်ထားခဲ့တယ်
“ တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်”
ဒဿန ~~ မိမိကိုယ်မိမိဘဝမမေ့ပါစေနဲ့။ မိမိထက်သာတဲ့ပြိုင်ဘက်က မိမိကိုအသာလေးအလဲထိုးနိုင်မယ်ဆိုတာသိထားပါ။ အောက်ခြေမလွတ်ပါနဲ့၊ မိမိထက် ရာထူးနိမ့်သော သူများကို တလေးတစားဆက်ဆံပါ၊ မမောက်မာပါနဲ့၊ တစ်ယောက်ယောက်နဲ့ ချွန်ပြီးခြေထိုးခံရကိန်းရှိသည်။
နိဂုံး။
တောထဲမှာ အရင်ကလိုပုံမှန်ပြန်ဖြစ်သွားတယ်၊ ယုန်နဲ့ခြင်္သေ့အကြောင်းနဲ့ ယုန်ကမြေခွေးကိုစားတဲ့ ပုံပြင်တွေလည်းမေ့ကုန်တယ်။
အရမ်း.. အရမ်းကိုကြာပြီးတဲ့နောက်မှာ ကျားပျိုလေးက ဒီပုံပြင်လေးကို ပြန်ကြားမိသွားတယ်.. အရမ်းလည်း စိတ်အားထက်သန်သွားတယ်၊
မျောက်တစ်ကောင်ကိုဖမ်းလိုက်ပြီး အဲဒီလိုလုပ်ဇတ်ဖန်တီးကြမယ်.. မလုပ်ဘူးဆိုရင် သတ်ပစ်မယ် ခြိမ်းခြောက်တယ်။
မျောက်လည်း သဘောတူလိုက်တယ်.. ဒါနဲ့ ကျားက သဘောကျပြီး လှိုဏ်ဂူကြီးထဲဝင်သွားတယ်၊ လိုဏ်ဂူထဲမှာ မျောက်ကို စောင့်နေလိုက်တာ သုံးရက်လုံးလုံး တစ်ကောင်မှ လာမပို့ဘူး.. မအောင့်နိုင်တော့တာနဲ့ ဂူပြင်ထွက်ကြည့်တယ်.. လတ်စသတ်တော့ မျောက်မသားက လစ်သွားတာကြာပြီ.။
မြေကြီးပေါ်မှာ စာတိုလေးတစ်စောင်ထားခဲ့တယ်။
< သူဌေးတစ်ယောက်ဖြစ်ဖို့ ဝန်ထမ်းကိုဘယ်လိုစည်းရုံးရမလဲ အရင်နားလည်အောင်လုပ်ပါဦးလို့ >
ဒဿန~~ လုပ်ဆောင်မှုတိုင်းဟာ လူတိုင်းအပေါ် အသုံးမတည့်ကြပါဘူး.. ခေတ်ကာလရဲ့ပြောင်းလဲမှု၊ အခွင့်အရေးရဲ့အချိန်အပ်စပ်မှုရှိမရှိကို မသိဘဲ ရှေးရိုးထုံးကြီးလမ်းစဉ်နောက်ကိုလိုက်မိရင်တော့ ရှုံးနိမ့်ရမှာ မလွဲမသေပင်။
to Original Uploader
Address
No. 120, 37th Street, Middle Block, 1st Floor, Sule
Yangon
11181
Telephone
+959967324943
Website
Alerts
Be the first to know and let us send you an email when FYG Accounting and Languages Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The School
Send a message to FYG Accounting and Languages Training Centre:
Shortcuts
Share
Category