Yangon Basic Education Students' Union-YBESU
အခြေခံပညာကျောင်းသားများသမဂ္ဂ-အကသ(ရန်ကုန်)
(ဗကသများအဖွဲ့ချုပ်)
Basic Education Students' Union- Yangon (ABFSU)
08/08/2021
#မပြီးဆုံးသေးတဲ့၈လေးလုံးလူထုလွတ်မြောက်ရေးတို့အတူရုန်း
06/08/2021
“အကျင့်ပျက် လောင်းကစားဝိုင်းဖြင့် အခွန်ငွေရှာသင့်သလော”
(မန့်ထာမော)
မြန်မာ့လူမှုအသိုင်းအဝိုင်း၌ဖြစ်စေ၊ အခြားသော ကမ္ဘာ့လူမှုအသိုင်းအဝိုင်း၌ဖြစ်စေ၊ဗုဒ္ဓယဉ်ကျေးမှု အဆုံးအမတရားများ၌ ဖြစ်စေ၊ အခြားသောဘာသာယဉ်ကျေးမှုကျင့်၀တ်များ၌ဖြစ်စေကိုယ်ကျင့်သိက္ခာပျက်ပြားထိခိုက်စေသောအပြုအမူ၊ အနေအထိုင်၊ အပြောအဆှိုများအားမပြုမူ၊မကျင့်သုံးရန် ဆိုဆုံးမလေ့ရှိကြပေသည်။
လူသားတို့၏ လူ့အဖွဲ့အစည်းတွင်အရေးကြီးသောကျောရိုးတခုမှာလူ့အကျင့်စာရိတ္တနှင့် စောင့်ထိန်းအပ်သောကိုယ်ကျင့်တရားပင်ဖြစ်၏။ ထိုကိုယ်ကျင့်တရားနှင့်လိုက်နာအပ်သည့်စာရိတ္တတရားများပျက်သုဉ်းသောလူပုဂ္ဂိုလ်နှင့်လူမှုအသိုင်းအဝိုင်းအား လူထုကြီးသည် ဝိုင်းပယ်ဆန့်ကျင်လေ့ရှိသည်မဟုတ်လော။
လူ့ကျင့်၀တ်သိက္ခာကို ပျက်ပြားစေသောလူစာရိတ္တကိုပျက်ပြားစေသော၊ အပြုအမူများဖြစ်သည့်အရက်သေစာ၊ မူးယစ်ဆေးဝါး၊ ဘိန်းဘင်းကဇော်များ သုံးစွဲမှီဝဲခြင်းကို ရှေးစာဆိုကြီးများကစာဖွဲ့၍ပင် ဆိုဆုံးမခဲ့ သည်။ “ဘိန်းဘင်းကဇော် လှော်စာသောက်စား ပြုသူများစီးပွားပျက်မည်တည်း”ဟူ၍ စာချိုးကာဆုံးမဖူး၏။
မြန်မာနိုင်ငံတွင် မင်းတုန်းမင်းတြားကြီးကရတနာပုံမင်းနေပြည်၌ အောင်ဘာလေသိန်းဆုထီလုပ်ငန်းကိုစတင်ခဲ့သည်။ လွတ်လပ်ရေးခေတ် ဖ.ဆ.ပ.လအစိုးရလက်ထက်၌လည်းအောင်ဘာလေထီလုပ်ငန်းအားလုပ်ကိုင်ခဲ့၏။ ယင်းကားအာဏာရအစိုးရမင်းများကိုယ်တိုင် ကြီးကြပ်ကျင်းပခြင်းပင် ဖြစ်ပေသည်။
လွတ်လပ်ရေးခေတ်အစိုးရများအဆက်ဆက်ကလောင်းကစားထီလုပ်ငန်းကြီးဖွင့့်ပြီးလူထုအားသူဌေးလောင်းအဖြစ် စိတ်ကူးယဉ်မှိုင်းတိုက်ခဲ့၏။ မြန်မာပြည်သူပြည်သားများမည်မျှချမ်းသာသွားကြသည် တော့မသိ။ ကြွေးပတ်လည်ဝိုင်းသောမိသားစုများသန်းချီတိုးပွားလာသည်။ လယ်ပျက်၊ ယာပျက်၊ စီးပွားပျက် ဆင်းရဲသားများတိုးပွားလာသည်။ တိုင်းရင်းသားဒေသအချို့ဆိုလျှင် အဆင်းရဲဆုံးလူနေမှုစာရင်း၀င်များဖြစ်နေရသည်။ လယ်ပေါင်၊ ယာပေါင်၊ အိမ်ပေါင်၊ ငွေတိုးကြီးကြီးနှင့်ငွေချေးပြီးတိုင်းတပါးထွက်ကာအလုပ်ကျွန်လုပ်နေရသော ပြည်သူပြည်သားများသန်းချီရှိနေပေပြီ။
ရတနာပုံခေတ်၊ နယ်ချဲ့ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်အသီးသီး၌ ဒိုင်ဖွင့်ပြီးထီလောင်းကစားလုပ်ခဲ့သောအစိုးရများ၌ အခွန်ဘဏ္ဍာငွေများ အိတ်၀င်သပိတ်၀င်ရခဲ့သည်။ ထီပေါက်၍မရွေးမိသော၊ ထီလက်မှတ်ရငွေများကိုလည်းဒိုင်လူကြီးအစိုးရကပျော်ပျော်ပါးပါးရခဲ့၏။ ထီထိုးသောပြည်သူများ၏စိတ်ဓါတ်၌ ကား (၁) အကျင့်ပျက် လောင်းကစားစိတ်ဓါတ်အမြစ်တွယ်စေခဲ့၏။ (၂) ငွေကြေးကိုအချောင်ရလိုသောစိတ် တိုးပွားစေ၏။ (၃) မိမိကိုယ်ကိုအားကိုးလိုစိတ် လျော့ပါးစေ၏။ (၄) ကိုယ့်ကျိုးအတ္တကြည့်စိတ်ထားအားသန်စေ၏။ (၅) အချောင်ရလိုသောစိတ်၊ လွယ်လွယ်ရလိုသောလူပျင်းစိတ်ထားတိုးပွားစေ၏။ (၆)အခြားသောလောင်းကစားလုပ်ငန်းများလွယ်လွယ်လုပ်လာနိုင်၏။ (၇) ငွေကိုလွယ်လွယ်ရမည်ဆိုသောလုပ်ငန်းများကိုပိုမိုမက်မောလာပြီးလောဘ၊ မောဟစိတ်များတိုးပွားလာစေ၏။ (၈) ငွေအဆမတန်ရလမ်းရှိသည်ဟု မြူဆွယ်လာလျှင် စီးပွားပျက်၊ စာရိတ္တပျက်၊ အဆုံး၌ ရာဇ၀တ်မှုပင်ကျူးလွန်ရပါစေလုပ်မည်ဟူသောစိတ်ဓာတ်များအရှိန်အဟုန်ရလာစေသည်။ ယခုတင်ပြခဲ့သည်မှာဖေါက်ပြန်ရေးအစိုးရများ၏ လူထုဘ၀ပျက်စီးစေပြီး မိမိတို့ အခွန်ငွေတိုးရလျှင်ပြီးရောဟူသည့်ထီဖွင့်ခြင်း၏အကျိုးတရားများအားစူးစမ်းမိသရွှေ့ တင်ပြခြင်းသာဖြစ်ပေသည်။
မကြာမီသေးရက်ပိုင်းအတွင်း၌ ပြည်သူတို့ကတောင်ပြိုကမ်းပြိုမဲ့ဆန္ဒပေး၍ နိုင်ငံအာဏာတစိတ်တပိုင်းရထားသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံလွှတ်တော်၌ ကမ္ဘာမှာအကျင့်အပျက်ဆုံးနှင့် ရာဇ၀တ်မှုအထူးအားပေးသော ကာစီနိုလောင်းကစားဝိုင်းများအား မြန်မာနိုင်ငံ၌ တရား၀င်ဖွင့်ခွင့်ပြုရေးအတွက်ဥပဒေပြဌာန်းပေးရန် ပြင်ဆင်နေကြောင်း ကြားသိခဲ့ရပေသည်။ အရှေ့ဘက်တရုတ်နယ်စပ် မြန်မာပြည်ဘက်အခြမ်း၌ ကာစီနိုလောင်းကစားဝိုင်းများ ထူထောင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယင်းကစားဝိုင်းမျိုးမြန်မာပြည်မဘက်၌ ခိုးကြောင်ခိုးဝှက်လုပ်သည်ကို ဒီချုပ်အစိုးရက တရား၀င်လောင်းကစားခွင့်ပြုပြီးအခွန်ကောက်လိုဟန် ရှိပေသည်။ ယင်းသို့စဉ်းစားသည်ဆှိုလျှင် မျက်နှာကြီးလောင်းကစားသိန်းသန်းချီဝိုင်းများ ခွင့်ပြုနိုင်ပါလျှင် အောင်ဘာလေထီဒိုင်လောင်းကစားပွဲများ နိုင်ငံတော်အဆင့် ကျင်းပခွင့်ရှိသည်ဆိုပါလျှင် အရပ်ထဲမှ တပဲ၊ ခြောက်ပြား ဖဲဝိုင်းကလေးများ နေ့ညဉ့်မပြတ်တရား၀င်ခွင့်ပြုသင့်သည် မဟုတ်လော။ သုံးလုံးထီများကိုဟန်ပြဖမ်းဆီးမှုများရပ်ဆိုင်းပြီး တရား၀င်ခွင့်ပြု အခွန်မကောက်သင့်သလော။ နိုင်ငံတော်လိုငွေအားလောင်းကစားပွဲအခွန်များမှတဆင့် အတိုင်းအတာတခုအထိ ဖြည့်ဆည်းနိုင်မည်ဟုရွှေဥာဏ်တော်စူးရောက်ခြင်းမှာ ပြည်သူလူထု၏ အလုပ်စိတ်ဓါတ်နှင့် စောင့်ထိန်းအပ်သောအကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားများအပျက်အစီးခံပြီး နိုင်ငံတော်အခွန်ဘဏ္ဍငွေရှာဖွေကြဟုဆိုရာရောက်ပေမည်။ ဤလောင်းကစားဘောဂဗေဒဖြင့် နိုင်ငံငွေရှာနည်းသည် ပြည်သူလူထုအကျင့်ပျက်ချင်ပျက်ပါစေ၊ ငါတို့အစိုးရအခွန်ငွေရပြီးရောဆိုသည့် အလွန်တရာစက်ဆုတ်ရွံ့ရှာဖွယ်ကောင်းသောကိုယ်ကျိုးရှာဒဿနမှ ပေါက်ဖွားလာခြင်းဖြစ်ပေသည်။
ကမ္လာတွင် လောင်းကစားဝိုင်းများကား ၂၁ ရာစုကျုကာမှ ပေါ်ပေါက်လာသည်တော့မဟုတ်ပေ။ လူတန်းစားကွဲပြားပြီးသွေးစုပ်ချယ်လှယ်သောကျေးပိုင်ကျွန်ပိုင်ရှင်စံနစ်၊ မြေရှင်ပဒေသရာဇ်စံနစ်မှ အစပြုကာအရင်းရှင်လူနေမှုစံနစ်များကြီးစိုးနေသောမျက်မှောက်ကာလတိုင်ပေါ်ထွန်းနေခြင်းဖြစ်သည်။
သွေးစုပ်ချယ်လှယ်သည့်စီးပွားရေးစံနစ်များထွန်းကားသောလူ့အဖွဲ့အစည်းများတွင် လူချမ်းသာနှင့် လူဆင်းရဲဟူ၍ ၀င်ငွေကွာဟမှုသည်ရှိ၏။အလုပ်မဲ့အကိုင်မဲ့ စည်းစိမ်ခံသောအာဏာရလူချမ်းသာအတန်းအစားကငွေကိုရွှေကိုလောင်းကြေးထပ်၍ တိုးပွားသည်။ ကျွန်ခေတ်ကဆိုလျှင် မိမိ၏ကျွန်ကိုအခြားကျွန်ပိုင်ရှင်၏ကျွန်ဖြင့် ထိုးသတ်စေ၍ အရှုံးအနိုင်လောင်းပွဲကိုမင်းပွဲစိုးပွဲအဖြစ် အပျော်ကျင်းပကြ၏။ ရောမခေတ် ကစားကွင်းကြီးသည်သွေးစွန်းသောလောင်းကြေးကစားကွင်းကြီးများမဟုတ်လော။
အလားတူပင်တိရစ္ဆာန်တိုက်ပွဲများ၊ နွားတိုက်ပွဲ၊ ကြက်တိုက်ပွဲများသည် အလောင်းအစားပွဲများပင် မဟုတ်လော။ မျက်နှာဖြူငွေရှင်ကြီးများကအာဖရိကတောနက်တွင်းမှ အဓမ္မဖမ်းပြီးလူကုန်ကူးလာသောကပ္ပလီအာဖရိကန်လူမဲများအား ကြိုးဝိုင်းတွင်းလက်ဝှေ့ထိုးခိုင်းပြီးလောင်းကြေးထပ်ခြင်းသည်လည်းခေတ်သစ် အရင်းရှင်စံနစ်၏ လောင်းကစားတမျိုးပင်မဟုတ်လော။ ယနေ့ ၂၀-၂၁ ရာစုအရင်းရှင်ခေတ် အားကစားပွဲများ၌ ငွေသန်းချီပေး၍ အရောင်းအ၀ယ်လုပ်ပြီးဘောလုံးအသင်းများကစားခြင်းများသည်လည်းလောင်းကစားပွဲများပင် မဟုတ်လော။
လောင်းကစား၏အသွင်သည် ငွေကြေးကိုကိုင်ပြီးသက်ရှိသက်မဲ့အရာများပေါ်မှာအနိုင်အရှုံးထပ်ကာဆောင်ရွက်ကြသည့်အချောင်ငွေရှာသောအကျင့်ပျက်ကစားနည်းပင်ဖြစ်ပေသည်။
သတိပြုအပ်သည်မှာလောင်းကစားလုပ်ငန်းသည် အထက်တနေရာ၌ဆွေးနွေးခဲ့သကဲ့သို့ လူတို့၏ အခြေခံအကျင့်စာရိတ္တကို လုံး၀ဖျက်ဆီးပစ်ခြင်းပင် ဖြစ်သည်။ ယင်းသည် ဆင်းရဲချမ်းသာကွာဟသောစီးပွားရေးစံနစ်အောက်တွင် ငွေကြေးရှိသူများ၏ အတ္တ၊ လောဘအချောင်စိတ်ဓါတ်မှ စီးဆင်းလာခြင်းလည်း ဖြစ်ပေသည်။
အထက်ဖော်ပြပါ ဓနရျင်လူတန်းစားစရိုက်ပျက်တို့ မွေးဖွားရာဇစ်မြစ်ဖြစ်သောသွေးစုပ်ချယ်လှယ်မှု စံနစ်ဆိုးများအားချေဖျက်ပြီး၊ ပစ္စည်းမဲ့အလုပ်သမားလူတန်းစားအာဏာရှင်စံနစ်အောက်၌ တည်ဆောက်ထားသောဆိုရှယ်လစ်နိုင်ငံများ၌ မူအားဖြင့် လုံး၀မရှိကြရပေ။ မကျင့်သုံးရပေ။ ကျင့်သုံးသောလူ့အလွှာအားပစ္စည်းမဲ့အာဏာဖြင့် ဖိနှိပ်သုတ်သင်ပစ်ပေသည်။
အတွေးအခေါ်နှင့် ဆိုရှယ်လစ်လူ့ကျင့်၀တ်အရလည်း မိမိလုပ်အားကိုသာတန်ဘိုးထားသည်။ မိမိလုပ်အားဖြင့်သာရအပ်သောရိက္ခာကိုရယူသည်။ အချောင်သူတပါးအားခိုင်းစေစားသောက်မှုကိုဆန့်ကျင်သည်။ အခြားသူ၏လုပ်အားအပေါ် သွေးစုပ်အမြတ်ထုတ်မှုကိုဆန့်ကျင်သည်။ နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းနှင့် စီးပွားရေးအခြေခံအားလုံးကို ပြည်သူတယောက်မကျန် ပိုင်ဆိုင်သည်။ လူတစု၊ကုမ္ပဏီတခုကပိုင်ဆိုင်သောပုဂ္ဂလိကပိုင်စံနစ်ကို လုံး၀ဖျက်သိမ်းထားသည်။
ထိုအခြေခံစီးပွားရေးစံနစ်နှင့်အတွေးအခေါ်ကြောင့် ဆိုရှယ်လစ်၊ ကွန်မြူနစ်ယဉ်ကျေးမှုတွင် အားကစားသည် ငွေကြေးပေါ်အခြေမခံ၊ ကျန်းမာရေးအတွက် လူထုအားကစားပွဲများကိုအားပေးမြှင့်တင်၏။ တဦးချင်းမောင်၊မယ်ရွေးပွဲမရှိ။ ထို့ကြောင့် တဦးချင်းလက်ဝှေ့ထိုးအားကစားမျိုးအားမပေး။ အားပေးလျှင်လည်းအမျိုးသားအားကစားအဖြစ်သာအားပေးသည်။ ငွေကြေးလောင်းကြေးထပ်အားကစားပွဲခွင့်မပြု၊ ထီဖွင့်အခွန်ကောက်သောလုပ်ရပ်ကိုမကျင့်သုံး၊ ဆိုရှယ်လစ်နိုင်ငံများ၌ ထီဖွင့်ခြင်းမရှိပေ။
ယခုဒီချုပ်အစိုးရ၏ ၂၀၀၈ လွှတ်တော်တွင်းမှာတိုင်းသူပြည်သားများပိုမိုအကျင့်ပျက်ရေးအတွက် ထီဖွင့်ရုံနှင့်အားမရဘဲ နောက်ဆုံးပေါ်ကာစီနိုကစားဝုိင်းဖွင့်ကာအခွန်ငွေရှာမည်ဟုဆိုသည်။ကာစီနိုလောင်းကစားဝိုင်းနှင့်ငွေရှာလျှင် မည်မျှအခွန်ရမည်တော့မသိပေ။ သေချာသည်ကလူငယ်များအကျင့်ပျက်စရိုက်များတိုးပွားမည်။ ရာဇ၀တ်မှုများ တိုးပွားမည်။ နိုင်ငံကုန်ထုတ်စွမ်းအားကျဆင်းမည်ဖြစ်သည်။
ဤနေရာ၌ ကွယ်လွန်သွားရှာပြီဖြစ်သော ပြည်သူ့စာရေးဆရာကြီးဗန်မော်တင်အောင်၏ အတွေ့အကြုံ ကလေးတခုအားဖော်ပြကာဤစာကိုနိဂုံးချုပ်လိုပေသည်။
၁၉၇၂ ခုနှစ်တွင်ဆရာဗန်းမော် ကိုကိုးကျွန်းအကျဉ်းစခန်းမှလွတ်ပြီးရန်ကုန်ရောက်၍ ရုပ်ရှင်ရုံတရုံ၌ နိုင်ငံခြားရုပ်ရှင်တခုသွားကြည့်၏။ ရုပ်ရှင်မျာမည်သည့်ရသမျှ မပေးနိုင်၊တဏှာကာမရသဘက်သာပေးသောရုပ်ရှင်ဖြစ်နေသည်။ ကြည့်ရှုနေသောဆရာဗန်းမော်၏စိတ်အစဉ်၀ယ် “ဤအနုပညာမျိုးကို ပြည်သူတို့ မကြည့်သင့်၊ အစိုးရကလည်းမပြသင့်”ဟုယူဆပြီးထိုစဉ်ကအစိုးရ၏ ရုပ်ရှင်တင်သွင်းရေးကော်မီတိတရပ်၌ ပါ၀င်နေသော ဆရာ့မိတ်ဆွေ၊တခါကရဲဘော်စာရေးဆရာကြီးအားသွားရောက်တွေ့ဆုံစဉ်ဆရာကထိုကားမျိုးမတင်သွင်းမပြသသင့်ကြောင်းဆွေးနွေး၏။ ထိုဆရာကြီးက “ဒါလား၊ ငွေရဖို့ကအရေးကြီးတယ်လေဗျာ၊ ဒီလိုကားမျိုးတင်မှ ငွေရမှာဗျ” ဟုတုန့်ပြန်၏။ ဆရာဗန်;မော်သည် ထောင်းကနဲဒေါသထွက်ပြီး “ခင်ဗျားတို့အစိုးရငွေဒီလောက်လိုရင် ဖာခန်းထောင်ပါလားဗျ” ဟုပြောပြီးထိုအိမ်မှ ချက်ခြင်းပြန်ထွက်ခဲ့သည် ဟူ၏။
(မန့်ထာမော)
24.9.2018
credit - Deeyaymyintthit
05/08/2021
မပြီးဆုံးသေးတဲ့ ၈ လေးလုံး
လူထုလွတ်မြောက်ရေး တို့အတူရုန်း
_______________________
၁၉၆၂ ဆဲဗင်းဂျူလိုင်၊ ၇၄-၇၅-၇၆ ကျောင်းသားလှုပ်ရှားမှုတို့ကစတင်ခဲ့တဲ့ စစ်အာဏာရှင်တော်လှန်ရေး ခရီးရှည်ကြီးဟာ ယခု ၂၀၂၁ နွေဦးတော်လှန်ရေးကာလတိုင်အောင် မပြီးဆုံးသေးပါဘူး။ လူထုဟာ ၁၀ နှစ်တာ ရွှေရည်စိမ်ဒီမိုကရေစီကိုသာခံစားခဲ့ရဖူးပြီး စစ်အာဏာရှင်လက်အောက်ကျရောက်ခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပါပြီ။
စစ်အာဏာရှင်စနစ်ကို လူထုလူတန်းစားတရပ်လုံးက တခဲနက်ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ၈ လေးလုံး အရေးတော်ပုံကြီးဟာလည်း လာမယ့် ဩဂုတ်လ ၈ ရက်နေ့မှာ ၃၃ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တို့ရဲ့ လူထုအပေါ် အဖက်ဖက်က မတရားဖိနှိပ်မှုချုပ်ချယ်မှု၊ ခေါင်းပုံဖြတ်မှုတွေကြောင့် ပေးဆပ်ခဲ့ရတဲ့ အသက်သွေးချွေးတွေဟာလည်း မရေမတွက်နိုင်အောင်ရှိနေပါပြီ။
ဒါကြောင့် အဖိနှိပ်ခံလူထုတရပ်လုံးသွေးစည်းညီညွတ်ပြီး မိမိတို့ကိုဖိနှပ်ခြယ်လှယ်နေတဲ့ စစ်အုပ်စုကို ကျူပင်ခုတ် ကျူငုတ်မကျန် တခါတည်းရှင်းလင်းပစ်ဖို့ အချိန်တန်ပါပြီ။ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ဖို့၊ ဖိနှိပ်သူအပေါင်းကို တွန်းလှန်ကြဖို့၊ ကမ္ဘာသစ်တခုကို အတူတူတည်ဆောက်ကြဖို့အတွက် ဖိနှိပ်ခံလူထုတရပ်လုံး အတူတူရုန်းကန်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
#၈လေးလုံး
29/07/2021
စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသကျောင်းသားရဲဘော်များနှင့် ပြည်သူလူထုသို့ အောက်မေ့သတိရ ဂုဏ်ပြုကြောင်း သဝဏ်လွှာ
သဝဏ်လွှာအမှတ် - ၂ / ၂၀၂၁
နေ့စွဲ - ၂၉ / ၇ / ၂၀၂၁
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး တိုင်းပြည်အာဏာကို မင်းအောင်လှိုင် ဦးဆောင်သည့် ဖက်ဆစ်စစ်အုပ်စုက အဓမ္မလုယူသိမ်းပိုက်ခဲ့ကာ စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းခဲ့သည့်အတွက် တပြည်လုံး နေရာအနှံ့မှ အဖိနှိပ်ခံကျောင်းသား ရဟန်း ပြည်သူများ အပါအဝင် ဗကသများအဖွဲ့ချုပ်သည် ဖက်ဆစ်အုပ်စုအား ရရာနည်းလမ်း ပေါင်းစုံဖြင့် တခဲနက်အုံကြွ ဆန့်ကျင်ခဲ့သည်။ ထိုကဲ့သို့သော အဖိနှိပ်ခံပြည်သူလူထု၏ အုံကြွဆန့်ကျင်မှုများအား ဖက်ဆစ်စစ်တပ်သည် ဖက်ဆစ်ပီသစွာဖြင့် ရက်ရက်စက်စက် ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်ခဲ့သောကြောင့် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားရဲဘော်များ အပါအဝင် ကျောင်းသား၊ ပြည်သူ၊ ရဟန်းသံဃာ အများအပြား သွေးမြေကျခဲ့ရသည်။ ဇူလိုင်လ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များတွင် ဖက်ဆစ်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့သော ဗကသကျောင်းသား ရဲဘော်များ အပါအဝင် ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်တော်လှန်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ကျောင်းသား ပြည်သူများအား အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်ပါကြောင်းနှင့် မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး တာဝန်များကို ကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။
စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်ကြ
ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
https://www.facebook.com/482608191789267/posts/4440152439368136/?sfnsn=mo
28/07/2021
အိုးဝေ၊ နွေဦးတော်လှန်ရေးထဲက အိုးဝေ
_______________________________
အိုးဝေမဂ္ဂဇင်းဟာ ကျောင်းသားလှုပ်ရှားမှုသမိုင်း၊ လွတ်လပ်ရေးသမိုင်း၊ စစ်အာဏာရှင်စနစ်
ဆန့်ကျင်တိုက်ဖျက်ရေးသမိုင်း တွေ မှာ ချန်လှပ်မရတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။ ကိုအောင်ဆန်း၊ ကိုညိုမြ တို့ ခေတ်ကစလို့ ယနေ့တိုင် ခေတ်အဆက်ဆက် အဖိနှိပ်ခံလူထုဘက်က အစဉ်တစိုက် ရပ်တည် တိုက်ပွဲဝင်ခဲ့ပြီး အစဉ်အလာကြီးမားလှတဲ့ ကျောင်းသားသမဂ္ဂ မဂ္ဂဇင်းလည်းဖြစ်ပါတယ်။
ဦးဆုံးအနေနဲ့ အိုးဝေမဂ္ဂဇင်း ပေါ်ပေါက်လာပုံ နဲ့ သမိုင်း ကို အကျဉ်းတင်ပြလိုပါတယ်။ ၁၉၃၁၊ ဇန်နဝါရီ မှာ နိုင်ငံရေးလှုပ်ရှားကြတဲ့ ကျောင်းသားတွေ ထုတ်ဝေခဲ့တဲ့ "တက္ကသိုလ်ကျောင်းသားများမဂ္ဂဇင်း" အဖြစ်ကနေ ၁၉၃၁ မှာပဲ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ဖွဲ့စည်းပြီးတဲ့အခါ "ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ မဂ္ဂဇင်း" အဖြစ် ဆက်လက်ထုတ်ဝေခဲ့ဟန်တူပါတယ်။ ၁၉၃၅-၃၆ မှာ သမဂ္ဂ မဂ္ဂဇင်းကိုအိုးဝေ မဂ္ဂဇင်းအဖြစ် အမည်ပြောင်းလဲခဲ့တယ်။ ပထမဆုံး အိုးဝေတာဝန်ခံ အယ်ဒီတာဟာ ကိုအောင်ဆန်း (၁၉၃၆) ဖြစ်ပြီးတော့ နောက်ဆုံး တာဝန်ခံအယ်ဒီတာကတော့ မကြာသေးခင် ဇူလိုင်လ ၁၆ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ဦးလှရွှေပါ။ ၂၀၁၂ နောက်ပိုင်းမှာ ဗကသများအဖွဲ့ချုပ်ကနေ အိုးဝေမဂ္ဂဇင်းတွေ ထုတ်ဝေခဲ့ဖူးပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကလည်း အိုးဝေစာစောင် သုံးကြိမ်ထုတ်ဝေခဲ့ပြီး ၂၀၂၀ မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက တစ်ကြိမ်ထုတ်ဝေခဲ့ဖူးပါတယ်။
အခု နွေဦးတော်လှန်ရေးကာလမှာတော့ ဗကသများအဖွဲ့ချုပ် နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တို့ကနေ အိုးဝေစာစောင် ကို ရှစ်လေးလုံးနှစ်ပတ်လည်အထူးထုတ်အဖြစ် ပြန်လည် ထုတ်ဝေသွားတော့မှာ ဖြစ်ပါတယ်။
ကျောင်းသားထု၊ လူထုအသံတွေနဲ့အတူ အဖိနှိပ်ခံတို့ရဲ့အိုးဝေဟာ ပုံမှန်ဆက်လက်ထွက်ရှိလာတော့မှာဖြစ်တဲ့အတွက်လည်း စောင့်ကြည့်ဖတ်ရှူပေးကြဖို့ နဲ့ စာမူများရေးသားပေးပို့ကြဖို့ တပါတည်းတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
ဘယ်လိုစာမူအမျိုးအစားတွေပေးပို့နိုင်မလဲ၊ ဘယ်ကိုပေးပို့ရမလဲ စတာတွေကို အသေးစိတ်ထပ်မံကြေညာပေးသွားပါမယ်။
အိုးဝေစာစောင်၏ပေ့ချ် - https://www.facebook.com/Oway-အိုးဝေ-736805910427676/
#အိုးဝေစာစောင် #နွေဦးတော်လှန်ရေး
17/07/2021
တောင်ငူမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ကြောင်း ထုတ်ပြန်ကြေညာချက်
16/07/2021
GSC ဦးဆောင်တဲ့သပိတ်စစ်ကြောင်း အာဇာနည်နေ့အကြို ရန်ကုန်မှာဆန္ဒပြ
GSC | ဇူလိုင် ၁၆
လာမယ့်ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့အကြိုဆန္ဒပြပွဲကို ဒီနေ့မနက်က ရန်ကုန်မှာ GSC ဦးဆောင်တဲ့သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ "လူမျိုးကြီးဝါဒ ဖယ်ရှားကြ၊ အာဇာနည်ဟာ ကိုးဦးမက" ဆိုတဲ့စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသပိတ်စစ်ကြောင်းမှာ အထွေထွေသပိတ်ကော်မတီ GSC၊ ဗကသများအဖွဲ့ချုပ်၊ ကျောင်းသားသမဂ္ဂများ၊ လူငယ်ကဗျာဆရာသမဂ္ဂ၊ အလုပ်သမားသမဂ္ဂတွေနဲ့ မြို့နယ်အထွေထွေသပိတ်ကော်မတီတွေ ပါဝင်ကြပါတယ်။
ဆန္ဒပြပွဲကို စစ်တပ်က သေနတ်နဲ့လာရောက်ပစ်ခတ်ဖြိုခွင်းတာကြောင့် အလျင်အမြန်လူစုခွဲခဲ့ရပါတယ်။
15/07/2021
၁၉၆၂ ကျောင်းသားခေါင်းဆောင်(ဟောင်း)၊ ၆ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ရွေးချယ်တင်မြှောက်ထားသည့် ဗဟိုအမှုဆောင်အဖွဲ့ဝင် (အတွင်းရေးမှူး)၊ အိုးဝေမဂ္ဂဇင်း၏ နောက်ဆုံးအယ်ဒီတာ ဦးလှရွှေ (ခ) စာရေးဆရာ အောင်သာ (ပီသုံးလုံး) သည် ယနေ့ည ၇ နာရီခွဲအချိန်ခန့်တွင် COVID 19 ရောဂါ ဝေဒနာဖြင့် ရုတ်တရက် ကွယ်လွန်သွားကြောင်း ကြားသိရပါသည်။
ဗကသများအဖွဲ့ချုပ်
https://m.facebook.com/story.php?story_fbid=4400244800025567&id=482608191789267
13/07/2021
အ.ထ.က(၃)ဒဂုံမြို့သစ်မြောက်ပိုင်းကျောင်းသားထုအခွင့်အရေးဆိုင်ရာကော်မတီမှ အ.ထ.က(၃)ဒဂုံမြို့သစ်မြောက်ပိုင်း အခြေခံပညာကျောင်းသားများသမဂ္ဂအဖြစ်သို့ပြန်လည်ပြုပြင်ဖွဲ့စည်းခြင်း
https://www.facebook.com/100324772190646/posts/147705120785944/
Click here to claim your Sponsored Listing.
Location
Contact the school
Website
Address
Yangon