Aoi Management

Aoi Management

Share

Consultancy services

Vocational Training Programs

for Japanese Companies Job Offers Nann Htike Nann Service Co., Ltd. Lu Kyaw Co., Ltd.

ဂျပန်နိုင်ံငံရှိ AOI management Company ကြီးမှ မြန်မာနိုင်ငံသားတို့အတွက် ဂျပန်နိုင်ငံမှ အလုပ်အကိုင် အခွင့်အလမ်း အမျိုးမျိုးတို့၏ လိုအပ်ချက်များကို စနစ်တကျ သိရှိနားလည်၍ သင်ယူလေ့ကျင့်နိုင်ရန် အတွက်

မြန်မာနိုင်ငံရှိ

AOI management Co., Ltd. Victory Vocational School

Y.A.A Japanese Literature and Culture Co., ltd

တို့က စီစဉ် ပံ့ပိုး ကူညီပေးပါသည်။

09/04/2025
26/11/2024

https://www.facebook.com/share/1Aidsy1YkQ/

ဂျပန်စာလေ့လာရန်အတွက် အထောက်အကူပြုရုပ်သံအစီအစဥ်「ひきだすにほんごActivate Your Japanese!」ကို မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။🤩
「ひきだすにほんご Activate Your Japanese! 」https://www.hikidasu.jpf.go.jp/ မှ ဗီဒီယိုများ၏ ညာဘက်ခြမ်းအပေါ်တွင်ရှိသော စာတန်းထိုးနေရာကိုနှိပ်၍ စာတန်းထိုးဖြင့်သော်လည်းကောင်း၊ စာတန်းထိုးမပါဘဲဖြင့်သော်လည်းကောင်း ကြည့်ရှုနိုင်ပြီး၊ ဘာသာစကားများကိုလည်း စိတ်ကြိုက်‌ရွေးချယ်နိုင်ပါတယ်။ စာသင်ချိန်များ နှင့် စာလေ့လာချိန်များတွင် ဆက်ဆက်ထည့်သွင်းအသုံးပြုကြည့်ကြဖို့ တောင်းဆိုအပ်ပါတယ်။

ပြီးနောက် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာတွင်「ひきだすにほんご Activate Your Japanese! 」ကို အသုံးပြုထားသော ဂျပန်ဘာသာသင်ကျောင်းသား၊သူများအတွက် ရည်ရွယ်သည့် Eventကို ဒီဇင်ဘာလလယ်တွင် ကျင်းပဖို့ရှိပါတယ်။ အသေးစိတ်အချက်အလက်များကို နောက်တွင်ယခုပေ့ချ်မှတဆင့် အကြောင်းကြားပေးသွားမည်ဖြစ်ပါ၍ ပျော်ရွှင်စွာစောင့်မျှော်နေပေးကြဖို့ မျှော်လင့်ပါတယ်။

*「ひきだすにほんご Activate Your Japanese! 」သည် 2022ခုနှစ်တွင် Japan Foundation နှင့် NHK Educational Corporation တို့မှ ပူးပေါင်းပြုလုပ်ခဲ့တဲ့ ဂျပန်စာလေ့လာရန်အတွက် အထောက်အကူပြုရုပ်သံအစီအစဥ်တစ်ခုပဲ ဖြစ်ပါတယ်။

*စမတ်ဖုန်းဖြင့် ကြည့်ရှုသည့်အခါ မြန်မာစာတန်းထိုးတွင်ပါရှိသည့် တစ်ချို့သော စကားလုံးများကို မှန်ကန်စွာပြသနိုင်ခြင်းမရှိသည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

★☆★☆★☆★☆★☆★☆★

日本語学習番組「ひきだすにほんごActivate Your Japanese!」にミャンマー語字幕が追加されました!🤩
「ひきだすにほんご Activate Your Japanese! コンテンツライブラリー」(https://www.hikidasu.jpf.go.jp/)内の動画プレイヤー右上にある「字幕」メニューを表示すると、字幕ON/OFFや言語が選択できます。ぜひ学習・授業にお役立てください!

また、国際交流基金ヤンゴン日本文化センター(JFYG)では、12月中旬に「ひきだすにほんごActivate Your Japanese!」を活用した日本語学習者向けイベントを開催予定です。イベントの詳しい情報は後日こちらのFacebookページでお知らせしますので、どうぞお楽しみに!

※「ひきだすにほんご Activate Your Japanese!」は、2022年に国際交流基金がNHKエデュケーショナルと共同制作した日本語学習番組です。
※スマートフォン上での再生時には、ミャンマー語の文字が一部正しく表示されないことがございます。予めご了承ください。




#ヤンス
#スアン

19/09/2024

အလုပ်အကိုင်များအတွက် ဝန်ဆောင်မှု မပေးနိုင်တော့ပါခင်ဗျား

မှတ်မိကြပါလိမ့်မယ်
ဂျပန်မှာ အလုပ်လုပ်ဖို့ ဘာတွေလိုအပ်ပါသလဲလို့ လာမေးရင် ဂျပန်အစိုးရက နှစ်စဉ်ထုတ်ဝေတဲ့ နိုင်ငံခြားအလုပ်အကိုင်နှင့် အလုပ်သမားလမ်းညွှန် ထဲက အချက်အလက်တွေနဲ့ မြန်မာနိုင်ငံက လမ်းညွှန်သတ်မှတ်ချက်များကိုပဲ ပြောပြတတ်ပါတယ်

အားလုံးအတွက် လေးစားခံရသော အဆင့်အတန်းတခုကို မျှော်လင့်ခဲ့ပါတယ်
အလုပ်သမားများ အနေနဲ့လည်း အရည်အချင်းသတ်မှတ်ချက်များ တင်းပြည့်ကျပ်ပြည့် ရှိနေရမည့်အပြင် စိတ်စေတနာကောင်းများ ရှိနေမယ်
အလုပ်ရှင်များကလည်း စာချုပ်ပါအချက်များအပြင် ဂရုတစိုက် စောင့်ရှောက်မယ်
ဝန်ဆောင်သူများကလည်း မေတ္တာထားပြီး ကူညီမယ် လိုပါ

ဒါပေမယ့် လုပ်သားများက ဟိုရောက်ရင် ပိုအဆင်ပြေတဲ့ အခြေအနေကို ရှာဖွေဖန်တီးဖို့ ကြံရွယ်ကြတယ်
သတ်မှတ်ချက် မပြည့်မှီတာတွေကိုလည်း အဆင်ပြေသလို ကြည့်လုပ်လိုကြတယ်
အလုပ်သမားရှာဖွေ စုဆောင်းသူများကလည်း ဂျပန်ရော မြန်မာရောက မိမိတို့ ကုမ္ပဏီ/လုပ်ငန်းစုက ဈေးကွက်စိုးမိုးနိုင်ဖို့ပဲ ကြိုးစား‌ကြတယ်
အလုပ်ရှင်များကလည်း ဈေးသက်သာတဲ့ အလုပ်သမားတွေဆီက နိမ့်ကျတဲ့ အရည်အသွေးကို မျှော်လင့်ထားကြပါတယ် လေးစားမှု အားနည်းတယ်

ကျနော်တို့ ရည်ရွယ်ထားတဲ့ လေးစားမှုနှင့် ချစ်ကြည်ရင်းနှီးမှုဆိုတာကြီးက ဘယ်သူ့အတွက်မှ မလို‌အပ်သော ဖြစ်နေပါတော့တယ်

သက်ဆိုင်ရာမှ သတ်မှတ်ချက် ပေးထားတဲ့ အချက်အလက်များနှင့် မကိုက်ညီရင် အလုပ်ဆက်မလုပ်ဘဲ ပယ်ချခဲ့ပါတယ် အားလုံးအတွက် စိတ်ညစ်စရာ ဖြစ်ခဲ့တယ်ဆို ဒီနေရာကနေပဲ ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါရ‌စေ

သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းပြောသလို ဖြစ်နေရင်လည်း ထပ်မံခွင့်လွှတ်ပေးကြပါဦးဗျ တကယ်ပြောချင်တာက ဒီအလုပ်အကိုင်လောကမှာ ကျနော် ဘယ်လိုတောင် ဝင်ရှုပ်နေမိသလဲဆိုတာ ပြောပြချင်တာပါဗျ

အလုပ်ဖြစ်အောင် လုပ်နိုင်မည့် နည်းလမ်း ရှိတဲ့အခါ ပြန်လည် အသိပေး ကြေငြာပါမည် ခင်ဗျား

ကျန်းမာ ချမ်းသာရှိကြပါစေ

မျိုးမြင့်သူ
(တာဝန်ခံ)

18/09/2024

ဝန်ခံပါသည်
အခက်အခဲများနှင့် မျှော်မှန်းချက် မအောင်မြင်ခဲ့ပါဘူး
နှစ်နိုင်ငံ အကျိုးရှိဖို့ လူသားအရင်းအမြစ် တိုးတက်ဖို့ အဓိက ရည်ရွယ်လုပ်ကိုင်ခဲ့ပါတယ်

အသုံးဝင်တဲ့ အလုပ်သမားကောင်းများ မွေးထုတ်တဲ့အခါမှာ
ဘာသာစကားနားလည်မှု
အလုပ်ကို စေတနာနှင့်တန်ဖိုးထားမှု
ကိုယ်ရည်ကိုယ်သွေးနှင့် ကိုယ်ကျင့်တရားမြင့်မားမှု တို့ကို ‌ပြည့်စုံရမည့် အခြေခံလိုအပ်ချက်အဖြစ် ထားရှိပြီး လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်

ကြုံတွေ့ရတဲ့ အခက်အခဲများကတော့ အားလုံးက အောင်လက်မှတ်ရရှိပြီး အလုပ်ဝင်ကာ ပိုက်ဆံရှာလိုသူများဖြစ်ကြပါတယ်
ဂျပန်ဘာသာစကား တတ်ကျွမ်းမှု ဂျပန်ယဉ်ကျေးမှု အလုပ်ကို အကျိုးပြုနိုင်ဖို့ကို စိတ်မဝင်စားကြပါ

ဥပမာပြောရရင် အလုပ်သင်များသည် အင်တာဗျူးကို ကျက်ထားတဲ့ စာများရွတ်ပြခြင်းဖြင့် ဖြေဆိုကြသည်
တကယ့် လက်တွေ့ဘဝ အမှန်တရား မဟုတ်သည်များကို ဆရာများက သင်ကြားပေးထားသည့်အတိုင်းသာ ရွတ်ဆိုနေကြသူများကို အများအပြားတွေ့မြင်နိုင်ပါသည်
မိမိ လက်ရှိဘဝကို အမှန်အတိုင်း ပြောဆို တင်ပြနိုင်ဖို့ သင်ကြားခြင်းသည် မလိုအပ်ဟု ယူဆ‌ကြပါသည်

နောက်အခက်အခဲတစ်ခုမှာ ဂျပန်လူမျိုးတို့၏ အသံထွက်နှင့် အနီးစပ်ဆုံးတူညီမှုရှိစေရန် လေ့ကျင့်သင်ကြားပေးခြင်း ဝေါဟာရကြွယ်ဝပြီး မှန်ကန်သော သဒ္ဒါဖွဲ့မှုနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ဒိုင်ယာရီမှတ်တမ်း ရေးပြီး လေ့ကျင့်စေခြင်း
သီချင်းများနှင့် သတင်းများကို အကြိမ်ကြိမ်နားထောင်ခြင်း ရွတ်ဆိုခြင်း ဘာသာပြန်ခြင်းကို လေ့ကျင့်စေခြင်း တို့ကို လုံးဝမနှစ်သက်ကြပါ
မလိုအပ်ဟု ယူဆကြပြန်ပါသည်

အလုပ်သင်များအား ခန်းဂျီးကို အထူးမလေ့လာစေဘဲ ဝေါဟာရ သဒ္ဒါ အသံထွက်မှန်ကန်မှုနှင့် ဘာသာစကားကို အကျွမ်းတဝင်ရှိ၍ အသုံးပြုနိုင်စွမ်းကိုသာ ဦးစားပေးလေ့လာစေပါသည်
ထိုအခါတွင်လည်း အမှတ်ရလွယ်သော ခန်းဂျီးကိုသာ အချိန်ပြည့် လေ့လာလိုကြပြန်ပါသည်

သင်ကြားရားတွင်လည်း အလွတ်ကျက်မှတ်ခြင်းထက် နားလည်သဘောပေါက်ခြင်းကို ပို၍ ဦးစားပေးကာ အချိန်ယူပါသည်
နည်းလမ်းကိုပြ၍ မိမိဘာသာလေ့ကျင့်ရန် ဖတ်စာအုပ်ပြင်ပ အိမ်စာအလုပ်များကို လုပ်ဆောင်စေခဲ့ပါသည်
ထိုအလုပ်တွင်လည်း ဆရာနှင့်ကျောင်းသားတို့ စာအတူတူကျက်မှတ်ခြင်း အလုပ်ကို ပို၍ သဘောကျနေကြပြန်ပါသည်

ကာယကြံ့ခိုင်မှုနှင့် ယဉ်ကျေးမှု သင်ခန်းစာများကိုမူကား ပွင့်ပွင့်လင်းလင်းပင် ငြင်းဆန်ကြပါသည်

ဝန်ခံပါသည်
အောင်မြင်ခြင်း မရှိသေးပါ
မျှော်မှန်းချက်များ မပြည့်သေးပါ
အလုပ်စေလွှတ်နိုင်ရန် လုပ်သားအင်အား အလုံအလောက် မစုဆောင်းနိုင်ခဲ့ပါသောကြောင့် မပို့လွှတ်နိုင်ခဲ့ပါ

ကျွန်ုပ်၏ လိုက်လျောညီထွေ လုပ်နိုင်စွမ်း အားနည်းခြင်းနှင့် အလုပ်ဖြစ်အောင် မလုပ်နိုင်ခြင်း လိုအပ်ချက်များကြောင့် ဖြစ်ကြောင်း ဝန်ခံအပ်ပါသည်

မျိုးမြင့်သူ
(တာဝန်ခံ)

ဟီရာ့ဂါ့နာ - အက္ခရာ | လွယ်ကူသော ဂျပန်စကား | NHK WORLD-JAPAN 11/05/2024

https://www.facebook.com/100064754674315/posts/858131339688681/?mibextid=lOuIew

ဟီရာ့ဂါ့နာ - အက္ခရာ | လွယ်ကူသော ဂျပန်စကား | NHK WORLD-JAPAN ဂျပန်ဘာသာရဲ့ အခြေခံ အက္ခရာတစ်မျိုးဖြစ်တဲ့ ဟီရာ့ဂါ့နာ ရေးဖတ်နည်းကို လေ့လာပါ။ ဟီရာ့ဂါ့နာ ဇယား PDF ကို အခမဲ့ ဒေါ....

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address


115 ဘီ၊ ရတနာပုံကျောင်းလမ်း၊ 5 ရပ်ကွက်၊ မရမ်းကုန်း
Yangon