Pan Khi

Pan Khi Art and Crafts

ဟော ☺️
17/05/2024

ဟော ☺️

08/05/2024

Hi everyone! 🌟 You can support me by sending Stars – they help me earn money to keep making content that you love.

Whenever you see the Stars icon, you can send me Stars.

08/05/2024

အခြေခံ မျဉ်းကြောင်းများ ရေးဆွဲလေ့ကျင့်ခြင်း သင်ခန်းစာ

#ပန်ခီ

"ဝါသနာတော့ပါတယ် ပါရမီမပါဘူး"ဆိုတဲ့ စကားကို ခဏခဏကြားရတယ်ဗျ။ဝါသနာပါပြီး လက်လျော့ထားလိုက်မိတဲ့သူတွေ ပြောတဲ့စကားပါ။ကျွန်တော်...
05/05/2024

"ဝါသနာတော့ပါတယ် ပါရမီမပါဘူး"
ဆိုတဲ့ စကားကို ခဏခဏကြားရတယ်ဗျ။

ဝါသနာပါပြီး လက်လျော့ထားလိုက်မိတဲ့သူတွေ ပြောတဲ့စကားပါ။

ကျွန်တော် အကြံတချို့ပေးပါရစေခင်ဗျာ။

(၁) ဝါသနာပါပြီဆိုရင် လိုချင်စိတ်လေးပေါင်းထည့်ကြည့်လိုက်ပါ။

(၂) ဝါသနာပါပြီဆိုရင် မသိတာလေးတွေ သိအောင်လေ့လာပါ။

(၃) ဝါသနာပါပြီဆိုရင် ဝါသနာကိုအချိန်ပေးပါ။

(၄) ဝါသနာပါပြီဆိုရင် လေ့ကျင့်ပါ။

(၅) ဝါသနာပါပြီဆိုရင် ဝါသနာပါသူတွေနဲ့ပေါင်းပါ။

(၆) ဝါသနာပါပြီဆိုရင် စိတ်ရှည်ပါ။

(၇) ကိုယ်ရဲ့လုပ်ဆောင်ချက် အရွေ့တစ်ခုချင်းစီကို ဂုဏ်ယူပါ။

လူ့ဘဝခဏလေးအတွင်းမှာ ဝါသနာအစစ်ကို ရှာဖွေတွေ့ရှိခြင်းအားဖြင့် ပျော်ရွှင်တက်ကြွသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

#ပန်ခီ

ပန်းချီအခြေခံ Basic Class ကလူလိုပါသေးတယ်။လူမပြည့်ခင် အမြန်စာရင်းလာပေးလို့ရပါတယ်ဗျ။သင်တန်းရဲ့ အချိန်နဲ့ နေ့ရက်ကိုတော့ သတ်...
19/04/2024

ပန်းချီအခြေခံ Basic Class က
လူလိုပါသေးတယ်။
လူမပြည့်ခင် အမြန်စာရင်းလာပေးလို့ရပါတယ်ဗျ။

သင်တန်းရဲ့ အချိန်နဲ့ နေ့ရက်ကိုတော့ သတ်မှတ်လူဦးရေ ပြည့်မီတာနဲ့ ပြန်လည်ကြေငြာပေးမှာဖြစ်ပါတယ်။

သင်တန်းမှာ ဘာတွေသင်မှာလဲ???

ဘာတွေ သင်မှာလဲဆိုတော့ ပန်းချီစတင်ရေးဆွဲသူတွေအတွက် အဓိကလိုအပ်ချက်တွေဖြစ်တဲ့

1.Line
2.Tone
3.Shape
4.Form
5.Composition
6.Perspective

စတာတွေကို အဓိက သင်ကြားမှာ ဖြစ်ပြီး self learning နဲ့ ကိုယ်တိုင်လေ့လာလေ့ကျင့်နိုင်မယ့် နည်းလမ်းတွေကို Sharing လုပ်ပေးမှာဖြစ်ပါတယ်။

နှစ်သစ်မှာ သင်ယူရင်း လေ့ကျင့်ရင်းနဲ့ ကိုယ်ရဲ့ ဝါသနာကို ကိုယ်တိုင်ပုံဖော် လုပ်ဆောင်ခွင့်တွေရရှိဖို့ မြန်မြန်စာရင်းလာသွင်းကြပါဗျ။

Online မှာမရှိပါက 09751775620 ကို Basic Training လို့ sms ပို့ထားလို့ရပါတယ်ဗျ။
Wei Linn Phyoe

ဖတ်ရှုလေ့လာ ပန်းချီစာ _ ၁      အတတ်ပညာတစ်ခုကို ထဲထဲဝင်ဝင် တတ်သိနားလည်ဖို့ ၎င်းအတတ်ပညာနှင့် ပတ်သက်သော စာတိုပေစများကို ရှာ...
10/10/2023

ဖတ်ရှုလေ့လာ ပန်းချီစာ _ ၁

အတတ်ပညာတစ်ခုကို ထဲထဲဝင်ဝင် တတ်သိနားလည်ဖို့ ၎င်းအတတ်ပညာနှင့် ပတ်သက်သော စာတိုပေစများကို ရှာဖွေဖတ်ရှုလေ့လာဖို့လည်း လိုအပ်ပါတယ်။
ပန်းချီနှင့် ပတ်သက်ဆက်နွယ်သော စာပေများကို ရှာဖွေစုဆောင်း မိသမျှ ပြန်လည်မျှဝေတင်ပြပေးမည် ဖြစ်သောကြောင့် ပန်ခီလူမှုကွန်ရက် စာမျက်နှာအား စောင့်ကြည့်ပေးပါဟု ဆန္ဒပြုရင်း ၂၀၀၈ ခုနှစ် ဇွန်လထုတ် ပညာတန်ဆောင်စာစဉ် အခြေခံပန်းချီပညာကဏ္ဍမှ ဆရာကြီးဦးရွှေစိန်(ပညာရေး) ၏ လူပုံရေးဆွဲခြင်း သင်ခန်းစာအား မျှဝေတင်ပြလိုက်ပါသည်။

#ပန်ခီ
အောက်တိုဘာ ၁၀ ရက် ၂၀၂၃

မျဉ်းကောက်(Curve Line)____________________မျဉ်းကောက်ကို လေ့လာရာတွင် ယေဘုယျအားဖြင့် အမျိုးအစား သုံးမျိုးတွေ့နိုင်ပါတယ်......
03/11/2021

မျဉ်းကောက်(Curve Line)
____________________

မျဉ်းကောက်ကို လေ့လာရာတွင် ယေဘုယျအားဖြင့် အမျိုးအစား သုံးမျိုးတွေ့နိုင်ပါတယ်...။
၄င်းတို့မှာ_
(၁)မျဉ်းခုံး(Convex Line)
(၂)မျဉ်းခွက်(Concave Line)
(၃)စက်ဝိုင်းမျဉ်း(Circular Line) တို့ပဲဖြစ်ပါတယ်...။

မျဉ်းတွေကို လေ့ကျင့်ရေးဆွဲရာမှာ ဘယ်မှညာသို့ လက်ယာရစ် ရေးဆွဲကြတာများပါတယ်။
မျဉ်းကြောင်း၏ လားရာနှင့် ခဲတံထိပ်ဖျားမှာ 90° ထောင့်မှန်အနေအထားရှိရပါမယ်။ ပုံများတွင်လေ့လာကြည့်ပါ။


မျဉ်းကြောင်းများ (Lines)_________________ပုံဆွဲပညာတွင် ပထမဦးစွာ လေ့လာရမည်မှာ မျဉ်းကြောင်းများအကြောင်းဖြစ်ပါသည်။ မျဉ်းကြေ...
03/11/2021

မျဉ်းကြောင်းများ (Lines)
_________________

ပုံဆွဲပညာတွင် ပထမဦးစွာ လေ့လာရမည်မှာ မျဉ်းကြောင်းများအကြောင်းဖြစ်ပါသည်။

မျဉ်းကြောင်းများအကြောင်းမလေ့လာမှီ ``မျဉ်းများအစ အစက်(point)က´´ဟု မှတ်သားရပါမည်။ အဆိုပါ အစက်ကလေးများ တစ်ခုနှင့်တစ်ခု ဆက်နွယ်သွားကာ မျဉ်းကြောင်းများဖြစ်ပေါ်လာခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် ပန်းချီပညာ၏ အခြေခံအကျဆုံး အဓိက အကြောင်းအရာမှာ ``အစက်(point)´´ ဟုမှတ်သားရပါမည်။

မျဉ်းကြောင်း(Line) သည် အခြေခံကောက်ကြောင်း(Outline)၏ အစပင်ဖြစ်သည်။ မျဉ်းကြောင်းများကိုလေ့လာရေးဆွဲရာတွင် အဓိကအားဖြင့် မျဉ်းဖြောင့်(Straight Line) နှင့် မျဉ်းကောက်(Curve Line) ကို လေ့ကျင့်ရေးဆွဲရပါမည်။

မျဉ်းဖြောင့်(Straight Line) ကို သုံးမျိုးခွဲ၍ လေ့လာနိုင်သည်။

၄င်းတို့မှာ

(၁) မျဉ်းလဲ(Horizontal Line)
(၂) မျဉ်းမတ်(Vertical Line)
(၃) မျဉ်းစောင်း(Diagonal Line) တို့ဖြစ်ကြသည်။

(၁) မျဉ်းလဲ (Horizonatl Line)

မျဉ်းလဲသည် ရေပြင်ညီမျဉ်းကဲ့သို့ 180 ° အတိုင်း အလျားလိုက် လဲလျောင်းနေသောမျဉ်းဖြစ်သည်။ တစ်နည်းအားဖြင့် မျက်စိမျဉ်းတန်း (Eye Level)အတိုင်း သို့မဟုတ် မျက်စိမျဉ်းတန်းနှင့် ပြိုင်လျက် တည်ရှိသောမျဉ်းဖြစ်သည်။

(၂) မျဉ်းမတ် (Vertical Line)

မျဉ်းမတ်သည် မျက်စိမျဉ်းတန်းအား 90° ဒေါင်လိုက်အနေအထားဖြင့်ဖြတ်ကာ မတ်လျက်တည်ရှိသောမျဉ်းဖြစ်သည်။ ကြည့်သူ၏ အနေအထားအတိုင်း ဒေါင်လိုက်အနေအထားဖြင့်တည်ရှိသည်။
တစ်နည်းအားဖြင့် ၄င်းမျဉ်းအား နှာခေါင်းမျဉ်း(Spectitor Line)ဟုလည်း ခေါ်ဆိုကြသည်။

(၃) မျဉ်းစောင်း (Diagonal Line)

စောင်းလျက်အနေအထားဖြင့် တည်ရှိသောမျဉ်းဖြောင့်တိုင်းကို မျဉ်းစောင်းဟုခေါ်သည်။ တစ်နည်းအားဖြင့် မျဉ်းယိုင်(Oblique Line) ဟုလည်းခေါ်ကြသည်။ မျဉ်းယိုင်တွင် ထပ်မံ၍ နှစ်မျိုးခွဲ လေ့ကျင့်ရသည်။ ဘယ်ယိုင်နှင့် ညာယိုင် ဟူ၍ဖြစ်သည်။

အထက်ပါမျဉ်းဖြောင့်များအား လေ့ကျင့်ရေးဆွဲရာတွင် မျဉ်းကြောင်း၏ လားရာနှင့် ခဲတံအသွားသည် ၉၀° ထောင့်မှန်အနေအထားဖြစ်အောင် ရေးဆွဲသည့်လက်အနေအထားကို လေ့ကျင့်ယူရမည်ဖြစ်သည်။

(စာကို မှတ်သားရန် copy ယူမည်ဆိုပါက အောက်ပါ Name အတိုကောက်နှင့် Page အမည်ကို ချန်ထားမခဲ့ရန် မေတ္တာရပ်ခံပါသည်။)


Address

Corner Of Mindama Street And Parami Road
Yangon

Website

Alerts

Be the first to know and let us send you an email when Pan Khi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Pan Khi:

Shortcuts

Share

Category