Nyi Nyi Htwe - Knowledge Sharing

Nyi Nyi Htwe - Knowledge Sharing

Share

I created this page to share some knowledge that will help some people in their workplace.

13/01/2026

See You Tomorrow

2026 မှာ လူငယ်တစ်ယောက်အနေနဲ့ Personal Brand စတည်ဆောက်ရင်းနဲ့ပဲ နှစ်သစ်ကို အစပျိုးလိုက်ကြရအောင်။

ဒီနေ့ခေတ်မှာ
📌 အလုပ်အကိုင်ရှာရင်ပဲဖြစ်ဖြစ်
📌 Career တိုးတက်ချင်ရင်ပဲဖြစ်ဖြစ်
📌 Online / Offline ဘယ်နေရာမဆို

ကိုယ့်နာမည်၊ ကိုယ့်ပုံရိပ် (Personal Brand) ကၐ
အခွင့်အလမ်းတွေကို ဖွင့်ပေးနိုင်တဲ့ သော့ချက်တစ်ခု အဖြစ်လည်း ပံ့ပိုးပေပါတယ်။

ဒါကြောင့်
Shaping & Building Your Personal Brand ဆိုတဲ့
Online Training Program ကို
လူငယ်တွေအတွက် အထူးရည်ရွယ်ပြီး FREE စီစဉ်ထားပေးပါတယ် 🌱

📅 သင်တန်းရက်စွဲ
👉 ၂၀၂၆၊ ဇန်နဝါရီ ၁၄ ရက် နှင့် ၁၅ ရက်

⏰ အချိန်
👉 ည ၆ နာရီခွဲ မှ ည ၈ နာရီခွဲ ထိ

💻 သင်ကြားမည့် Platform
👉 Online (Zoom Platform)

ဒီ Training မှာ—
- Brand တစ်ခုရှိထားမှုရဲ့ အရေးကြီးမှု
- Brand တစ်ခု တည်ဆောက်ရန် ဘာတွေလိုအပ်သလဲ
- လက်ရှိ ကိုယ့်ရဲ့ Brand က အခြေအ‌နေ ဘယ်လိုရှိပါသလဲ
- ကိုယ့် Brand ကို ပိုကောင်းလာအောင် ဘာတွေ ပြုပြင်သင့်သလဲ
- ကိုယ်လိုချင်တဲ့ Brand တစ်ခုကို ဘယ်လို တည်ဆောက်ကြမလဲ
- ကိုယ့်အားသာချက်ကို ဘယ်လိုရှာမလဲ
- ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် ဘယ်လိုတည်ဆောက်မလဲ
- လူတွေကို ယုံကြည်လာအောင် ဘယ်လိုလုပ်မလဲ
- 2026 မှာ လူငယ်တွေလိုအပ်တဲ့ Personal Brand Mindset

တွေကို လက်တွေ့ကျကျ မျှဝေပေးသွားမှာပါ 💡

📍 ၂ ရက်သာ — အချိန်တို၊ အကျိုးများ
📍 Online ဖြစ်လို့ နေရာမရွေး တက်လို့ရပါတယ်

📢 စိတ်ဝင်စားတယ်ဆိုရင်
၁။ Page ကို Like and Follow လုပ်လိုက်ပါ
၂။ Page ကို Like and Follow လုပ်ထားတဲ့ SS လေးကို comment မှာ မန်ခဲ့ပါ
၃။ အောက်က လင့်ထဲ၀င်ပြီး enroll ပေးလိုက်လို့ ရပါပြီ။

Enroll Link👇
https://forms.gle/JW5C9r7mmPqiTNPk8

Zoom လင့်ကို Email နှင့် Telegram Group တို့ကနေ ချပေးသွားမှာဖြစ်လို့ Telegram Group လေးလည်း Join ထားဖို့ လိုအပ်ပါတယ်။

Telegram Link 👇
https://t.me/+0Fkwwtk_OINjMzFl

👉 2026 မှာ ကိုယ့်နာမည်ကို လူတွေမှတ်မိစေချင်ရင်
Personal Brand ကို အခုကစပြီး တည်ဆောက်လိုက်ပါ။

Zoom Class မှာ တွေ့ကြမယ်နော် 💻✨

Development Squad
Unlock Your Potential

10/01/2026

လုပ်ငန်းခွင်မှာ မကြာခဏတွေ့နေရသော ပြဿနာတစ်ခုဖြစ်တဲ့
အလုပ်ခွဲဝေမှု (Job Delegation) နဲ့ပတ်သက်ပြီး မျှ‌ေ၀ပေးလိုက်ပါတယ်

လုပ်ငန်းတိုးတက်ဖို့ဆိုရင် အလုပ်ခွဲဝေမှုကို မှန်ကန်စွာ လုပ်နိုင်ဖို့လိုပါတယ်

Job Delegation ဆိုတာ
ကိုယ့်အလုပ်ကို အခြားသူကို လွှဲပေးတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။
လူတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခြင်း၊ စနစ်တကျ တည်ဆောက်ခြင်း၊ ယုံကြည်မှု ဖန်တီးခြင်း ပါ။

ဒါပေမဲ့ အလုပ်ခွဲ‌ေ၀တဲ့အခါမှာ ခွဲ‌ေ၀ပေးသူနှင့် လက်ခံယူသူဆိုပြီး ၂ ဖက်စလုံးမှာ ပြဿနာလေးတွေ ရှိတတ်ပါတယ်
ဒါတွေကို သိထားဖို့လိုလို ဒါလေးတွေကို အရင်လေ့လာကြည့်ရအောင်
ပြီးမှ ကျနော်တို့ ဘယ်လို Job Delegation လုပ်မလဲ ဆိုတာ လေ့လာကြတာပေါ့

လက်ခံယူသူဘက်မှ

- တာဝန်ယူဖို့ ကြောက်ခြင်း
- ကိုယ့်ကိုယ်ကို မယုံကြည်ခြင်း
- အလုပ်များလွန်းခြင်း
- အားပေးမှု မရရှိခြင်း
- လုံလောက်တဲ့ Skill and Ability မရှိခြင်း
- လုပ်ငန်း Process တစ်ခုလုံးကို နားလည်ထားမှု မရှိခြင်း
- ဘာကြောင့်လုပ်ရပြီး ဘယ်အချိန်မှာ ဘယ်လို Result ထွက်အောင် လုပ်ရမည်ကို မသိရှိခြင်း
- အလုပ်သာ လက်ခံရရှိပြီး လုပ်ပိုင်ခွင့်(Authority) အပြည့်အ၀ မရရှိခြင်း

အလုပ်ခွဲ‌ေ၀ပေးသူဘက်မှ

- ကိုယ်တိုင်လုပ်ရင် ပိုကောင်းမယ်လို့ ထင်ခြင်း
- လက်ခံယူမည့်သူအပေါ် ယုံကြည်မှုမရှိခြင်း
- အမှားကို မခံနိုင်ခြင်း
- လက်ခံယူသူက ပိုတတ်ကျွမ်းနားလည်ပြီး သူ့ထက်သာလွန်သွားမှာကို တွေးကြောက်နေခြင်း
- သူတစ်ဦးတည်းကသာလျှင် ဒီအလုပ်ကို အကောင်းဆုံးလုပ်နိုင်တယ်လို့ တွေးထင်နေခြင်း
- အာဏာနဲ့ ဆုံးဖြတ်ခွင့် မပေးလိုခြင်း
- လက်ခံယူသူအား လက်ရှိအခြေအနေမှာပင် အလုပ်တွေ အတော်များနေပြီး အလုပ်ရှုပ်နေတယ်လို့ မြင်နေခြင်း
- အလုပ်ခွဲ‌ေ၀ပေးဖို့ အချိန်မရှိခြင်း

ဒါတွေက ၂ ဖက်လုံးမှာ ဖြစ်တတ်တဲ့ barrier လေးတွေပါ

ဒါပေမဲ့တစ်ခါတစ်လေ ဦးဆောင်နေတဲ့ manager/leader တွေရဲ့ အားနည်းချက်ကြောင့်လည်းJob Delegation ကောင်းကောင်း လုပ်မပေးနိုင်တာတွေရှိပါတယ်

ဘယ်လိုတွေကြောင့်လဲဆိုတော့

- လူဖွံဖြိုးရေးကို အားမပေးခြင်း
- လူမှုပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းခြင်း
- Team members တစ်ဦးချင်းစီရဲ့ ဖြစ်ချင်တဲ့ ရည်မှန်းချက်,အလားအလာရှိမှု, စိတ်၀◌င်းစားမှုနှင့် ကျွမ်းကျင်မှုတွေကို နားမလည်ခြင်း
- ဌာနတစ်ခုလုံးရဲ့ အရေးကြီးတဲ့အလုပ်တွေကို နားမလည်ခြင်း
- Team members တွေရဲ့ Work Load ကို Assess မလုပ်နိုင်ခြင်း

ဒါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီကာလ ၀◌န်ထမ်းအ၀◌င်အထွက်များတဲ့ကာလမှာ ပိုပြီး သတိထားလုပ်ဆောင်သင့်ပါတယ်။

ဒါဆိုကျနော်တို့ Job Delegation ကို ဘယ်လို လုပ်ကြမလဲ

ဒီမှာ အလုပ်ခွဲဝေပေးရာမှာ တကယ်အသုံးဝင်တဲ့
အတွေ့အကြုံအခြေခံ သင်ခန်းစာ ၆ ချက် ကို မျှဝေပေးပါမယ် 👇

1️⃣ ဒီအလုပ်ကို (ဘာကြောင့်) ဘာရည်ရွယ်ချက်နဲ့ လုပ်ရသလဲဆိုတာကို နားလည်အောင် ရှင်းပြပေးပါ။

2️⃣ ဒီအလုပ်ကနေ ဘယ်လို Result တွေ ရအောင်လုပ်ဆောင်ရမယ်ဆိုတာကိုလည်း သတ်မှတ်ပေးပါ။

3️⃣ ဒီအလုပ်ကို လုပ်ကိုင်တယ်ဆိုရင် ဘယ်လို လုပ်ပိုင်ခွင့်(Authority) ရှိတယ်ဆိုတာကိုပါ သတ်မှတ်ပေးပါ။

4️⃣ ဒီအလုပ်ကို ဘယ်အချိန်(လ တစ်လရဲ့ ဘယ်ရက်)မှာ ပြီးရမယ်ဆိုတာ သတ်မှတ်ပြီး သဘောတူညီမှု ယူပါ

5️⃣ အလုပ်အကြောင်းအားလုံးရှင်းပြပြီးပါက ဘာမေးစရာရှိလဲဆိုတဲ့ feedback ကို တောင်းပါ

6️⃣ Monitor လုပ်မဲ့ အစီအစဉ်ကို ရှင်းပြပေးပါ

အတွေ့အကြုံ အရတော့
Delegation မလုပ်နိုင်တဲ့ ခေါင်းဆောင်တွေက အရမ်းပင်ပန်းတယ်။
Delegation ကောင်းတဲ့ ခေါင်းဆောင်တွေကတော့
Team ကို ခိုင်မာအောင် တည်ဆောက်နိုင်ပါတယ်။

👉 သင်အလုပ်မှာ အခက်အခဲဆုံး Job Delegation ပြဿနာက ဘာလဲ? Comment မှာအချိန်ရရင် မျှဝေခဲ့နိုင်ပါတယ်။

08/01/2026

"ကိုယ့်ဘ၀အတွက် အချိန်ကို စီမံပါ"

အချိန်ကို စီမံတယ်ဆိုတာ ဘ၀ကို စီမံတာနဲ့ အတူတူပါပဲ
အချိန်ကို မစီမံနိုင်ရင် ဘဝကို မစီမံနိုင်ဘူး

လူအများစုက
“အချိန်မလုံလောက်ဘူး အချိန်မရှိဘူး” လို့ ပြောတတ်ကြပါတယ်။

တကယ်တော့
"အချိန်မရှိတာ မဟုတ်ပါဘူး။ အချိန်ကို မစီမံနိုင်တာပါ။"

အချိန်စီမံခန့်ခွဲမှု (Time Management) အတွက်
အရေးကြီးတဲ့ အချက် ၄ ချက်ကို မျှဝေပေးလိုက်ပါတယ်

1️⃣ အရေးကြီးတာနဲ့ အရေးမကြီးမတာကို ခွဲခြားတတ်ရမယ်
အလုပ်အားလုံးက အရေးကြီးတာ မဟုတ်ပါဘူး။
ဒါကြောင့် အရေးကြီးတဲ့ အလုပ်ကို ဦးစားပေးလုပ်ဆောင်ပါ။

2️⃣ တစ်နေ့တာအတွက် မဖြစ်မနေ လုပ်ရမယ့် အလုပ် ၃ ခုကိုသာ ရွေးပြီးပါ။
နေ့စဉ် To-do list အရှည်ကြီး မရေးပါနဲ့။
အရေးကြီးဆုံး ၃ ခုလောက်ဆိုရင် လုံလောက်ပါတယ်။

3️⃣ အချိန်ကို Block လုပ်ပြီး လုပ်ပါ
လုပ်ရမယ့် အလုပ်တိုင်းအတွက်
အချိန်ကန့်သတ်ပေးထားရင် အလုပ်ကို ပိုပြီး အာရုံစိုက်နိုင်ပါတယ်။

4️⃣ အလုပ်မဟုတ်တဲ့ အရာတွေကို လျှော့ပါ
Social media, အလွန်အကျွံ ဖုန်းသုံးတာတွေက
သင်ရဲ့ အချိန်ကို တိတ်တိတ်လေး ခိုးယူနေပါတယ်။

ဒီအချက်တွေထဲကဆိုရင် သင်အတွက်က ဘယ်အချက်က အခက်ခဲရှိတဲ့အချက် ဖြစ်မလဲ?

NNH (TDC)
Be the Best

06/01/2026

📘 သင်ယူလိုစိတ်ကို ပိတ်မိစေမဲ့ အချက် ၅ ချက်

မှန်ကန်တဲ့ သင်ယူနည်း ကို မသိရင်
အချိန်ကုန်၊ အားကုန် ဖြစ်သွားနိုင်ပါတယ်။

ဒီမှာ သင်ယူတဲ့အခါ သင်ယူလိုစိတ်ကို ပိတ်မိစေမဲ့ အချက် ၅ ချက်ကို မျှဝေပေးလိုက်ပါတယ်

1️⃣ သင်ယူတာကို မလုပ်ဘဲ သိတာနဲ့ပဲ ကျေနပ်နေတာ
သိထားတာနဲ့ လုပ်နိုင်တာ မတူပါဘူး။
မလုပ်နိုင်ဘူးဆိုရင် တိုးတက်မှု မဖြစ်ပါဘူး။

2️⃣ အချက်အလက်များသိတာကို ဗဟုသုတများများ လို့ ထင်နေတာ
အချက်အလက်များတာက ဗဟုသုတ မဟုတ်ပါဘူး။
နားလည်ပြီး အသုံးချနိုင်မှသာ ဗဟုသုတ ဖြစ်ပါတယ်။

3️⃣ တစ်ခါတည်း အားလုံး သိချင်တာ
သင်ယူခြင်းက ခရီးရှည်တစ်ခုပါ။
နေ့တိုင်း နည်းနည်းစီ သင်ယူတာက ပိုထိရောက်ပါတယ်။

4️⃣ ကိုယ့်ကိုယ်ကို မေးခွန်းပြန်ပြီးမမေးတာ
“ဘာကြောင့်လဲ?”
“ဘယ်လို အသုံးချမလဲ?”
ဒီမေးခွန်းတွေ မေးရင် သင်ယူမှုဟာ ပိုမိုနက်ရှိုင်းလာပါတယ်။

5️⃣ သင်ယူပြီး ပြန်လည်မမျှဝေတာ
ပြန်လည်မျှဝေခြင်းက သင်ယူမှုကို ပိုမိုခိုင်မာစေပါတယ်။
အခြားသူတွေကို ရှင်းပြနိုင်ရင် ကိုယ်တိုင်လည်း ပိုနားလည်လာပါတယ်။

သင့်မှာရော ဘယ်အချက်တွေ ပြုလုပ်တတ်လေ့ရှိလဲ
ရှိခဲ့ရင် ဒီနေ့ပဲ စပြင်ဆင်လိုက်ပါ.....

NNH (TDC)
Be the Best

05/01/2026

အောင်မြင်သူများ မတူကွဲပြားတဲ့ အတွေးအခေါ် ၅ ချက်

လူတိုင်း အလုပ်လုပ်တယ်။

ဒါပေမယ့် လူတိုင်း မတိုးတက်နိုင်ပါဘူး။

ကွာခြားချက်က
👉 အတွေးအခေါ် (Mindset) မှာပါ။

အောင်မြင်သူတွေမှာ တွေ့ရတတ်တဲ့
အတွေးအခေါ် ၅ ချက်ကို မျှဝေပေးပါမယ်

1️⃣ ပြဿနာကို အခွင့်အလမ်းအဖြစ် မြင်တတ်တယ်
ပြဿနာဆိုတာ ရပ်တန့်စရာ မဟုတ်ပါဘူး။
တိုးတက်ဖို့ အခွင့်အလမ်းပါ။

2️⃣ အမှားကို သင်ခန်းစာအဖြစ် ခံယူတတ်တယ်
အမှားလုပ်မိတာ ရှက်စရာမဟုတ်ပါဘူး။
အမှားကနေ မသင်ယူဘူးဆိုရင်သာ ရှက်စရာ (သို့) ပြဿနာ ဖြစ်ပါတယ်။
3️⃣ ရလဒ်ထက် လုပ်ငန်းစဉ်ကို အာရုံစိုက်တတ်တယ်
ရလဒ်က အချိန်နောက်ကျမှ လာတတ်ပါတယ်။
ဒါပေမယ့် လုပ်နေတဲ့ လုပ်ငန်းစဉ်က အမြဲ လက်ရှိမှာရှိပါတယ်။

4️⃣ တိုးတက်ဖို့ အမြဲ သင်ယူတတ်တယ်
သိပြီးသားဆိုပြီး မရပ်တန့်ပါဘူး။
အသစ်အသစ်တွေကို အမြဲ လေ့လာတတ်ပါတယ်။

5️⃣ ကိုယ်တိုင်တာဝန်ယူတတ်တယ်
အပြစ်တင်ခြင်းထက်
ကိုယ်တိုင် ဘာလုပ်နိုင်လဲဆိုတာကို စဉ်းစားတတ်ပါတယ်။

သင်ရော ဘယ်အချက်တွေ ပိုင်ဆိုင်နေပြီလဲ

NNH (TDC)
Be the Best

03/01/2026

ကိုယ်ဘ၀တိုးတက်ဖို့ ကိုယ်မှာပဲ တာ၀န်ရှိဆိုသလို
ကိုယ့်ဘ၀ ကိုယ်ကျောင်းကြရမှာပဲ။

ကိုယ့်ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော် လက်ရှိ ခံယူကျင့်သုံးနေတဲ့ အချက် ၃ ချက်

1️⃣ Motivation ထက် Consistency က ပိုအရေးကြီးတယ်။

2️⃣ အလေ့အကျင့် သေးသေးလေးတွေက အချိန်ကြာလာရင် ကြီးမားသောပြောင်းလဲမှု ဖြစ်စေတယ်။

3️⃣ အသက်ဘယ်လောက်ရှိရှိ သင်ယူခြင်းကို မရပ်သင့်ဘူး။

NNH (TDC)

01/01/2026

Happy New Year 2026



Learning & Development Sector ထဲမှာ ၁၀ နှစ်ကျော် အတွေ့အကြုံကို အခြေခံပြီး ကိုယ့်ဘာသာ ပြန်လည်သုံးသပ်ချက်

၁၀ နှစ်ကျော်ကြာပြီဖြစ်တဲ့ ကျွန်တော် Learning & Development လောကထဲကို ၀င်လာခဲ့တာက “လူတွေကိုတိုးတက်အောင်လုပ်ပေးချင်တဲ့စိတ်” တစ်ခုတည်းနဲ့စခဲ့တာပါ

ကျွန်တော်မှာ
📍 ကျွမ်းကျင်မှု မရှိ
📍 အတွေ့အကြုံလည်း မရှိ
📍 လေ့လာမှုကပဲ အရာအားလုံးပြောင်းလဲနိုင်တယ် ဆိုတဲ့ ခံယူချက်နဲ့သာ လုပ်ခဲ့တယ်

ဒါပေမယ့် ဒီ ၁၀ နှစ်ကျော်အတွင်းမှာ ကျွန်တော် တွေ့မြင်ခဲ့ရတဲ့အများစုက

- စိတ်အားငယ်သူမှ ယုံကြည်ချက်ရှိသူတွေ ဖြစ်လာစေတာ

- ယုံကြည်ရတဲ့အသင်းအဖြစ် ပြန်လည်ဖွဲ့စည်းတည်ဆောက်နိုင်စေတာ

- ညွှန်ကြားသူတွေအဖြစ်ကနေ သင်ပြပေးနိုင်တဲ့ခေါင်းဆောင်တွေဖြစ်လာစေတာ

- ကိုယ့်ဘာသာမသိသေးတဲ့အားသာချက်တွေ ရှာတွေ့စေခဲ့တာ

ကျွန်နော်
- အမှားတွေလုပ်ခဲ့တယ်
- ဒီအမှားတွေကိုပဲ အခြေခံပြီး အပြန်အလှန်သင်ယူခဲ့ရတယ်
- သင်ဆရာ မြင်ဆရာ ကြားဆရာတွေဆီက လေ့လာပြီး အမြဲတိုးတက်ဖို့ ဂရုစိုက်လုပ်နေခဲ့တယ်

ဒီနေ့ ကျွန်တော် ဂုဏ်ယူတာက "လေ့လာသင်ယူချင်တဲ့စိတ်ကလေးကို မရပ်လိုက်ခြင်း"အတွက်ပါ

-------၁၀ နှစ်ကျော်ကြာ ပြန်လည်လေ့လာသင်ယူမိတဲ့အချက်များ----------

- အသိပညာက ကျွမ်းကျင်မှုကိုပြောင်းလဲတတ်တယ် (Knowledge changes skill.)

- Training က Performance ကိုပြောင်းလဲတတ်တယ် (Training changes performance.)

- Mindset က အနာဂတ်ကိုပြောင်းလဲတတ်တယ် (Mindset changes the future.)

- မှန်ကန်တဲ့ ပတ်၀န်းကျင်က အရာအားလုံးကို ပြောင်းလဲ ပေးတတ်တယ် (The right environment changes everything.)

ဆိုတဲ့ အချက်လေးတွေပါပဲ။

"ရည်မှန်းချက်အသစ်"

1. To help more people grow intentionally.
2. To build learning cultures, not just training rooms.
3. To support leaders who want to lead with empathy, not authority.

မိတ်ဆွေက ဒီစာကိုဖတ်နေတယ်ဆိုရင်…
----- မရပ်လိုက်ပါနဲ့ ဆက်ရွေ့နေပါ.. နည်းနည်းချင်းရွေ့တာကပဲ ခရီးရှည်ကို ရောက်စေမှာပါ။
----- ယုံကြည်မှုရှိပြီး ပြည့်စုံပြီဆိုမှ စလုပ်မယ်ဆိုတဲ့အတွေးနဲ့ မလုပ်ပါနဲ့ အခုပဲ ကိုယ်လုပ်နိုင်တာလေးကပဲ စပြီးလုပ်လိုက်ပါ။
----- အခြားသူတွေရဲ့ ယုံကြည်မှုကို မရရင်ခင် ကိုယ့်ဘာသာ အရင်ဆုံး ယုံကြည်မှုတည်ဆောက်ရတယ် ဆိုတာ မမေ့ပါနဲ့။

Nyi Nyi Htwe (TDC)

23/10/2024
Photos from Development Squad's post 15/03/2024

In Class joinဖို့ အဆင်မပြေသူများ အတွက်

11/02/2024

Thank Dy CEO

လိုရင်းတိုရှင်းနဲ့ အနှစ်တွေပဲ orientation training မှာ လာရောက်မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ 😊

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


16 A, 4B, Thiri Street, 2 Ward, Thiri Street, Hlaing Township
Yangon
11051

Opening Hours

Monday 17:00 - 20:00