GIScope

GIScope We are sharing GIS & RS and Geography Knowledges.

12/06/2022

မင်္ဂလာပါခင်ဗျာ
ဒီတစ်ခေါက်မှာတော့ ကျွန်တော်ရဲ့ မိတ်ဆွေသူငယ်ချင်းများအတွက် ArcGIS ဆော့ဖ်ဝဲ Installation Tutorial လေးကိုမျှဝေလိုက်ပါတယ်





27/04/2022

မင်္ဂလာပါခင်ဗျာ
ဒီတစ်ပတ်မှာတော့ Satellite တွေရဲ့ Active Sensor နဲ့ Passive Sensor ရဲ့အလုပ်လုပ်ပုံလေးကို လိုရင်းတိုရှင်းလေး တင်ပြလိုက်ပါတယ်ခင်ဗျာ...




10/04/2022

Introduction to the Electromagnetic Spectrum

မင်္ဂလာပါခင်ဗျ ဒီတစ်ပတ်မှာတော့ Electromagnetic Spectrum အကြောင်းလေးကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ




12/03/2022

မင်္ဂလာပါဗျ....
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ Remote Sensing ဆိုတဲ့ ဝေါဟာရဲ့ သဘောတရားအကြောင်းလေးကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ...



28/11/2021

What is GIS?

ဒီနေ့ ကတော့ 🌎Geographic Information Systems (GIS) နည်းပညာစနစ်ရဲ့ အထိမ်းအမှတ်နေ့  GIS Day ဖြစ်ပါတယ်ခင်ဗျGIS Day ကို အမေရိ...
17/11/2021

ဒီနေ့ ကတော့ 🌎Geographic Information Systems (GIS) နည်းပညာစနစ်ရဲ့ အထိမ်းအမှတ်နေ့ GIS Day ဖြစ်ပါတယ်ခင်ဗျ

GIS Day ကို အမေရိကန်နိုင်ငံမှာ နှစ်စဉ် နိုဝင်ဘာလ တတိယပတ်တိုင်း ကျင်းပပြုလုပ်လေ့ရှိတဲ့ Geography Awareness Week ထဲက တစ်ရက် ကို GIS နေ့အဖြစ် ၁၉၉၉ ခုနှစ်မှစတင်ပြီးတော့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်...

အဲဒီအချိန်ကနေစပြီးတော့ နှစ်စဉ် နိုဝင်ဘာလ တတိယအပတ်ရဲ့ (ဗုဒ္ဓဟူးနေ့ ) ကို GIS Day အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပပြုလုပ်လာကြတာဖြစ်ပါတယ်...

ယခုနှစ်၂၀၂၁ ခုနှစ်မှာတော့ နိုဝင်ဘာလ (၁၇) (ဗုဒ္ဓဟူးနေ့) မှာကျရောက်တာဖြစ်ပါတယ်...

ကျွန်တော်တို့ GIS Day လို့ပြောတဲ့အခါမှာ Geography Awareness Week ကိုလည်းချန်ထားခဲ့လို့မရတဲ့အတွက် ကျွန်တော်တို့လေ့လာထားမိသလောက်မျှဝေပေးပါရစေခင်ဗျ

🤔Geography Awareness Week ဘယ်လိုဖြစ်ပေါ်လာတာလဲ?

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က အမေရိကန်လူငယ်တွေဟာ ပထဝီဝင်နဲ့ဆိုင်တဲ့ သိသင့်သိထိုက်တဲ့ဗဟုသုတတွေနည်းပါးနေပြီးတော့ ဆုံးဖြတ်ချချတဲ့နေရာမှာ ထိရောက်ရောက်တဲ့ဆုံးဖြတ်ချက်တွေကို ချနိုင်စွမ်းနည်းပါးနေခဲ့တာကို ပညာရှင်တွေကသတိပြုမိခဲ့ပါတယ်...အဲဒီအတွက် ပထဝီဝင်ဆိုင်ရာပညာရပ်ရဲ့ အားနည်းနေတဲ့ပညာရေးစနစ်ကို မြှင့်တင်ဖို့နဲ့ နေ့စဉ်ဘဝရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပထဝီဝင်ဘာသာရပ်ရဲ့အရေးပါမှုကို လူတွေရဲ့စိတ်မှာ သိရှိနိုးကြားလာစေဖို့အတွက် ပထဝီဝင်ဆိုင်ရာ အသိပညာပေးသတင်းပတ် (Geography Awareness Week) ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်...

🙋ဘယ်သူတွေကသတ်မှတ်ပေးခဲ့တာလဲ?

Geography Awareness Weekကို ၁၉၈၇ ခုနှစ် အမေရိကန်နိုင်ငံရဲ့ ၄၀ ယောက်မြောက်သမ္မတ Ronald Reagan လက်ထပ်မှာ Presential Proclamation အဖြစ် တရားဝင်သတ်မှတ်ကြေညာခဲ့ပြီးတော့ National Geographic Education Program (NGEP) ကော်မတီကစတင်ကြီးမှုူးပြုလုပ်ခဲ့တာဖြစ်ပါတယ်...

🙋ဘယ်သူတွေကပါဝင်ဆင်နွဲကြတာလဲ?

Geography Awareness Week ကို ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအားလုံးနဲ့ ကမ္ဘာသူ ကမ္ဘာသားအားလုံး ပါဝင်ဆင်နွဲနိုင်ပါတယ်...

🙋ဘယ်လိုပါဝင်ဆင်နွှဲရမှာလဲ?

အမေရိကန်နိုင်ငံမှာတော့ National Geographic Education Program ကနေ Geography Awareness Week အတွင်းမှာ ဟောပြောပွဲတွေ၊ အုပ်စုလိုက်လှုပ်ရှားမှုကမ်ပိမ်းတွေ၊ ဂိမ်းတွေ၊ ပညာရေးအခွင့်အလမ်းပွဲတော်တွေ၊ အခြားအခြားသော ပညာပေးအစီအစဉ်တွေပြုလုပ်ကြပြီးတော့ ပါဝင်ဆင်နွှဲကြပါတယ်...

🎯Geography Awareness Week ရဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့တစ်ဦးတစ်ယောက်ချင်းစီက ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကို ဂရုစိုက်တက်ဖို့နဲ့ တာဝန်ဝတ္တရားတွေကိုသိရှိနိုင်လည်ပြီး စစ်မှန်တဲ့ ကမ္ဘာ့နိုင်ငံသားများဖြစ်လာဖို့ရည်ရွယ်ပါတယ် လို့ လေ့လာသိရှိရပါတယ်

အားလုံး ပျော်ရွင်စရာ GIS Day နဲ့ Geography Awareness Week ဖြစ်ပါစေခင်ဗျာ🙏

12/11/2021

🌏 GIScope မှ GIS (Geographic Information System) ကို စိတ်ဝင်စားသောသူများအားလုံးကို ကြိုဆိုပါတယ်ဗျ 🙏

GIScope Page လေးဟာဆိုရင်
GIS နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ နဲ့
GIS ပညာရပ်ဆိုင်ရာဗဟုသုတများကို
ဒီပေ့ချ် လေးကတဆင့် ကျွန်တော်တို့ လက်လှမ်းမှီသလောက် 🕵️‍♂️👨‍💻မျှဝေပေးဖို့ရည်ရွယ်ပါတယ်ခင်ဗျာ…

11/11/2021

Welcome to GIScope!

Address

Yangon
Yangon
11191

Website

Alerts

Be the first to know and let us send you an email when GIScope posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to GIScope:

Shortcuts

Share