Moonlight Online Class

Moonlight Online Class Improve your confidence in English speaking with Moonlight Online Class. Fees MMK. 25000 monthly

New classes are coming soon.
12/06/2022

New classes are coming soon.

09/06/2022

ကလေးတစ်ယောက်မေးထားတဲ့ 'get with the program' ရဲ့ အဓိပ္ပါယ်နဲ့ အသုံးပြုပုံလေးကို ဝေမျှပေးလိုက်ပါတယ်။
Get with the program ဆိုတာ idiom တစ်ခုပါ။
နေ့စဥ်စကားပြောမှာ အသုံးများပါတယ်။

အဓိပ္ပါယ်ကတော့
Do what is expected of one.
လူတစ်ယောက်က လုပ်စေချင်တဲ့အတိုင်း လုပ်ဆောင်ပေးရတာမျိုးပါ။

ဥပမာလေးနဲ့ ကြည့်ရအောင်

"Don't waste time and get with the program'', said the manager. အချိန်ကုန်မခံနဲ့ ကျွနိုပ်သတ်မှတ်တဲ့အတိုင်းပဲလုပ်လို့ မန်နေဂျာက ပြောခဲ့တယ်။

His boss told him that he'd better get with the program if he wants to keep his job.
အလုပ်ဆက်လုပ်မယ်စိတ်ကူးရှိရင် လုပ်စေချင်တဲ့အတိုင်းလိုက်နာလုပ်ဆောင်ဖို့လိုတယ်လို့ သူ့ကို သူ့သူဌေးက ပြောခဲ့တယ်။

I'm surprised it took them so long to get with the program.
ဘယ်လိုလုပ်ရမယ်ဆိုတာ သိပြီးတာတောင် သူတို့ အချိန်အကြာကြီးယူတာ အံ့သြစရာပဲ။

Anyone who won't get with the program will certainly be weeded out.
ချမှတ်ထားတဲ့အတိုင်း မလုပ်တဲ့ဘယ်သူမဆို အလုပ်ဖြုတ်ခံရမယ်။

I recommend that job. It's easy. You just need to get with the program.
ဒီအလုပ်ကို ထောက်ခံချက်ပေးချင်တယ်။ သတ်မှတ်ထားသလို လုပ်ဖို့လေးပဲ။



9.6.2022

03/06/2022

Eventually, I've learned the value of hard work from working hard.

3.6.22

03/02/2022

I would rather surround myself with people who never turn into a deaf ear when it comes to righteousness and who have no problem admitting to the mistakes they made than surround myself with people who think what they do is always right.

3.2.22

01/02/2022

ဒီနေ့တော့ လက်မ (thumb)နဲ့ green ရယ် brown ရယ်နဲ့တွဲလို့ ဖြစ်လာတဲ့ green thumb, brown thumb စတဲ့ idiom လေးနှစ်ခုအကြောင်းပြောပြမယ်နော်။

ပထမတစ်ခုက green thumb,
I have a green thumb လို့ပြောရင် အဓိပ္ပါယ်က I am very good at growing plants/ gardening. စိုက်လိုက်တဲ့အပင်တိုင်းရှင်တယ်ဆိုတဲ့သဘောပါ။

Look at his garden. It's thriving. He has a green thumb.
Someone who has the ability to grow plants well လူကိုဆိုရင်တော့ the green-thumbed လို့ ရေးရပါတယ်။ The green-thumbed gardeners လို့လဲ ရေးလေ့ရှိပါတယ်။

အငြင်းအနေနဲ့
I've never had a green thumb because everything I try to grow dies.
ဘာအပင်စိုက်စိုက် မရှင်ဘူးပေါ့နော်။
ဒါမှမဟုတ်
I have a brown thumb_ everything I try to grow dies. ပေါ့။

British English မှာတော့
green fingersလို့သုံးပါတယ်။
My mother has green fingers. She is good at growing any kind of plants.

ဥပမာစာကြောင်းလေးတွေ ဖန်တီးလေ့ကျင့်နိုင်ကြပါစေ။

1.2.22

ဒီတစ်ခါ တချို့adjectiveတွေက veryနဲ့ထပ်တွဲပြီး ပြောဖို့မလိုတော့ဘူး ဆိုတာလေး မျှဝေချင်ပါတယ်။ ဥပမာShe is very happy. She is...
27/01/2022

ဒီတစ်ခါ
တချို့adjectiveတွေက veryနဲ့ထပ်တွဲပြီး ပြောဖို့မလိုတော့ဘူး ဆိုတာလေး မျှဝေချင်ပါတယ်။
ဥပမာ
She is very happy. She is delighted (very happy).
He is very intelligent. He is brilliant (very intelligent).
ဒါလေးတွေ လေ့လာထားတော့ very ထည့်ပြောထည့်ရေးတာ အရှိန်ထိန်းနိုင်တာပေါ့။

very big ကို ......e......? g.....?
very hungryကို f.....?
very angryကို f......?

အဲ့လိုလေးတွေရှာကြည့်ပြီး မှတ်စုလေးထည့် ရေးထည့်ထားကြစို့နော်။
အောက်မှာ​ပေးထားတာလေးတွေလဲ မှတ်ထားကြစို့နော်။ ထပ်မံဖတ်မှတ်လေ့လာကြအုံးစို့။

23/01/2022

ဒီတစ်ခါ
the best of both worldsဆိုတဲ့ idiom လေးအကြောင်းပြောပြမယ်နော်။
ကိုယ်အတွက် အခြေအနေနှစ်ခုစလုံးက အကောင်းတွေပဲဖြစ်နေရင် ဒါလေးသုံးပြီးပြောလို့ရတယ်။

ဥပမာ- ကိုယ့်အိမ်က စျေးနဲ့လည်းနီးတယ်။ အလုပ်နဲ့လည်းနီးတယ်။ ဒါဟာ သိပ်အဆင်ပြေတဲ့ အခြေအနပဲ။
I have the best of both worlds.ပေါ့

She works in the city and lives in the country. She has the best of both worlds.

She gets the best of both worlds- a wonderful family and a great job.

၂၄.၁.၂၂

Idiom လေးတွေ လေ့လာရတာ ပျော်ဖို့ကောင်းလို့ တစ်ပတ်ကို ၃ခုလောက်တော့ မျှဝေပါမယ်။ဒီနေ့အတွက် idiom လေးကThe apple doesn't fall ...
22/01/2022

Idiom လေးတွေ လေ့လာရတာ
ပျော်ဖို့ကောင်းလို့

တစ်ပတ်ကို ၃ခုလောက်တော့ မျှဝေပါမယ်။

ဒီနေ့အတွက် idiom လေးက

The apple doesn't fall far from the tree.

ယေဘုယျအားဖြင့် သားသမီးတွေရဲ့
အကောင်းအဆိုး အပြုအမူ၊ အရည်အချင်းကအစ အားလုံးဟာ မိဘတွေဆီက ရတယ်ဆိုတာ ပြောတဲ့အခါ ဒါလေးသုံးပြီးပြောကြတယ်။

၂၃.၁.၂၂

19/01/2022

ဒီနေ့မျှဝေချင်တာလေးကတော့
it's no use (doing something)
(also there's no use (doing something)ပါ။
စကားပြောတဲ့ခါ ဒါလေးကိုလည်း ခဏခဏသုံးဖြစ်ကြတာမို့ လေ့ကျင့်ထားသင့်ပါတယ်။

တစ်စုံတစ်ခုကို လုပ်တာ ဘာအကျိုးမှရှိမလာဘူး၊ ဒီလိုအချိန်မှာ သုံးလို့ရပါတယ်။

ဥပမာလေးတွေ ဆက်ကြည့်ရအောင်နော်
1.I tried to stop her, but it was no use. ငါသူမကို တားကြည့်သေးတယ်၊အချည်းအနှီးပဲ။
2. There's no use asking me about it, because I know nothing. အဲ့အကြောင်းငါ့ကိုမေးလို့ ဘာမှမထူးဘူးနော် ငါဘာမှမသိဘူး။
3. There's no use hanging the clothes on the line now because it's going to rain anyway.
မိုးကရွာတော့မှာမို့ အဝတ်တွေလှမ်းတာ ဘာမှမထူးတော့ဘူး။

အင်္ဂလိပ်စာ အသုံးအနှုန်းလေးတွေ ကြွယ်ဝစေဖို့ရည်ရွယ်တာမို့ အဆင်သင့်ရင် ခုလိုလေးတွေ တင်ပေးမယ်နော်။

ဒီpageလေးကို Like and Share လေးလုပ်ပေးခြင်းဖြင့် ဆက်လက်မျှဝေကြမယ်နော်။

ML Online Class

18/01/2022

ဒီနေ့ (there's) no point (in) (doing something)ဆိုတဲ့ အသုံးလေးအကြောင်း လေ့လာကြမယ်နော်။

For some particular action, it is useless to continue .......
ကိစ္စတစ်ခုကို အလေးထားလုပ်လို့လည်း ထူးပြီးအကျိုးရှိမလာပါဘူးပေါ့နော်။အဲ့လိုခါမျိုးမှာ ဒါလေးသုံးပြီး ပြောကြတယ်။
မကြာခဏအသုံးတည့်လို့ လေ့ကျင့်မှတ်သားထားသင့်ပါတယ်။

ဥပမာ စာကြောင်းလေးတွေကတော့
1) There is no point in getting angry because nobody cares about my feelings.

2) There is no point in lying to my parents because they will know.

3) There is no point in discussing this issue.

4) There is no point in leaving now as I will not get there on time.

There is no use....
What's the point of discussing that point?ဒီလိုအသုံးလေးတွေလည်း ဆက်လက်မျှဝေပေးအုံးမယ်နော်။

Address

Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959792748195

Website

Alerts

Be the first to know and let us send you an email when Moonlight Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Moonlight Online Class:

Shortcuts

Share

Category