28/07/2025
𝙔𝙏𝘽-𝙄𝙨𝘿𝘽 𝙟𝙤𝙞𝙣𝙩 𝙨𝙘𝙝𝙤𝙡𝙖𝙧𝙨𝙝𝙞𝙥
ဒီ Scholarship ကတော့
တူရကီနိုင်ငံမှာကျောင်းတက်လိုသူတွေအတွက် ရနိုင်မဲ့ Scholarship တွေထဲက ဒုတိယတခုဖြစ်ပြီး
တူရကီအစိုးရနဲ့ 🤝 ဆော်ဒီနိုင်ငံ Islamic development bank (IsDB)မှ ပူးပေါင်းပြီးပေးတဲ့ပညာသင်ဆုဖြစ်ပါတယ်။
အရင် post မှာ ပြောပြခဲ့တဲ့ Türkiye scholarships နဲ့နှိုင်းယှဥ်ရင်
1️⃣ဘောင်ပိုကျဥ်းပါတယ်။
2️⃣ဆေးကျောင်းနဲ့ engineering ကျောင်းသားတွေကိုပိုဦးစားပေးပါတယ်3️⃣ IsDB ရဲ့ Member countries တွေနဲ့ Non-member countries တချို့ကိုပဲသီးသန့်ပေးတာပါ။ ကံကောင်းစွာနဲ့ပဲ Non-member countriesထဲမှာမြန်မာနိုင်ငံပါပါတယ်။😇
4️⃣လျှောက်ထားသူက အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး စီးပွားရေးပိုင်းဆိုင်ရာချို့တဲ့ တဲ့မိသားစုကလာတဲ့သူဖြစ်ရပါမယ်။
5️⃣Türkiye scholarship လိုပဲသူလည်း fully-funded scholarship ဖြစ်ပေမယ့် တစ်ခုကွာတာကသူက scholarship ကိုအပြီးပေးတာမဟုတ်ဘဲ ချေးငွေ ( 🅻🅾🅰🅽 ) အနေနဲ့ပေးတာဖြစ်တဲ့အတွက် ဘွဲ့ရပြီးတဲ့အခါအတိုးမပါဘဲအရစ်ကျပြန်ဆပ်ရပါတယ်။
ဒီ scholarship လျှောက်ဖို့အတွက်လိုအပ်ချက်တွေကတော့ ဒီ့အရင် post မှာ ရေးထားတဲ့ Türkiye scholarship ကိုလျှောက်ဖို့အတွက်လိုအပ်ချက်တွေနဲ့အတူတူပါပဲ။
ဒီ scholarship ကတူရကီကိုကျောင်းလာတက်တဲ့မြန်မာကျောင်းသားတွေအတွက်အစောဆုံး scholarship ပါ။ ၁၉၉၀ ဝန်းကျင်ကတည်းကမြန်မာနိုင်ငံအတွက် IDB scholarship နာမည်နဲ့စခဲ့ပြီး ၂၀၁၀ ဝန်းကျင်ထိ ဆရာဝန်/အင်ဂျင်နီယာပေါင်းများစွာဒီ program နဲ့ တူရကီရဲ့ top universities တွေကနေ ဘွဲ့ရခဲ့ကြပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာမြန်မာကျောင်းသားတွေကို တူရကီအစား တခြား IDB member countries တွေဖြစ်တဲ့ မလေးရှား/အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေကိုပြောင်းပြီးပညာတော်သင်လွှတ်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာ မြန်မာပြည်တွင်းမှာပဲ IDB scholarship ကိုလည်းစပေးတာတွေရှိခဲ့ပြီး ၂၀၂၀ နောက်ပိုင်းမှာတခါ YTB-IsDB joint scholarship အနေနဲ့တူရကီကို ပညာတော်သင်လွှတ်တာပြန်စလာပါတယ်။ စိတ်ဝင်စားသူများ Türkiye scholarship website ကနေပဲ ဒီ scholarship ကိုလည်းလျှောက်ထားလို့ရပါတယ်။ intake ကတော့နှစ်စဥ် February ဝန်းကျင်မှာစပါတယ်။
#တူရကီ #ပြင်ပပညာရေးအခွင့်အလမ်း