Central Educational Institute

Central Educational Institute Together to your credit score!

💙 Congratulations on your achievements , Aizu!!!💙Central Education Institute မှ ကျောင်းသား၊သူများကို နှစ်သစ်မင်္ဂလာဆုမွန...
01/01/2026

💙 Congratulations on your achievements , Aizu!!!💙

Central Education Institute မှ ကျောင်းသား၊သူများကို နှစ်သစ်မင်္ဂလာဆုမွန်ကောင်းတောင်းရင်း 2025 December အတွက် နှစ်ကုန်လက်ဆောင်လေးရသွားတဲ့ ကျောင်းသူလေး Aizu ကိုဂုဏ်ပြုပါရစေဗျ

4 subjects လုံးကို one-on-one သင်ယူသွားပြီး လေးလအတွင်း GED High School Diploma Graduate ဖြစ်သွားတဲ့ ကျောင်းသူလေးအနေနဲ့ နောက်လာမယ့်ပညာရေးခရီးလမ်းကိုလည်း ဖြောင့်ဖြူးစွာဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်လိုက်ရပါတယ်ဗျာ 👏👏

📍Central မှာ Timetable Flexible ဖြစ်ဖြစ်နဲ့ သင်ကြားမယ့်ဆရာ၊မနဲ့ ဆွေးနွေးတိုင်ပင်သင်ကြားလို့ရတဲ့ One-on-One Classes တွေသင်ကြားပေးလျက်ရှိပါတယ် ၊ ဒီနှစ်အတွင်းမှာ Intensive Batch အသစ်လေးထပ်ဖွင့်ဖို့ရှိတာကြောင့် အတန်းတက်လိုသူများ ကြိုတင်လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

GED one subject ချင်းစီကိုလည်း Preparation + Intensive ဆိုရင် one on one ကိုတောင် ၂-၃သိန်းနဲ့နှစ်လအတွင်းအပြီးဖြတ်နိုင်အောင်သင်ကြားပေးနေတာဖြစ်တဲ့အတွက် Low Cost , Flexible Schedule and Quality Learning Time ဖြစ်စေဖို့ အာမခံပါတယ်ဗျာ



ကျွန်တော်တို့ CEI မှာ score report လေးတွေမတင်တာ အတော်အသင့်ကြာသွားပါပြီ။IELTS One-on-One Classes တွေနဲ့ GED subjects သီးသ...
20/07/2025

ကျွန်တော်တို့ CEI မှာ score report လေးတွေမတင်တာ အတော်အသင့်ကြာသွားပါပြီ။

IELTS One-on-One Classes တွေနဲ့ GED subjects သီးသန့် classes တွေရယ် လတို ged preparation courses လေးတွေရယ် အပြတ်ဖြတ်နေရင်း RLA One-on-One ယူခဲ့တဲ့ ကျောင်းသားလေးတစ်ယောက် RLA မှာ 174 မှတ်နဲ့ college ready ရပြီး credit ရဖို့တစ်မှတ်ပဲလိုတဲ့ အရမ်းမိုက်တဲ့ score လေး record ယူရင်း update ပေး ပို့စ်တင်ဖြစ်ပါတယ်ခင်ဗျာ။

နောက်ပြီးတော့ additional announcement လေးထပ်ပြောဖို့အတွက် ရောက်လာခဲ့တာဖြစ်ပါတယ်

ကျွန်တော်တို့ဆီက စာသင်ကြားတဲ့ ယခင် ဆရာ၊မများမှအစ ယခုလက်ရှိအထိသင်ကြားနေတဲ့ဆရာ၊မများအထိ ကျောင်းသား၊သူများဆီမှ review and feedbacks လေးတွေကို public မှာပြောကြားဖော်ပြခဲ့တာမျိုးရှားပါတယ်

ဒါပေမယ့် Meta ကလည်း interaction post လေးတစ်ခုလောက်ဖန်တီးဖို့ suggestion ပေးထားတာမို့လို့ ကျောင်းသား၊သူဟောင်းများရော ယခုလက်ရှိတက်နေသူများရော ဒီ post အောက်မှာတင် စာလွှာလေးတွေ ရေးခဲ့လို့ရပါတယ်

ကျောင်းသား၊သူသစ်များအတွက်လည်း free space ဖြစ်အောင် pin post ထားထားမှာမို့ လွတ်လွတ်လပ်လပ်ပြောကြားနိုင်ပါတယ်

April 14 မနက်ဖြန်စတော့မှာမလို့ အတန်းအတွက်စာရင်းပေးသွင်းချိန် deadline လေးကုန်ဆုံးလာပါပြီဗျPreparation အတွက်ပဲမဟုတ်ပဲ Int...
12/04/2025

April 14 မနက်ဖြန်စတော့မှာမလို့ အတန်းအတွက်စာရင်းပေးသွင်းချိန် deadline လေးကုန်ဆုံးလာပါပြီဗျ
Preparation အတွက်ပဲမဟုတ်ပဲ Intensive ကိုမှအချိန်ပြန်ပေးပြီး စာပြန်နွှေးချင်တဲ့သူတွေလည်း တက်ရောက်လို့ရပါတယ်

📌 April ကနေစမယ့် GED 2+1 Months Preparation + Intensive Class❇️GED Courses တွေအကုန်လုံးကို ၃လနဲ့ယတိပြတ်ပြီး ၁လအပို Self ...
27/03/2025

📌 April ကနေစမယ့် GED 2+1 Months Preparation + Intensive Class

❇️GED Courses တွေအကုန်လုံးကို ၃လနဲ့ယတိပြတ်ပြီး ၁လအပို Self Study + Pre-Examination Guide ယူကာ တန်းဖြေချင်တဲ့သူများအတွက် CEI ကနေ မတ်လမှာဖွင့်မယ့် 2+1 အတန်းလေးနဲ့မိတ်ဆက်ပေးပါရစေ။

❇️၃ဘာသာကို ၃လအတိဖြတ်ပြီး စာမေးပွဲဖြေဖို့ Tutor ဆရာမများရဲ့အကူအညီလည်းယူရင်း course တွေကို လိုရင်းတိုရှင်း knowledge ခိုင်ပြီး Exam Format ကို အပြည့်အစုံနားလည်အောင်ပါ သင်ပေးမှာမို့ ကျွန်တော်တို့ဆီမှာ အချိန်၃လခန့်ကွက်တိပေးပြီး တက်ရောက်လို့ရပါပြီ။

❗️Maths Subject ကိုတော့ ယခုလောလောဆယ် Group Class သင်ကြားမှုလေးတွေရပ်နားထားပြီး Course တွေပြန်ပြင်နေတာကြောင့် ဒီတစ်ဘာသာအတွက်တော့ One on One Guide တွေ ၊ ဆွေးနွေးတိုင်ပင်မှုတွေပဲပြုလုပ်ပေးနေပါတယ်။

✅3 လအတွင်း Preparation ကာလ 2 Months နဲ့ 1 month Intensive ပေါင်းထားကာ သင်ကြားပေးမှာဖြစ်ပြီး ကျောင်းသားများဘက်မှ British Council မှာစစ်ဆေးထားတဲ့ Pre-Intermediate and above English Level ၊ ဒါမှမဟုတ် Reading Score 300 and above ရှိတာနဲ့ အပ်နှံလို့ရပါပြီ။

✅British Council မှာ English Level စစ်ရန် Test Link:
🧑‍💻Web : https://learnenglish.britishcouncil.org/english-levels/online-english-level-test
📱Andrioid : https://play.google.com/store/apps/details?id=com.englishscore&hl=en_US
📱IOS : https://apps.apple.com/us/app/englishscore/id1499806063

🏫Class Size and Fees
Class size ကို ကျောင်းသား၈ယောက်ပဲအများဆုံးလက်ခံမှာဖြစ်ပြီး Fees ကတော့ တစ်ဘာသာသီးသန့်ကို တစ်လမှ ၆သောင်းကျပ်သာကျသင့်မှာဖြစ်ပါတယ်။ သုံးလစာတစ်ခါတည်းပေးချေပါက ၁၅၀၀၀၀ ကျပ်သာကျသင့်မှာပါ။

❇️၃ဘာသာလုံးတက်ရောက်မယ်ဆိုရင်တော့ ၃ဘာသာအပြီးအစီး ၄သိန်း၄သောင်းကျပ်သာကျသင့်မှာဖြစ်ပြီး ဘာသာခွဲတက်တာထက် ပို၍သက်သာမှာဖြစ်ပါတယ်။
နောက်ထပ်Registration Fees သီးသန့်ပေးစရာလုံးဝမလိုပါဘူးခင်ဗျာ။

❗️ဒါကြောင့် မတ်လအတွင်း အတန်းသားပြည့်တာနဲ့ချက်ချင်းစမှာဖြစ်လို့ မြန်မြန်စာရင်းသွင်းပြီး အပ်နှံလိုက်ပါခင်ဗျာ။

📌Class Information Overview ကို အောက်ပါပုံအတွင်းရေးသားပေးထားပြီးတော့ ထပ်မံသိရှိလိုသောအချက်အလက်များရှိပါကလည်း 09402066032 ကို မနက်၁၀-ည၈နာရီထိ ဖုန်းခေါ်ဆိုကာစုံစမ်းနိုင်ပါတယ်။




GED Preparation + Intensive Class Batch 1 🖇️✨ဘယ်လိုမေးခွန်းပဲပြောင်းပြောင်း Concepts မိမိရရနဲ့ စာမေးပွဲဖြေဆိုနိုင်ဖို့ C...
04/11/2024

GED Preparation + Intensive Class Batch 1 🖇️

✨ဘယ်လိုမေးခွန်းပဲပြောင်းပြောင်း Concepts မိမိရရနဲ့ စာမေးပွဲဖြေဆိုနိုင်ဖို့ Central ရဲ့ အကုန်အပြီးအစီး Preparation + Intensive Class

✅ဒီအတန်းလေးရဲ့ အားသာချက်ကတော့ အချိန်တွေအများကြီးမဆွဲပဲ Concepts တွေကို ရှယ်ပလန်နဲ့သင်ပေးမှာဖြစ်ပြီး Course တွေအကုန်လုံးကလည်း ဆရာ၊မတွေကိုယ်တိုင် ပြန်လည်ရေးဆွဲထားတာမို့ ၁၆ပတ်အချိန်ယူရုံနဲ့ GED ဖြေဖို့အဆင်သင့်ဖြစ်သွားမှာပါ

✨တစ်ပတ်ကိုစာသင်ချိန် ၉ချိန်ရှိပြီး + Extended Response အတန်းလေးပါစီစဉ်ပေးထားပါတယ်

ဒီလို
✅အချိန်၁၅ပတ် + Ready Test
✅စာမေးပွဲနီး Individual Class Time
✅Extra Extended Response Class
✅ကျောင်းသားဦးရေအကန့်အသတ်
✅Ready Test အထိ Screening Examine လုပ်ပေးတဲ့ Class လေးကိုတော့ အပြီးအစီး 600000 ကျပ်ပဲကျသင့်မှာဖြစ်ပါတယ်ဗျ။

စာမေးပွဲကြေးလေးကို တစ်လချင်းစီခွဲပေးမယ်ဆိုရင် Registration Fees + 150000 Kyats ကိုပထမဆုံးလမှာသွင်းပေးဖို့လိုအပ်ပါမယ်ခင်ဗျ။

အတန်းစတင်ချိန်လေးကတော့ ဒီဇင်ဘာလ ၆ရက်နေ့ဖြစ်ပြီး မတ်လအကုန်မှာပြီးဆုံးမှာဖြစ်ပါတယ်ဗျ။

📍Study Diaryမှ ရေဘေးအလှူကူပွန်များကိုလည်း ယခုဖွင့်လှစ်မယ့်အတန်းမှာ 10% off ပြီးတက်ရောက်လို့ရပါတယ်ခင်ဗျ။

💡RLA & Social Studies Class များကိုလည်း 1 > On > 1 ဖြင့် အတန်းကုန်ကျငွေသက်သာစွာအပြီးအစီးတက်ရောက်လို့ရပါတယ်ခင်ဗျ

📌အသေးစိတ်စုံစမ်းလိုပါက
09402066032 ကိုဆက်သွယ်လို့ရပြီး Page Messenger မှတစ်ဆင့်လည်းဆက်သွယ်လို့ရပါတယ်ဗျ။




✨August နဲ့ September လမှာပဲ အပြီးပြတ်ဖြေခဲ့တဲ့ CEI ကျောင်းသားတွေရဲ့ရလဒ်များ✨ဒီလိုကျောင်းသားတွေကိုသင်ခွင့်ရခဲ့ပြီး ဒီလို...
26/09/2024

✨August နဲ့ September လမှာပဲ အပြီးပြတ်ဖြေခဲ့တဲ့ CEI ကျောင်းသားတွေရဲ့ရလဒ်များ

✨ဒီလိုကျောင်းသားတွေကိုသင်ခွင့်ရခဲ့ပြီး ဒီလိုအမှတ်မျိုးတွေရအောင် ‌အပ်နှံပေးခဲ့လို့ ကျေးဇူးအထူးတင်ရှိပြီး ဝမ်းသာပိတိဖြစ်မိပါတယ်ခင်ဗျာ။

✅Intensive တစ်ကျော့ပြန် Batch 9 Class လေးကလည်းမနက်ဖြန်စတော့မှာမို့ မြန်မြန်ဆန်ဆန်လာအပ်လို့ရပါသေးတယ်ဗျ။

✅Intensive Class အကြောင်းအသေးစိတ်
https://www.facebook.com/share/p/Sp4omvRoA2sf7rx1/?mibextid=qi2Omg

✅ယခင်သင်ကြားခဲ့ဖူးသောကျောင်းသားရလဒ်များ
✨https://www.facebook.com/share/p/wSwpDLSskgiiBxdQ/?mibextid=oFDknk

✨https://www.facebook.com/share/p/s6QJ3R53dML2jR1N/?mibextid=xfxF2i

✨"GED Science ဘာသာမှာ အမြဲပါတဲ့ ဂျင်း 🫚 မဟုတ်သော Gene🧬 အကြောင်း"✅GED Science မှာ 70-80% လောက်က Life Science တွေနဲ့ပြည့်က...
12/09/2024

✨"GED Science ဘာသာမှာ အမြဲပါတဲ့ ဂျင်း 🫚 မဟုတ်သော Gene🧬 အကြောင်း"

✅GED Science မှာ 70-80% လောက်က Life Science တွေနဲ့ပြည့်ကြပ်ပြီးမေးလေ့ရှိတဲ့အထဲ ‌စာမေးပွဲတိုင်းပါလာတတ်လေ့ရှိတဲ့ Gene လေးအကြောင်းဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်။

✨Gene အကြောင်းပြောရင်း ကြုံတုန်းဆုံတုန်း Punnett Square လေးနဲ့ Trait အကြောင်းလေးလည်း ပြောပြပေးသွားမှာဖြစ်လို့ ၁၀မိနစ်လောက်ပဲအချိန်ပေးပြီး ဒီပို့စ်လေးရဲ့ပုံတိုင်းကို ထောက် ၊ ဖတ်ရှုပေးပါဦးဗျာ

✨Sept 27th မှာစတင်ဖွင့်လှစ်မယ့်
တစ်ဘာသာတစ်လ၄သောင်းကျပ်သာကျသင့်မယ့် GED Intensive 2 Months Class လေးကိုလည်းအပ်လို့ရပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။
✅အသေးစိတ်အချက်အလက်ကိုဤပို့စ်လင့်ခ်တွင်ဖတ်ရှုပေးပါ။
https://m.facebook.com/story.php?story_fbid=472190562471270&id=100090409894609&mibextid=ZbWKwL

☎️အ‌သေးစိတ်သိရှိလိုပါက
09-402066032 သို့ Telegram Account မှတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

✏️Extended Response Format အကြောင်းနဲ့ Essay မိတ်ဆက်ရေးနည်း 📌Central ကနေ အခုလတ်တလော 4-weeks GED Extended Response Free C...
11/09/2024

✏️Extended Response Format အကြောင်းနဲ့ Essay မိတ်ဆက်ရေးနည်း

📌Central ကနေ အခုလတ်တလော 4-weeks GED Extended Response Free Class ကို host ပေးရင်းနဲ့မမှီလိုက်တဲ့ကျောင်းသားတွေအတွက်အပြင် စာသင်နေဆဲကျောင်းသားတွေလည်းပြန်ကြည့်လို့ရအောင်
Essay Format နဲ့ Introduction ရေးနည်းကိုရှင်းပြပေးထားတဲ့
40 minutes စာ Video Recording လေး Telegram Channel လေးမှာတင်ပေးထားပါတယ်ခင်ဗျာ

❗နောက်အပတ်တွေများမှာလည်း Extended Response ရဲ့ Body And Conclusion အတွက်လည်း Lecture ပေးထားတဲ့ Video လေးတွေထွက်ရှိလာဦးမှာဖြစ်တာကြောင့် page ကို Like လုပ်ထားပြီး Telegram Channel ကိုလည်း Join ဖို့မမေ့ပါနဲ့ဗျို့

Telegram Channel Link 🔗
https://t.me/centraleducationalinstitute




✅ဒီဇင်ဘာလမကုန်ခင် နောက်နှစ် University Intake တွေမရောက်ခင်မှာပဲ GED ပြီးလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် Central ကနေ G...
04/09/2024

✅ဒီဇင်ဘာလမကုန်ခင် နောက်နှစ် University Intake တွေမရောက်ခင်မှာပဲ GED ပြီးလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် Central ကနေ GED Intensive Class Batch 9 ကိုဖွင့်လှစ်ပေးလိုက်ပါပြီ

✨ကျွန်တော်တို့ဆီမှာ Intensive Class တွေပဲအဓိကဖွင့်လှစ်တာယခုဆိုရင် တစ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်

✨နှစ်လတစ်ခါမှဖွင့်လှစ်တာဖြစ်တာကြောင့် ကျောင်းသားအရေအတွက်လည်းစီစစ်ပြီး စာသင်ကြားမှုပိုင်းမှာလည်း အသေးစိတ်ကျကျ ‌သင်ကြားပေးခဲ့ပါတယ်

❗Intensive Class ဖြစ်တာကြောင့် ကျောင်းသား၊သူတွေအနေနဲ့
✅Preparation Class or Self Study ကာလ ၄လနှင့်အထက်ရှိရပါမယ်
✅English Level ကို Reading Skill မှာ Pre-Intermediate လောက်အနည်းဆုံးရှိထားပေးရပါမယ်
✅ဒီနှစ်မကုန်ခင်စာမေးပွဲဖြေဆိုမယ်ဆိုတဲ့ ကျောင်းသားမျိုးလည်းဖြစ်ဖို့လိုပါလိမ့်မယ်

✅Concepts တွေကအစ ၊ Practice Tests တွေကအဆုံး Ready Test ဖြေတဲ့အထိ လေ့ကျင့်ပေးမှာဖြစ်တဲ့အပြင် Real Test ဖြေပြီးနောက်ပိုင်း တက္ကသိုလ်ပညာရေးအတွက်လည်း ဆွေးနွေးပေးမှာဖြစ်ပါတယ်

📌အတန်းအကြောင်းအသေးစိတ်
ကြာချိန် ၈ပတ်ရှိမှာဖြစ်ပြီး နာရီပေါင်း ၁၀၀နာရီမှာ GED ‌လေးဘာသာလုံး ဖြေဖို့ရန်အတွက်အသင့်ပြင်ပေးမယ့် ဒီအတန်းရဲ့ Fees လေးကတော့ လေးဘာသာလုံးအပြီးအစီး 300000 ကျပ်ပဲဖြစ်ပါတယ်။

✅အတန်းခကို နှစ်လခွဲပေးနိုင်ပြီး တစ်ဘာသာချင်းစီတက်လိုပါက တစ်ဘာသာကို 40000 ကျပ်၊ နှစ်လ 80000 ကျပ်ဖြင့်တက်ရောက်နိုင်ပါတယ်ခင်ဗျာ။

✏️အတန်းအပ်လိုပါက Page Messenger သို့လာရောက်ပြီးဖြစ်စေ Telegram Username မှဖြစ်စေတစ်ဆင့်လာရောက်အပ်နှံနိုင်ပါတယ်ခင်ဗျာ။

✅အတန်းချိန်လေးကို ပို့စ်ရဲ့ဒုတိယပုံမှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

🔗Central Educational Institute Telegram Channel -
https://t.me/centraleducationalinstitute



✏️RLA Extended Response Section မှာစာရေးဖို့ လက်တွန့်နေသူများအတွက် essay တစ်ပုဒ်လုံး format ချ "အခမဲ့" သင်ပေးသွားမယ့်အတန...
30/08/2024

✏️RLA Extended Response Section မှာစာရေးဖို့ လက်တွန့်နေသူများအတွက် essay တစ်ပုဒ်လုံး format ချ "အခမဲ့" သင်ပေးသွားမယ့်အတန်း

✅CEI မှ စက်တင်ဘာလအတွက် Weekly GED Club ကိုခေတ္တခဏရပ်ထားပြီး ယင်းအတန်းအစား RLA Extended Response Class ကိုအပတ်စဉ်အခမဲ့ဖွင့်ပေးပြီး ကျောင်းသားတွေဘက်မှ
၁လအချိန်ပေးရုံနဲ့ ပြီးပြည့်စုံစွာရေးနိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်

✅Class Information
Duration - 1 month > 4 weeks
Starting Date - Sept 6th
Class Date & Time - Every Friday 8:00 - 10:00 Pm
Class Tools - Telegram + Zoom + Google Docs

✅Essay တစ်ပုဒ်လုံးသင်ကြားပေးမှာဖြစ်တဲ့အပြင် အတန်းတွင်းလာတက်ရောက်သူများကိုလည်း မိမိရေးထားတဲ့ Essay Structure မှန်ကန်ခြင်းရှိ/မရှိ စစ်ဆေးပေးသွားမှာဖြစ်တာမို့
❗ကျောင်းသားလူဦးရေကန့်သတ်ပေးထားပါတယ်
❗အတန်းတွင်းလာရောက်တက်ရောက်ခြင်းမရှိသူတွေကိုတော့ Essay Check ✅ လုပ်ပေးမှာမဟုတ်ပါဘူး
❗ အတန်းတက်ရောက်ရန် စာရင်းသွင်းပြီးပါက မဖြစ်မနေတက်ရောက်ရမှာဖြစ်ပြီး အကြောင်းအရင်းမရှိပဲ ပျက်ကွက်မှုရှိပါက
နောက်နောင်လာမယ့် အတန်းတွေမှာ ကာယကံရှင်အတွက် အကန့်အသတ်လေးတွေရှိပါလိမ့်မယ်

အခမဲ့အတန်းဖြစ်တဲ့အတွက် မည်သည့်ငွေကြေးမှ ပေးစရာမလိုတာကြောင့် အတန်းတွင်းစည်းကမ်းတွေကိုလိုက်နာပေးပြီး စာသေချာလိုက်လုပ်ပါမယ်ဆိုတာနဲ့ register လုပ်ပြီး join လို့ရပါပြီဗျ

To register> 🔗
https://docs.google.com/forms/d/e/1FAIpQLScgNVDkjlHS_k2m6p-aBlhzpDbnJ8azsgNC0ih7NP0EX4AEng/viewform?usp=sf_link

✅Class Timeline
Registration Form လက်ခံခြင်းကာလ >ဩဂုတ် ၃၀မှ သတ်မှတ်ကျောင်းသားဦးရေပြည့်သည်အထိ>

‼️အတန်းအတွက် Invite Email ကိုစောင့်ပေးပါ > ယင်းအီးမေးလ်ကို ရောက်တဲ့အထိ ‌မတွေ့ရှိသေးပါက Page Messenger မှာနာမည်နဲ့တကွဆက်သွယ်ပေးပါခင်ဗျာ





✨❗ယနေ့ GED Social Studies ဘာသာရပ်အတွက် သင်ကြားပေးမယ့် "27 Amendments" အတန်းလေးကို ဤလင့်ခ်မှတစ်ဆင့် တက်ရောက်နိုင်ပါတယ်ခင်...
26/08/2024

✨❗ယနေ့ GED Social Studies ဘာသာရပ်အတွက် သင်ကြားပေးမယ့် "27 Amendments" အတန်းလေးကို ဤလင့်ခ်မှတစ်ဆင့် တက်ရောက်နိုင်ပါတယ်ခင်ဗျာ။

ည၈နာရီမှာစတင်မှာဖြစ်တာမို့ ၇:၅၅ လောက်ကတည်းက Zoom Meeting ကြိုတင် ဝင်ထားဖို့လိုပါမယ်
❗Zoom Meeting Information
https://us06web.zoom.us/j/82723668117?pwd=1QlqDgPMRDwcnubZLyTQpTPNBHp9xL.1

Meeting ID: 827 2366 8117
Passcode: CEI

❗Study Resources အတွက်နှင့် Lesson Plans များပြန်လည်ကြည့်ရှုလိုပါက ဤ Group ကို Join ထားပေးပါခင်ဗျာ။
https://t.me/+ZEtFsDrT48JhNjM1

✨စက်တင်ဘာလအတွက် အားဆေးတစ်ခုဖြစ်စေလိုသော GED RLA Extended Response Free of Charge Class 1 month Class Coming Soon >>‼️ဒီလ...
19/08/2024

✨စက်တင်ဘာလအတွက် အားဆေးတစ်ခုဖြစ်စေလိုသော GED RLA Extended Response Free of Charge Class 1 month Class Coming Soon >>

‼️ဒီလမှစပြီးဖွင့်လှစ်လျက်ရှိတဲ့ GED Weekly Free Club ကို နောက်လ စက်တင်ဘာရောက်တဲ့အခါ ကျွန်တော်တို့ဘက်မှ အပတ်စဉ်တိုင်းဘာသာစုံသင်တာထက် ၄ပတ်အပြတ်နဲ့ သင်ခန်းစာတစ်ခုပြီးအောင်သင်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်

✨ဒီလကုန်ဟာ စာရေးသူကျွန်တော်ရဲ့မွေး‌ေန့လည်းဖြစ်တာကြောင့် မွေးနေ့လက်ဆောင်ပညာဒါနလေးလည်းဖြစ်အောင် ကျွန်တော့်ရဲ့အတတ်ကျွမ်းဆုံးသင်ခန်းစာဖြစ်တဲ့ RLA Extended Response Class ကို Free of Charge သင်ပေးဖို့စီစဉ်ထားပါတယ်

🎓ကျွန်တော်စာသင်ကြားပေးမယ့်သူဟာ
✅GED ကို 2023 မှာ အောင်မြင်ခဲ့ပြီး ဘာသာရပ်သုံးခုကို Ready Score ထွက်ထားပါတယ်
✅AP Literature 2019 မှာလည်း Score 4 ရရှိထားပြီး
✅SAT Reading & Writing Paper-based ကို 2022 December မှာ 690 မှတ်ရရှိထားခဲ့ဖူးသူဖြစ်ပါတယ်

📌အတန်းအတွက် အကြမ်းဖျင်းမိတ်ဆက်
✏️အတန်းသားလူဦးရေ
မငြိမ်မှာရယ် ၊ ကျွန်တော်ကစာစစ်ပေးရင်တစ်ကြောင်းချင်းစစ်ပေးတာကြောင့် လူဦးရေလေးတော့ကန့်သတ်ထားဖို့လုပ်ထားသော်ငြား Access မရသွားတဲ့သူတွေအတွက် ကိုယ်ရေးတဲ့ဟာ မစစ်ပေးနိုင်ပေမယ့် format နားလည်သွားအောင် Recording လေးတော့ချန်ထားပြီး Telegram Channel မှာတင်ဖို့ဆုံးဖြတ်ထားပါတယ်

Central Educational Institute Telegram Channel Link 🔗:
https://t.me/centraleducationalinstitute

✏️ဒီလဖွင့်လှစ်လျက်ရှိတဲ့ Club မှာလည်း အတန်းလာတက်ဖို့အတွက် ကတိတွေပေးထားသော်ငြား လာမတက်တဲ့သူအချို့ရှိနေတာကြောင့် နောက်လဖွင့်မယ့် ဒီအတန်း‌ေလးကိုတော့ လေးပတ်လောက် ဆက်ဆက်လာတက်နိုင်မှ လက်ခံပေးမှာဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါတယ်

📍Class Announcement နဲ့အတန်းချိန်ကိုတော့ ဩဂုတ်လ 30 ရက်နေ့ ည ၇ နာရီခန့်မှာ ကြေငြာပေးသွားမှာဖြစ်ပြီး အတန်းအသေးစိတ်ကိုလည်း အဲဒီ
ပို့စ်မှာပဲ ရေးတင်ပေးသွားမှာဖြစ်ပါတယ်

See you soon✨




❗English Reading Skill မြှင့်ဖို့ အခုနောက်မကျသေးပါ!✅GED ပဲဖြစ်ဖြစ် IELTS ပဲဖြစ်ဖြစ် SAT ပဲဖြစ်ဖြစ် Reading Section ကတော့...
18/08/2024

❗English Reading Skill မြှင့်ဖို့ အခုနောက်မကျသေးပါ!

✅GED ပဲဖြစ်ဖြစ် IELTS ပဲဖြစ်ဖြစ် SAT ပဲဖြစ်ဖြစ် Reading Section ကတော့ပါစမြဲဖြစ်တာကြောင့် ကျွန်တော်တို့မြန်မာကျောင်းသား၊သူတွေအဖို့ Level တစ်ခုလောက်အထိအသင့်ရှိထားမှ တော်ကာကျမှာပါ

📌မြန်မာနိုင်ငံမှာ English Language Class ပေါင်းစုံရှိသော်ငြား Reading အသားပေးပြီး အဆင့်ဆင့်‌သင်ပေးနိုင်တဲ့ အတန်းမျိူးရှားလှပါတယ် သင်ပေးနိုင်ခဲ့ရင်လည်း စာပိုဒ်ဖတ်တတ်ပေမယ့် စာပိုဒ်ကပါတဲ့အကြောင်းအရာကို မှတ်ချက်ပေးပြီး ပြန်လည်ဖွဲ့သီစီကုံးတတ်တဲ့အထိအလေ့အကျင့်ဖြစ်အောင်တော့ မသင်ကြားပေးနိုင်ကြပါဘူး

💡ဒီလိုအခြေအနေမျိူးကိုကျော်လွှားဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ သုညကနေစရတော့မှာဖြစ်တာကြောင့် ကျောင်းသားတော်တော်များများဟာ သင်ယူဖို့ထက် လေ့ကျင့်ဖို့ကို ကျော်ပြီး တစ်ဆင့်ခုန်တက်သွားကြတဲ့အခါ အနောက်ခံမရှိပဲ အောက်လွတ်သွားနိုင်ပါတယ်

‼️ဒါကြောင့် ဒီနေ့မှာ ဒီလို
အောက်လည်း မလွတ် ၊ နောက်ခံလည်းရှိအောင်ရယ် ၊ သုညကနေစပေမယ့် အချိန်လေးကိုပုံမှန်ပေးရုံနဲ့ အမေရိကန်သင်ရိုးကိုအခြေခံယူထားပြီး ကိုယ့်ဘာသာလေ့လာလို့ရတဲ့ Course လေးအကြောင်းမိတ်ဆက်ပေးပါ့မယ်

✅ဒီ Course လေးကတော့ ပွဲတိုင်းကျော် Khan Academy Website မှာပဲရှိတာကြောင့် ဝေးဝေးလံလံသွားစရာမလိုပါဘူး

✅Khan Academy ဟာ Website Portal အပြင် Application ပါရှိတာကြောင့် စာလုပ်ဖို့အတွက် ဖုန်းကိုင်နေရုံနဲ့လက်လေးရွှေ့ပြီး သင်ခန်းစာတွေလုပ်လို့ရနိုင်တဲ့ အခမဲ့‌ေလလှိုင်းမှ ပညာသင်ကြားရေးစနစ်ဖြစ်ပါတယ်

✅ပညာရပ်တော်တော်များများကို ကိုယ်အဆင်ပြေသလိုရွေးချယ်သင်ယူလို့ရပြီး English & Maths ကတော့ အဓိကထားပြီး သင်ကြားနေတာကြောင့်
အဲနှစ်ဘာသာအတွက်တော့ Course ပေါင်းစုံရှိပါတယ်

📌ထိုထဲကမှ English Reading Skill Boost ဖို့အတွက် ကျွန်တော်ကိုယ်တိုင်သုံးခဲ့တဲ့ English Reading & Language Arts Course လေးကို recommend ပေးလိုပါတယ်

📍2nd Grade ကနေစပြီး 10th Grade Reading & Vocabulary အပိုင်းအပြင် English Grammar ပါတွဲရက်ပါတဲ့ Course ဖြစ်ပြီး သင်ယူလေ့လာချိန်ကတော့ ကျောင်းသားအပေါ်မူတည်ပေမယ့် ကျွန်တော်စာရေးသူတုန်းကတော့ အလုပ်တစ်ဖက် ၊ တစ်ခြားစာတစ်ဖက်နဲ့တောင် အချိန် ၈လလောက်ပဲယူခဲ့ရတာမို့ အရမ်းကြီး အချိန်ဖြုန်းပြီး ကြန့်ကြာတယ်လို့မခံစားခဲ့ရပါဘူး

✏️Khan Academy ရဲ့ Course တွေတိုင်းက သင်ရိုးညွှန်းတမ်းတွေကို
Basic Knowledge> Lessons > Concepts > Exercises လိုပုံစံသွားတာကြောင့် အောက်ခြေခိုင်တဲ့အပြင် ကိုယ်ရလား၊မရလားပါ တစ်ခါတည်းဆန်းစစ်ပြီးသားပါဖြစ်စေမှာပါ

✨သတိပေးလိုတာကတော့ ကျောင်းသားတွေအနေနဲ့ Progress ကို နေ့စဉ်ရှိ‌ေနဖို့လိုအပ်ပါတယ် ဘယ်စာပဲဖြစ်ဖြစ် အမြဲလိုလို အထိအတွေ့ရှိမှ ရင်းနှီးတာကြောင့် "တစ်လသင်ပြီး ပျင်း၏" ဆိုတာမျိုးမဖြစ်စေချင်တာမို့ ဒီ Course ကိုစလုပ်ပြီဆိုတာနဲ့ တစ်သမတ်တည်းလုပ်ဖို့အတွက် သံဓိဠာန် ချထားဖို့လိုအပ်ပါတယ်

✨ဒါဆို GED မတက်ရ‌ေသးတဲ့ မောင်လေးတွေ ညီမလေးတွေရော၊ တက်နေရင်း Reading ပိုင်းတိုးတက်လိုတဲ့သူတွေပါ လေ့ကျင့်ဖို့အတွက် ဗဟုသုတလေးဒီနေ့မှာ မျှဝေပေးလိုက်ပါတယ်ဗျ

📌Course သင်ယူရန် အချက်အလက်များ

Website Link🔗
https://www.khanacademy.org/ela

Application Download Link ( Android )🔗
https://play.google.com/store/apps/details?id=org.khanacademy.android




Address

Yangon

Telephone

+959402066032

Website

Alerts

Be the first to know and let us send you an email when Central Educational Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Central Educational Institute:

Shortcuts

Share