01/06/2026
ရန်ကုန်မြို့ရဲ့တနေရာမှာ 💗💗💗
#မယ်ခင်clothing
Please follow us to get good vibes TH family
01/06/2026
ရန်ကုန်မြို့ရဲ့တနေရာမှာ 💗💗💗
#မယ်ခင်clothing
အနည်းငယ် ရိုက်ခတ်မှု့ဖြစ်သွား 😆😆😆
သီးစုံပဲကုလားဟင်း ချက်စားကြည့်မယ် 🤤🤤🤤
#သီးစုံပဲကုလားဟင်း
26/05/2026
လိုင်းပေါ်မှာခုတလောတွေ့ရတဲ့ကလေး၀မ်းသွားတာ မေမေအစားစုံလို့ဆိုပြီး ဝိုင်းပြောလို့အမတယောက်ရဲ့ခံစားချက်လေးတင်ထားတာတွေ့တော့
😌 ကိုယ့်တုန်းကအဖြစ်လေးတောင်တွေးမိသွားတယ်
ခုချိန်ထိ အဲ့အတွေးခေါ်တွေရှိကြသေးတာလားဟင်
👉 လွန်ခဲ့တဲ့ 12နှစ် သမီးလေးကိုယ်၀န်လွယ်ချိန် ကျမအသက် 24 ဘာမှမသိသေးတဲ့အရွယ် Facebook ဆိုတာလဲ ပုံတင်ရုံလောက်ပဲ knowledge sharing တွေမရှိသေးဘူး
အဲ့တော့ ပထမဆုံးကိုယ်၀န်စဆောင်မယ့် ကျမဟာ စာပေလောကကိုပြေးပြီး
ဒီစာအုပ်တွေအရင်၀ယ်ခဲ့တယ်
စာအုပ်ဘာလို့၀ယ်လဲဆို လူငယ်တွေဖြစ်တဲ့တွက်သိသင့်သလောက်သိတယ် အမျိုးသားကလဲ ဆေးကျောင်းသားဖြစိတဲ့တွက် သူလဲပိုသိတယ်
ဒါပေမယ့်ကိုယ့်စကားတွေ အရာမရောက်ချိန်ဆိုတာရှိတဲ့တွက် စာအုပ်၀ယ်တယ်ပြောပြတယ်
👉 ဒါပေမဲ့လက်မခံတဲ့ လူတချို့ဆိုတာကသက်သက်ကိုရှိတယ်
ကိုယ်၀န်စဆောင်ချိန်ဆောင်ရန်ရှောင်ရန် လအလိုက် ဖြစ်တတ်တဲ့ အရာလေးတွေကအစ ဖတ်တယ်လေ့လာတယ်
မွေးပြီးတော့လဲ ကလေးငယ်ဆိုတော့ ပိုဆိုး
စာတွေပိုဖတ်ရတယ်
ဘာဖြစ်မှန်း မပြောတတ်သေးတဲ့အရွယ်ကိုး
👉 အဲ့မှာစပါပြီ သမီးကလေနာပါတယ် ညဆို ခါးကြီးကော့ကော့ပြီးငိုတာ
ကလေးကငိုလို့စိတ်ညစ်ရတဲ့အမေကို အဲ့ဒါသူအစားမဆင်ခြင်လို့ ဘာတွေစားလို့ဖြစ်တာဆိုပြီး ပြောဆိုတာ မနက် 2နာရီလောက်ကြီး ကလေးငိုရတဲ့ထဲ သွေးနုသားနုနဲ့ ကိုယ်မှာငိုလိုက်ရတာ
ကလေး ရက်100 လုပ်တုန်းကဆို တညလုံးမအိပ်လိုက်ရလို့ ကိုယ်မှာ မျက်တွင်းတွေတောင်ညိုတယ်
4လထိပဲ ညဆို အိပ်မရ ချီထားရတယ် စာတွေဖတ်တော့ ဆရာ၀န်တွေကပြောတယ်
👉 လေနာက ဘာလို့ဖြစ်လဲ ခုချိန်ထိမတွေ့သေးကြောင်း ဘာဆေးတိုက်တိုက် 2လ 3လဆို သူအလိုပျောက်သွားတတ်ကြောင်းရေးထားတယ်
ပြောပြလဲ နားလည်နိုင်စွမ်းရှိအုန်းမှလေ
အဲ့လိုပြောလို့ ကိုယ်လဲတချိန်ချိန် လူကြီးနေရာရောက်အုန်းမှာ အဲ့ကျမှသိမယ်အမြဲကြားနေကျစကား
အဲ့တော့ပြန်ပြောချင်တာက ကျမတို့လက်ထက်မှာလဲ အသိဉာဏ်ကြွယ်၀ပြီး နားလည်မှု့ရှိတဲ့လူကြီးတွေလဲ အများကြီးရှိပါတယ်လို့ သူတို့လိုရော ကျမတို့က ဘာလို့မဖြစ်နိုင်ရမှာလဲ
ပြောချင်တာက စာဖတ်ပါ Facebook မှာမဟုတ်ကဟုတ်ကရေးသမျှမဖတ်ပဲ တကယ်မှန်မှန်ကန်ကန် ဆရာသမားတွေရေးတဲ့စာတွေဖတ်ပါ
အမှန်တရားကို လက်ခံပါ တယူမသန်ပါနဲ့ ကလေးမွေးရတဲ့ မေမေတွေကိုစာနာပါ
အလုပ်တဖက်နဲ့မေမေတွေပိုဆိုးသေး ကျမဆိုလဲ သမီးလေးမွေးတော့ စာသင်ရင်းတဖက်မွေးခဲ့ရတာ ကူဖော်မရ ဘာကျေးဇူးမှမရှိ အပြစ်ပဲတင်တတ်တဲ့လူတချို့ မိခင်ထပ်ပဲ သူတို့က ကလေးကိုပိုဂရုစိုက်အုန်းမလား ??? ရီရတယ် 😆😆
#ကလေး #စာေပ
#သမီးလေးဖတ်ဖို့
ရည်းစားဘ၀ကနေ ခုချိန်ထိ ကျမကို
ပြတ်ပြီတို့ လမ်းခွဲရအောင်တို့
ခုအိမ်ထောင်သည်ဘ၀မှာလဲ ကွာရှင်းရအောင်တို့ ဆိုတဲ့စကားကို တခါမှမပြောဖူးသေးနဲ့ အကိုကြီးနဲ့ ကျမစိတ်ဆိုးပြီး ပြောမိရင်တောင်
အရမ်းစိတ်ဆိုးသော 😁😁
ခုသီချင်းနဲ့လိုက်သားပဲ 😂😍😍😍
#အချစ်
ကျိုက်ထီရိုးဘုရားကနေ ခြေလျင်ဆင်းကြမယ် 🏃🏃
#ကျိုက်ထီးရိုး
စိတ်ဆိုးဒေါသထွက်လဲ ရင်ခွင်ထဲဆွဲသွင်းလိုက်တာနဲ့ အရာရာပျော်ကျသွားတဲ့ ကျမပါ 😁😁😍😍😍
#အချစ်
အင်ဒိုကြက်ကြော် ကြော်စားကြည့်မယ် 🥰🥰🥰
#စားမယ်ချက်မယ်
Happy 13th Anniversary 💐🎉💞
17/05/2026
Me: ကိုရေလိုင်းပေါ်မှာပြောနေတာ ခင်လေးနွယ်ယောကျာ်းကိုဘယ်လိုလေးပြောတာပေါ့ ချစ်လဲပြောကြည့်ရမလား ချွဲပြီးလေ
ကျမယောကျာ်း : မပြောပါနဲ့မိန်းမရယ် မင်းအဲ့လိုပြောလိုက်ရင် တစိမ်းတယောက်ဖြစ်ဖြစ်သွားသလိုပဲတဲ့
Me : ဘာပြောတယ်ဆိုပြီး မျက်စောင်းခဲကြည့်လိုက်မှ
ယောကျာ်း : အယ်အဲ့ဒါမှ ငါ့မိန်းမ အစစ် အဲ့လိုလုပ်ပါမိန်းမရယ်တဲ့ အော်ရီတာအေ
ငါရဲ့ချိုမြိန်စွာပြောမယ်စဉ်းစားတိုင်း အပိုင်း1 နဲ့ ဇာတ်သိမ်းသွားရတာမျိုး 🙄🙄🙄
#ရေးချင်တာရေး
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |