27/09/2025
👶 Flashcards တွေက ကလေးငယ်တွေအတွက် ဘာကြောင့် အသုံးဝင်တာလဲ?
📌 1. စကားလုံး အသစ်များ သင်ယူနိုင်စေနိုင်တယ်
ကလေးငယ်လေးတွေ အတွက် Vocabulary အသစ်တွေကို လွယ်ကူစွာ မှတ်မိစေပါတယ်။
➡️ ဥပမာ – သစ်သီး၊ တိရစ္ဆာန် အမည်တွေကို ရုပ်ပြထားလို့ အလွယ်တကူ သင်ယူနိုင်မှာပါ။
📌 2. မှတ်ဉာဏ်ကို အားကောင်းစေတယ်
ကဒ်တစ်ချို့ကို တကြိမ်၊ နှစ်ကြိမ် ပြန်ပြန်ကြည့်တာကြောင့် မှတ်မိမှု ပိုကောင်းစေပါတယ်။
📌 3. စကားပြော အတတ်ပညာ တိုးတက်စေပါသေးတယ်။
Flashcards ပြပြီး မိဘက ဖတ်ပြ၊ ကလေးက ထပ်ပြော → Listening + Speaking တို့ကောင်းစေမယ်။
📌 4. ဂိမ်းပုံစံနဲ့ သင်နိုင်လို့ စိတ်ဝင်စားစေနိုင်တယ်
Flashcards ကို ဂိမ်းနဲ့ တွဲပြီး လေ့လာစေလိုက်ရင် ကလေးတွေ ပိုကြိုက်၊ ပိုဖတ်ချင်ကြပြီပေါ့။
📌 5. ဂရုတစိုက်ခြင်း & အာရုံစိုက်မှု တိုးစေမယ်
ကဒ်တစ်ချို့ကို တပြန်ပြန်ကြည့်ရတဲ့အခါ ကလေးတွေ အာရုံစိုက်ပြီး စိတ်ထဲမှတ်နေတတ်ပါတယ်
💡 Parent Tip:
Flashcards ကို မိဘနဲ့ ကလေးက ညအချိန် ၁၀ မိနစ်လောက်အချိန်ပေးပြီး ဂိမ်းလိုမျိုး ပြန်ကြည့်လိုက်ရင် လေ့လာမှု ပိုကောင်းလာမယ် 💛
ဒီတစ်ခါတော့ သားသားမီးမီးတို့ လေ့လာဖို့ ချစ်စရာ insects flashcards လေးကို share ပေးလိုက်ပါတယ် ရှင့် ။
13/05/2024
အိမ်မှာတွေ့ရတဲ့ ပစ္စည်းလေးတွေကို English လိုလေ့လာကြမယ် ❤️
13/05/2024
Place Prepositions လို့ခေါ်တဲ့ နေရာပြပုဒ်လေးတွေကိုမှန်မှန်ကန်ကန် သုံးတတ်နေပြီလား
😉😉😉
23/11/2022
Hello Everyone 😍😍😍
ဒီနေ့ကတော့ ပေါ့ပေါ့ပါးပါးဖြေလို့ရအောင် Quiz လေး ပဲ တင်ပေးလိုက်တယ် နော်
အချိန်ရရင် comment box မှာ ဖြေပေးသွားကြပါဦးရှင် 🥰
21/11/2022
စာဖတ်ဖို့ အလေ့အကျင့် စယူနေတဲ့ Learners လေးတွေအတွက် ရည်ရွယ်ပြီး Simple sentence နဲ့ ရေးထားတဲ့ စာပိုဒ်လေးတွေ တင်ပေးလိုက်ပါတယ် 🙆♀️🙆♀️🙆♀️
ဒီ reading လေးတွေဟာ စာဖတ်တဲ့ အကျင့်လေးတွေကို ဖြစ်စေရုံသာမကပဲ ဝေါဟာရလေးတွေကိုလည်း ကြွယ်ဝစေပါသေးတယ်💁♀️💁♀️💁♀️
နောက်ထပ်အကြံပြုချင်တာ တစ်ခုက ကိုယ် မသိတဲ့ ဝေါဟာရလေးတွေ မသိတဲ့အခါ အဘိဓာန်မှာ အရင် မရှာလိုက်ပါနဲ့ 🙅♀️🙅♀️🙅♀️
အရင်ဆုံး ခန့်မှန်းကြည့်ပါ 💁♀️💁♀️💁♀️
ဥပမာ သင်ဟာ Coop ဆိုတဲ့ စာလုံးကို မသိခဲ့ဘူး ဆိုပါစို့
I'm a chicken. I live in a chicken coop.
ဒီ စာကြောင်းလေးဖတ်လိုက်ရင်တော့ Coop ရဲ့ အဓိပ္ပါယ်ကို ခန့်မှန်းရလွယ်ကူသွားပါပြီ
"ကြက်ကလေးဆိုတော့ ဘယ်နေရာမှာ နေမလဲ"
👉 ကြက်ခြံ ပေါ့ 👈
ဒီလို ဖတ်ပြီး အဓိပ္ပါယ်လေးတွေ ခန့်မှန်းတဲ့နည်းနဲ့လည်း ဝေါဟာရ အသစ်တွေကို လေ့လာလို့ ရပါတယ်
နောက်ထပ်လည်း English Language လေ့လာနည်းလေးတွေ အဆက်မပြတ် တင်ပေးသွားမှာမို့ like & share လေး လုပ်ပေးသွားပါဦး ရှင့် 🙆♀️🙆♀️🙆♀️
...
20/11/2022
Q: Start work လား Start working လား 🤔🤔🤔
A: ၂ ခုလုံးမှန်ပါတယ်
Start work ဆိုတာ အလုပ် စ တာ ဖြစ်ပြီး Start working ဆိုတာ အလုပ်စလုပ်တာကို ပြောတာ ဖြစ်ပါတယ်
ဥပမာ .. သင့်ရဲ့အလုပ်က ၉ နာရီ စ ပါတယ် .. အဲ့အခါမှာ "start work" ဆိုတဲ့အသုံးအနှုန်းကို သုံးလို့ရပါတယ်
I start work at 9 o'clock.
ဒါပေမယ့် သင်က အလုပ် ရောက်ရောက်ချင်း အလုပ်မစသေးပါဘူး . ပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်လိုက်တာ ၉ နာရီ ၁၅ လောက်မှပဲ အလုပ် စလုပ်ဖြစ်တယ်
ဒါဆို သင့်ဘက်က ဒီလိုပြောလို့ရပါပြီ
I start working at 9:15.
သိချင်တဲ့ grammar point လေးတွေလည်း comment မှာမေးခဲ့နော်
20/11/2022
ဒီနေ့ တော့ Meaning တွေ Vocab တွေ လေ့လာရာမှာပါ သိထားသင့်တဲ့ Compound Words လေးတွေ လေ့လာကြရအောင်နော်
Compound word ရဲ့ သဘောကတော့ ဥပမာ အနေနဲ့💁♀️
Lip + Stick = Lipstick
(နှုတ်ခမ်း) (တုတ်ချောင်း) (နှုတ်ခမ်းနီ)
Sun + Flower = Sunflower
(နေ) (ပန်း) (နေကြာပန်း)
အလွယ်ဆုံး ပြောရရင်တော့ စကားလုံးတလုံး တည်းအနေနဲ့ အဓိပ္ပါယ်တမျိုး ထွက်ပေမဲ့ 🤷♀️🤷♀️
စကားလုံး ၂လုံး ၃လုံး ပေါင်းလိုက်ရင် အဓိပ္ပါယ်တမျိုးပြောင်းသွားတာကို compound word လေး အဖြစ် အကြမ်းဖျင်း မှတ်သားနိုင်ပါတယ်နော် 💁♀️💁♀️
သာယာသော နေ့လေးပိုင်ဆိုင်ကြပါစေရှင့် 🙆♀️🙆♀️🙆♀️
...
19/11/2022
ဒီတခေါက်က sharing လုပ်သွားမှာက တော့ supermarket သွားတာဖြစ်ဖြစ်
English စာတန်းထိုး Cooking video🖥️🖥️ တွေ ကြည့်တဲ့
အခါတွေမှာ ပဲ ဖြစ်ဖြစ် အဆင်ပြေနိုင် အောင်
အသီးအရွက်လေးတွေ 🥦🥬🍅ရဲ့ နာမည် နဲ့အသံထွက် တွေ လည်း သိဖို့ လိုအပ်မယ်နော်
နောက်ရက် တွေ လည်း ထပ်ပီး sharing လုပ်သွားပါ့မယ် နော် 👩💻👩💻👩💻
...
19/11/2022
Hello🙆♀️🙆♀️.. အားလုံးပဲ အလုပ်ကြောင့် တပတ်လုံး စိတ်ရော လူရော ပင်ပန်းနေကြပီ ထင်ပါတယ်နော်🥺
ဒီနေ့မှာတော့ တီချယ် တို့ ရဲ့ ကျောင်းသားကျောင်းသူလေးတွေ အတွက် I'm so tired 😫လို့ခေါ်တဲ့အရမ်းပင်ပန်းနေပီဆိုတဲ့ အသုံးနှုန်း လေး ကို နောက် ထပ် စကားလုံး ၄ မျိုး နဲ့ ဖော်ပြလို့ရတယ် ဆိုတာ လေး ကို sharing လုပ်ပေးလိုက်ပါတယ်နော် 🥰🥰🥰
ဒီ weekend လေးတွေ မှာ တော့ English နဲ့ ပက်သက်တဲ့ Tips လေးတွေကို ပိုမို sharing လုပ်သွားပါ့မယ် ရှင့်👩💻
.
18/11/2022
Hello everyone, ဒီနေ့အတွက်ကတော့ Grammar ဘက် လေး နည်းနည်း ပြန်သွားကြရအောင် နော် 💁♀️
Grammar အတွက် သာ မက speaking အတွက်ပါ နေ့စဉ် အသုံးပြု နေကျ ဖြစ်တဲ့ Wh Question လေးတွေကို ဖြေသွားကြပါဦးနော် 🙆♀️🙆♀️🙆♀️
မင်မင်တို့ page မှာ English နဲ့ ပက်သက်တဲ့ Tipsလေး တွေ ကို နေ့စဉ်တင်ပေးသွားမှာပါနော် 👩💻👩💻👩💻
English စာ လေး တွေ ကို ပေါ့ပေါ့ပါးပါး လေ့လာလို့ရအောင်
သူငယ်ချင်းတွေ ကို လည်း like and share လေးတွေ နဲ့ မျှ ဝေ ပေးကြပါဦးနော်.. 🥰🥰🥰
17/11/2022
ဟိုး အရင်နှစ်တွေ က Trend ဖြစ်ခဲ့တဲ့ meme လေးပါ
ကိုယ်ထင်တာလေးတွေ မန့်ခဲ့ ကြပါဦးနော်💁♀️💁♀️💁♀️
နေ့တိုင်း knowledge sharing လေးတွေလုပ်ပေးသွားမှာ ဖြစ်လို့ Page လေးကို Like လုပ်ပီး လေ့လာ နိုင်ပါတယ်နော် 😇😇😇