Zwe Htet Education Center

Zwe Htet Education Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zwe Htet Education Center, Education, No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township, Yangon.

11/03/2023

မင်္ဂလာပါရှင့်

Zwe Htet Education Center မှ English 4 skills နှင့် Drawing ကို ကျွမ်းကျင်စွာသင်နိုင်သော အချိန်ပိုင်း ဆရာမ ၂ ဦး ကို အလိုရှိပါတယ်ရှင့်

Place - မြို့ထဲ ( ဒဂုံမြို့နယ်)
Student - Grade 1
Time - 3 days per week (1:30)
Fees - nego

အသေးစိတ်အချက်အလက်များကို page cb တွင် စုံစမ်းနိုင်ပါသည်ရှင့်

Zwe Htet Education Center တွင် ပညာသင်ကြားလျက်ရှိသော မူလတန်း သားငယ်သမီးများ၏ ချစ်စဖွယ်ပုံရိပ်များ
26/09/2022

Zwe Htet Education Center တွင် ပညာသင်ကြားလျက်ရှိသော မူလတန်း သားငယ်သမီးများ၏ ချစ်စဖွယ်ပုံရိပ်များ

29/08/2022

Zwe Htet Education Center မှ မင်္ဂလာတော်ညွန့်တွင် နေထိုင်၍ International School Student အား guide ပြပေးနိုင်သော အချိန်ပိုင်းဆရာမ တစ်ဦး အမြန်အလိုရှိပါတယ်ရှင့် English Cambridge သင်ရိုး သင်နိုင်သူ ဖြစ်ရပါမည်။
လျှောက်ထားလိုသောဆရာမများ အနေဖြင့်
page cb တွင် စုံစမ်းလို့ရပါသည်ရှင့်

22/07/2022

မင်္ဂလာပါရှင့်
Zwe Htet Education Center
မှ တောင်ဒဂုံတွင် အချိန်ပိုင်းသင်ကြားပေးရန် kg ဆရာမ တစ်ဦး အမြန်အလိုရှိပါတယ်ရှင့်

လျှောက်ထားလိုသော ဆရာမ များ အနေဖြင့် page cb တွင် လာရောက်စုံစမ်းနိုင်ပါသည်ရှင့်

Zwe Htet Education Center မှ မေလအတွက် အတန်းခွဲသစ်များ စတင်ဖွင့်လှစ်ပါတော့မယ်ရှင့်  အရည်အချင်းပြည့်ဝပြီး သင်ကြားရေးပိုင်...
03/05/2022

Zwe Htet Education Center မှ မေလအတွက် အတန်းခွဲသစ်များ စတင်ဖွင့်လှစ်ပါတော့မယ်ရှင့်
 အရည်အချင်းပြည့်ဝပြီး သင်ကြားရေးပိုင်းတွင် ကျွမ်းကျင်သော ဆရာ/ဆရာမများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော Zwe Htet Education Center တွင် ကလေးများ၏ပညာရေးအတွက် စိတ်ချနိုင်ပါတယ်ရှင့်
 KG မှ တက္ကသိုလ်ဝင်တန်းအထိ သင်ရိုးသစ်/သင်ရိုးဟောင်း တန်းခွဲသစ်များ ဖွင့်လှစ်နေပါပြီရှင့်
 Online/ အိမ်ဝိုင်း နှင့် Home Guide၊ international course များလည်း သင်ကြားပေးပါသည်ရှင့်

ကျောင်းသားများကို သင်ကြားမှုပုံစံအနေဖြင့်
 အပတ်စဉ်၊ လစဉ် သင်ပြီးသောစာများကို နွှေးပေးခြင်း၊ စစ်ပေးခြင်း
 သင်ရိုးနှင့် ခလေး၏ သင်ယူနားလည်နိုင်စွမ်းကို ချိန်ညှိ၍ Lesson Plan ထားရှိခြင်း
 နားမလည်သောစာများကို ထပ်ခါထပ်ခါ အကြိမ်ကြိမ် သဘောပေါက် နားလည်စေရန် ဥပမာများပေး၍ ရှင်းပြခြင်း
 Activities များဖြင့် သင်ကြားပေးသဖြင့် ကလေးများ ပျော်ပျော်ရွှင်ရွှင်စာသင်ရခြင်း
 ကျောင်းစာအပြင် သိသင့်သိထိုက်သောအကြောင်းအရာများကို အတူတူဆွေးနွေးကြည့်ခြင်း၊ လမ်းညွှန်ပေးခြင်း တို့ကို ပြုလုပ်ပေးပါသည်။
အသေးစိတ်သိရှိလိုပါက-
📲page messenger (သို့မဟုတ်)
09793593327
09787851833
93လမ်း၊အမှတ်94၊ကန်တော်ကလေး၊မင်္ဂလာတောင်ညွန့်မြို့နယ်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

Zwe Htet Education Center ရဲ့  နွေရာသီ သင်တန်းခွဲများ စတင် ဖွင့်လှစ်ပါတော့မယ်ရှင့်။ကျောင်းသင်ရိုးပညာရေးနှင့် ကျောင်းပြင်...
01/03/2022

Zwe Htet Education Center ရဲ့ နွေရာသီ သင်တန်းခွဲများ စတင် ဖွင့်လှစ်ပါတော့မယ်ရှင့်။

ကျောင်းသင်ရိုးပညာရေးနှင့် ကျောင်းပြင်ပ ပညာရေးအတွက် အတန်းသစ်များ အပ်နှံနိုင်ပါပြီရှင့် ။
KG မှ Grade 11 ထိ သင်ရိုးသစ်/သင်ရိုးဟောင်းများ ၊ International school များအတွက် home guide များအဖြစ်
online/home teaching/home guide ပုံစံများနဲ့ သင်ကြားပေးနေတာကြောင့် မိမိတို့၏ သားသမီးများကို အဆင်ပြေသည့်နည်းလမ်းဖြင့် အပ်နှံသင်ကြားနိုင်ပါသည်။

✴️KG to G-2အတွက် လစာ နှုန်းထားများမှာ-

Online (5ယောက်ဝိုင်း) - 20000ks
online (one by one) - 30000ks
home teaching - 50000ks

🕐သင်ကြားသည့် အချိန် -

Home teaching-တစ်ပတ်လျှင် ၄ရက် (၁နာရီခွဲ)
Online-တစ်ပတ်လျှင်၃ရက်(၁နာရီခွဲ)

✴️G-3 /G-4အတွက် လစာနှုန်းထားများမှာ

online (5ယောက်ဝိုင်း)- 25000ks
Online (one by one)- 30000ks
home teaching - 55000ks

🕐သင်ကြားသည့် အချိန် -

Home teaching-တစ်ပတ်လျှင်၎ရက်(၁နာရီခွဲ)
Online-တစ်ပတ်လျှင်၃ရက်(၁နာရီခွဲ)


✴️G-5/ G-6 အတွက် ဘာသာစုံလစာနှုန်းထားများမှာ

online (5ယောက်ဝိုင်း) - 30000ks
online (one by one) - 35000ks
Home teaching - 60000ks

🕐သင်ကြားသည့် အချိန် -
Home teaching- တစ်ပတ်လျှင် ၄ရက် (၂နာရီ)
Online-တစ်ပတ်လျှင်၃ရက်(၂နာရီ)

✴️G-7/G-8အတွက်ဘာသာစုံလစာနှုန်းထားများမှာ

online (5ယောက်ဝိုင်း) - 35000ks
online (one by one) - 40000ks
Home teaching - 70000ks

🕐သင်ကြားသည့် အချိန် -
Home teaching- တစ်ပတ်လျှင် ၄ရက် (၂နာရီ)
Online-တစ်ပတ်လျှင်၃ရက်(၂နာရီ)

💥G-9, G-10 အတွက် တစ်ဘာသာချင်း/ ဘာသာစုံ တန်းခွဲများလည်း စုံစမ်းအပ်နှံလို့ရပါတယ်ရှင့်။

💥Home teaching သည် ရန်ကုန်မြို့အတွက် ဖြစ်ပြီး online သင်တန်းများကိုတော့ မည်သည့်နေရာမှမဆို တက်ရောက်နိုင်ပါသည်။

💥အသေးစိတ်သိရှိလိုပါက-
page messanger
09793593327
09791029673
93လမ်း၊အမှတ်94၊ကန်တော်ကလေး၊မဂ်လာတောင်ညွန့်
မြို့ နယ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

မူလတန်းမိဘများသို့ အကြံပေးချက်++++++++++++++++++++++++++၁။ ကလေးအိပ်ရေးဝပါစေကလေးများ တီဗွီကြည့်တာပဲဖြစ်ဖြစ်၊ အဆော့မက်လို့...
03/12/2021

မူလတန်းမိဘများသို့ အကြံပေးချက်
++++++++++++++++++++++++++

၁။ ကလေးအိပ်ရေးဝပါစေ

ကလေးများ တီဗွီကြည့်တာပဲဖြစ်ဖြစ်၊ အဆော့မက်လို့ ပဲဖြစ်ဖြစ်၊ ကျူရှင်များလို့ ပဲဖြစ်ဖြစ်၊ အိပ်ရေးမပျက်စေသင့်ပါ။ ကလေးတိုင်း တစ်နေ့ ( ၁၀ ) နာရီအိပ်သင့်ပါတယ်။ ကလေးအိပ်ရေးဝမှသာလျင် အားအင်ဖြစ်ထွန်းမှာဖြစ်ပြီး ကိုယ်ရောစိတ်ပါ ပုံမှန်ဖွံ့ဖြိုးနိုင်မယ်ဖြစ်ပါတယ်။

၂။ မနက်စာ ဝအောင်စားပါ။ အဟာရ ရှိအောင်စားပါ။

အခုခေတ်ကလေးတော်တော် များများဟာ မနက်စာကို လောလောစားပြီး ကျောင်းတက်လေ့ရှိပါတယ်။ အချို့ ကလေးများ ကျောင်းသွားတဲ့ ကားပေါ် မှာထမင်းကျွေးတာကို တွေ့ဖူးပါတယ်။ ညက်ညက်ဝါးစားဖို့ မပြောနဲ့၊ ကောင်းကောင်းစားနိုင်ဖို့တောင် အချိန်လုရသလိုဖြစ်နေပါတယ်။ ကလေးများ ၀တစ်လှည့်၊ ငတ်တစ်လှည့် ဖြစ်နေတတ်ပြီး ကျန်းမာရေး အလွန်ထိခိုက်လွယ်ပါတယ်။ မနက်စာဟာ လူတိုင်းအတွက် တစ်နေ့တာ အဓိကအင်အားဖြစ်တာကြောင့် မနက်စာကို ဝအောင်ကျွေးပါ။ ကောင်းအောင်ကျွေးပါ။

၃။ ရေ လုံလုံလောက်လောက် သောက်ခိုင်းပါ။

မူလတန်းအရွယ်ကလေးများဟာ အလွန်အဆော့မက်တတ်ပါတယ်။ ဟိုပြေးဒီပြေးနဲ့ အလွန်လုပ်ရှားပါတယ်။ ကလေးကို ရေအလုံအလောက်သောက်ဖို့ အားပေးသင့်ပါတယ်။

၎။ ခဲဖျက် အလွန်သုံးတဲ့ အကျင့်ကို တစ်ဖြည်းဖြည်း ဖျောက်ပေးပါ။

တစ်ခုခု ရေးမှားရင် ခဲဖျက်ဖျက်တယ်။ ခဲဖျက်သုံးတာ ဘာမှအပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ အသုံးလွန်သွားရင် တစ်ခုခု အားနည်းနေပါပြီ။ အနည်းဆုံးတော့ သူရေးနေတဲ့ စာမှာ သူစိတ်မပါဘူးဆိုတာ ပြသနေပါပြီ။ ခဲဖျက်ကို အကြိမ်ရေ အသုံးနည်းစေခြင်းဟာ ပိုမိုစိတ်ဝင်စားအောင် လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။

၅။ ကလေးကိုယ့်ဝန်ကို နိုင်အောင် လေ့ကျင့်ပေးခြင်း

ကလေးကျောင်းတက်ပြီဆိုရင် အချို့ ကိစ္စရပ်တွေမှာ ကိုယ့်ဝန်ကို ထမ်းရပါတော့မယ်။ ဥပမာ အပေါ့ အလေးသွားတာမျိုး၊ ကိုယ့်စာအုပ်ခဲတန်ကို လွယ်အိပ်ထဲသိမ်းဆည်းတာမျိုး၊ ချမ်းတဲ့အခါမှာ အနွေးထည်ဝတ်ပြီး ပူတဲ့အခါမှာ ပြန်ချွတ်တတ်တာမျိုး၊ ကိုယ့်အ၀တ်အစား၊ ရေးဗူး၊ ထ္မင်းကျိုင့်၊ ထီး စသည်တို့ကို ကျောင်းမှာ မမေ့ကျန်ခဲ့တာမျိုး မိဘများစတင်လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

၆။ အ၀တ်အစားမှာ အပြိုင်အဆိုင်ကင်းပါစေ

တကယ်လို့ ကျောင်းဝတ်စုံရှိရင် ကျောင်းဝတ်စုံပဲ ၀ယ်ဝတ်ပါ။ ပိတ်စမကောင်းဘူးဆိုပြီး အပြင်ဆိုင်မှာ အထူးချုပ်သွားချုပ်တာမျိုး၊ ကျောင်းက ဖိနပ်မစီးပဲ ၊ အရောင်တူ Brand ၀ယ်စီးခိုင်းတာမျိုး၊ မပြုလုပ်သင့်ပါ။ အပြိုင်အဆိုင်ဝင်သွားရင် ကလေးအတွက် ဘာမှမကောင်းပါ။

၇။ ကလေးရဲ့ ဖေါ် ပြတတ်မူကို အလေးထားပါ။
အကြောင်းအရာ တစ်ခုကို သူ့အရွယ်နဲ့သူ ဖြောင့်အောင် ပြောပြတတ်ရဲ့လား၊ အခက်အခဲတစ်ခု တွေ့လာရင် မိဘကို ရှင်းအောင်ပြောပြတတ်ရဲ့လား၊ ပြောရဲဆိုရတာမျိုး ဖြစ်ရဲ့လား၊ စသည်တို့ကို မိဘများဂရုစိုက်ပေးဖို့လိုပါတယ်။ ဖုန်းတို့၊ ဂိမ်းတို့၊ အိုင်ဘက်တို့ အရမ်းဆော့တဲ့ ကလေးများဟာ ဖေါ်ပြတတ်မူမှာ အားနည်းရုံမက စဉ်းစားဥာဏ်ပါ နောင့်နှေးစေတတ်ပါတယ်။

၈။ အိမ်သာမှန်မှန်တက်တာလည်း အရေးကြီးတယ်ဆိုတာ ကလေးကိုပြောပေးပါ။

ကလေးတော်တော်များများဟာ ဆော့လို့ ပျော်လို့ ကောင်းတဲ့ အချိန်မှာ အိမ်သာတက်ဖို့ မေ့နေတတ်ပါတယ်။ အချို့ ကလေးများဟာ တက်ဖူးနေကျ အိမ်သာမဟုတ်ရင် ဘယ်လောက်ပဲ အလျင်စလိုဖြစ်ဖြစ်၊ အောင့်ထားတတ်ပါတယ်။ ကျန်းမာရေးအတွက်လည်းမကောင်း၊ စိတ်ဓါတ်ရေးရာ အတွက်လည်း မကောင်းတတ်တာမို့ ကလေးကို နားလည်အောင် ဖြောင်းဖြ ပေးသင့်ပါတယ်။

၉ ။ ကလေးရဲ့ အမြင်အာရုံကို ကာကွယ်ပေးပါ။

စာကျက်နေတဲ့ အချိန်မျိုးမှာ အလင်းရောင် အပြည့်အ၀ ရပါစေ။ စာကျက်တဲ့အခါ ဖြစ်ဖြစ်၊ စာရေးတဲ့ အခါဖြစ်ဖြစ်၊ ထိုင်နည်းမှန်ကန်ပါစေ။ ထိုင်နည်းမမှန်ကန်ရင်လည်း မျက်စိထိခိုက်တတ်ပါတယ်။ တီဗွီကားတွေ အကြာကြီးကြည့်တာ၊ အင်တာနက်ကို အကြာကြီးသုံးတာ၊ လက်ကိုင်ဖုန်း၊ အိုင်ဘက် ဆော့တာတွေ အားလုံး မျက်စိအလွန်ထိခိုက်လွယ်ပါတယ်။

၁၀။ တီဗွီ အစီအစဉ်ကို ရွေးချယ်ကြည့်ခိုင်းပါ။
မိဘများအနေနဲ့ မိမိကလေးများရဲ့ စိတ်ဝင်စားမူ ပေါ် မူတည်ပြီး ကာတွန်းကား၊ တောရိုင်းတိရစ္ဆာန်ကားများ၊ Discovery လိုကားများ၊ အကျိုးရှိမယ်ထင်တဲ့ကားများ အားလုံးကို အကန့်အသတ်နဲ့ ကလေးကို ပြပေးလို့ ရပါတယ်။

၁၁။ ကလေးများ အိမ်စာကို ကူညီပေးပါ။

မူလတန်းကလေးများ၊ အထူးသဖြင့် ပထမတန်းကလေးများဟာ မိမိဖာသာ စာမလုပ်တတ်သေးပါ။ မိဘများအထိုက်အလျှောက်ကူညီနိုင်ရင် ပိုအကျိုးဖြစ်ထွန်းပါတယ်။ မိဘများကူညီတယ်ဆိုတာ မျက်စိတောက်ထောက်ကြည့်တာမျိုး မဟုတ်ပါ။ ကျူရှင်ဆရာမ အများကြီးခေါ် ပေးခိုင်းတာမျိုးလည်း မဆိုလိုပါ။ သူတို့ ကိုယ်စား မိဘက ၀င်လုပ်ပေးတာမျိုးကို ပိုမို ရှောင်ရှားသင့်ပါတယ်။ ကလေးအခြေအနေပေါ် မူတည်ပြီး လမ်းညွန်သင့်တာလမ်းညွန်၊ သင်ကြားပေးသင့်တာကို သင်ကြား၊ သူတို့ သူငယ်ချင်းတွေထံ ဖုန်းဆက်မေးမြန်းသင့်တာတွေကို မေးမြန်းစေတာမျိုးကို ဆိုလိုပါတယ်။
ဖြစ်နိုင်ရင်တော့ ကလေးကို ဘယ်လိုစဉ်းစားသင့်သလဲ၊ အဖြေရအောင် ဘယ်လိုချဉ်းကပ်သင့်သလဲ စသည်ဖြင့် တစ်ဆင့်ချင်း လမ်းပြသွားနိုင်ရင် ပိုမိုထိရောက်တတ်ပါတယ်။

၁၂။ လုံခြုံ မူအသိ ကြွယ်ဝစေခြင်း

လုံခြုံ မူအသိဆိုတာ ကလေးတွေအတွက် အလွန်အရေးကြီးပါတယ်။ အသက်ငယ်လေ၊ စိုးရိမ်ရလေ ဖြစ်ပါတယ်။ တံခါးအ၀င်အထွက်၊ လှေခါး အတက်အဆင်း၊ စူးစမ်းလိုစိတ်နဲ့ ဝါယာ ဆော့ကက့် ပေါက်နဲ့ အထိအတွေ့၊ ကားလမ်း အဖြတ်အကူး၊ လူစိမ်းနဲ့ ထိတွေ့တဲ့အခါ၊ အမြင့်တက်ခြင်း၊ ရေကစားခြင်း၊ မီးကစားခြင်း စသည့်စသည့် တို့မှာ အထူးဂရုစိုက် သင်ကြားပေးဖို့ လိုပါတယ်။

၁၃။ ဆက်ဆံရေး ချောမွေ့ အောင် ပျိုးထောင်ပေးခြင်း

ဆက်ဆံရေးကောင်းမွန်အောင် ငယ်စဉ်ကတဲက စတင်ပျိုးထောင်ပေးလို့ ရပါတယ်။
အရေးကြီးဆုံးကတော့ လူကိုလေးစားတတ်အောင်အရင်သင်ပေးရပါတယ်။ လေးစားခြင်းဟာ ဆက်ဆံရေးရဲ့ အခြေခံအုပ်မြစ်ဖြစ်ပါတယ်။
သူများပြောစကားကို စိတ်ဝင်တစား နားထောင်တတ်အောင် ပျိုးထောင်ပေးထားရပါမယ်။
ကိုယ့်ပြောချင်နေတဲ့အကြောင်းအရာ၊ ကိုယ်စဉ်းစားနေတဲ့ အကြောင်းအရာ တွေကို ရှင်းရှင်းလင်းလင်း ဖေါ်ပြတတ်ဖို့၊ ပြောရဲဆိုရဲအောင် အရင်သတ္တိမွေးပေးရပါတယ်။
ဂတိတည်ရမယ်။ ရိုးသားမယ်။ စဉ်းစားတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောမယ်။ ဒီအဆင့်အထိဆိုရင် လူချစ်လူခင်ပေါဖို့ မဝေးတော့ပါဘူး။

၁၄။ ကလေးစိတ်ကျန်းမာရေးကို ဂရုစိုက်ပေးပါ။

ကလေးလုံလောက်တဲ့ တက်ကြွမူ ရှိရဲ့လား၊ အကောင်းမြင်တဲ့ အကျင့်ရှိသလား၊ အရွယ်နဲ့ မလိုက်ပဲ ဒေါသအရမ်းကြီးနေသလား၊ အမြဲတမ်းပဲ တစ်ခုခု စိုးရိမ်နေတတ်သလား၊ ကလေး ဖိအားအရမ်းများနေသလား၊ စသည်ဖြင့် ကလေးများရဲ့ အပြုအမူကို မိဘများက ဂရုတစိုက် လေ့လာသင့်ပါတယ်။ တကယ်လို့ တစ်ခုခု မူမမှန်ဘူးဆိုရင် စိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ မိဘများတစ်ခု လုံးဝလက်ခံထားရမှာက စိတ်ဆရာဝန်ပြသခြင်းဆိုတာ စိတ္တဇ ရောဂါမဟုတ်ပါ။ နိုင်ငံခြားမှာ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။

Ref: WeChat
;Sayar Aung Ko Latt

Zwe Htet Education Center မှ December လ အတွက် တန်းခွဲသစ်များ ထပ်မံဖွင့်လှစ်ပါတော့မယ်ရှင့် သားငယ် သမီးငယ်တို့ရဲ့ ပညာရေးအတ...
24/11/2021

December လ အတွက် တန်းခွဲသစ်များ ထပ်မံဖွင့်လှစ်ပါတော့မယ်ရှင့်

သားငယ် သမီးငယ်တို့ရဲ့ ပညာရေးအတွက် စိတ်ချရဖို့ ဆိုရင်တော့ ရှိ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိ စာသင်ကောင်းသော ဆရာ၊ဆရာမများနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့်

December လအတွက် တန်းခွဲသစ်များမှာ

အစိုးရကျောင်း သင်ရိုး courseအပြတ် (ဘာသာစုံ)
🏆Kg to Grade-4 တန်း

🏅KG တန်း
Home guide-50000ks

🏅Grade 1/2
Online class-15000ks(5ယောက်ဝိုင်း)
Home guide-50000ks

🏅Grade 3/4
Online class-20000ks(5ယောက်ဝိုင်း)
Home guide-55000ks

Online classများone by one တက်လိုပါက-30000ks

သင်ကြားမည့်အချိန်မှာ online class ဖြစ်ပါက တစ်ပတ် ၃ရက်ဖြင့် တစ်ရက်လျှင် ၁နာရီခွဲ ဖြစ်ပြီး အိမ်လိုက်သင်ဆိုပါက တစ်ပတ်လျှင် ၄ ရက် တစ်ရက်လျှင် ၁နာရီခွဲနှုန်းဖြင့် သင်ပေးပါသည်။

Home guideသင်ကြားပေးသောမြို့နယ်များမှာ-
မင်္ဂလာတောင်ညွန့်၊ပုဇွန်တောင်၊ဗိုလ်တထောင်၊‌ကျောက်တံတား၊ပန်းပဲတန်း၊တာ‌မွေ၊ရန်ကင်း၊
သင်္ကန်းကျွန်း၊တောင်ဒဂုံ၊မြောက်ဒဂုံ၊
တောင်ဥက္ကလာ၊မြောက်ဥက္ကလာတို့ပဲဖြစ်ပါတယ်။

စသည့် နည်းစနစ်များနှင့် စနစ်တကျ သင်ကြားပေးခြင်းကြောင့် သင့်ကလေးငယ်၏ ပညာရေးနှင့် ဗဟုသုတပိုင်းတွင် တိုးတက်လာစေမှာ ဖြစ်ပါတယ်ရှင့်။
အသေးစိတ်သိရှိလိုပါက-
09791029673
09793593327
09694965657


၏Content များသည် မူရင်း Post များဖြစ်ပါသဖြင့် Copy ကူးယူခြင်း၊စွပ်စွဲခြင်း သည်းခံပါ၊

Fruit and Vegetables worksheet
03/11/2021

Fruit and Vegetables worksheet

大 家 好!🇨🇳 အားလုံးဘဲမင်္ဂလာပါရှင့်💢 တရုတ်စာကိုအခြေ ခံမှ စတင်လေ့လာမယ့်အသက် ၇ နှစ် မှ ၁၄ နှစ်ကြား က​​လေးတို့အတွက်"Basic Piny...
28/10/2021

大 家 好!🇨🇳
အားလုံးဘဲမင်္ဂလာပါရှင့်
💢 တရုတ်စာကိုအခြေ ခံမှ စတင်လေ့လာမယ့်
အသက် ၇ နှစ် မှ ၁၄ နှစ်ကြား က​​လေးတို့အတွက်
"Basic Pinyin Online Class"( Four Skills Class) လေးကို Zwe Htet Education center မှာတက်ရောက်နိင်ပါပြီရှင့်
💢 zoom class လေးနဲ့စာသင်ရတဲ့အ​ပြင် လူဦးရေ(10)ယောက်ဘဲ ကန့်သတ်ထားတာမို့ထိရောက်တဲ့သင်ကြားမှုကိုလည်းရရှိစေမှာပါရှင့်
💢 မသိနားမလည်တာရှိရင်လည်းဆရာမနဲ့ပေါ့ပေါ့ပါးပါး သင်ယူလို့ရအောင်လည်းစီစဥ်ပေးထားပါတယ်ရှင့်
💢 သင်တန်းကာလ - (3)လ
💢 သင်တန်းကြေး- (1)လကို 15000 ကျပ်
💢 သင်တန်းစတင်မည့်ရက် - November 7
💢သင်တန်းနေ့ရက် - စနေ တနင်္ဂနွေ
💢သင်တန်းချိန် - 1:00-3:00 pm
💢 သင်​ကြားပေးမည့်သင်ခန်းစာများ-
(၁) ဗျည်း
(၂) သရ
(၃) ဗျည်း+သရ စာလုံးများ
( ၄) ဗျည်း နှင့် သရ ပေါင်းစပ်နည်းများ
(၅) အသံအနိမ့်အမြင့် tones များ
(၇) မိမိကိုယ့်ကိုယ်မိတ်ဆက်နည်း
(၈) မိသားစုဝင် အခေါ်အဝေါ်များ
(၉) ကိန်းဂဏန်းများ
(၁၀) နေ့၊လ၊ရက်များ
(၁၁)အခြေခံစုတ်ချက်
(၁၂)အခြေခံ စာလုံးရေးနည်း
(၁၃) ပိုက်ဆံရေတွက်ပုံများ
(၁၄) လွယ်ကူသောဝေါဟာရ
(၁၅) နာရီကြည့်ပုံကြည့်နည်းများကို
သင်ကြားပေးသွားမှာပါရှင့်
💢 အသေးစိတ်ကနေသင်ကြားပေးမှာမို့သင်ယူတတ်မြောက်မှုအပိုင်းမှာအပြညိ့အဝအာမခံပါတယ်ရှင့်
သင့်က​​ လေး တိုင်းအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုပိုင်ဆိုင်နိုင်ဖို့
အခုဘဲ page ရဲ့ cb မှာစာရင်းသွင်းလိုက်တော့နော်😘

ဖုန်းနံပါတ် 09-793593327, 09-254113240 ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်

သင့်ရင်သွေးငယ်ရဲ့ ပညာရေးအတွက် စိတ်ချချင်တယ်ဆိုရင် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သော ဆရာမများကိုယ်တိုင် သင်ကြားပေးသည့်   မှ...
14/10/2021

သင့်ရင်သွေးငယ်ရဲ့ ပညာရေးအတွက် စိတ်ချချင်တယ်ဆိုရင် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သော ဆရာမများကိုယ်တိုင် သင်ကြားပေးသည့် မှာ စာရင်းပေး အပ်နှံလို့ရပါပြီရှင့်။

မှ နိုဝင်ဘာလအတွက် ထပ်မံ၍ အောက်ပါ တန်းခွဲအသစ်များ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်ရှင့်။

အစိုးရကျောင်း သင်ရိုး courseအပြတ် (ဘာသာစုံ)
🏆Kg to Grade-4
🏆Grade-5/6/7
🏆Grade-8
🏆Grade-10စနစ်သစ်
🏆Grade-10စနစ်ဟောင်း

Home guideသင်ကြားပေးသောမြို့နယ်များမှာ-
မင်္ဂလာတောင်ညွန့်၊ပုဇွန်တောင်၊ဗိုလ်တထောင်၊‌ကျောက်တံတား၊ပန်းပဲတန်း၊တာ‌မွေ၊
သင်္ကန်းကျွန်း၊တောင်ဒဂုံ၊မြောက်ဒဂုံ၊
တောင်ဥက္ကလာ၊မြောက်ဥက္ကလာတို့ပဲဖြစ်ပါတယ်။

စသည့် နည်းစနစ်များနှင့် စနစ်တကျ သင်ကြားပေးခြင်းကြောင့် သင့်ကလေးငယ်၏ ပညာရေးနှင့် ဗဟုသုတပိုင်းတွင် တိုးတက်လာစေမှာ ဖြစ်ပါတယ်ရှင့်။
အသေးစိတ်သိရှိလိုပါက-
09791029673
09793593327
09694965657


၏Content များသည် မူရင်း Post များဖြစ်ပါသဖြင့် Copy ကူးယူခြင်း၊စွပ်စွဲခြင်း သည်းခံပါ၊

Address

Yangon

Telephone

+959791029673

Website

Alerts

Be the first to know and let us send you an email when Zwe Htet Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category