15/08/2026
💭 ရန်ကုန်မြို့မှာ လတ်တလော ပြင်းထန်တဲ့ ဝမ်းလျှောရောဂါ ဖြစ်ပွားမှုတွေ များလာတာကို ကြားမိကြပါသလား?
💭 တစ်ယောက်ယောက် နေမကောင်းဖြစ်တဲ့အခါ အင်္ဂလိပ်လို ရိုးရိုးရှင်းရှင်း ကျန်းမာရေးအကြံပြုချက်တွေကို ဘယ်လိုပေးရမလဲဆိုတာ စဉ်းစားဖူးပါသလား?
သင့်သူငယ်ချင်းတစ်ယောက်က “I have diarrhoea and I feel weak.” (ဝမ်းလျှောပြီး အားနည်းနေတယ်) လို့ ပြောလာရင် သင်က ဘာပြန်ပြောမလဲ? 🤔
“Be careful!” လို့ ပြောရုံနဲ့ မပြီးသေးပါဘူးနော်။ 😊
ဒီနေ့မှာတော့ ကျန်းမာရေးအကြံပြုချက် (Health Advice) တွေကို အင်္ဂလိပ်လို သဘာဝကျကျ ပြောနိုင်ဖို့ အသုံးများတဲ့ English structures ၄ မျိုး ကို လေ့လာကြရအောင်။ 🩺💬
🗣 4 Useful Structures for Giving Health Advice
1️⃣ You should + V-inf
တစ်စုံတစ်ယောက်အတွက် လုပ်တာကောင်းမယ့်အရာ၊ လုပ်သင့်တဲ့အရာ ကို အကြံပြုပေးချင်တဲ့အခါ You should + V-inf (base verb) ကို သုံးပါတယ်။
💬 You should drink plenty of safe water.
➡️ သန့်ရှင်းပြီး စိတ်ချရတဲ့ရေကို များများသောက်သင့်ပါတယ်။
💬 You should wash your hands regularly.
➡️ လက်ကို ပုံမှန်ဆေးကြောသင့်ပါတယ်။
💬 You should eat freshly cooked food.
➡️ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့အစားအစာကို စားသင့်ပါတယ်။
2️⃣ You shouldn't + V-inf
တစ်စုံတစ်ယောက်ကို မလုပ်သင့်တဲ့အရာ တစ်ခုခုအတွက် အကြံပြုချင်တဲ့အခါ You shouldn't + V-inf ကို သုံးပါတယ်။
💬 You shouldn't eat food that has been left uncovered.
➡️ ဖုံးအုပ်မထားတဲ့အစားအစာတွေကို မစားသင့်ပါဘူး။
💬 You shouldn't drink unsafe water.
➡️ မသေချာတဲ့ရေကို မသောက်သင့်ပါဘူး။
💬 You shouldn't ignore severe symptoms.
➡️ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။
3️⃣ It's important to + V-inf
တစ်စုံတစ်ခုဟာ အရေးကြီးတယ်၊ လိုအပ်တယ် ဆိုတာကို အလေးပေးပြောချင်တဲ့အခါ ဒီ structure ကို သုံးနိုင်ပါတယ်။
💬 It's important to wash your hands before eating.
➡️ အစားမစားခင် လက်ဆေးဖို့ အရေးကြီးပါတယ်။
💬 It's important to keep food clean and covered.
➡️ အစားအစာတွေကို သန့်ရှင်းပြီး ဖုံးအုပ်ထားဖို့ အရေးကြီးပါတယ်။
💬 It's important to stay hydrated when you are unwell.
➡️ နေမကောင်းတဲ့အခါ ရေဓာတ်မခမ်းခြောက်အောင် နေဖို့ အရေးကြီးပါတယ်။
4️⃣ Make sure you + V-inf
တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ သတိပေးတဲ့အခါ ဒီ expression ကို အသုံးပြုနိုင်ပါတယ်။
💬 Make sure you drink safe water.
➡️ သန့်ရှင်းပြီး စိတ်ချရတဲ့ရေကို သောက်ဖို့ သေချာဂရုစိုက်ပါ။
💬 Make sure you wash your hands with soap.
➡️ ဆပ်ပြာနဲ့ လက်ကို သေချာဆေးကြောပါ။
💬 Make sure you keep your food properly covered.
➡️ အစားအစာတွေကို သေချာဖုံးအုပ်ထားဖို့ ဂရုစိုက်ပါ။
🩺 Let's Put Them Together!
💬 အခု ဒီ Structure ၄ မျိုးကို တစ်ခါတည်း အသုံးပြုကြည့်ရအောင်!
Imagine your friend says:
💬 “I've had diarrhoea since yesterday. What should I do?”
“မနေ့ကတည်းက ဝမ်းလျှောနေတာ။ ဘာလုပ်သင့်လဲ?”
You could say:
💧 You should drink plenty of safe water.
➡️ သန့်ရှင်းပြီး စိတ်ချရတဲ့ရေကို များများသောက်သင့်ပါတယ်။
🍱 You shouldn't eat food that may be contaminated.
➡️ မသန့်ရှင်းနိုင်တဲ့ အစားအစာတွေကို မစားသင့်ပါဘူး။
💦 It's important to stay hydrated.
➡️ ရေဓာတ်မခမ်းခြောက်အောင် နေဖို့ အရေးကြီးပါတယ်။
🧼 Make sure you wash your hands regularly.
➡️ လက်ကို ပုံမှန်ဆေးကြောဖို့ သေချာဂရုစိုက်ပါ။
⚠️ If the symptoms become severe, seek medical help promptly.
➡️ ရောဂါလက္ခဏာတွေ ပိုမိုပြင်းထန်လာရင် အချိန်မီ ဆေးကုသမှုခံယူပါ။
🤔 Now it's your turn!
ဝမ်းလျှောနေတဲ့ သူငယ်ချင်းတစ်ယောက်ကို သင် ဘယ်လို အကြံပြုမလဲ?
အောက်က structure ၄ မျိုး ကို အသုံးပြုပြီး sentence တစ်ကြောင်းစီ ရေးကြည့်ပါ။ ✍️
🟦 You should + V-inf
→ __________________________________
🟨 You shouldn't + V-inf
→ __________________________________
🟦 It's important to + V-inf
→ __________________________________
🟨 Make sure you + V-inf
→ __________________________________
💬 Write your answers in the comments!
တစ်ခါတလေ English ကို စာအုပ်ထဲမှာပဲ သင်ယူနေရုံနဲ့ မလုံလောက်ပါဘူး။
🌍 Real-life situations တွေမှာ တကယ်အသုံးချနိုင်တဲ့ English ကို လေ့လာကြရအောင်။
ဒီနေ့ သင်ယူထားတဲ့ 4 useful structures တွေကို နေ့စဉ်ဘဝမှာ ဘယ်လိုအခြေအနေမျိုးတွေမှာ အသုံးချနိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ။ 💡
Stay safe. Stay healthy. And keep learning, Bridge Builders! 🌉❤️