29/03/2026
🇩🇪✨ Denglish ⁉️ 😄
ဂျာမန်လူမျိုးတွေဟာ သူတို့ရဲ့ ဘာသာစကားဖြစ်နဲ့ Deutsch နဲ့ English ကိုရောပြီး ပြောတတ်တာ သိပြီးပြီလား
အဲ့ဒီ Deutsch + English ကို Denglish လို့ ခေါ်ပါတယ် 🤭
✨ မြင်ဖူးပြီးသားစကားလုံး ကြိယာတွေကိုများသောဖြင့် -n, -en ပေါင်းလိုက်ရင် Denglish ဖြစ်သွားပါတယ်
ဥပမာ
- chat (English) - chatten (German)
- blog (English) - bloggen (German
စကားလုံးအားလုံးတော့ ပျော်ပြီး -n -en လိုက်ပေါင်းပြီး ထွင်ရေးလို့မရဘူးနော် 🙂↔️🙂↔️ Nein Nein Nein
😉 ရှိနေပြီးသားစကားလုံးအချို့ကိုတော့ လေ့လာကြည့်ရအောင် 😉
- bloggen → Meine Schwester bloggt jeden Tag.
- canceln → Ich habe den Termin gecancelt.
- downloaden → Ich habe die Datei gedownloadet
- uploaden → Ich habe das Bild geuploadet.
- checken → Ich checke das.
- googeln → Ich habe es gegoogelt.
- liken → Ich habe dein Foto geliked.
- posten → Ich habe etwas gepostet.
- chatten → Wir haben lange gechattet.
- zocken → Er zockt den ganzen Tag. (gaming)
⚠️ Important:
Exams တွေမှာ Formal အသုံးနှုန်းတွေမှာတော့ ဒီ Denglish ကို လုံးဝလုံးဝ မသုံးပါဘူးနော်
စာမေးပွဲမှာ စကားလုံး မေ့သွားလို့ English စကားလုံးကို ဂျာမန်မှု ပြုပြီး ရေးလိုက်မယ်ဆိုရင်တော့ မရှိမယ့်ရှိမယ့် အမှတ်တွေပြုတ်သွားပါမယ် အားတီတို့ အားမေတို့ရေ 🥹
ခုပြောပြထားတဲ့ စကားလုံးတွေအပြင် မြင်ဖူးတဲ့ စကားလုံးများရှိရင် Kommentieren (comment) လုပ်လို့ရပါတယ်နော် 😉
Danke 🫶🏼
MON
12/03/2026
🫶🏼 Herzlichen Glückwunsch zum Bestehen der B1-Prüfung beim Goethe-Institut! 🎉
Ich bin sehr stolz auf dich. Du bist eine fleißige und engagierte Studentin. Ich habe dir nur den Weg gezeigt – den Erfolg hast du selbst erreicht.
Ich wünsche dir weiterhin viel Erfolg auf deinem Weg beim Deutschlernen! 🌟
22/02/2026
„Die Nase voll haben“
နှာခေါင်း - die Nase
ပြည့်နေသော - voll
ရှိသည် - haben
တိုက်ရိုက်ဘာသာပြန်ရင်တော့ နှာခေါင်းပြည့်နေတယ် လို့ အဓိပ္ပါယ်ရပါတယ်
တကယ့်အဓိပ္ပါယ်ကတော့
👉 genug von etwas haben
👉 တစ်ခုခုကို စိတ်ကုန်သွားတယ်
👉 sehr genervt oder müde von etwas sein
👉 တစ်ခုခုအတွက် စိတ်နှောင့်ယှက်ဖြစ်တယ်လို့ ခံစားရတယ်
👉 etwas nicht mehr ertragen können
👉 တစ်ခုခုကို လုံး၀သည်းမခံနိုင်တာ့ဘူး
စတဲ့ အဓိပ္ပါယ်မျိုးတွေပဲဖြစ်ပါတယ်
ဥပမာစကားကြောင်းလေးတွေ လေ့လာကြည့်ရအောင်ပါ
Ich habe die Nase voll von Hausaufgaben.
ကျနော် အိမ်စာတွေကို စိတ်ကုန်သွားပြီ
Er hat die Nase voll von ihren Lügen.
သူမရဲ့ အလိမ်အညာတွေကို သူ စိတ်ကုန်နေပြီ
ch habe die Nase voll davon, immer zu warten.
အမြဲတမ်း စောင့်နေရတာကို ငါစိတ်ကုန်နေပြီကွာ
Ich habe die Nase voll, weil mein Nachbar jeden Abend so laut Musik hört.
အိမ်နီးနားချင်းတွေ သီချင်းအကျယ်ကြီးဖွင့်တာ စိတ်ကုန်နေပြီ
Wir haben die Nase voll, dass im Sommer zu heiß n Yangon ist.
ရန်ကုန်မှာ နွေဆိုရင် တအားပူနေတာ ငါတို့ စိတ်ကုန်နေပါပြီ
ခုဆိုရင် die Nase voll haben ကို စာရေးရင်းအသုံးပြုတတ်ကြမယ်လို့ မျှော်လင့်ပါတယ်
vielen Dank fürs Lesen
MON
10/02/2026
„အမြဲတမ်း“ ကို Immer ပဲသုံးနေဦးမှာလား 🤔
⏰ “Rund um die Uhr“ လဲသုံးလို့ရသေးတယ်နော်
⏰ Bedeutung - den ganzen Tag und die ganze Nacht, ohne Pause, 24/7
အဓိပ္ပါယ်ကတော့ - တနေ့လုံး တညလုံး - မနားမနေ - ၂၄ နာရီလုံး
⏰ Beispiele: ဥပမာ
- Das Krankenhaus ist rund um die Uhr geöffnet
- ဆေးရုံက နေ့ရော ညရော ဖွင့်တယ်နော်
- Er ist rund um die Uhr online.
- သူကတော့ ၂၄ နာရီပတ်လုံး လိုင်းပေါ်ချည်းပဲ
- Ich brauche Kaffee rund um die Uhr, sonst fühle ich mich unwohl.
- ကော်ဖီကို အမြဲတိုင်းလိုအပ်နေတယ် အဲ့လိုမှမဟုတ်ရင် နေလို့မကောင်းဘူး
- Und was machen Sie rund um die Uhr?
- စာဖတ်နေသူရော တချိန်လုံး ဘာတွေလုပ်နေလဲ
⏰ ဒီလောက်ဆိုရင် „rund um die Uhr“ ကို စာရေးရင်း အသုံးပြုတတ်ပြီလို့ထင်ပါတယ်
Vielen Dank fürs Lesen
MON
26/01/2026
Tagein, Tagaus
tag - day , ein - in , aus - out
တိုက်ရိုက်ဆိုရင် Day in Day out လို့ဘာသာပြန်လို့ရနိုင်ပါတယ်
✅Jeden Tag
✅ täglich
✅ Tag für Tag ဆိုတဲ့စကားလုံးတွေနဲ့ အဓိပ္ပါယ်ဆင်ပေမယ့်
တစ်ခါခါ negative Sense အနည်းငယ်ပါတဲ့ စကားလုံးအဖြစ်လဲ အသုံးပြုလို့ရပါတယ်
👉 jeden Tag immer dasselbe,
👉 ohne Abwechslung,
👉 Tag für Tag, immer wieder
မြန်မာလိုဆိုရင် “တနေ့တနေ့ ဒီတိုင်းပဲ - နေ့တိုင်းဒီလိုချည်းပဲ “ ဆိုပြီး ပင်ပန်းငြီးငွေ့တဲ့ အရိပ်အရောင်ပါတဲ့ အဓိပ္ပါယ်မျိုးဖြစ်ပါတယ်နော်
- Tagein, Tagaus nur arbeiten, kein Spaß.
- တနေ့တနေ့ အလုပ်ချည်းပဲ ပျော်စရာမရှိ
- Mein Handy sagt mir Tagein, Tagaus: Akku leer! 🔋
- တနေ့တနေ့က ဖုန်းကလဲ ဘတ်ထရီမရှိတော့ဘူးချည်းပြောနေတယ်
Positiv အနေနဲ့လဲ စာကြောင်းလေးတွေရေးလို့ရပါသေးတယ်နော်
- Die Krankenschwester hilft Menschen Tagein, Tagaus.
- သူနာပြုတွေဟာ နေ့တိုင်း လူတွေကိုကူညီနေတယ်
- Er versucht Tag ein, Tag aus für seinen Traum.
- သူ့အိပ်မက်အတွက် နေ့တိုင်း ကြိုးစားနေတယ်
„ tagein tagaus „ ဆိုတဲ့စကားလုံးလေးကိုအသုံးပြုနိုင်လောက်ပြီထင်ပါရဲ့
Viel Erfolg beim Deutschlernen 😉
22/01/2026
„Es ist fünf vor zwölf“
“၁၂ ထိုးဖို့ ၅ မိနစ်လိုတယ်” လို့တွေးနေတာလား 🤔
Nein 🙂↔️ မဟုတ်ပါဘူးနော်
⏰ Wörtlich: ဝေါဟာရအရဆိုရင်တော့ ၁၂ နာရီထိုးဖို့ ၅ မိနစ်အလို ဟုတ်ပါတယ်
🧠 Bedeutung: Letzte Chance!
အဓိပ္ပါယ်အရဆိုရင်တော့ - နောက်ဆုံးအခွင့်ရေးရောက်ပြီ
👉 Now or Never - အခုမှ မလုပ်ရင် နောက်ကျသွားပြီဆိုတဲ့ အဓိပ္ပါယ်မျိုးဖြစ်ပါတယ်
Beispielsätze လေးတွေဖတ်ကြည့်ရအောင်
- Es ist fünf vor zwölf – wir müssen jetzt lernen.
- စာလုပ်ရမှရတော့မယ် နောက်ကျနေပြီ
- Es ist fünf vor zwölf, sonst verpassen wir den Zug.
- မြန်မြန်လုပ်မှနော် မဟုတ်ရင် ရထားလွတ်တော့မယ်
- Wenn ich jetzt nicht lerne, ist es fünf vor zwölf.
- ခုမှ စာမလုပ်ရင် အချိန်မရှိတော့ဘူး
ခုလောက်ဆိုရင် Es ist fünf vor zwölf ပြောရင် နာရီကိုပဲ ပြောတယ်မတွေးမိလောက်တော့ပါဘူးနော် 😉
အဆုံးထိဖတ်ပေးလို့ Dankeschön 🌻
31/12/2025
🌟 Hallöchen 🌟
နှစ်သစ် ၂၀၂၆ မကြာခင် ရောက်ရှိလို့လာတော့မယ်
၂၀၂၅ ကိုလဲ အေးအေးဆေးဆေးလေး ပြန်လည်သုံးသပ်ကြည့်ရအောင်
206 kommt gleich.
Bevor das neue Jahr beginnt, blicken wir in Ruhe auf 2025 zurück.
✅ ၂၀၂၅ ကတော့ ကိုယ့် အတွက် သင်ယူခြင်းတွေပေါများတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်
„2025 war ein lehrreiches Jahr für mich.“
📝 Wortschatz:
• lehrreich = man hat viel gelernt
✍️ Und für dich? စာဖတ်နေတဲ့သူအတွက်ရော?
👉 ရေးကြည့်ပါဦး
„2025 war ein ______ Jahr für mich.“
29/10/2025
„Faul“😴
အားလုံးသိပြီးသားစကားလုံးဖြစ်မှာပါ ပျင်းတယ် အပျင်းထူတယ်လို့ အဓ်ပ္ပါယ်ရတဲ့ စကားလုံးပဲဖြစ်ပါတယ်
🥱 Er ist sehr faul. Er macht keine Hausaufgaben.
အိမ်စာတွေလဲ မလုပ်ဘူး သူ တအားပျင်းတာပဲ
😴 Sei nicht so faul, steh auf!
ပျင်းမနေနဲ့ ထတော့!
Faul မှာအခြားအဓိပ္ပါယ်ရှိပါသေးတယ်နော်
အခြား စာကြောင်းမှာ သုံးကြည့်ရအောင်
- 🍌 Die Banane ist faul. Die Farbe wird braun.
- ငှက်ပျောသီးက ပုပ်နေပြီ အရောင်တောင် အညိုရောင်ဖြစ်နေပြီ
- 🍏Der Apfel ist faul. Ich muss ihn wegwerfen.
- ပန်းသီးက ပုပ်သွားပြီ လွှတ်ပစ်မှရတာ့မယ်
- 🍅 Die Tomaten sind faul. Sie riechen schlecht.
- ခရမ်းချဉ်သီးတွေ မကောင်းတော့ဘူး အနံ့ထွက်နေပြီ
- 🥦 Der Blumenkohl ist faul. Meine Mutter kauft neues.
- မုန်လာပန်းပွင့်က မကောင်းတော့လို့ အမေက အသစ်ဝယ်နေတာ
Faul ကို အဓိပ္ပါယ် ၂ မျိုး ဘာသာပြန်နိုင်ပါတယ်
Bei Menschen - nicht gern arbeiten, lernen
Bei Essen - schlecht geworden, verdorben
ဒီလောက်ဆိုရင် နားလည်ပြီလို့ထင်ပါတယ်ရှင့်
Vielen Dank fürs Lesen
Mon 🌻
26/10/2025
Hallöchen 🌻
စာတွေဖတ်နေရင်း ခပ်ဆန်းဆန်း Redewendung တစ်ခု တွေ့လာလို့ ဝေမျှပေးချင်ပါတယ်ရှင့်
„Sich von jemandem eine Scheibe abschneiden“
အဓိပ္ပါယ် မသိခင် အရင်ဆုံး Wortschatz လေးတွေ တစ်ခုချင်း လေ့လာရအောင်ပါ 😉
🍞 Die Scheibe - တစ်ချပ် (ပေါင်မုန့်တစ်ချပ်- ဝက်အူချောင်းတစ်စိတ် - ကိတ်မုန့်တစ်ချပ်)
🔪 abschneiden - လှီးသည်
🧍♂️ jemandem - တစ်စုံတစ်ယောက် (Dativ)
👉🏼 Von - of ပိုင်ဆိုင်မှုကိုပြတဲ့ အဓိပ္ပါယ်ယူပါမယ်နော် (Dativ Präposition)
🤓 Literally ဘာသာပြန်ရင်တော့
တစ်စုံတစ်ယောက်ဆီကနေ ပေါင်မုန့်တစ်ချပ် - ဝက်အူချောင်းတစ်စိတ် လှီးယူသည် 🤔
တကယ့်အဓိပ္ပါယ်ကတော့ အဲ့လိုမျိုး လှီးယူခိုင်းတာမျိုးမဟုတ်ဘူးနော် 😁
🍞 ကိုယ်ကြိုက်လို့ဝယ်ယူထားတဲ့ ကြက်ဥချောင်း - ပေါင်မုန့် - ကိတ်မုန့်တွေကို တစ်ခါခါမှာ တစိတ်တပိုင်းကို လှီးယူပြီး စားချင်စိတ်ပေါ်လာတတ်ပါတယ်
🌿 အဲ့လိုသဘောနဲ့ ခပ်ဆင်ဆင်ပဲ လူတော် လူကောင်းတွေဆီကနေ ကောင်းတဲ့ အားကျသင့်တဲ့ အကျင့်စရိုက်လေး တစ်ခုခုကို မျှဝေယူချင်တဲ့ စိတ်လေး ဖြစ်ပေါ်လာတာကို ပေါင်မုန့် လှီးဖြတ်ယူခြင်းနဲ့ နှိုင်းယှဉ်ထားတာပါ လို့ အဓိပ္ပါယ်ကို ဖတ်လိုက်ရပါတယ်
(ဂျာမန်တွေရဲ့ စကားပုံတွေက ဆန်းတယ်နော် 😁)
🌿 „Sich von jemandem eine Scheibe abschneiden“
ဘာသာပြန်မယ်ဆိုရင်တော့ တစ်စုံတစ်ယောက်ကို အတုယူတယ်လို့ ပြန်ရမှာပေါ့နော် ☺️
ဥပမာလေးတွေ ဖတ်ကြည့်ရအောင်
- Lisa ist immer pünktlich. Davon solltest du dir eine Scheibe abschneiden.
- Lisa ဟာ အချိန်မှန်လိုက်တာ - မင်း သူ့လို အချိန်မှန်ဖို့ အတုယူရမယ်နော်
- Tom trainiert Badminton regelmäßig. Ich sollte mit eine Scheibe von ihm abschneiden.
- Tom ဟာ ဘတ်မင်တံ ပုံမှန်လေ့ကျင့်ဖြစ်တယ်- ငါလေး သူ့လို အတုယူသင့်ပြီ
ခုဆိုရင် ဒီ Redewendung လေးသုံးတတ်သွားလောက်ပြီလို့ထင်ပါတယ် ကိုယ်ပိုင် စာကြောင်းလေးတွေ တည်ဆောက်ပြီး ရေးကြည့်ကြပါဦးနော်
Vielen Dank fürs Lesen
Mon 🌻
06/10/2025
🌕 Thadingyut-Fest (Lichterfest in Myanmar)
🕯️ Das Thadingyut-Fest ist eines der schönsten Feste in Myanmar.
🕯️Es wird im Oktober, am Vollmondtag des Monats Thadingyut, gefeiert und markiert das Ende der buddhistischen Fastenzeit (Vassa)
🪔Bedeutung
🕯️Das Fest erinnert an den Abstieg des Buddha vom Himmel, nachdem er dort seine Mutter und die Götter belehrt hatte.
🕯️Die Menschen begrüßen ihn mit vielen Lichtern, die Respekt und Dankbarkeit symbolisieren.
🌻 Traditionen in Myanmar
🕯️Häuser und Straßen werden mit Lampen und Kerzen geschmückt.
🕯️Junge Menschen erweisen Eltern, Lehrern und Älteren ihren Respekt.
🕯️Kinder bekommen Taschengeld von Eltern, Verwandten oder Nachbarn
🕯️Es werden Spenden an Mönche und Bedürftige gegeben
💛 Geist des Festes
🕯️ Thadingyut ist eine Zeit der Dankbarkeit, Vergebung und des Zusammenseins.
🕯️ Familien kommen zusammen, bitten um Verzeihung und feiern mit Freude und Licht.
Fröhlichen Thadingyut
Mon