13/10/2019
What's the Difference Between GPT and MBR
အဲ့ဒီမှာ ပြသနာက စလာပီ . .
ဆိုပီးတော့ပေါ့၊
(Master Boot Record)
အလကားမဖြစ်ပါဘူး . .
အဲဒီတော့ ?
(GUID Partition Table)
GPT ဟာ စနစ်သစ်ဖြစ်တာနဲ့အညီ သူ့ကိုအသုံးပြုမယ်ဆိုရင် မိမိ ကွန်ပျူတာဟာ UEFI firmware စနစ်ကို အထောက်အပံ့ပေးဖို့လိုပါတယ်။
to
done!
to
Now type "clean".
done!
4000GB (4TB) . .
အဲ့ဒီမှာ ပြသနာက စလာပီ . .
ဆိုပီးတော့ပေါ့၊
(Master Boot Record)
အလကားမဖြစ်ပါဘူး . .
အဲဒီတော့ ?
(GUID Partition Table)
GPT ဟာ စနစ်သစ်ဖြစ်တာနဲ့အညီ သူ့ကိုအသုံးပြုမယ်ဆိုရင် မိမိ ကွန်ပျူတာဟာ UEFI firmware စနစ်ကို အထောက်အပံ့ပေးဖို့လိုပါတယ်။
to
done!
to
Now type "clean".
done!
…
What's the Difference Between GPT and MBR
ဒက်စတော့အတွက် ဟာ့ဒစ် (HDD) အသစ်တစ်လုံးတပ်ဖို့၀ယ်လာတယ်. .
4000GB (4TB) . . ထုံးစံအတိုင်း ပုံးထဲမှာမူလရှိနှင့်ပီးသား HDD တွေအတိုင်း SATA ကြိုးနှစ်ချောင်း (Power Supply က လာတဲ့ SATA power ကြိုး + Motherboard က SATA data ကြိုး) ကို ဟာ့ဒစ် လေးထောင်ဂစ် အသစ်လေးမှာ တပ် . .ကွန်ပျူတာကို ပါဝါဖွင့် .ပြီးရင် disk management ထဲ၀င်ပီး partition တွေပိုင်း. .
အဲ့ဒီမှာ ပြသနာက စလာပီ . .
disk management table ထဲမယ် ကိုယ့် ဟာ့ဒစ် အသစ်စက်စက် 4TB လေးက 2TB ပဲရှိကြောင်း ပြနေတယ်. delete volume လုပ်၊ format တွေပြန်ရိုက်၊ ပါတေးရှင်းတွေပြန်ပိုင်း ပေမဲ့လို့ 2TB က 2TB ပဲ . . တစ်၀က်က ပျောက်နေတယ်. .ဆိုင်က 2TB ကို 4TB ဆိုပီး အင်ထုလိုက်တာလား . . နို့ မှားပေးမိလိုက်တာလား ?
အဲလိုမှမဟုတ်ခဲ့ရင် ဘာတွေလိုအပ်လို့လည်း ?
ဒီလိုဆိုရင် မိမိ ဟာ့ဒစ် (HDD) ရဲ့ 'partition structure' ကို တစ်ချက်ပြန်ကြည့်ဖို့လိုအပ်လာပါပြီ။
ဟာ့ဒစ် မှာ partition structure နှစ်မျိုးရှိပါတယ် . .
1. MBR (Master Boot Record)
2. GPT (GUID Partition Table)
ဆိုပီးတော့ပေါ့၊
MBR က ယခင်မူလ လက်ဟောင်း စနစ် ဖြစ်ပီး GPT ကတော့ MBR ရဲ့ နေရာကိုအစားထိုးဖို့ရည်ရွယ်ပီး လုပ်ဆောင်ချက်အသစ်တွေနဲ့ နောက်ပိုင်း ထွက်ရှိလာတဲ့ စနစ် လို့ အကြမ်းမှတ်လို့ရပါတယ်။
(Master Boot Record)
MBR ကို ပီစီရှေ့ဆောင်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ IBM ရဲ့ PC DOS 2 မှာ 1983 ခုနှစ်က စတင်မိတ်ဆက်ပေးခဲ့ပြီး Master Boot Record လို့ အမည်ပေးရခြင်းက boot sector အပိုင်းကို HDD ရဲ့ အစပိုင်းမှာ သိမ်းဆည်းပေးထားလို့ပါပဲ။
boot sector ဆိုတာက ကျနော်တို့ Windows တင်လိုက်တယ် . . အဲ့ Windows ရဲ့ boot loader နဲ့ အချက်အလက်တွေပါ၀င်တဲ sector ကိုပြောခြင်းဖြစ်ပါတယ်။
MBR မှာ ကန့်သတ်ချက်တွေရှိပါတယ် . .
ဟာ့ဒစ်ကို 2TB အထိသာ လက်ခံခြင်းနဲ့ partition ပိုင်းမယ်ဆိုရင်လည်း လေးခု သာအများဆုံးပိုင်းလို့ရခြင်း စတဲ့ အားနည်းချက်တွေပါပါတယ်။
ဆိုရရင် အပေါ်ကပြောခဲ့တဲ့ 4TB မှာ 2TB ပဲဖြစ်နေတာက HDD partition structure မှာ MBR ဖြစ်နေလို့ပါ။
ဒီလိုဆိုရင် 4TB ( with MBR) ဖြစ်နေတော့ အလကားဖြစ်သွားပီလား ?
အလကားမဖြစ်ပါဘူး . .
'Partition Structure' ကို မိမိအသုံးပြုမယ့်ပုံစံနဲ့ အပြန်အလှန်ပြောင်းလို့ရပါတယ်။
အဲဒီတော့ ?
အဲဒီတော့ MBR ကနေ GPT ကိုပြောင်းပေးလိုက်ပါ . .
4TB ရှိရင်ရှိသလောက်အသုံးပြုလို့ရမှာဖြစ်သလို HDD partition တွေ (C / D / E / F / G / . . . Z . . . စသဖြင့်) ကိုလည်း အကန့်အသတ်မရှိ ပိုင်း လို့ရမှာဖြစ်ပါတယ်။
(GPT to MBR, MBR to GPT ပြောင်းပုံပြောင်းနည်း နောက်ပိုင်းမှာ ဆက်ရေးပေးထားပါတယ်)
သလိုဆိုရင် MBR ဘယ်သုံးတော့မလဲ၊ GPT ပဲ သုံးတော့မပေါ့ . .
ဟုတ်ပီ. . အစောကပြောခဲ့ပါတယ်. . GPT က အသစ် (modern)၊ MBR ကို အစားထိုးဖို့အတွက် ရည်ရွယ်ထားတယ်ဆိုတာလေ ?
GPT partition structure ကို သုံးခြင်ရင် မိမိ ကွန်ပျူတာရဲ့ အခြားအစိတ်အပိုင်းတွေကလည်း မော်ဒန် ဖြစ်နေဖို့လိုပါတယ်။
(GUID Partition Table)
GPT ဟာ စနစ်သစ်ဖြစ်တာနဲ့အညီ သူ့ကိုအသုံးပြုမယ်ဆိုရင် မိမိ ကွန်ပျူတာဟာ UEFI firmware စနစ်ကို အထောက်အပ့ံပေးဖို့လိုပါတယ်။
ဆိုလိုတာက UEFI BIOS ဖြစ်ရမယ်လို့ပြောတာပါ . .
(UEFI အကြောင်းကိုတော့ အသေးစိတ်မရေးတော့ပါဘူး)
UEFI ရ/မရ ကိုကြည့်ဖို့အတွက် Motherboard ရဲ့ BIOS ကနေ boot order နဲ့ ပါတ်သတ်တဲ့အပိုင်းမှ ပါရှိပါတယ်။
Legacy boot / UEFI boot နှစ်မျိုးစလုံးပါတယ်ဆိုရင် လိုအပ်သလို ထားကာ အသုံးပြုနိုင်ပါတယ်။
GPT 4TB HDD ကနေ boot (Windows) တက်မယ်ဆိုရင် မဖြစ်မနေ UEFI mode ကို ထားရမှာပါ။
ံဟာ့ဒစ် GPT ကို Legacy boot mode ကနေ ဆိုရင်ပြန်လည်း Windows တင်လို့မရပါဘူး . .
အပြန်အလှန် သဟဇာတဖြစ်နေမှ အလုပ်လုပ်ကြမှာပါ။
တစ်ခုသတိပြုရမှာက GPT partition structure ကနေ boot တက်မယ်ဆိုရင် Windows က 64-bit ဖြစ်ရပါမယ်။
Vista, 7, 8, 10 အသုံးပြုနိုင်ပီး Windows XP ကိုတော့ အထောက်အပံ့မပေးတော့ပါဘူး။
2012 နှောင်းပိုင်းလောက်ကနေစပီး UEFI ကော Legacy ပါ အထောက်အပံ့ပေးတဲ့ chipset နဲ့ motherboard တွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထုတ်လုပ်နေကြတာမို့
ယခုအချိန်မှာ ပီစီ အသစ်ကိုင်မယ့်သူတွေအတွက် UEFI ကိုသာ ရွေးချယ်ထားသင့်ပြီး GPT ကနေ ဟာ့ဒစ် သိုလှောင်နိုင်စွမ်း အကန့်အသတ်မရှိ၊ partition ပိုင်းတာ စိတ်ကြိုက် . .
စတဲ့အကျိုးကျေးဇူးတွေနဲ့ . .
ဒါ့အပြင် CPU ထုတ်လုပ်သူ Intel ကလည်း 2020 မှာ UEFI တစ်ခုတည်းသာလျှင် အထောက်အပံ့ပေးတော့မှာဖြစ်ကြောင်းလည်းပြောထားပါတယ်။
GPT to MBR / MBR to GPT ပြောင်းလည်းခြင်း
အကြောင်းအမျိုးမျိုးကြောင့် ဟာ့ဒစ်ကို partition structure အပြန်အလှန်ပြောင်းလဲလိုသူတွေအတွက် အောက်ပါအတိုင်းလုပ်ဆောင်နိုင်ပါတယ်။
to
via Windows Disk Management (ဒေတာပျက်မည်)
Right-click "Computer" and choose "Manage" > "Storage" > "Disk Management".
Right-click the MBR ကိုပြောင်းချင်တဲ့ GPT ဟာ့ဒစ် and choose "Delete volume".
Right-click on deleted volume and choose "Convert to MBR Disk".
done!
to
via Command when installing Windows (ဒေတာပျက်မည်)
During Windows installation, press Shift + F10 to open command prompt window
Type "Diskpart" into cmd window.
Type "list disk". Make note of the disk number you want to delete or convert.
Now type select disk DiskNumber. By using this command you select the drive in which you want to any operation.
Now type "clean".
(Running the clean command will delete all partitions or volumes on the disk.)
At the command prompt, type "convert gpt". It will convert the selected drive into GPT.
done!
ဒေတာမပျက်ချင်ရင် EausPartition software ကိုအသုံးပြုနိုင်ပါတယ်။
https://www.easeus.com/partition-manager/epm-free.html
's the Difference Between GPT and MBR . .
ဒက်စတော့အတွက် ဟာ့ဒစ် (HDD) အသစ်တစ်လုံးတပ်ဖို့၀ယ်လာတယ်. .
4000GB (4TB) . .
ထုံးစံအတိုင်း ပုံးထဲမှာမူလရှိနှင့်ပီးသား HDD တွေအတိုင်း SATA ကြိုးနှစ်ချောင်း (Power Supply က လာတဲ့ SATA power ကြိုး + Motherboard က SATA data ကြိုး) ကို ဟာ့ဒစ် လေးထောင်ဂစ် အသစ်လေးမှာ တပ် . .
ကွန်ပျူတာကို ပါဝါဖွင့် .
ပီးရင် disk management ထဲ၀င်ပီး partition တွေပိုင်း. .
အဲ့ဒီမှာ ပြသနာက စလာပီ . .
disk management table ထဲမယ် ကိုယ့် ဟာ့ဒစ် အသစ်စက်စက် 4TB လေးက 2TB ပဲရှိကြောင်း ပြနေတယ်. .
delete volume လုပ်၊ format တွေပြန်ရိုက်၊ ပါတေးရှင်းတွေပြန်ပိုင်း ပေမဲ့လို့ 2TB က 2TB ပဲ . . တစ်၀က်က ပျောက်နေတယ်. .
ဆိုင်က 2TB ကို 4TB ဆိုပီး အင်ထုလိုက်တာလား . . နို့ မှားပေးမိလိုက်တာလား ?