ရမည်းသင်းခရိုင်ကျောင်းသားများသမဂ္ဂ

  • Home
  • Myanmar
  • Yamethin
  • ရမည်းသင်းခရိုင်ကျောင်းသားများသမဂ္ဂ

ရမည်းသင်းခရိုင်ကျောင်းသားများသမဂ္ဂ Yamethin District Students' Union was organized by 15 members on August 21, 2012 in Yamethin townshi

NNER နှင့် ကျောင်းသားများ၏ တောင်းဆိုချက် (၁၁)ချက်အပေါ် မေးလေ့ရှိသည့် မေးခွန်းများနှင့် အဖြေများ (FAQs)*******************...
14/06/2015

NNER နှင့် ကျောင်းသားများ၏ တောင်းဆိုချက် (၁၁)ချက်အပေါ် မေးလေ့ရှိသည့် မေးခွန်းများနှင့် အဖြေများ (FAQs)
**********************************
လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲပေးရန်၊ အငြင်းပွားဖွယ် တစ်ဖက်သတ် ရေးဆွဲ အတည်ပြုခဲ့သော အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်ပေးရန် NNER နှင့် ကျောင်းသားသမဂ္ဂ များက တောင်းဆိုထားသည့် အခြေခံအချက် (၁၁)ချက်အပေါ် ပြည်သူလူထုထံမှ မကြာခဏ မေးမြန်းထားသော မေးခွန်း(FAQ)များကို ပြန်လည်ဖြေရှင်းချက်များနှင့်တကွ လေ့လာနိုင်ရန် ပူးတွဲ၍ ဖော်ပြပေးပါမည်။

(၁) အခမဲ့ မသင်မနေရ ပညာရေး (compulsory) စာသင်နှစ်(၉)နှစ်

NNER နှင့် ကျောင်းသားများက ကလေးတိုင်း ပညာသင်ကြားနိုင်အောင် အနည်းဆုံး စာသင်နှစ်(၉)နှစ်ကို အခမဲ့ မသင်မနေရ (compulsory) ပညာရေးအဖြစ် အမျိုးသားပညာရေးဥပဒေ တွင် ပြဋ္ဌာန်းရန် တောင်းဆို သည်။

Q1. အခမဲ့ မသင်မနေရ (compulsory) ပညာရေးကို ဘာကြောင့်(၉)နှစ် အထိ တောင်းဆိုရသလဲ။
A1. ကလေးတိုင်း၏ အခမဲ့ပညာသင်ကြားရေးကို တာဝန်ယူောဆာင်ရွက်ရန်အတွက် ဥပဒေ ဖြင့်ပြဋ္ဌာန်းရန် လိုအပ်ပါသည်။ မြန်မာပြည်၏ ပညာသင်ကြားနိုင်မှု အခြေအနေမှာ မူလတန်းအဆင့်အပြီး ကျောင်းထွက်ရ သည့် ရာခိုင်နှုန်းအများဆုံး ဖြစ်နေပြီး တိုင်းပြည်၏ ပညာတတ်မြောက်မှု ပျမ်းမျှ အတန်းပညာ အဆင့်မှာလည်း မူလတန်းအဆင့် ဖြစ်နေသည့်အတွက် အခမဲ့ မသင်မနေရ စနစ်ကို (၉)နှစ် ဥပဒေပြဋ္ဌာန်းခြင်းဖြင့် နိုင်ငံတော်၏ တာဝန်ခံမှုကို ကတိက၀တ်ပြုရာရောက်ပါသည်။
ထို့ပြင် ဖွဲ့ဖြိုးမှု နည်းပါးပြီး ပညာရေး နိမ့်ကျဆိုးဝါးသော တိုင်းရင်းသားဒေသများတွင် အပစ်အခတ် ရပ်စဲပြီး ကာလ ပြန်လည်တူထောင်ရေးနှင့် ဖွဲ့ဖြိုးရေးအတွက် နိုင်ငံတော်မှ မဖြစ်မနေလုပ်ဆောင်ပေးရန် တာဝန်ရှိ သောကြောင့် ဥပဒေဖြင့် အာမခံဖြည့်ဆည်းပေးရာ ရောက်ပါသည်။

Q2. မသင်မနေရ ဥပဒေပြဋ္ဌာန်းရန် ကလေးကျောင်းမထားတဲ့ မိဘတွေကို အရေးယူမလား။
A2. မိဘများကို အရေးယူသည့် နည်းကို မသုံးဘဲ ကူညီပံ့ပိုးပေးသည့် နည်းကို သုံးရန် NNER က အကြံပြု သည်။ မိဘများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လူမှုစောင့်ရှောက်ရေး အစီအစဉ်များ ထားရှိခြင်းဖြင့် ကူညီနိုင်သည်။

Q3. အခမဲ့မသင်မနေရ စာသင်နှစ်(၉)နှစ်က လက်တွေ့မှာ ဖြစ်နိုင်ပါ့မလား။
A3. ဖြစ်နိုင်ပါသည်။ အစိုးရက တာဝန်ယူဆောင်ရွက်ပြီး လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။ ပညာရေးအသုံးစရိတ် လုံလောက်အောင် တိုးမြှင့်လျှင် အကောင်အထည် ဖော်နိုင်ပါသည်။

Q.4 ပညာရေးဝန်ကြီးဌာန က အခမဲ့ ပညာရေးကို အထက်တန်းအထိ လုပ်မယ်လို့ ကြားနေရပါတယ်။ ဒါ ပိုမကောင်းဘူးလား။
A.4 အခမဲ့ပညာရေးသည် ကျောင်းရောက်လာသော ကလေးများအတွက်သာ အကျုံးဝင်ပြီး အခမဲ့ မသင် မနေရ ဖြစ်မှသာ ကလေးအားလုံး ကျောင်းရောက်အောင် ဆောင်ရွက်နိုင်ပေမည်။ အခမဲ့ ဆိုတာ စာရွက် ပေါ်က ပေါ်လစီ စကားလုံးသက်သက် မဖြစ်သင့်ပါဘူး။ အခမဲ့ပညာရေး ပြောပြီး လက်တွေ့မှာ အခမဲ့ မဟုတ်တာ၊ ထို့ပြင် လက်ရှိပညာရေးစနစ်၏ အားနည်းချက်များကြောင့် ကလေးများ ကျူရှင်ယူနေရတာ တွေက အခမဲ့ပညာရေး အစီအစဉ် မအောင်မြင်ရခြင်းရဲ့ အဓိက အချက်တွေ ဖြစ်နေပါ တယ်။
ထို့ပြင် ကျေးလက် ဒေသနေ ပြည်သူများသည် နွမ်းပါးသူများ ဖြစ်သည့်အပြင် ပညာရေး အခြေခံ အဆောက်အဦ များ မပြည့်စုံခြင်းနှင့် အတူ ကျောင်းက သင်သည့် ပညာရပ်များကလည်း သက်မွေးဝမ်းကျောင်းပညာ ပါဝင်ခြင်း မရှိတာကြောင့် ကျောင်းနေအရွယ် သားသမီးများ ကို ကျောင်းတက်ဖို့ အားမထုတ်တော့တဲ့ အချက်က အခမဲ့ ပညာရေး မအောင်မြင်ခြင်းရဲ့ အဓိက အချက်ဖြစ်ပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု မြင့်မားတဲ့ မြန်မာပြည်လို နိုင်ငံမှာ နိုင်ငံတော်က ကျောင်းလခ အခမဲ့ဆိုတဲ့ အစီအစဉ်ထက် ပိုကောင်းတဲ့ အစီအစဉ်တွေ ဆောင်ရွက်ပေးရပါမယ်။ ဥပမာ ဆင်းရဲမှုနှုန်းမြင့်တဲ့ ဒေသတွေမှာ မူလတန်းအဆင့် ကလေးသူငယ်များကို အဟာရ အခမဲ့ စီစဉ်ပေးခြင်းဖြင့် ဆင်းရဲတဲ့ အိမ်ထောင်စုများရဲ့ တာဝန်ကို နိုင်ငံတော်က ခွဲဝေတာဝန်ခံ ပေးရပါတယ်။ အဲ့ဒီ အစီအစဉ်တွေ အတွက် ဘဏ္ဍာငွေ ကတိက၀တ်ကို ဥပဒေနဲ့ ပြဋ္ဌာန်းပေးရပါမည်။
Q.5 ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ အခမဲ့မသင်မနေရ ပညာရေးကို မူလတန်းအထိပဲ ဖော်ပြထားတာ ဖြစ်လို့ အခြေခံဥပဒေဘောင်ကို ကျော်လို့ ရပါ့မလား။
A.5 အခြေခံဥပဒေ ကိုလည်း ပြင်ရပါမယ်။ ဥပဒေ ထဲမှာ ပြဋ္ဌာန်းမှု မရှိဘဲ ပညာရေးဝန်ကြီးဌာနက အခမဲ့ ပညာရေးကို အထက်တန်းအထိ အကောင်အထည်ဖော်မယ် ဆိုတာကကော အခြေခံဥပဒေဘောင်ကို ကျော်နေတာပဲ မဟုတ်ပါလား။ ဒါကြောင့် ပြင်သင့်ပြင်ထိုက်တဲ့ ဥပဒေကို အရင်ပြင်ရပါမယ်။
နောက် ၂၀၁၅ခုနှစ် မေလတွင် ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ ကျင်းပခဲ့သည် ကမ္ဘာ့ပညာရေးညီလာခံ (World Education Forum 2015) တွင် နိုင်ငံအသီးသီး သည် အခမဲ့အသင်မနေရပညာရေး ကို အနည်းဆုံး စာသင်နှစ်(၉)နှစ် ဆောင်ရွက်ရန် သဘောတူထားပြီး ဖြစ်ပါသည်။ အဆိုပါပညာရေး ညီလာခံသို့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီး ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ဒါကြောင့် ညီလာခံ ရဲ့ သဘောတူ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံ အနေနဲ့လည်း လက်ခံကျင့်သုံးသင့်ပါတယ်။ ဖြစ်လည်း ဖြစ်သင့်တာ မို့လို့ပါ။

(ဆက်လက်ဖော်ပြပါမည် …….)

ကဲ ... ကျောင်းသားစိတ်ဓာတ် ကျောင်းသားအခွင့်အရေး ကို လေးစားတန်ဖိုးထားသူတိုင်း ဒီ Profile ကို change ခြင်းဖြင့်အသံတိတ် ဆန္ဒေ...
13/03/2015

ကဲ ...
ကျောင်းသားစိတ်ဓာတ်
ကျောင်းသားအခွင့်အရေး ကို
လေးစားတန်ဖိုးထားသူတိုင်း
ဒီ Profile ကို change ခြင်းဖြင့်
အသံတိတ် ဆန္ဒဖော်ထုတ်ကြပါစို့

သင်ဟာ
ဒီကနေ့ နံပါတ်တုတ်စာ မမိသေးလို့
အကြမ်းဖက်မှုကို ကိုယ်နှင့်မဆိုင်သလို ဘာသိဘာသာနေခဲ့မယ်ဆို
တနေ့
အဲ့ဒီ နံပါတ်တုတ်ဟာ သင့်ကျောပေါ်
ရောက်လာလိမ့်မယ်

သင်ဟာ
ဒီကနေ့ အကြမ်းဖက်မှုကို
ကိုယ်နှင့်မဆိုင်သလို
မသိချင်ယောင်ဆောင်နေမယ်ဆို
တနေ့
အကြမ်းဖက်မှုဟာ သင့်ဆီ
ရောက်လာလိမ့်မယ်

အကြမ်းဖက်မှုကို
မဆန့်ကျင်တာဟာ
အကြမ်းဖက်မှုကို
အားပေးရာရောက်ပါတယ်
ဒီတော့
ကျွန်တော်တို့နဲ့ လက်တွဲပြီး
အကြမ်းဖက်မှုကို ဆန့်ကျင်ပေးပါ ။ ။

အောင်ထက်နိုင်
-ဗကသ-


ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှု ထပ်မလုပ်ရန် အဖွဲ့အစည်း(၂၃)ဖွဲ့က သမ္မတထံ မေတ္တာရပ်ခံစာ ပေးပို့၇.၃.၂၀၁၅
07/03/2015

ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှု ထပ်မလုပ်ရန် အဖွဲ့အစည်း(၂၃)ဖွဲ့က သမ္မတထံ မေတ္တာရပ်ခံစာ ပေးပို့

၇.၃.၂၀၁၅

စာရေးဆရာ(၃)ဦးအား ပျော်ဘွယ်မြို့နယ်အတွင်း ရာသက်ပန် ဟောပြောခွင့်ပိတ်ပင်တားမြစ်ခဲ့မှုအား ကန့်ကွက်ခြင်း၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရ...
20/02/2014

စာရေးဆရာ(၃)ဦးအား ပျော်ဘွယ်မြို့နယ်အတွင်း ရာသက်ပန် ဟောပြောခွင့်
ပိတ်ပင်တားမြစ်ခဲ့မှုအား ကန့်ကွက်ခြင်း

၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့ရှိ အမေထိန်းခန်းမ၌ စာပေဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပြီး စာရေးဆရာများဖြစ်ကြသော ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာဦးဘုန်း(ဓါတု)နှင့် ဆရာညီပုလေးတို့(၃)ဦး ဟောပြောခဲ့ကြကြောင်းနှင့် အဆိုပါဟောပြောပွဲအပြီးတွင် ပျော်ဘွယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး မှ ယင်းစာရေးဆရာ (၃)ဦးတို့အား ပျော်ဘွယ်မြို့နယ်အတွင်း စာပေဟောပြောခွင့် ရာသက်ပန် ပိတ်ပင်လိုက်ကြောင်း သိရှိရပါသည်။ စာပေမြင့်မှ လူမျိုးတင့်မည် ဟူသော ဆောင်ပုဒ်အရ စာပေကို မြှင့် တင်နေကြသော ပြည်သူ့စာရေးဆရာများသည် တိုင်းပြည်၏ အဖိုးမဖြတ်နိုင်သော ရတနာများပင်ဖြစ်ပေသည်။ ဒီမို ကရေစီ နိုင်ငံတစ်ခုကို တည်ဆောက်ရန် ပြည်သူအားလုံး အသိပညာဗဟုသုတများ ပြည့်စုံနေဖို့ လိုသည်။ သို့ဖြစ်၍ ပြည်သူများ အသိပညာ ဗဟုသုတများ ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်နိုင်စေရန် ယခုကဲ့သို့ စာပေဗဟုသုတများ ဟော ပြောပေးနေသော စာရေး ဆရာများအား ဟောပြောခွင့် ပိတ်ပင်ခြင်းကို ကျွန်ုပ်တို့မှ ပြင်းထန်စွာ ကန့်ကွက်သည်။
ဒီမိုကရေစီခေတ်တွင် လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားထုတ်ဝေခွင့် များ ရှိရမည်ဖြစ်ရာ စာရေးဆရာများအား ယခုကဲ့သို့ ဟောပြောခွင့် ပိတ်ပင်လိုက်ခြင်းမှာ ဒီမိုကရေစီကို မလိုလားသော နောက်ကြောင်းပြန်လှည့်လိုသည့် လုပ်ရပ်သာဖြစ်သည်ဟု ကျွန်ုပ်တို့ သတ်မှတ်သည်။ ယခုကဲ့သို့ စာရေးဆရာများအား ဟောပြောခွင့်ပိတ်ပင်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လွတ်လပ်စွာဟောပြောခွင့်ကို ချိုးဖောက်ခြင်းဖြစ်ပြီး ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးမှူး ၏ သူရဲဘောကြောင်သော လုပ်ရပ်သာဖြစ်ကြောင်း ကျွန်ုပ်တို့မှ မှတ်ချက်ပြုလိုသည်။ ပြည်သူ့စာရေးဆရာများကို ပိတ်ပင်တားမြစ်မှုများ ပြုလုပ်ခြင်းသည် စာပေကို ချစ်မြတ်နိုးကြ သော မိဘပြည်သူကိုပါ စော်ကားရာကျသဖြင့် ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးမှူး ၏ အာဏာရှင်ဆန်သော လုပ်ရပ် အား ကျွန်ုပ်တို့ ရမည်းသင်းခရိုင်ကျောင်းသားများသမဂ္ဂ မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ လိုက်သည်။
သို့ဖြစ်ပါ၍ ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် ဤကန့်သတ်ချုပ်ခြယ်မှုအမိန့်အား အမြန်ဆုံးပြန်လည် ရုတ်သိမ်းပေးရန် နှင့် ယခုကဲ့သို့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချကာ စာရေးဆရာများအား အလွန်အကျွံ ပြုမူဆက်ဆံခဲ့မှု အပေါ် ပြန်လည်ဝန်ချတောင်းပန်ရန် ကျွန်ုပ်တို့ တောင်းဆိုသည်။ ဤတောင်းဆိုချက်ကို မလိုက်လျောပါက ပျော်ဘွယ် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ဒီမိုကရေစီကို မလိုလားသူတစ်ယောက်အဖြစ် သတ်မှတ်မည်ဖြစ်ပြီး စာပေချစ်ပြည်သူများ အနေဖြင့် အာဏာကိုအလွန်အကျွံ အသုံးပြုသော မြို့နယ်အုပ်ချုပ်ရေးမှူးအား ၀ိုင်းဝန်းဒဏ်ခတ် အပစ်ပေးကြပါရန် ကျွန်ုပ်တို့မှ တောင်းဆင့်ဆိုလိုက်သည်။
ရမည်းသင်းခရိုင်ကျောင်းသားများသမဂ္ဂ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
Email: [email protected]
Ph: +95 9 49206078

16/11/2013
05/11/2013

ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) နှင့် မောက္ခ ပညာရေး မဂ္ဂဇင်း တို့ ပူးပေါင်းဆောင်ရွက်သည့် ဒီမိုကရေစီ ပညာရေး ဆွေးနွေးပွဲ ကို မန္တလေးမြို့ တွင် ကျင်းပလျက်ရှိပြီး နေ့လည်ပိုင်း(ဒုတိယပိုင်း) ၌ တက်ရောက်ကျောင်းသားများ၏ အပြန်အလှန် မေးခွန်းများနှင့် စုပေါင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည် ။

(၅-၁၁-၁၃) AAPP ရုံးခန်း ၊ မန္တလေးမြို့ ။

သတင်းနှင့်ပြန်ကြားရေး ကော်မတီ
ဗကသများ အဖွဲ့ချုပ် (ဗဟို လုပ်ငန်းကော်မတီ )

05/11/2013

ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) နှင့် မောက္ခ ပညာရေး မဂ္ဂဇင်း တို့ ပူးပေါင်းဆောင်ရွက်သည့် ဒီမိုကရေစီ ပညာရေး ဆွေးနွေးပွဲ ကို မန္တလေးမြို့ ၇၈လမ်းနှင့်၇၉လမ်းကြား ၊ ၂၆လမ်းနှင့် ၂၇လမ်းကြား ရှိ AAPP ရုံးခန်း တည်နေရာတွင် ၅-၁၁-၁၃ နံနက်(၉)နာရီ မှ ညနေ(၅)နာရီ ထိ ကျင်းပနေပါသည် ။

ဆွေးနွေးပွဲကို ၆-၁၁-၁၃ နေ့တွင် ဆက်လက် ကျင်းပမည် ဖြစ်ပါသည် ။

ပထမရက်တွင် ဆရာသိန်းနိုင်(မောက္ခ ပညာရေး မဂ္ဂဇင်း) နှင့် ဦးလှမြင့် ရူပဗေဒ ပါမောက္ခ(ငြိမ်း) ၊ ( မေမြို့ ၊ တပ်မတော် နည်းပညာတက္ကသိုလ် အကြံပေး (ဟောင်း) ) တို့မှ ဦးဆောင် ဆွေးနွေးမည် ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး ကော်မတီ ။
ဗကသများ အဖွဲ့ချုပ် ( ဗဟို လုပ်ငန်း ကော်မတီ )

မုံရွာတွင် ဒေါ်နော်အုံးလှ နှင့် ဒေသခံများ စုစုပေါင်း(၁၀)ဦး အဖမ်းခံရ ဒေသခံများနှင့် အာဏာပိုင်များ အခြေအနေ တင်းမာလျက်ရှိ--...
13/08/2013

မုံရွာတွင် ဒေါ်နော်အုံးလှ နှင့် ဒေသခံများ စုစုပေါင်း(၁၀)ဦး အဖမ်းခံရ
ဒေသခံများနှင့် အာဏာပိုင်များ အခြေအနေ တင်းမာလျက်ရှိ
--------------------------------------------------------------
ယနေ့ မုံရွာမြို့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦး ဖြစ် သူ ဒေါ်နော်အုံးလှ နှင့် ဒေသခံများက ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တို့အတွက် မုံရွာမြို့ပေါ် ဆန္ဒဖော်ထုတ်ကြရာ မုံရွာမြို့ ရဲတပ်ဖွဲ့မှ အကြမ်းဖက် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ဆန္ဒပြခွင့် တောင်းခဲ့သော်လည်း မပေး သဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရန် ကြိုးစားမှုကို ယခုကဲ့သို့ အကြမ်းဖက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးအခြေအနေ သတင်းများအရ ဒေါ်နော်အုံးလှ အပါအ၀င် ဒေသခံ (၁၀)ဦး လွတ်မြောက်ရေး တောင်းဆိုကြသည့် မုံရွာ ဗကသ ကျောင်းသား များ နှင့် ဒေသခံများ စုဝေးရာ မုံရွာမြို့၊ မြို့မ(ဂါတ်) ကျောင်းအား ရဲတပ်ဖွဲ့မှ ၀ိုင်းဝန်းပိတ်ဆို့ထားကြောင်း သိရသည်။
------------------------------------------
သတင်းနှင့်ပြန်ကြားရေး
ဗကသ(ရမည်းသင်းခရိုင်)
သြဂုတ်(၁၃)ရက်၊ ၂၀၁၃။

Address

Yamethin Township, Mandalay Division
Yamethin
YAMETHIN

Website

Alerts

Be the first to know and let us send you an email when ရမည်းသင်းခရိုင်ကျောင်းသားများသမဂ္ဂ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share