Y.G.A

Y.G.A Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Y.G.A, Language school, Yamethin.

( 本课程不采用死记硬背教学法的汉语课程! )
(အလွတ်ကျက်စနစ်ဖြစ်လုံး၀မသင်ကြားသောတရုတ်စာသင်တန်း)
杨威 教育中文中心
Y G A Education Chinese Language Center
ကွန်ပျူတာသင်တန်းများ
09698032465
09881437700
09797892341

💻 YGA ကွန်ပျူတာသင်တန်း - အထူးပရိုမိုးရှင်းကြီး လာပါပြီ! ✨လူငယ်တို့ရေ... ကိုယ့်ရဲ့ Skill ကို မြှင့်တင်ဖို့ အကောင်းဆုံးအချ...
04/01/2026

💻 YGA ကွန်ပျူတာသင်တန်း - အထူးပရိုမိုးရှင်းကြီး လာပါပြီ! ✨
လူငယ်တို့ရေ... ကိုယ့်ရဲ့ Skill ကို မြှင့်တင်ဖို့ အကောင်းဆုံးအချိန် ရောက်လို့လာပါပြီ။ YGA မှာ အပါတ်စဉ်၊ လစဉ် တန်းခွဲသစ်များ လက်ခံနေပါပြီ

🎁 ၁။ သင်တန်းကြေး (၂၀%) အထူးလျှော့စျေး
သင်တန်းကြေးကို 20% Off ပေးနေတာမို့လို့ သက်သက်သာသာနဲ့ ထိထိရောက်ရောက် သင်ယူနိုင်မယ့် အခွင့်အရေးပါ။

🎁 ၂။ ကံစမ်းမဲ အစီအစဉ်
သင်တန်းအပ်နှံသူတိုင်းအတွက် နေ့စဉ်သုံး အသုံးအဆောင်ပစ္စည်းများ ကို ကံစမ်းမဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။ ပုံထဲကအတိုင်း ပျော်ပျော်ရွှင်ရွှင် သင်ယူရင်း လက်ဆောင်တွေပါ ယူသွားလိုက်ရအောင်

ဘာကြောင့် YGA ကို ရွေးချယ်သင့်တာလဲ?

✅ အတွေ့အကြုံရှိ နည်းပြဆရာကိုယ်တိုင် စနစ်တကျ သင်ကြားပေးခြင်း။

✅ စာတွေ့တင်မက လက်တွေ့ အသုံးချနိုင်အောင် လေ့ကျင့်ပေးခြင်း။

✅ သင်ယူမှုအတွက် အဆင်ပြေပြီး ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်ရှိခြင်း။

အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

📞 ဖုန်း -09- 881437700. /09- 698032465
09-797892341

သင်တန်းလိပ်စာ-ရမည်းသင်း ရွာတန်း၊ ဆည်ထိပ်ရွာ လမ်းမတော်၊ ဟိန်း ကိုယ်ပိုင်ကျောင်းအနီး၊ အောင် အထွေထွေရောဂါကု ဆေးခန်းနဲ့ မျက်နှာချင်းဆိုင်မှာပါ


"ပညာလည်းတတ်၊ လက်ဆောင်လည်းရမယ့် YGA ကို အမြန်ဆုံး လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်!" 👋



#ရွာတန်းကွန်ပျူတာသင်တန်း

#ရွာတန်းစာရင်းကိုင်သင်တန်း

#ရွာတန်းတရုတ်ဘာသာစကားသင်တန်း

02/01/2026

🌟 တရုတ်စကား တကယ်တတ်ချင်သူတွေအတွက် အပွင့်လင်းဆုံး စကားလက်ဆောင် 🌟
"တရုတ်စာက ခက်သလား?"
"ဘယ်လောက်ကြာကြာ သင်ရမှာလဲ?"
"အပြောပဲ သီးသန့် သင်လို့ရမလား?"
ဒီမေးခွန်းတွေက ကျွန်တော့်ဆီ လာဆက်သွယ်ကြတဲ့ ကျောင်းသား/သူတွေ အမေးများဆုံး မေးခွန်းတွေပါပဲ။ ဒီနေ့တော့ ဒါလေးတွေကို အားလုံးအတွက် ပွင့်ပွင့်လင်းလင်း ဖြေပေးချင်ပါတယ်။
🤔 တရုတ်စာက ခက်သလား?
အမှန်အတိုင်း ပြောရရင်... အမိဘာသာစကားမဟုတ်တဲ့အတွက် အစပိုင်းမှာတော့ ခက်ပါတယ်။ ဒါပေမဲ့ (၂) လလောက် ဇွဲထည့်ပြီး သဘောတရားလေးတွေကို လေ့လာကြည့်မယ်ဆိုရင် အစက ထင်ထားသလို မခက်ဘဲ လွယ်ကူသွားတာကို ကိုယ်တိုင်တွေ့ရမှာပါ။ စိတ်ဓာတ်မကျဖို့ပဲ အရေးကြီးပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ပျော်စရာကောင်းတဲ့ သင်ကြားမှုပုံစံတွေနဲ့ အနီးကပ် လမ်းပြပေးသွားမှာပါ။
⏳ ဘယ်လောက်ကြာကြာ သင်ရမလဲ?
ဒါကတော့ သင်ယူသူရဲ့ ဇွဲနဲ့ တကယ်တတ်ချင်တဲ့ စိတ်ပေါ်မှာ အများကြီး မူတည်ပါတယ်။ ကျွန်တော်တို့ Y.G.A မှာတော့ Level တစ်ခုကို (၁) လနှုန်း နဲ့ အပိုင်တတ်အောင် စနစ်တကျ သင်ကြားပေးနေပါတယ်။
🗣️ အပြောပဲ သီးသန့် သင်ချင်လို့ ရမလား?
ရပါတယ်ခင်ဗျာ။ ကျွန်တော်တို့မှာ (၆) လပြတ် အပြောသီးသန့် (Speaking Only) Class တွေ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ပိုပြီး အသုံးချတတ်စေဖို့ Speaking ရော Writing (အရေး) ပါ ပါဝင်တဲ့ 4 Skills Class ကို တက်ဖို့ ပိုပြီး တိုက်တွန်းချင်ပါတယ်။ အရေးပိုင်းပါ သိထားမှ စာလုံးတွေရဲ့ သဘောတရားကို ပိုနားလည်ပြီး ရေရှည်မှာ ယုံကြည်မှုရှိရှိ အသုံးချနိုင်မှာ ဖြစ်လို့ပါ။
━━━━━━━━━━━━━━━━━━━━
📚 ဖွင့်လှစ်မည့် သင်တန်း Level များနှင့် အချိန်နာရီများ
❶ Intro Basic (4 Skills)
▸ အခြေခံ Pinyin နှင့် စကားပြောကို ၁ နာရီခွဲကြာ စနစ်တကျ သင်ကြားပေးမည်။
❷ General Chinese (Level 1 to 12)
▸ Level တစ်ခုချင်းစီအလိုက် ၁ နာရီခွဲကြာ အသေးစိတ် သင်ကြားပေးမည်။
❸ HSK Special Class (Level 1 to 4)
▸ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရယူလိုသူများအတွက် ၁ နာရီခွဲ သင်ကြားပေးမည်။
❹ Speaking Only Class (Level 1 to 4)
▸ စကားပြောသီးသန့် ကျွမ်းကျင်လိုသူများအတွက် (၂) နာရီတိတိ လက်တွေ့လေ့ကျင့်ပေးမည်။
❺ Special Chinese Class (Fast Track)
▸ အချိန်တိုအတွင်း ထိရောက်စေရန် တစ်နေ့လျှင် (၂) ချိန် (စုစုပေါင်း ၃ နာရီ) သင်ကြားပေးမည်။
📌 မှတ်ချက်: သင်တန်းအားလုံးကို တစ်ပတ် (၅) ရက် (တနင်္လာ မှ သောကြာ) အပြတ်သင်ကြားပေးမှာပါ။
━━━━━━━━━━━━━━━━━━━━
⏰ တက်ရောက်နိုင်မည့် အချိန်ဇယား:
☀️ နံနက်ပိုင်း ‣ ၀၈:၀၀ မှ ၁၀:၀၀ ထိ
🌇 ညနေပိုင်း ‣ ၀၃:၀၀ မှ ၀၅:၀၀ ထိ
📅 ဇန်နဝါရီ (၁) ရက်နေ့ အတန်းသစ်စမည်။
📍 တည်နေရာ: ကုက္ကားဝိုင်းအနီး၊ ရွာတန်း၊ ရမည်းသင်းမြို့။
📞 အသေးစိတ် စုံစမ်းမေးမြန်းရန်:
09698032465 , 09426947656
(သို့မဟုတ်) Messenger မှာလည်း သင်တန်းကြေးနှင့် အသေးစိတ်ကို စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
✨ "Y.G.A မှာ သင်ယူပြီး တရုတ်စကားကို ယုံကြည်မှုရှိရှိ ပြောဆိုလိုက်ပါ!" ✨

#တရုတ်စာသင်တန်း

သတင်းကောင်းဗျို့ 📢📢📢📢📢📢ကျနော်တို့ YGA Chinese language centre မှာကွန်ပျူတာသင်တန်းလာရောက်အပ်နှံသူများအတွက် သင်တန်းကြေး 20...
02/01/2026

သတင်းကောင်းဗျို့ 📢📢📢📢📢📢
ကျနော်တို့ YGA Chinese language centre မှာ
ကွန်ပျူတာသင်တန်းလာရောက်အပ်နှံသူများအတွက်
သင်တန်းကြေး 20%Discount off ပေးထားတဲ့အပြင်
ကံစမ်းမဲအစီအစဉ်လေး လုပ်ထားပေးပါတယ်ဗျ
သင်တန်းကြေးသက်သာမယ့်အပြင်
ကံစမ်းမဲပေါက်ရင် လက်ဆောင်ပစ္စည်းတွေပါ
ရရှိမှာဖြစ်တာကြောင့် မြန်မြန်လေးသင်တန်းလာအပ်လိုက်ပါနော်🏃🏃🏃🏃🏃

တန်ဖိုးရှိတဲ့အချိန်တွေနဲ့
ကောင်းမွန်တဲ့ အခွင့်အရေးတွေ
လက်လွတ်မခံပါနဲ့ 🙋‍♂️🙋‍♂️

January 1 , 2026 မှစတင်၍
ရွာတန်း ဆည်ထိပ်ရွာလမ်းမတော်
ဟိန်းကိုယ်ပိုင်ကျောင်းအနီး
အောင်အထွေထွေရောဂါကု ဆေးခန်းနှင့်မျက်နှာချင်းဆိုင် တွင် ထပ်မံဖွင့်လှစ်ထားပါကြောင်းသတင်းကောင်းပါးလိုက်ပါတယ်🌱🌱

YGA တရုတ်စာ သင်တန်းကျောင်းရဲ့ Chinese Language တရုတ်ဘာသာစကားသင်တန်းများအပြင်

နိုင်ငံတကာ အသိမှတ်ပြု ကွန်ပျူတာသင်တန်းများ နှင့် စာရင်းကိုင်သင်တန်းများ ဖွင့်လှစ်ထားပြီဖြစ်ပါတယ်
ဒါကြောင့် ကွန်ပျူတာသင်တန်းတက်ချင်သူများအနေနဲ့ လာရောက်သင်တန်းတက်န်ုင်ပါပြီ

ရုပ်ရည်ချောမော ခန့်ငြားပြီး တတ်မြောက်သည် အထိ
စိတ်ရှည်စွာ သင်ကြားပေးမယ့် ဆရာ၊ဆရာမ တွေရှိတာကြောင့် ဒီလိုအခွင့်အရေးကို လက်လွတ်မခံသင့်ပါဘူး😎😎😎

သင်တန်းအကြောင်း အသေးစိတ် စုံစမ်းလိုပါက ဖုန်း
09426947656
09881437700


#ရွာတန်းကွန်ပျူတာသင်တန်း
#ရွာတန်းစာရင်းကိုင်သင်တန်း

Hello! အားလုံးပဲ မင်္ဂလာပါဗျာ 2026 နှစ်သစ်မှာ စိတ်၏ချမ်းသာ ခြင်း ကိုယ်၏ကျန်းမာခြင်းများ နှင့် ပြည့်စုံပြီး မိမိတို့ ရည်မ...
01/01/2026

Hello!
အားလုံးပဲ မင်္ဂလာပါဗျာ
2026 နှစ်သစ်မှာ စိတ်၏ချမ်းသာ ခြင်း
ကိုယ်၏ကျန်းမာခြင်းများ နှင့် ပြည့်စုံပြီး
မိမိတို့ ရည်မှန်းချက်တွေ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေကြောင်း
ကျနော်တို့ YGA Chinese language Centre မှ
ဆုတောင်းပေးလိုက်ပါတယ် 🙏🙏🙏🙏🙏🙏🙏

🌱🌱YGA Chinese Language Centre ကို
ယနေ့ January 1 , 2026 မှစတင်၍
ရွာတန်း ဆည်ထိပ်ရွာလမ်းမတော်
ဟိန်းကိုယ်ပိုင်ကျောင်းအနီး
အောင်အထွေထွေရောဂါကု ဆေးခန်းနှင့်မျက်နှာချင်းဆိုင် တွင် ထပ်မံဖွင့်လှစ်ထားပါကြောင်းသတင်းကောင်းပါးလိုက်ပါတယ်🌱🌱

YGA တရုတ်စာ သင်တန်းကျောင်းရဲ့ Chinese Language တရုတ်ဘာသာစကားသင်တန်းများအပြင်

နိုင်ငံတကာ အသိမှတ်ပြု ကွန်ပျူတာသင်တန်းများ နှင့် စာရင်းကိုင်သင်တန်းများ ဖွင့်လှစ်ထားပြီဖြစ်ပါတယ်
ဒါကြောင့် ကွန်ပျူတာသင်တန်းတက်ချင်သူများအနေနဲ့ လာရောက်သင်တန်းတက်န်ုင်ပါပြီ

နှစ်သစ်အစမှာ 20% Discount off လည်းပေးထားတာမို့ အမြန်ဆုံးသာလာခဲ့လိုက်ပါ

ရုပ်ရည်ချောမော ခန့်ငြားပြီး တတ်မြောက်သည် အထိ
စိတ်ရှည်စွာ သင်ကြားပေးမယ့် ဆရာ၊ဆရာမ တွေရှိတာကြောင့် ဒီလိုအခွင့်အရေးကို လက်လွတ်မခံသင့်ပါဘူး😎😎😎


#ရွာတန်းကွန်ပျူတာသင်တန်း

#ရွာတန်းစာရင်းကိုင်သင်တန်း

04/10/2025
📣📢သင်သိပြီးပြီလား Y.G.A တရုတ်စာသင်တန်းကျောင်းတွင် ကွန်ပျူတာ သင်တန်းတက်လို့ ရနေပါပြီ 📢📢၃ လ အချိန်ပေးရုံနဲ့ တရုတ်စာ၊ ကွန်ပ...
04/10/2025

📣📢သင်သိပြီးပြီလား Y.G.A တရုတ်စာသင်တန်းကျောင်းတွင် ကွန်ပျူတာ သင်တန်းတက်လို့ ရနေပါပြီ 📢📢

၃ လ အချိန်ပေးရုံနဲ့ တရုတ်စာ၊ ကွန်ပျူတာ ကို တစ်ပြိုင်တည်း သင်ယူပြီး အလုပ်ပါ ချိတ်ဆက်ပေးနေပါပြီနော်။📣📣📣♠️♠️

* သင်တန်းချိန် လွတ်လပ်မှု (အဆောင်နေသူများအတွက်): အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအတွက် သင်တန်းချိန် ကန့်သတ်ချက်မရှိဘဲ မနက် ၇ နာရီမှ ည ၉ နာရီ အထိ လွတ်လပ်စွာ လာရောက်သင်ယူနိုင်ပါသည်။

သင်တန်းအသေးစိတ်
* သင်တန်းကြာချိန်: ၃ လပြတ် (အခြေခံမှစ၍ အဆင့်မြင့်ကျွမ်းကျင်သည်အထိ)
* သင်ကြားချိန်များ: မနက် ၇ နာရီမှ ည ၉ နာရီအထိ (အဆောင်နေသူများအတွက် အချိန်ကန့်သတ်ချက်မရှိ)
* သင်တန်းနေရာ: ရမည်းသင်းမြို့နယ်၊ ကုက္ကားဝိုင်းအနီး၊ ရွာတန်း။

သင်၏ အိပ်မက်များကို အကောင်အထည်ဖော်ရန် ယခုပဲ စာရင်းပေးသွင်းလိုက်ပါ။

#ကုက္ကားဝိုင်းအနီးရွာတန်း

#09698032465
#09426947656

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်:
ဖုန်းနံပါတ်: 09698032465

20/02/2025

哈罗 👉
ဒီတစ်ခေါက်မှာတော့ Hanyu နဲ့ HSK အကြောင်းကို အနည်းငယ်မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်✍️

Hanyu
🍄Hanyu က level 1-12 အထိရှိပါတယ်
🍄level တစ်ခုမှာ စာအုပ်သုံးအုပ်ပါပါတယ်။ 课本 TextBook,练习册 workbook,နဲ့ 说话 Speaking ဆိုပြီးသုံးအုပ်ရှိတာပါ။
🍄 level 2 ခုပေါင်းမှ တစ်တန်းလို့ပြောတာပါ။ Hanyu 1 နဲ့ Hanyu 2 ပေါင်းမီ တစ်တန်းလို့ ဆိုလိုတာပါ။
🍄 Hanyu 12 ပြီးရင် ခြောက်တန်းပြီးပြီဖြစ်ပြီး မူလတန်းအောင်ပြီဖြစ်ပါတယ်
🍄 Hanyu 12 ပြီးရင် အလယ်တန်းစာအုပ် 初中 6 အုပ် ထပ်ရှိပါတယ် 🫨
🌺 Own opinions
-Hanyu က ဖြေးဖြေးမှန်မှန်မို့လို့ အချိန်အများကြီးပေးရမှာပါ။ Hanyu 12 ထိ ပြီးဖို့ 老师က ၅ နှစ်ခွဲ ခြောက်နှစ်နီးပါးလောက် အချိန်ပေးခဲ့ရတာမို့ ကလေးအရွယ်ကနေစသင်ဖို့ ပိုသင့်လျော်ပါတယ်။
-Hanyu မှာ grammar ဆိုပြီး ခွဲမပါလာပါဘူး။ စာသင်ကြားသူကနေ သေချာ ရှင်းပြဖို့ လိုအပ်ပါလိမ့်မယ်။
-Hanyu က ပုံပြင်၊ ကဗျာ၊ စကားပုံ၊သမိုင်း စသဖြင့် အကြောင်းအရာတွေပါပြီး Level မြင့်လာလေ passage တွေက အရှည်ကြီးတွေဖြစ်လာတာပါ။ ဒါကြောင့် Hanyu က culture ပိုဆန်တယ်လို့ ယူဆနိုင်ပါတယ်

HSK
💐 HSK ရဲ့ အရှည်က 汉语水平考试(Hànyǔ Shuǐpíng Kǎoshì)Chinese Proficiency Testဖြစ်ပါတယ်
💐 အရင်ကတော့ HSK level 6 ထိရှိပြီး ခုကတော့ HSK level 9 ထိရှိပါတယ်🥹
💐 Level တစ်ခုမှာ Textbook နဲ့ Workbook တွဲရှိတာပါ။
💐HSK 4 ကစပြီး 上 နဲ့ 下 ဆိုပြီး အတွဲတစ်၊ အတွဲနှစ် ခွဲထားလိုက်ပါသေးတယ်
💐Level အလိုက် Vocabulary တွေတိုးလာပါတယ်။ HSK level 1 မှာ vocabulary အလုံး ၁၅၀ ပါဝင်ပြီး Level 9 မှာတော့ အလုံ ၁၁၀၀၀ ဝန်းကျင်လောက် မှတ်ရမှာပါ😵‍💫
💐 Conversation အများအပြားပါဝင်ပြီး unit တစ်ခုစီမှာ grammar ကို သေသေချာချာရှင်းထားပါတယ်။
💐HSK Exam မှာ reading, writing , listening တွေ ဖြေရမှာ ဖြစ်ပါတယ်။
💐speaking သပ်သပ်စစ်တဲ့ HSKK ဆိုပြီးရှိပါတယ်။ သူကတော့ သပ်သပ်စာအုပ်မရှိပါဘူး။ HSK စာအုပ်ကနေဘဲ လေ့လာရုံပါဘဲ။
🌺Own opinions
-HSK က foreign language လေ့လာတဲ့ပုံစံထုတ်ထားတာ ဖြစ်လို့ အလုပ်လုပ်ဖို့၊ တရုတ်ဘက်မှာစာသွားသင်ဖို့ ရည်ရွယ်တဲ့ သူတွေ လေ့လာဖို့ သင့်လျော်ပါတယ်။
-HSK က English စာမှာဆို IELTS နဲ့ သဘောတရားအတူတူဖြစ်တဲ့အတွက် အလုပ်၊ uni requirement တွေမှာ HSK level ကိုသာတောင်းပါတယ်။ Hanyu နဲ့ တောင်းလေ့မရှိပါဘူး။
-HSK 1 မဖြေဘဲ ကျော်ခွပြီး HSK 3/4 ဖြေလို့ရပါတယ်။ စိတ်ပိုင်ရင်ဖြေနိုင်ပါတယ်နော်။ experience မရှိရင် ရင်ခုန်တတ်ရင်တော့ တစ်ဆင့်ချင်းလည်း ဖြေနိုင်ပါတယ်။
- HSK expiry date ရှိပါတယ်။ အလွန်ဆုံး ၂ နှစ်အတွင်းကိုဘဲ ယူကြတာပါ။ ဒါကြောင့် 老陈 ကတော့ HSK 4 ဖြေပြီးမှာ ရပ်ထားတာပါ။ တကယ်လိုအပ်လာမှ ဖြေဖို့ စိတ်ကူးလို့ပါ။
-HSK နဲ့ HSKK က တစ်ရက်တည်းမှာဘဲ ဖြေရတာပါ။ တစ်နေကုန်ကြာမှာဖြစ်လို့ စားရေးအတွက် ကြိုစီစဉ်သွားစေချင်ပါတယ်။
-Examination date တွေအတွက်တော့ google မှာ HSK exam date 2025 ဆိုကာ ရှာနိုင်ပါတယ်။ တစ်လလောက်ကြို form တင်ရပီး နှစ်လဝန်းကျင် အကြာမှာ result ထွက်လေ့ရှိပါတယ်။

哈罗💖💖  ဒီတစ်ခါ content လေးကတော့ HSK ဖြေမဲ့သူလေးတွေအတွက် ရည်ရွယ်ပါတယ်။ဒီနေ့မှာတော့ HSK ဖြေမဲ့နေ့အတွက် လိုအပ်တာလေးတွေကို မျ...
20/02/2025

哈罗💖💖
ဒီတစ်ခါ content လေးကတော့ HSK ဖြေမဲ့သူလေးတွေအတွက် ရည်ရွယ်ပါတယ်။
ဒီနေ့မှာတော့ HSK ဖြေမဲ့နေ့အတွက် လိုအပ်တာလေးတွေကို မျှဝေပေးချင်ပါတယ်။

HSK ရဲ့ အရှည်က 汉语水平考试 Chinese proficiency test ဖြစ်ပါတယ်။ level က အရင်ကတော့ 6 ထိရှိပြီး ခုကတော့ 9 ထိရှိပါတယ်။ 2025 ရဲ့ exam date ကိုတော့ အောက်ကပုံမှာကြည့်နိုင်ပါတယ်နော်။

Exam က paper based နဲ့ internet based နှစ်ခုရှိပါတယ်။ ဒီ content မှာတော့ paper based ကို အဓိကထား‌ေပြာပြပေးမှာဖြစ်ပါတယ်နော်။

🌹 Registration
အချိုကျောင်းတွေမှာတော့ သူတိုကျောင်းသားတွေအတွက် form တင်‌ေပးလေ့ရှိပါတယ်။
ကိုယ့်က self study လုပ်တယ်။ ဒါမှမဟုတ် exam service မပေးတဲ့ သင်တန်း‌ေလးတွေက လေ့လာထားတယ်ဆိုရင်ကတော့ ကျောင်းကြီးတွေကို သွားရောက် form တင်လိုရပါတယ်။
Form ထဲမှာတော့ personal detail ဖြည့်ပြီး level ကိုရွေးချယ်ရုံပါဘဲ။ Deadline မတိုဂ်ခင် တင်ဖိုဋော့ လိုပါတယ်နော်။

🌹 Exam fee
Exam fee ကတော့ level (1-6) အလိုက်ကွာပါတယ်။ တရုတ် currency နဲ့ yuan 150- 650 ကြားမှာရှိပါတယ်။

🌹 Exam duration
အချိန်ကတော့ level (1-6) အလိုက် 35 minutes ကနေ 2 hours 15 minutes ကြာပါတယ်။

🌹 HSKK
HSKK လို ခေါ်တဲ့ speaking test ကလည်း HSK ဖြေတဲ့ရက်နဲ့ တစ်ရက်တည်းမှာဘဲ ဖြေရတာပါ။ မနက်ခင်းနဲ့ နေ့လယ်ခင်းခွဲပြီး ဖြေရပါတယ်။
HSK level 3 ကစပြီး HSKK ကိုပါ တွဲဖြေရပါတယ်နော်။
HSKK က fee သပ်သပ် ထပ်သွင်းရပါသေးတယ်

🌹 Exam
စာဖြေရတာကတော့HSK listening, reading, writing အားလုံးကို ဟောခန်းလို ခန်းမကျယ်ထဲဖြေရတာပါ။ listening မှာ အသံ test လုပ်တဲ့ချိန် မကြားရရင် မကြားရဘူး ပြောရပါမယ်။ ဖြေနေချိန်အတွင်းမှာတော့ မရတော့ဘူးနော်။ ‌question paper မှာ မေးခွန်းအားလုံးတွဲပါနေတာ ဖြစ်တဲ့အတွက် listening အချိန်မှာ reading လှန်ဖတ်လို မရပါဘူးနော်။
Listening မှာတော့ အဖြေကို answer sheet ထဲထည့်ချိန်သပ်သပ်ပေးပေမဲ့ reading, writing မှာမပေးပါဘူး။ IELTS လိုပါဘဲ။
HSKK speaking မှာတော့ ခုနကလို ဟောခန်းထဲမှာပါဘဲ။🥲🥲 recorder လေးပေးပါတယ်။ သူများအသံတွေဝင်နိုင်ပါတယ်။ record ထဲ ကိုအသံအရှင်းဆုံးဖြစ်အောင် တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းလင်းပြတ်သားအောင်ပြောရပါတယ်။

🌹 Items
HSK မှာကတော့ ဖြေဆိုခွင့်စာရွက်နဲ့ ခဲတံ 2B ခဲဖျက် ရေဘူး(တံဆိပ်ဖြုတ်သွားပါ) ယူသွားလိုရပါတယ်။ (老师ကတော့ နယ်မှာဖြေလိုပါနော်။ ရန်ကုန်၊မန်းလေးမှာပေးမပေးတော့ မပြောတတ်ပါ)။ ဖုန်းလိုအပ်ရင် ယူသွားပါ။ စက်ပိတ်ပြီး စားပွဲပေါ်တင်ခဲ့ရတာပါဘဲ။ နေ့လယ်စာအတွက် ပြင်ဆင်ခဲ့သင့်ပါတယ်နော်။
HSKK မှာတော့ အပေါ်မှာပြောတဲ့အတိုင်း recorder ပေးပါတယ်။ question paper ပေါ် အကြမ်းရေးလိုရပါတယ်နော်။
သတိထားရမှာက recorder ကို အသံသွင်းမသွင်းသေချာစစ်ဖိုပါဘဲ။ စာမေးပွဲခန်းထဲရောက်ရောက်ချင်း power on မထားပါနဲ့။ auto ပြန်ပိတ်သွားတာပါ။ မသိမိဘဲ ပြောလာရင် အကုန်ပလုံသွားတာပေါ့🥲။ (တစ်ခါဖြေတုန်းက စာမေးပွဲခန်းစောင့် laoshi တွေကဖွင့်ထားပေးတာ။ အဲ့နေ့ အဲ့center မှာဖြေခဲ့တဲ့သူအကုန်အမှတ် 0လေးတွေနဲ့။ နယ်ဆိုတော့လည်း စက်ပစ္စည်းမကျွမ်းတော့)

🌹 Result
အောက်ကဇယားမှာပြထားတဲ့အတိုင်း result ထွက်‌တဲ့နေ့ရောက်တာနဲ့ www.chinesetest.cn မှာ ကိုယ့် ခုံနံပါတ်ထည့်ပြီး သွားကြည့်ရုံပါဘဲ။

ကဲ ဒီနေ့တော့ ဒီလောက်ပါဘဲနော်။杨伟👋

哈罗 yga Chinese language center💖💖 ဒီနေ့မှာတော့ HSK level 2 အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။📖 ဘယ်သူတွေဖြေဆိုနိုင်မလဲ။အရမ်...
20/02/2025

哈罗 yga Chinese language center💖💖

ဒီနေ့မှာတော့ HSK level 2 အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။

📖 ဘယ်သူတွေဖြေဆိုနိုင်မလဲ။အရမ်းခက်ခဲတဲ့ level မဟုတ်သေးတော့ စုစုပေါင်း နာရီ ၆၀ လောက်သင်တန်းချိန်ယူပြီး လေ့လာထားရင် ဖြေလို့ရနေပါပြီ။ စာလုပ်ဖို့တော့လိုတာပေါ့နော်

📖 ဘာတွေလေ့လာဖို့လိုလဲ။Vocabulary စုစုပေါင်း ၃၀၀ လုံး ကျက်မှတ်ဖို့လိုအပ်ပါတယ်။HSK 2 textbook and workbook ကနေ သင်ယူလေ့ကျင့်ဖို့လည်းလိုအပ်ပါတယ်နော်။YouTube ပေါ်ကနေ Mock test တွေလည်းဖြေကြည့်ရင်း practice ကြိုလုပ်သွားနိုင်ပါတယ်။ အပြင် လွယ်ကူတဲ့သီချင်းလေးတွေနားထောင်ရင်းလည်း listeningလေ့ကျင့်နိုင်ပါတယ်။

📖 မေးခွန်း formatListening နဲ့ Reading နှစ်ခုဖြေရမှာဖြစ်ပြီး ဖြေဆိုချိန် မိနစ် ၅၀ လောက်ကြာနိုင်ပါတယ်။ Sheet ဝေ personal information ဖြည့်တာက အချိန်သပ်သပ်ယူပါတယ်Listening_ Listening မှာတော့ part လေးခုနဲ့ စုစုပေါင်း အခု ၃၅ ပါပါမယ်။ ဖြေဆိုချိန်ကတော့ ၂၅ မိနစ်နဲ့ အဖြေကို Answer Sheet ထဲ‌ဖြည့်ချိန်ကတော့ level 1 လို ၃ မိနစ်ရပါတယ်နော်။Reding_ Reading မှာလည်း part လေးခုနဲ့ စုစုပေါင်း မေးခွန်း အခု ၂၅ ပါပါမယ်။ ဖြေဆိုချိန်ကတော့ ၂၂ မိနစ်ရပြီး အဖြေပြန်ရေးချိန်မပါတာကိုတော့ သတိချပ်စေချင်ပါတယ်။

📖ဘာတွေမေးကြလဲ။အစမှာတော့ စက္ကန့်သုံးဆယ်ကြာတဲ့ တီးလုံးလေးတစ်ခုလာမှာဖြစ်ပြီး information တွေပြောပါလိမ့်မယ်။ ဒါလေးကတော့ level တိုင်းပါတာပေါ့နော်။

Listening_ မေးခွန်းတစ်ပုဒ်ကို နှစ်ကြိမ်စီပြောပေး‌နေဦးမှာဖြစ်လို့ ဖိအားအရမ်းမများဘူး‌ပေါ့နော်။

📚Part 1. ၁၀ ပုဒ်မေးမှာပါ။ သူက စာလုံးလေးတစ်လုံးကိုပြောမှာဖြစ်ပြီး ပေးထားတဲ့ ပုံလေးနဲ့ ကိုက်မကိုက်ကြည့်ပေးရမှာပါ။ ကိုက်တယ်ဆိုရင် ✅ မကိုက်ရင်တော့❎ ဖြေပေးရုံပါဘဲ။ level 1 နဲ့အတူတူဘဲပေါ့နော်။ အပုဒ်ရေပိုသွားတာပါ။

📚Part 2. ၁၀ ပုဒ် ပါပါမယ်။ ၁၁-၁၅ နံပါတ်လေးတွေနဲ့အတူ ပုံလေးတွေပါတဲ့ A to E ကို ယှဉ်ထားပါလိမ့်မယ်။ နံပါတ်တစ်ခုစီမှာပြောတဲ့ စကားလေးနဲ့ ဘယ်ပုံလေးကိုက်လဲရွေးရမှာပါဘဲ။ ပြီးရင် ၁၆-၂၀ ထပ်လာပါတယ်။ match type ပါ။ပုံလေးသုံးပုံပေးထားမှာဖြစ်ပြီး သူက စာလေးတစ်ကြောင်းပြောပါလိမ့်မယ်။ အကိုက်ညီဆုံးပုံကို ရွေးပေးရုံပါဘဲ။ multiple choice type ပါ။

📚Part 3. ၁၀ ပုဒ်‌မေးပါတယ်။ စာကြောင်းလေး ၁/၂ ကြောင်းပြောပါလိမ့်မယ်။ Dialogue ပုံစံပေါ့နော်။ 问 ဆိုပြီး မေးခွန်းမေးပြီး option A.B.C. သုံးခုထဲက အဖြေကိုရွေးရမှာပါ။ Multiple choice type ပါဘဲ။

📚Part 4. ငါးခုမေးပါတယ်။ Part 3 လိုပါဘဲ။ Dialogue က ပိုရှည်လာတာပါနော်။

Reading_
📚Part 1. ၅ ပုဒ်မေးပြီး စာကြောင်းငါးကြောင်းနဲ့ ပုံလေးငါးခု ယှဉ်ထားပေးပါလိမ့်မယ်။ ကိုက်တာလေးရွေးရမှာပေါ့နော်။ Match type ပါ။

📚Part 2. Vocabulary 5 ခုနဲ့ ကွက်လပ်ဖြည့်စာကြောင်း 5 ခုပေးပါလိမ့်မယ်။ Fill in the blank ပါ။

📚Part 3. ၅ ပုဒ်မေးမှာဖြစ်ပါတယ်။ သူကတော့ ပထမဆုံး စာကြောင်းရှည်ကြီးတစ်ကြောင်း ပေးမှာပါ။ ပြီးရင် အတိုလေးတစ်ကြောင်းပေးပါမယ်။ အဲ့နှစ်ကြောင်း အဓိပ္ပာယ်တူမတူကြည့်ပြီး အမှားအမှားခြယ်ပေးရမှာပါ။

📚Part4. ၁၀ ပုဒ်မေးမှာဖြစ်ပြီး ငါးခုတစ်ခါခွဲထားပါတယ်။ ဟိုဘက် ဒီဘက်စာကြောင်းပေးထားမှာဖြစ်ပြီး conversation ဖြစ်နိုင်ချေအရှိဆုံးနှစ်ကြောင်းစီတွဲပေးရမှာပါ။ဖြေဆိုဖို့ရည်ရွယ်သူတွေအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ 🤗

Address

Yamethin

Website

Alerts

Be the first to know and let us send you an email when Y.G.A posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share