Htet Wai AungSan

Htet Wai AungSan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Wai AungSan, Language school, Yamethin.

24/09/2025

🍂✨ဒီနေ့က ဂျပန်မှာ အများပြည်သူ ရုံးပိတ်ရက်တစ်ရက် ဖြစ်တဲ့ 秋分の日(しゅうぶんのひ)မြန်မာလိုဆိုရင်တော့ ဆောင်ဦးပေါက်နေ့/ဆောင်းဦးရာသီစတဲ့နေ့လို့ ဆိုပါတယ်။

ပူအိုက်တဲ့နွေရာသီကြီးပြီးဆုံးပြီး နောက်ဆုံးတော့ ဆောင်းလေအေးနဲ့ရွက်ကြွေလေးတွေစတင်တော့မယ့် အချိန်ကာလကတော့ 秋分の日(しゅうぶんのひ)ဖြစ်တဲ့ ဒီနေ့ကနေပဲ တရား၀င်စတင်ပါတော့မယ်။🍁

၁၉၄၈ ခုနှစ်မှာ ဂျပန်အစိုးရက ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပြီး နေ့နဲ့ ညအချိန် တူညီနီးပါး ဖြစ်တဲ့ ရက်ကို သတ်မှတ်ထားတာမလို့ရက်အတိအကျရယ်လို့တော့မရှိခဲ့ပါဘူး။
ဒီနှစ် ၂၀၂၅ ခုနှစ် အတွက်တော့ စက်တင်ဘာလ ၂၃ ရက်မှာ ကျရောက်တာပဲဖြစ်ပါတယ်။🍁🍁🍁

ဒါ့အပြင် ဗုဒ္ဓဘာသာအယူအရ "彼岸(ひがん)" ဆိုတဲ့ သေဆုံးသွားတဲ့ ဘိုးဘေးတွေနေထိုင်ရာ "ကောင်းဘင်ဘုံ"နဲ့ "此岸(しがん)ဆိုတဲ့ လူသားတွေရှိတဲ့ "လူ့ပြည်" က ဒီလိုနေ့တွေမှာ ကမ္ဘာလောက နှစ်ခု ပိုနီးလာတယ်လို့လည်း ယူဆကြပါတယ်။ ဒါကြောင့် အဲ့ဒီကာလအတွင်း သင်္ချိုင်းကန်တော့တာတွေ၊ သင်္ချိုင်းသန့်ရှင်းရေးပြုလုပ်တာတွေ ပြုလုပ်ကြပြီး ဘိုးဘွားကန်တော့ပွဲတွေ ပြုလုပ်ပေးကြပါတယ်။ 💐🍂

စိုက်ပျိုးရေးသမားတွေဆိုရင်လည်း ဆောင်းဦးမှာ ရိတ်သိမ်းခြင်းတွေစတင်ပြီမလို့ ရိတ်သိမ်းရရှိတဲ့အပေါ်ကို ကျေးဇူးတင်ကြောင်းပြသတဲ့ ပူဇော်ပသမှူတွေလည်းရှိကြပါတယ်။🌾
ပြီးတော့ ဆောင်းဦးရာသီရဲ့ နီညိုရောင်ပတ်၀န်းကျင်အလှကို ကြည့်ရှုရင်း 牡丹餅 (ぼたもち)လို့ခေါ်တဲ့ ပဲနဲ့ လုပ်ထားတဲ့ ရာသီစာ မုန့်လုံးအချို ကို စားကြပါတယ်။
အခုချိန်ဆိုရင် 紅葉(もみじ) တွေလည်းစတင်မြင်ရနေပြီဖြစ်လို့ ဂျပန်ရောက်နေတဲ့သူတွေရှိရင် အခုလိုပိတ်ရက်လေးမှာ နီညိုရောင်ပတ်၀န်းကျင်အလှကိုခံစားရင်း ကိုယ့်ကိုယ်ကိုအနားပေးဖို့အကောင်းဆုံးအချိန်ပါပဲနော်။❤️

#秋分の日

#秋分の日

#ပျော်ရွှင်လေ့လာဂျပန်စာEDVANTAGEမှာသင်ယူပါ

ဂျပန်နိုင်ငံမှာ လက်မှတ်မထိုးပဲ တံဆိပ်တုံးပဲ ထုရတယ်ဆိုတာကို သိကြလား ? ဂျပန်နိုင်ငံရောက်ပြီဆိုတာနဲ့ အိမ်စာချုပ်အတွက် လက်မှ...
24/09/2025

ဂျပန်နိုင်ငံမှာ လက်မှတ်မထိုးပဲ တံဆိပ်တုံးပဲ ထုရတယ်ဆိုတာကို သိကြလား ?

ဂျပန်နိုင်ငံရောက်ပြီဆိုတာနဲ့ အိမ်စာချုပ်အတွက် လက်မှတ်ထိုးရတာတော့ ကျောင်းသားတိုင်း တွေ့ကြုံရမဲ့ ကိစ္စပါပဲ

ဒီလိုစာချုပ်စာတမ်း တွေ နဲ့အလုပ်လုပ်ရတဲ့ ကိစ္စမျိုးတွေဆိုရင် တော်တော်များများက လက်မှတ်ထိုးလိုက်ကြတာမျိုးလုပ်ကြပါလိမ့်မယ်။📝

ဒါပေမဲ့ ဂျပန်မှာကတော့ ကိုယ့်ရဲ့ နာမည် စာလုံးတစ်လုံး နှစ်လုံးလောက်ကို ထွင်းထားတဲ့ တံဆိပ်တုံးလေးတွေကို ပိုပြီး တွင်တွင်ကျယ်ကျယ်အသုံးများကြပါတယ်။

နေ့စဥ်ဘ၀မှာ 🏡 အိမ်စာချုပ် ၊ 🏦ဘဏ်စာချုပ် ၊ 💼အလုပ်စာချုပ်တွေကစလို့ အချိန်ပိုင်းအလုပ်စာချုပ်တွေမျိုးမှာပါ လက်မှတ်အစားတံဆိပ်ထုံးထုတာကိုပဲ လုပ်ကြပါတယ်။

ဂျပန်ရောက်တဲ့အခါမှာလည်း မရှိမဖြစ်လုပ်ထားသင့်တဲ့ထဲမှာလည်းပါတာမလို့ ကိုယ်က ဂျပန်သွားဖို့ပြင်နေတဲ့သူဆိုရင်တော့ ဒီ はんこ လေးတွေအကြောင်းသိထားဖို့လိုတယ်နော်။ 💁

印鑑(いんかん) ဆိုတဲ့အသုံးအနှုန်းလေးလည်းရှိသေးပေမဲ့ အတိအကျပြောရရင် はんこက တံဆိပ်တုံးကိုယ်ထည်ကို ရည်ညွှန်းပြီး いんかん ကကျတော့ အဲ့ဒီတံဆိပ်တုံးနဲ့ နှိပ်လိုက်လို့ စာရွက်ပေါ်မှာ ပေါ်လာတဲ့ အရာ၊ လက်မှတ်အရာကို ရည်ညွှန်းပါတယ်။📄

はんこ ကတရုတ်ပြည်ကနေစတင်ခဲ့ပြီး ဂျပန်မှာကတော့ ၈ ရာစုလောက်ကတည်းက တံဆိပ်တုံးတွေကို စတင်အသုံးပြုလာခဲ့တာပါ။ အရင်ခေတ်ဘုရင်လက်ထက်တွေမှာဆိုရင် မြေစေး 🪨၊ ကြေးနီ 🪙၊ သံ ⚙️တွေနဲ့ ပြုလုပ်ခဲ့ပြီး မင်းမျိုးမင်းနွယ်တွေ၊ သူဌေးသူကြွယ်တွေပဲ အသုံးများခဲ့ကြပြီးတော့ 江戸(えど) ကာလ (၁၆၀၃-၁၈၆၈) ရောက်လာတဲ့အခါမှသာ はんこ အသုံးပြုတာက ပိုကျယ်ပြန့်လာတာပါ။ 📜

📄 အစိုးရစာရွက်စာတမ်းတွေ၊ ✉️ ကိုယ်ပိုင်စာပေးစာယူတွေ၊ 📦ကုန်သည်တွေအတွက် မှတ်ပုံတင်အဖြစ်ပါ အသုံးပြုလာပါတယ်။ 明治(めいじ) ပြုပြင်ပြောင်းလဲရေး (၁၈၆၈-၁၉၁၂) နောက်ပိုင်းမှာတော့ ဂျပန်နိုင်ငံသားတိုင်း はんこကို အသုံးပြုလာကြပြီး ဂျပန်ယဉ်ကျေးမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

はんこ ကို အဓိကအားဖြင့် အမျိုးအစား ၃ မျိုး ခွဲခြားထားပါတယ်။

認印(みとめいん)ဆိုတာကတော့ နေ့စဉ်သုံးအတွက် အပေါ့ဆုံးနဲ့ အများဆုံး အသုံးပြုတဲ့ はんこအမျိုးအစား ဖြစ်ပါတယ်။

📮စာပို့ပစ္စည်းတွေ လက်ခံတာ၊
🏠အိမ်နီးနားချင်း သတိပေးချက်တွေကို လက်ခံကြောင်း၊
ထောက်ခံကြောင်း စတဲ့ ပေါ့ပေါ့ပါးပါး ကိစ္စရပ်တွေမှာ အသုံးပြုပါတယ်။

မိသားစုဝင်အားလုံး တစ်ခုတည်းကို သုံးလို့ရတာဖြစ်လို့ အများအားဖြင့် မျိုးရိုးနာမည်ပဲ ထွင်းထားတတ်ပါတယ်။

銀行印(ぎんこういん)က ဘဏ်လုပ်ငန်းတွေအတွက် အသုံးပြုတဲ့はんこဖြစ်ပါတယ်။

🏦ဘဏ်စာရင်းဖွင့်တဲ့အခါ ဘဏ်မှာ မှတ်ပုံတင်ရပြီး ငွေထုတ်တာ၊
💳လစဉ် bill ဆောင်တာတွေ အလိုအလျောက်ငွေဖြတ်တာတွေ
စတဲ့ လုပ်ထုံးလုပ်နည်းတွေအတွက် လိုအပ်ပါတယ်။

ぎんこういん က ကိုယ်ပိုင်နာမည် (သို့) နာမည်အတိုကောက် ထွင်းထားရမှာဖြစ်ပြီး တခြား はんこ တွေနဲ့ မတူဘဲ ထူးခြားနေဖို့ လိုအပ်ပါတယ်။

実印(じついん)ကကျတော့ အရေးအကြီးဆုံးနဲ့ တရားဝင် အကျဆုံး はんこအမျိုးအစား ဖြစ်ပါတယ်။

🏠အိမ်ဝယ်တာ၊
📜ချေးငွေစာချုပ်ချုပ်တာ၊
ကုမ္ပဏီထောင်တာ စတဲ့ အရေးပါတဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေအတွက် အသုံးပြုပါတယ်။

じついん ကို သက်ဆိုင်ရာ မြို့နယ်ရုံး ဒါမှမဟုတ် အစိုးရရုံးတွေမှာ မှတ်ပုံတင်ထားရပါတယ်။

တစ်ဦးချင်းစီအတွက် じついんတစ်ခုတည်းသာ မှတ်ပုံတင်ခွင့်ရှိပြီး အရွယ်အစားနဲ့ ဒီဇိုင်းအတွက် သတ်မှတ်ချက်တွေ ရှိပါတယ်။ 👤

အများအားဖြင့် အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတတ်ပါတယ်။✨

ဂျပန်က နည်းပညာအရ အလွန်တိုးတက်နေသလို ရှေးထုံးလည်းမပယ်တဲ့ တိုင်းပြည်တစ်ခုလည်းဖြစ်တာကြောင့် ဘောပင်နဲ့ လက်မှတ်ထိုးတာအစား ယနေ့အချိန်ထိ はんこ ကို စနစ်တကျသုံးဆွဲနေကြဆဲပဲဖြစ်ပါတယ်။

မွေးစာရင်း မှတ်ပုံတင်တာကစ လက်ထပ်စာချုပ်ချုပ်ဆိုတာ၊ သေဆုံးကြောင်း အတည်ပြုတာတွေအထိ အရေးကြီးတဲ့ စာရွက်စာတမ်းတွေမှာ はんこက အဓိကကျပါတယ်။

💻はんこ ကို ဒစ်ဂျစ်တယ်စနစ်နဲ့ အစားထိုးဖို့အတွက် ဆွေးနွေးမှုတွေ ရှိနေပေမဲ့လည်း အချိန်တစ်ခုကြာသည်အထိတော့ ဂျပန်ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမှာပဲဖြစ်ပါတယ်။

ကဲဒါဆိုရင် ဂျပန်ရဲ့ နေ့စဥ်ဘ၀မှာ သုံးနေကြတဲ့ はんこ အကြောင်းကိုဗဟုသုတအနေနဲ့သိရှိသွားကြမယ်လို့ထင်ပါတယ်။

ဂျပန်လူမျိူးတွေတင်မကပဲ နိုင်ငံခြားသားတွေအနေနဲ့ပါ ဂျပန်ရောက်တာနဲ့ လုပ်ကိုလုပ်ထားသင့်တဲ့အထဲမှာပါတာဖြစ်လို့ ဂျပန်ရောက်ရင် ကိုယ်ပိုင်အမှတ်အသားတံဆိပ်လေးတွေလုပ်ဖို့ မမေ့ကြပါနဲ့နော်။ 🪪

တံဆိပ်တုံး လုပ်နည်းကိုလည်း နောက်အပတ်မှာ Video လေးတင်ပေးသွားမှာမလို့ Edvantage Page ကို စောင့်မျှော်ကြည့်ပေးပါဦးနော်

woridJapanese_Language_School

#はんこ

#印鑑

24/09/2025
29/10/2023
28/05/2023
20/04/2023
19/04/2023

Address

Yamethin

Telephone

+959456150996

Website

Alerts

Be the first to know and let us send you an email when Htet Wai AungSan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Htet Wai AungSan:

Shortcuts

Share