04/03/2021
Conflict Area တွေမှာ Live လွှင့်သင့်သလား...................................................
မြန်မာမှာသာမဟုတ်ပဲ ကမ္ဘာအရပ်ရပ်မှာ social media lives တွေ ခေတ်စားလာခဲ့တာ ကြာပါပြီ။ အေးချမ်းတည်ငြိမ်နေတဲ့ဒေသတွေမှာတော့ ခရီးသွားရင်း lives လွှင့်တာ၊ အခမ်းအနားတက်ရင်း live လွှင့်တာတွေလောက်ပဲ ရှိပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသ၊ စစ်မက်ဖြစ်ပွားနေတဲ့နေရာတွေမှာ၊ အဓိကရုဏ်းနှိမ်နင်းခံနေရတဲ့နေရာတွေမှာ live လွှင့်တာမျိုးတွေလည်း ရှိပါတယ်။
အဲဒီလို ပဋိပက္ခဖြစ်ပွားနေတဲ့အချိန် live လွှင့်တဲ့အခါ ကောင်းကျိုး ဆိုးကျိုးတွေကလဲ တွဲပါလာတတ်ပါတယ်။
ကောင်းကျိုးတွေက -
information ကို အချိန်နဲ့တပြေးညီ သိရှိရတယ်။
ဗီဒီယိုအရုပ်တွေ၊ အသံတွေ၊ မြင်ကွင်းတွေက သက်သေခံနေတဲ့အတွက် မငြင်းဆန်နိုင်တဲ့ ပကတိဖြစ်စဉ်တွေကို မှတ်တမ်းတင်ပြီးသားဖြစ်တယ်။
နိုင်ငံတကာက စောင့်ကြည့်နေသူတွေအတွက် အဓိကသက်သေဖြစ်တယ်။
မတရားမှုတွေအတွက် သက်သေခံအဖြစ် ကျန်ရစ်တယ်။
သတင်းသမားပဲဖြစ်ဖြစ်၊ သာမန်ပြည်သူပဲဖြစ်ဖြစ် ဖုန်း၊ ကင်မရာ၊ ဆက်စပ်ပစ္စည်းတွေ ဖျက်ဆီးခံရ ဖျောက်ဖျက်ခံရတဲ့အခါ သက်သေပျောက်ပျက်မသွားပဲ ဆက်ရှိနေတဲ့ အားသာချက်ရတယ်။
ဆိုးကျိုးတွေက -
တည်နေရာတွေကို အလွယ်တကူ ချက်ချင်းဆိုသလို ခန့်မှန်းနိုင်တယ်။
သတင်းပေးချင်သူတွေအတွက် အလွယ်ကူဆုံးခြေရာခံဖို့ နည်းလမ်းတခုဖြစ်တယ်။
လျှို့ဝှက်ထားရမယ့် ပုဂ္ဂိုလ်ရေးတွေ live ထဲမှာ ပါသွားနိုင်တဲ့အတွက် privacy ကို ထိခိုက်နိုင်တယ်။
live လွှင့်နေသူကို အန္တရာယ်ပြုနိုင်တဲ့အနေအထား ကြုံနိုင်တယ်။ ကိုယ့်ဆီကို တည့်တည့်မတ်မတ် ရန်ပြုလာနိုင်တယ်။ live လွှင့်နေတဲ့ပစ္စည်းတွေကို ဖျက်ဆီး၊ တားဆီးနိုင်တယ်။................
ဘယ်လိုအခြေအနေတွေမှာ live လွှင့်သင့်သလဲ
conflict ဖြစ်နေစဉ်၊ တဖက်နဲ့တဖက် ရန်ပြုတင်းမာနေစဉ်၊ အကြမ်းဖက် နှိမ်နင်းခံနေရစဉ် ... ဒီလိုအနေအထားမျိုးမှာ live ကို အမြန်ဆုံး လွှင့်နိုင်ရင် ကောင်းပါတယ်။
ဘယ်လိုအခြေအနေတွေမှာ live မလွှင့်သင့်ဘူးလဲ
လျှို့ဝှက် အစီအစဉ်တွေ လုပ်နေစဉ်၊ လူအင်အားစုနေစဉ်၊ အရေးကြီးအစည်းအဝေးလုပ်နေစဉ်တွေမှာ မလွှင့်ရပါဘူး။
လွတ်လပ်စိုး
၄ ၃ ၂၀၂၁