17/07/2026
ရက္ခိုင့်တပ်တော်၏ လက်ရှိအခြေအနေကို အမေရိကန်အခြေစိုက် ကာကွယ်ရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ သုတေသနအဖွဲ့ The Jamestown Foundation မှ သုံးသပ်ချက် အစီရင်ခံစာ အကျည်း။
AA သည် ပုံမှန်တပ်ဖွဲ့ဝင်အင်အား ၄၀,၀၀၀ ခန့်ဖြင့် မြန်မာနိုင်ငံ၏ အင်အားအကောင်းဆုံးနှင့် အထိရောက်ဆုံး တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ဖြစ်လာသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားသည်။
ထို့ပြင် စစ်ကောင်စီ၏ ကာကွယ်ရေးစက်ရုံများရှိရာနှင့် ရခိုင်အတွက် ကြားခံနယ်မြေ (Buffer Zone) ဖန်တီးရန် ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့အထိ စစ်ဆင်ရေးများ တိုးချဲ့လာနေသည်။
စစ်ရေးအောင်မြင်မှုသာမက ကိုယ်ပိုင်တရားရုံးများ၊ ဥပဒေစိုးမိုးရေး၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများအပါအဝင် ခိုင်မာသည့် အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်ထားနိုင်သည်။
မောင်တောမြို့ရှိ ဂျာမေဗလီကို ပြန်ဖွင့်ပေးခြင်း၊ ဟိန္ဒူပွဲများ ခွင့်ပြုခြင်းတို့ဖြင့် မွတ်စလင်အပါအဝင် လူနည်းစုအသိုင်းအဝိုင်းများနှင့် သဟဇာတဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
မြောက်ပိုင်းညီနောင်မဟာမိတ်များ (MNDAA, TNLA) အပြင် KIA၊ UWSA တို့နှင့် ခိုင်မာသော မဟာမိတ်ပြုထားပြီး၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ တော်လှန်ရေးအဖွဲ့ ၂၃ ဖွဲ့နှင့် PDF များကို စစ်ရေးလေ့ကျင့်မှု၊ လက်နက်ခဲယမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးပိုင်းများတွင် ကူညီပေးနေသည်။
ရခိုင်ပြည်နယ်ရှိ တရုတ်၏ BRI စီမံကိန်း ၁၁ ခုအနက် ၁၀ ခုမှာ AA ထိန်းချုပ်နယ်မြေတွင် ရှိနေသည်။
အိန္ဒိယ၏ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အဓိကလမ်းကြောင်းဖြစ်သော ပလက်ဝကို ထိန်းချုပ်ထားသည်။
ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ထိစပ်နေသဖြင့် ဘင်္ဂါလီဒုက္ခသည်အရေး၊ နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်ရေးတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။
AA သည် ဖွဲ့စည်းတည်ထောင်သည့် ၁၇ နှစ်တာကာလအတွင်း အခြားဝါရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပင် မရရှိဖူးသေးသည့် စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအောင်မြင်မှုများကို ရရှိခဲ့ပြီး မြန်မာ့တော်လှန်ရေးအင်အားစုများအတွက် စံပြပုံစံတခု ဖြစ်လာကြောင်း Jamestown Foundation က သုံးသပ်ထားသည်။
https://jamestown.org/arakan-army-becomes-most-effective-insurgent-force-in-myanmar/
ဘကြီးဘုန်းကြီး