01/12/2023
်လုံးမအေးတော့ရင် .......
ပုံမှန်သုံးနေတဲ့ AirCon ရုတ်တရက်မအေးတော့ရင် ဒါမှမဟုတ် ပုံမှန်ရှိေနရမယ့် temperature မှာရှိမနေဘူး လို့ယူဆရရင် အေခြခံအားဖြင့် ဒီအချက်တွေကိုစတင် စစ်ဆေးအဖြေရှာမယ်.....................
1. Aircon Remote အားစစ်ဆေးရန်.....
Remote functions တွေမှားနှိပ်ထားမိတာ ကြောင့်
IN/Outdoor လည်နေရက်နဲ့ အဲကွန်းမအေးတော့တာ၊ အဲကွန်းဖွင့်ထားသော်လဲ power ရောက်နေရက်နဲ့ outdoor အလုပ်မလုပ်တော့တာ၊ Timer ၀င်နေတာ၊ cool mode တွင်မထားမိတာ၊ fan speed မြှင့်ရန်လို့အပ်နေတာ စသဖြင့် အဖြစ်များတပ်ကြပါတယ်။ ဒါကြောင့် Air Con တစ်လုံးမအေးတော့ရင် remote settings တွေက်ိုမှန်မမှန်အရင်ဆုံးစစ်ဆေးရမှာဖြစ်တယ်။
2. Filter/ Blower များကိုစစ်ဆေးရန်...........
ပထမအဆင့်အနေနဲ့ functions မှန်မမှန်ကိုစစ်ဆေးပြီးပြီ indoor, outdoor အလုပ်လုပ်နေပြီ အဲကွန်းဟာအေးမလာသေးဘူး ဆိုရင် filter, Blower တို့ကိုဖုန်မှုန့်နှင့်ဂျီးများ ပိတ်ေနခြင်းရှိမရှိ ထပ်မံစစ်ဆေးပြီး ဆေးကြောပေးရပါမယ်။ indoor fan ဖုန်မှုန့်နှင့်ဂျီးတို့အလွန်ကျွန် ပိတ်နေခြင်းကြောင့် fan high speed ဖြင့်မောင်းနေပါသော်လည်း လေထွက်မလာခြင်းမျိုးြဖစ်တပ်ပြီး အခြေနေတအားဆိုးပါက Blower မှာဂျမ်းဖြစ်၍ မလည်နိုင်တော့ပဲ ြဖစ်တပ်ပါတယ်။
3. သတ်မှတ်ထားသော Gas ပမာဏရှိမရှိစစ်ဆေး
ခြင်း.......
Remote, filters,Blower စသည်တို့ကိုစစ်ဆေးပီးပါကအသုံပြုနေသည့် Refrigerant အမျိုးအစားအလိုက် သတ်မှတ်ထားသောgas ပမာဏ ရှိမရှိpressure gauge ဖြင့်စစ်ဆေးခြင်း၊ name plate ပေါ်တွင်ဖော်ပြထားသော ampere အတိုင်းရှိမရှိ clamp meter ဖြင့်တိုင်းတာစစ်ဆေးခြင်း များကို အဆင့်ဆင့်ပြုလုပ်ရမှာဖြစ်တယ်။ အကယ်၍ Gas မှာ သတ်မှတ်ထားတဲ့ pressureထက် လျော့နေပါက gasဖြည့်ပီးချိန်တွင် leakage ဖြစ်နေသည့်နေရာ ရှိမရှိကိုရှာဖွေ ပြင်ဆင်ပေးရန်လိုအပ်ပါတယ်။
အထက်ပါအကြောင်းအရာတွေဟာ Aircon တစ်လုံးမအေးတော့ရင် အဖြစ်များတဲ့ေခြခံအကြောင်းရာတွေသာဖြစ်ပါတယ်။။
...................................................................................