14/11/2024
✅Certificate in Early Childhood Education✅
⭐️⭐️⭐️Special Discount 30,000 kyats only⭐️⭐️⭐️
✅Early Childhood Education နယ်ပယ်တွင် လုပ်ကိုင်နေကြသော ဆရာ / ဆရာမ များ ၊ Early Childhood Education ကို စိတ်ပါဝင်စားသူများ အတွက် Certificate in Early Childhood Education Program ကိုအထူး discount ၃၀,၀၀၀ ကျပ်ဖြင့် ကို တက်ရောက်နိုင်ပါပြီ။
✅Early Childhood Education နှင့်သက်ဆိုင်သော Curriculum Models, Learning Plans များကို အဓိကထားပြီး သင်ယူလေ့လာရပါမယ်။
❇️100 % online learning ဖြင့် လေ့လာရပါမယ်။
❇️Lecture များကို English Language ဖြင့်သာ ပို့ချသွားမည်ဖြစ်ပါတယ်။
❇️Fully Online Course ဖြစ်သောကြောင့် မိမိအဆင်ပြေအားလပ်သော အချိန်တွင် လေ့လာနိုင်ပါတယ်။
❇️Module များအားလုံးလေ့လာပြီးပါက သတ်မှတ်ထားသော Exam ဖြေဆိုပြီး Certificate ထုတ်ယူနိုင်ပါတယ်။
✅စဉ်ဆက်မပြတ် သင်ယူလေ့လာနေသူများအတွက် ထပ်မံပြီး အထူးအစီအစဉ်အနေဖြင့် ယခု သင်တန်း တက်ရောက်သူများအနေဖြင့် Early Childhood Education နှင့်ပက်သက်သော...
✳️Bonus 1 # ထပ်မံ လေ့လာရန် ebooks ၅၀ ကျော်
✳️Bonus 2 # Age 2 to 5 years အတွက် Learning ebooks ၅၀၀ ခန့်
✳️Bonus 3 # Age 6 to 9 years အတွက် Learning ebooks ၅၀၀ ခန့်
✳️Bonus 4 # Age 10 to 13 years အတွက် Learning ebooks ၁၇၀ ခန့်
✳️Bonus 5 # Age 13+ years အတွက် Learning ebooks ၁၀၀ ခန့် ပေးအပ်သွားမှာ ဖြစ်တဲ့ အတွက် လုပ်ငန်းခွင်မှာ ပြန်လည် အသုံးချ နိုင်ရန်သာမက ထပ်မံ လေ့လာမှုများအတွက် အထောက်အကူ ပြုစေပါတယ်။
✅ပုံမှန် သင်တန်းကြေး ၂၅၀,၀၀၀ ကျပ်ကို ယခုလထဲ အပ်နှံသူများအတွက် သင်တန်းကြေး ၃၀,၀၀၀ ကျပ်ဖြင့် တက်ရောက်နိုင်မှာ ဖြစ်လို့ အမြန်ဆုံး https://t.me/learnhubmyanmar ကို ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ။
🇲🇲LearnHub Myanmar🇲🇲
For Your Continuous Learning Partner
11/11/2024
ဟားဗက်အိပ်မက်
ဟားဗတ်တက္ကသိုလ်မှာ တစ်ကမ္ဘာလုံးက ကိုယ့်ရဲ့ အရည်အချင်းအဆင့်မြှင့်ချင်သူ မည်သူမဆို လေ့လာနိုင်ဖို့ အခမဲ့ online သင်တန်းတွေရှိပါတယ်။ ကျောင်းပညာသင်နေသူများသာမက ဆေးဖက်ဆိုင်ရာ၊ ကွန်ပျူတာ၊ သိပ္ပံနဲ့နည်းပညာ၊ စသည်ဖြင့် ပရော်ဖက်ရှင်နယ် နယ်ပယ်တွေက ပညာရှင်တွေအပြင် မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့လည်း ကိုယ့်ရဲ့အရည်အချင်းတွေ ထပ်ဖြည့်ဖို့အတွက် အချိန်မရွေးနေရာမရွေး အဆင်မြင့်ပညာတွေကို ဟားဗတ်လိုကမ္ဘာ့နံမည်ကြီးတက္ကသိုလ်မှာ သင်ခွင့်ရမှာနော်။
ဟားဗတ်တက္ကသိုလ်ဆိုတာ Obama ၊ John Kennedy ၊ Theodore Roosevelt တို့လိုသမ္မတတွေ နဲ့ နိုဗယ်ဆုရှင်အမြောက်အများမွေးထုတ်ပေးနေတဲ့ ကမ္ဘာ့နံပါတ်(၁) တက္ကသိုလ်ဆိုတာ အားလုံးလည်းသိပြီးသားပါနော်။
ဟားဗတ်လိုနိုင်ငံတကာအဆင့်မီတက္ကသိုလ်က ပညာ တွေကိုသင်ဖို့ဆိုတာက တော်ယုံလူတွေအတွက် အလှမ်းဝေးတဲ့ အိပ်မက်တစ်ခုသာသာပါ။ ပညာအရမ်းတော်နေတယ်ဆိုရင်တောင်မှ တက်ရဖို့အခွင့်အလမ်းအလွန်နည်းပါတယ်။
ခုတော့ ဒီအိပ်မက်တွေကို မေ့လိုက်လို့ရပါပြီ။ ဟားဗက်က ပါမောက္ခတွေ ဆရာတွေနဲ့ အခမဲ့ သင်ခွင့်ရမှာဖြစ်ပြီး အင်္ဂလိပ်စာအရည်းအချင်းတွေဖြစ်တဲ့ IELTS/TOEFL တွေလည်း ရှိထားဖို့မလိုအပ်ပါဘူး။
ဘာသာရပ်ပေါင်း တစ်ရာကျော်ကို အခမဲ့ လေ့လာခွင့်ရနိုင်ပြီး လူကြိုက်များတဲ့ ဘာသာရပ်တွေဖြစ်တဲ့ Art & Design, Data Science, Nutrition-related courses, Business, Computer Science,Education & Teaching related courses, Social Sciences, Health Science & Medicine, Humanities, Mathematics, IT, Programming, Science တွေပါဝင်ပါတယ်။ အနည်းဆုံး ၁၅ မိနစ်စာသင်ခန်းစာမှ ၁၂ပတ် ၁၅ပတ် စသည်ဖြင့် Short course, Long course ကိုယ်အဆင်ပြေသလို လေ့လာနိုင်ပါတယ်။
🎯 နေရာအနှံကလူတွေအားလုံး အခမဲ့သင်ယူခွင့်ရမယ်။
🎯 ကျား/မ အသက်အရွယ်မခွဲထားဘူး။
🎯 ဖုန်း၊ ကွန်ပျူတာ၊ Laptop တစ်ခုခုနဲ့ အင်တာနက်လိုင်းရှိရင်အဆင်ပြေပါတယ်။
🎯 စိတ်ဝင်တစား သင်ယူနိုင်ရင် တစ်ပြိုင်တည်းမှာ သင်ခန်းစာတစ်ခုထက်ပိုပြီး လေ့လာနိုင်မယ် ဆိုတော့ အရမ်းအဆင်ပြေမှာပါနော်။
လူအများနားလည်လွယ်နိုင်မယ့်အင်္ဂလိပ်ဘာသာကို အသုံးပြုသင်ကြားမယ်။ ရလာမယ့် Certificate တွေကလည်း အရည်အသွေးမြင့် တန်ဖိုးတစ်ခုရှိနေမှာပါ။
ဒါကြောင့် ဘယ်သူတွေလေ့လာလို့ရတယ်ဆိုတာ အပေါ်မှာပြောပြထားပြီးဖြစ်လို့ ဒါလေးတော့လက်လွတ်မခံဖို့ အကြံပေးပါရစေနော်။
ထပ်သိချင်တာရှိရင်
More info - https://pll.harvard.edu/
Apply here - https://bit.ly/3GORrUd
လက်ရှိပစ္စုပ္ပန်တိုင်းမှာ အကောင်းဆုံးကြိုးစားရှင်သန်မယ်ဆိုရင် ….
နေ့ရက်တိုင်း .. နေ့ရက်တိုင်းမှာ .. မိမိကိုယ်ကိုယ် လိုအပ်တဲ့ … ကောင်းမွန်တဲ့ အတွေးတွေ ကောင်းမွန်တဲ့အကျင့်တွေကို ကြိုးစားရွေးချယ်တည်ဆောက်နေမယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့လူတယောက်ဖြစ်လာနိုင်ပါတယ်။
အသိုက်ချစ်သူလေးတွေအားလုံး ဘေးကင်းလုံခြုံပြီး စိတ်ကြည်လင်တည်ငြိမ်စွာ ဆုံးဖြတ်နိုင်စွမ်းရှိပါစေ။
အားလုံးအဆင်ပြေကြပါစေ။
From Obstacles to Opportunities…
From Wounds to Wisdom …
~~~~~~~~~~~~~~~~~~~~~~~~~~~
15/12/2023
Failure is the opportunity to begin again more intelligently.
ကျရှုံးမှုဆိုတာ ပိုမိုထက်မြက်စွာနဲ့ နောက်တစ်ကြိမ် ပြန်လည်စတင်ဖို့ အခွင့်အရေးပါပဲ။
13/12/2023
There is no substitute for hard work.
ကြိုးစားအားထုတ်မှုကို အစားထိုးနိုင်တဲ့အရာဆိုတာ မရှိပါဘူး။
11/12/2023
Your knowledge is far more important than your degree.
ဘွဲ့လက်မှတ်တွေထက် အသိပညာရှိဖို့က ပိုအရေးကြီးတယ်။
22/11/2023
"စာဖတ်ခြင်းကြောင့် ရရှိစေနိုင်သော အကျိုးကျေးဇူးများ"
ယနေ့ခေတ်မှာ ဖုန်းများ၊ လူမှုကွန်ရက်များကို ကျယ်ကျယ်ပြန့်ပြန့်အသုံးများလာတာနဲ့အမျှ စာအုပ် စာပေနဲ့ ကင်းကွာလာကြတာကို လေ့လာတွေ့ရှိရပါတယ်။ သင်တို့ရော နေ့စဉ် (သို့) အားလပ်ချိန်တွေမှာ စာဖတ်ဖြစ်ပါသလား။ လူတစ်ယောက်က နှစ်စဉ် အနည်းဆုံး စာအုပ်ပေါင်း ၅၀ခန့် ဖတ်ရှုသင့်တယ်လို့လည်း မှတ်သားဖူးပါတယ်။ စာအုပ်စာပေများကို ဖတ်ရှုလေ့လာရင်း နှလုံးသားအာဟာရ၊ ဦးနှောက်အာဟာရကို ဖြည့်တင်းသင့်ပါတယ်။ ဒါကြောင့် စာဖတ်ခြင်းမှ ရရှိစေနိုင်တဲ့ အကျိုးကျေးဇူးများကို ဝေမျှပေးလိုက်ပါတယ်။
📚 အတွေးအခေါ်ကောင်းများရရှိစေနိုင်ခြင်း
ကျွန်တော်တို့ဘဝအတွက် စာအုပ်စာပေများကို မိတ်ဆွေကောင်းများအဖြစ် ယေဘုယျသတ်မှတ်နိုင်ပါတယ်။ မိမိဖတ်ရှုတဲ့ စာပေအမျိုးအစားအလိုက် မိမိသိရှိလိုတဲ့ အသိပညာ ဗဟုသုတများကို အလွယ်တကူလေ့လာနိုင်ပါတယ်။ မိမိသိရှိပြီးသား အကြောင်းအရာများကိုလည်း ပြန်လည်ဆန်းစစ် သုံးသပ်နိုင်ပြီး စဉ်းစားတွေးခေါ်ဉာဏ်ကိုလည်း ရင့်သန်လာစေပါတယ်။ စာဖတ်အားကောင်းလာပါက မှတ်ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်လာစေနိုင်ပါတယ်။
📚 အတွေ့အကြုံသစ်များရရှိစေခြင်း
လူသားတိုင်းရဲ့ အသက်ရှင်နေထိုင်ခွင့်ဟာ အချိန်ကာလအပိုင်းအခြားတစ်ခုသာရှိတာမို့ မိမိလေ့လာချင်သမျှ အရာရာတိုင်းကို လုပ်ဆောင်ဖို့ အခွင့်အရေး အပြည့်အဝ မရရှိတတ်ကြပါဘူး။ ကိုယ်တိုင် မကြုံဖူးတဲ့ ဘဝတွေအကြောင်း၊ ကိုယ်တိုင်သွားရောက်ဖို့ ခက်ခဲတဲ့ ခရီးတွေအကြောင်း၊ ကိုယ်တိုင်မမီလိုက်တဲ့ အတိတ်ဖြစ်ရပ်တွေအကြောင်း စတာတွေကို စာအုပ်တွေထဲမှာ ရှာမှီးခွင့်ရှိပါတယ်။ စာဖတ်ခြင်းမှ ရရှိနိုင်တဲ့ အသိပညာ ဗဟုသုတတွေက ဘဝအတွေ့အကြုံတွေလိုပဲ အဖိုးတန်လွန်းလှပါတယ်။
📚 အသိပညာ ဗဟုသုတများကို ပြန်လည် ဝေမျှပေးနိုင်ခြင်း
မိမိကိုယ်တိုင်သာမက မိမိပတ်ဝန်းကျင်ရှိ ကလေးသူငယ်များကိုလည်း စာဖတ်တဲ့ အလေ့အကျင့်ကောင်းတစ်ခုကို ရရှိစေဖို့အတွက် လက်လှမ်းမီသလောက် မျှဝေပေးသင့်ပါတယ်။
စာပေမြင့်မှ လူမျိုးတင့်မည်ဆိုတဲ့ စကားအတိုင်း ကလေးဘဝအရွယ်ကတည်းက စာဖတ်ခြင်း အလေ့အကျင့်ကို ပြုစုပျိုးထောင်ထားပါက စိတ်နေစိတ်ထား၊ ကျင့်ဝတ်လိုက်နာမှုများ အစရှိသဖြင့် လူလောကအတွက် ကောင်းကျိုးပြုနိုင်တဲ့အရာများကို သွန်သင်လမ်းညွှန်ပြီးသားလည်း ဖြစ်စေပါတယ်။
စာဖတ်ခြင်းအလေ့အထရှိပြီး စာဖတ်ဝါသနာပါခြင်းက ငွေကုန်ကြေးကျနည်းရုံသာမက မိမိဘဝအတွက် တန်ဖိုးရှိတဲ့ အသိပညာ ဗဟုသုတများကြွယ်ဝစေဖို့ ဝမ်းစာဖြည့်တင်းပေးနိုင်တဲ့ ကောင်းကျိုးများကို ရရှိစေနိုင်ပါတယ်။
14/11/2023
Don’t wait for the right opportunity, create it.
အခွင့်အရေးကောင်းကို စောင့်မျှော်မနေပါနဲ့။ ကိုယ်တိုင် ဖန်တီးယူလိုက်ပါ။
11/11/2023
“MBA Programကို ဘယ်သူတွေ တက်ရောက်လေ့လာသင့်လဲ?”
🎓MBAကို ဌာနအလိုက် Functional အရာရှိတွေ မန်နေဂျာရာထူးနဲ့အထက်ကို ထမ်းဆောင်ရတော့မယ်ဆိုရင် ဌာနပေါင်းစုံနဲ့ အချိတ်အဆက် ကောင်းမွန်စေဖို့၊ ဌာနပေါင်းစုံကို ထိန်းကျောင်းနိုင်ဖို့ သင်ယူရတာ ဖြစ်ပါတယ်။
🎓 စီးပွားရေး ဘွဲ့ရမဟုတ်သူတွေ၊ ဆရာ၀န်တွေ၊ အင်ဂျင်နီယာတွေ၊ နည်းပညာသမားတွေလည်း စီမံအုပ်ချုပ်ရတဲ့ရာထူးမျိုး တက်လှမ်းဖို့အတွက် MBA ဘွဲ့ လိုအပ်လေ့ရှိပါတယ်။
🎓 နိုင်ငံတကာမှာတော့ ကုမ္ပဏီတွေက သူတို့အတွက် အရေးပါတဲ့ ဝန်ထမ်းကောင်းတွေ ရာထူးမြင့်တွေအတွက် ပြင်ဆင်ပေးဖို့ကို MBA အတန်းကို ထားပေးလေ့ရှိပါတယ်။
🎓 ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူတွေ၊ လုပ်ကိုင်လိုသူတွေလည်း စီးပွားရေး စီမံခန့်ခွဲမှု ဘာသာအားလုံးကို ခြုံပြီးလေ့လာနိုင်တဲ့ MBA ကို တက်ကြပါတယ်။
🎓 အနည်းဆုံး အသက် ၂၅-၃၀ လောက်ရှိပြီး လုပ်သက် ၅ နှစ်လောက် ရှိရင်တော့ အကောင်းဆုံးပါပဲ။
MBAကို တက်ရောက်လေ့လာလိုသူများအတွက် ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။
09/11/2023
“မှတ်ဉာဏ်အားကောင်းစေတဲ့ အစားအစာများ”
စာကြိုးစားနေသူတို့အတွက် မိမိသင်ယူနေတဲ့ ဘာသာရပ်တွေကို ကောင်းမွန်စွာ ကျက်မှတ်လေ့လာနိုင်ဖို့အတွက် မှတ်ဉာဏ်မြင့်မားဖို့လည်း အထူးအရေးကြီးပါတယ်။ ဉာဏ်ကောင်းတဲ့ ဦးနှောက်လေးရဲ့ ပိုင်ရှင်ဖြစ်ဖို့အတွက် မိမိနေ့စဉ်စားသုံးတဲ့ အစားအသောက်တွေအပေါ်မှာလည်း မူတည်ပါတာမို့ မှတ်ဉာဏ်အားကောင်းစေပြီး ဦးနှောက်နဲ့ အာရုံကြောကို ကျန်းမာသန်စွမ်းစေတဲ့ အစားအစာများကို ဝေမျှပေးလိုက်ပါတယ်။
🍊 လိမ္မော်သီး
လိမ္မော်သီးတစ်လုံးစားခြင်းဖြင့် တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်စီ အားလုံးကို ရရှိနိုင်ပါတယ်။ ဗီတာမင်စီက စိတ်ဓာတ်ကျဆင်းမှုကို ဟန့်တားပေးနိုင်တဲ့အတွက် ဦးနှောက်ကျန်းမာရေးကောင်းမွန်ဖို့အတွက် အထောက်အကူပြုပါတယ်။ သွေးထဲတွင် ဗီတာမင်စီ ပမာဏ မြင့်မားနေခြင်းက အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်တို့ကို အားကောင်းစေပါတယ်။ ဗီတာမင်စီသည် ဦးနှောက်ဆဲလ်များကို ပျက်စီးစေနိုင်တဲ့ ဖရီးရယ်ဒီကယ်များကို တိုက်ထုတ်ရန် အစွမ်းထက်တဲ့ Antioxidantလည်း ဖြစ်တာကြောင့် အသက်ကြီးလာတာနဲ့အမျှ ကြီးမားတဲ့ စိတ်ကျရောဂါ၊ စိုးရိမ်သောက၊ စိတ်ကစဉ့်ကလျားရောဂါနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းရောဂါတို့ကဲ့သို့သော အခြေအနေများကို ကာကွယ်ပေးနိုင်တာမို့ ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
🐳 အဆီကြွယ်တဲ့ ငါးများ
ဆော်လမွန်ငါး၊ ဆာဒင်းငါးနဲ့ တူနာအစရှိတဲ့ ငါးအမျိုးအစားများမှာ Omega-3 Fatty Acids ကြွယ်ဝစွာ ပါဝင်တာကြောင့် ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူပြုစေပါတယ်။
လူ့ဦးနှောက်ဆဲလ်တွေရဲ့ ၆၀% ကို အဆီတွေနဲ့ ဖွဲ့စည်းထားပြီး အဆီတွေရဲ့ တစ်ဝက်ကတော့ Omega-3 အဆီတွေပဲ ဖြစ်ပါတယ်။ ဦးနှောက်က Omega-3 ကို အာရုံကြောနှင့် ဦးနှောက်ဆဲလ်တွေ တည်ဆောက်ရာမှာ အသုံးပြုပြီး မှတ်ဉာဏ်စွမ်းရည် တိုးတက်စေကာ ဦးနှောက်စွမ်းရည်ကျခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ငါးစားခြင်းက စိတ်ကျဝေဒနာနဲ့ စိတ်ရှုပ်ထွေးမှုတို့ကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။
💡 ဖရုံစေ့
ဖရုံစေ့မှာ ခန္ဓာကိုယ်နှင့် ဦးနှောက်ကို Free Radical ထိခိုက်ပျက်စီးမှုမှ ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် Antioxidant များ ပါဝင်ပါတယ်။ ဖရုံစေ့မှာ Magnesium၊ Iron၊ Zinc နှင့် Copper ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ၄င်းအာဟာရဓာတ်တိုင်းဟာ ဦးနှောက်ကျန်းမာရေးအတွက် အရေးပါကြပါတယ်။
သင်တို့ရဲ့ ဦးနှောက်လေး ကျန်းမာသန်စွမ်းပြီး မှတ်ဉာဏ်စွမ်းရည်မြင့်မားစေဖို့ ဖော်ပြပါအစားအစာလေးတွေကို ရွေးချယ်စားသုံးပေးဖို့ မမေ့နဲ့နော်။
07/11/2023
The journey of a thousand miles begins with one step.
မိုင်ထောင်ချီတဲ့ခရီးက ခြေတစ်လှမ်းကနေပဲ စတင်ရတာပါ။
26/10/2023
“တစ်နေ့တာအတွက် စာလေ့လာဖို့ အကောင်းဆုံးအချိန်”
စာလေ့လာနေသူတို့အတွက် သင်ခန်းစာများကို ကျက်မှတ်လေ့လာတဲ့အခါ မှန်းထားသလောက် မမှတ်သားနိုင်ပါက အချိန်ကုန် စိတ်ပင်ပန်းဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအား ပြောင်းလဲလုပ်ဆောင်တဲ့ အချိန်လေးများကို ဝေမျှပေးလိုက်ပါတယ်။
⏰ မနက် ၄နာရီကနေ ၆နာရီမှာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ဟာ ၁၀၀% အပြည့်ရှိနေပါတယ်။
⏰ မနက် ၆နာရီကနေ ၈နာရီမှာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ဟာ ၅၀% ရှိပါတယ်။
⏰ မနက် ၈နာရီကနေ နေ့လယ်ခင်းအထိ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ဟာ ၃၅% ရှိပါတယ်။
⏰ ညဘက်အချိန်မှာတော့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ဟာ ၂၀%အထိ ကျသွားပါတတ်ပါတယ်။
ဒါကြောင့် ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းရည်အမြင့်ဆုံးအချိန်ဖြစ်တဲ့ မနက်ပိုင်းမှာ စာလေ့လာပါက ပိုမိုထိရောက်မှုရှိစေနိုင်ပါတယ်။